Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် CDM ဆရာမနှစ်ဦး ပြန်လည်လွတ်မြောက်
==================

ရောင်နီ
(မဇ္စျိမ)။ ။မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် CDM ဆရာမနှစ်ဦး ပြန် လည်လွတ်မြောက်လာကြောင်း လိုက်ပါဆောင်ရွက်ပေးခဲ့သည့် NLD(OC) International Malaysia Kepong ရုံးမှ အလုပ်သမားရေးရာတာ၀န်ခံက မဇ္စျိမကို ပြောသည်။
မလေးရှားနိုင်ငံ၊ Selangor ပြည်နယ်၊ Teman Dessa မြို့ရှိ တိုက်တန်းလျားတခုကို မလေးရှားလူ၀င်မှု ကြီးကြပ်ရေးအဖွဲ့က မေလ ၂၄ ရက်နေ့တွင် ၀င်ရောက်စီးနင်းရှာဖွေခဲ့ရာ အထောက်အထားမဲ့ နေထိုင်နေ သည့် အင်ဒိုနီးရှားနိုင်ငံသားသုံးဦး၊ CDM ဆရာမနှစ်ဦးအပါအ၀င် မြန်မာနိုင်ငံသား စုစုပေါင်း ၄၀ ကျော် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံခဲ့ရသူများထဲမှ CDM ဆရာမနှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် NLD OC International Malaysia မှ တာ၀န်ရှိသူများက UN ရုံးနှင့်ချိတ်ဆက်ကာ ကူညီလုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

“ နေအိမ်မှာ၀င်ဖမ်းတာ တိုက်ကြီးအားလုံးကို တခန်း၀င်တခန်းထွက်၀င်စစ်ရင်း ဖမ်းဆီးခံရတာ၊ ဆရာမ နှစ်ဦးက UN ကတ်လျှောက်ထားဆဲကာလမှာ အဖမ်းခံရတဲ့အတွက် ချက်ချင်းအကာကွယ်မရခဲ့ဘူး။ ဒါပေ မယ့် UN က ရှေ့နေကလည်း လိုက်ပေးတယ်၊ ကျွန်တော်တို့ဘက်ကလည်း ရှေ့နေနဲ့လိုက်တယ်။ အခု တော့ UN ကတ်လည်းရသွားပြီ။ UN ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ် ” ဟု NLD OC International Malaysia Kepong ရုံးမှ အလုပ်သမားရေးရာ တာ၀န်ခံ ကိုမင်းဇော်မင်းထိုက်က ပြောသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဆရာမနှစ်ဦးမှာ အသက် ၄၀ ၀န်းကျင်အရွယ် အထက်တန်းပြ ဆရာမတဦးနှင့် မူလတန်းပြဆရာမတဦးတို့ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် စစ်ကောင်စီကအာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါ၀င်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေထိုင်ရာမှတဆင့် မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့နေထိုင်နေစဥ် မလေးရှားနိုင်ငံ လူ၀င်မှုကြီးကြပ်ရေးအဖွဲ့၏ဖမ်းဆီးမှုကိုခံရကာ အကျဉ်းထောင် အတွင်း နှစ်လကျော်ကြာထိန်းသိမ်းခံရပြီးနောက် ရုံးချိန်းသုံးကြိမ်မြောက်ရင်ဆိုင်ပြီးချိန်တွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

“ NLD OC International Malaysia ကို အရမ်းကျေးဇူးတင်ပါတယ်။ ဖမ်းခံရတာကလည်း အိပ်နေတဲ့ အချိန်ကြီး ရုတ်တရက်လာဖမ်းတာဆိုတော့ ဘယ်မှလည်း ဆက်သွယ်မရခဲ့ဘူး။ သူငယ်ချင်းတွေက ဒီအဖွဲ့ ကို အကူအညီတောင်းတဲ့အတွက် ပြန်လွတ်မြောက်လာတာပါ” ဟု လွတ်မြောက်လာသည့် CDM အထက် တန်းပြဆရာမက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း စီးပွားရေးကျပ်တည်းမှုများ ကြောင့် ပြည်သူအချို့ ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံများတွင် မလေးရှားနိုင်ငံ လည်း ပါ၀င်သည်။

ထိုသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများတွင် တရား၀င်လမ်းကြောင်းမှ သွားရောက် သူများရှိသလို တရားမ၀င် နယ်စပ်များမှ တဆင့် မလေးရှားနိုင်ငံသို့ ၀င်ရောက်သူများလည်း ရှိသည်။

တရားမ၀င် ၀င်ရောက်သူများကို မလေးရှား လ၀ကမှ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး နယ်စပ်ရှိ အကျဥ်းထောင်အများစုတွင် မြန်မာနိုင်ငံသားများဖြင့် ပြည့်နှက်နေကြောင်း သိရသည်။
“အထောက်အထားမဲ့နဲ့ မလေးရှားကို မလာသင့်ဘူး။ အခုအချိန်မှာ အဖမ်းအဆီးက နေ့စဥ်လိုလို ရှိနေ တယ်။ လွတ်လာတဲ့သူတွေနဲ့ မလေးရှားကို ရောက်နေတဲ့သူတွေက လူနည်းစုပဲရှိတယ်။ ပွဲစားတွေက လည်း အရမ်းပေါ့ဆတာ၊ တချို့ ဖမ်းခံရသူတွေဆို မလေးရှားနိုင်ငံတွင်းက ကားဂိတ်တွေမှာ အဖွဲ့လိုက်ထားတော့ ဖမ်းမိတာမျိုးတွေရှိနေတာ ဖြစ်ပါတယ်” ဟု NLD OC Malaysia မှ အလုပ်သမား ရေးရာတာ၀န်ခံက ပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မလေးရှားနိုင်ငံ
#CDMဆရာမ
#တရားမ၀င်နေထိုင်မှု

ပုံစာ - ပြန်လည်လွတ်မြောက်လာသည့် CDM ဆရာမနှစ်ဦး။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏3❤2😁2🥰1
မြန်မာ့ကျောက်စိမ်းအပါအဝင်သတ္တုတွင်းထွက်တင်ပို့မှု၂၈%ခန့်လျော့ကျ| BusinessRoundUp(13July2023)
=====================

မြန်မာ့ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်တင်ပို့မှု ၂၈ ရာခိုင်နှုန်းခန့် လျော့ကျ

ဆန်၊ အိမ်သုံးဆေးဝါးနှင့် စက်သုံဆီ ဈေးနှုန်းများဆက်တိုက် မြင့်တတ်နေ

၅စက္ကန့်တိုင်း ဘောလုံးကွင်းတစ်ကွင်းနီးပါး သစ်တောများ ဆုံးရှုံးခဲ့
၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံ လူဦးရေ ၅၉ ဒသမ ၃ သန်းကျော်ခန့်ရှိလာမည်ဟုခန့်မှန်း

https://youtu.be/9wxQLjn-oL8

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥4
ဆက်လက်ချီတက်နေသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်
====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးရှိ ကျေးရွာများမှစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၁၃ရက် ယနေ့တွင် ဆက်လက်ချီတက်ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်အလိုမရှိ ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး အထူးအစီအစဉ်အဖြစ် CDM သူရဲကောင်းများအတွက် လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။
ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၄၃ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#စစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤5🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
July - 13 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍6😁2
PDF သင်တန်းဆင်းပွဲရှိလို့ လေကြောင်းတိုက်တာပါဆိုတဲ့ စစ်ကောင်စီ စွပ်စွဲချက် ရေမျက်ဒေသခံတွေ ငြင်းဆို
================

MTO ။ ။ရေမျက်ရွာတိုက်ခိုက်မှုဟာ PDF တွေရှိလို့ တိုက်တာပါဆိုတဲ့ စစ်ကောင်စီပြောဆိုမှု အပေါ်ဒေသခံတွေက ငြင်းဆို လိုက်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ထဲက ရေမျက်ရွာ စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်းနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်လေယာဉ်တွေ နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီဘက်က သူတို့ရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ PDF တွေ ရှိလို့ တိုက်ခိုက်တာဆိုပြီး ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက ရေမျက်ရွာကိုတိုက်ခိုက်ခဲ့ချိန်ဟာ ပုံမှန်အားဖြင့် ကလေးသူငယ်တွေ ကို စာသင်နေချိန်ဖြစ်ပေမယ့် အဲ့နေမနက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းသူကျောင်း သားတွေ ကို ပြန်လွှတ်လိုက်ချိန်ဖြစ်လို့ ကလေးသူငယ်တွေ ဘေးကင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

https://youtu.be/NwYBhs-3-Ik

တည်းဖြတ်၊ တင်ဆက် MTO

#ရေမျက်ရွာ
#လေကြောင်းတိုက်ခိုက်
#PDF
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥4😁1🤬1
ဇူလိုင်လ (၁၃)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:00 - ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း NUG ပြောတဲ့သတင်း

02:44 - ထားဝယ်မြို့ ဇဟာရွာအနီး စစ်ကားပစ်ခတ်ခံရပြီး အရာရှိအပါဝင် ၃ ဦး သေဆုံးတဲ့သတင်း

04:26 - မြန်မာနိုင်ငံအကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားတိုက်တွန်းတဲ့သတင်း

06:33 - နိုင်ငံအေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/b3qdJecJzPE

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4😁2👎1
This media is not supported in your browser
VIEW IN TELEGRAM
နီပေါ ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှု ရဟတ်ယာဉ် ပျက်ကျပြီး ၆ ဦးသေဆုံး

#Nepal #internationalnews #Mizzima #reels #shorts
😢7👍2
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၈ ဦးထိခိုက်၊ သေဆုံးသူရှိ
🤬10🔥3😢1
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၈ ဦးထိခိုက်၊ သေဆုံးသူရှိ
=====================

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ ရွှေဘိုမြို့၊ ပလိုင်းကျေးရွာ စာသင်ကျောင်း၌ တပ်ဆွဲထားသည့် စစ်ကောင်စီတပ်သည် တက်တူရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ရှစ်ဦးထိခိုက်ခဲ့ကာ တစ်ဦးသေဆုံးသွားကြောင်း တက်တူရွာ ဒေသခံ ကိုလင်းယုန် ကပြောသည်။

ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် တက်တူရွာဘက်သို့ ၆၀-မမ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ရွာထဲရှိပြည်သူပိုင်နေအိမ်အပေါက်ဝတွင်ကျရောက်ပေါက်ကွဲခဲ့ခြင်းသည်။ ကလေးငယ်မှာ အမျိုးအိမ်သို့ လာရောက်လည်ပတ်စဉ် ယင်းသို့ ထိခိုက်ခဲ့ခြင်းဖြစ်ပြီး အူဖြတ်ကာ ပြန်ဆက်ထားရကြောင်း သိရသည်။

ကျန်နှစ်လုံးမှာ တက်တူရွာတောင်ပိုင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ထိခိုက်သူမရှိကြောင်း ထိုဒေသခံကဆိုသည်။

“အမျိုးသမီးတစ်ဦးပါတယ်။ အိမ်ပိုင်ရှင်ပေါ့နော်။ သူတို့အိမ်ရှေ့ကို ကျတာ။ အိမ်ရှင် အမျိုးသားက ဆုံးသွားတယ်ဗျ ။ ထိခိုက်သွားတဲ့ ကလေးငယ်တစ်ဦးက အခု ဆေးကုသမှုခံယူနေရတယ်၊ အခြေအနေ နည်းနည်း ကောင်းတယ် ခင်ဗျ ”ဟု တက်တူဒေသခံ ကိုလင်းယုန် ကဆိုသည်။

သေဆုံးသွားသည့် အမျိုးသားမှာ အသက် ၄၀ ဝန်းကျင်ရှိပြီး ဆေးရုံသွားသည့် လမ်းတစ်ဝက်တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ခြမ်းရှိ ရွာများကို အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြန်ထွက်သွားချိန်တွင် ပစ်ခတ်သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ အလောင်းတွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ပြည်သူ ၈ ဦးထိခိုက်
#တက်တူရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10🔥3😢3👍1
​​ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို စစ်ကောင်စီမှ ပြန်လည်ပြင်ဆင်ခွင့်မပြုသေး
===================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ရကာ ပျက်စီးခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်စခန်းများအား ပြုပြင်ခွင့်ကို စစ်ကောင်စီမှ ခွင့်မပြုသေးကြောင်း သိရသည်။

“စစ်တပ်က ပျက်စီးသွားတဲ့ camp တွေကို ပြန်လည်ပြုပြင်ခွင့် အခုအထိ မပေးသေးဘူး၊ အဲ့တော့ IDP(ဒုက္ခသည်) တွေက တာပေါ်လင်ရရ ဘာရရ ဖြစ်သလိုနေရတယ်။ ဘာလို့ဆို camp အကုန်လုံးနီးပါးက ခေါင်မိုးမရှိကြတော့ဘူးလေ၊ အဲ့ဒါကို ပြင်ဆင်ခွင့်မပေးသေးဘူးဆိုတော့ ဒီအတိုင်းပဲ နေနေရတာ” ဟု စစ်တွေမြို့ရှိ ရိုဟင်ဂျာဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ပျက်စီးသွားသည့် ဒုက္ခသည်စခန်းများ ပြန်လည်နေရာချခြင်း၊ ပြုပြင်ခြင်းနှင့် ပြောင်းရွှေ့ခြင်းများအတွက် ပြည်နယ်အစိုးရကို ခွင့်ပြုချက်တောင်းရပြီး စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မိုခါမုန်တိုင်းတိုက်ခတ်ပြီး နှစ်လနီးပါးကြာသည့် လက်ရှိအချိန်အထိ ပြင်ဆင်ခွင့်မပြုသေးကြောင်း သိရသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီထံမှ ထောက်ပံ့မှုများမရရှိကြသကဲ့သို့ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွက် ပေးထားသည့် ကူညီထောက်ပံ့ရေးပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးလူကြီးများမှ စခန်းအတွက် မပေးဘဲ သိမ်းယူထားကြသည်များရှိကြောင်း ပြောသည်။

“အစိုးရက ဆန်တွေဘာတွေလည်း ထောက်ပံ့တာမရှိဘူး၊ တချို့နေရာတွေမှာဆိုရင် တာပေါ်လင်စတွေ ထောက်ပံ့ပေမယ့် အဲ့ဒီ တာပေါ်လင်တွေကို IDPs တွေကို မပေးဘဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သိမ်းထားတာမျိုးရှိတယ်၊ ဒါကတော့ ခေါင်းဒုက္ကာ စခန်းမှာဖြစ်တာပေါ့။ ရခိုင်ပြည်တစ်ခုလုံးကို ခြုံပြီးပြောမယ်ဆိုရင် သေချာတာကတော့ စစ်တပ်ကပေးသလောက် IDP တွေက မရကြဘူး။ သူတို့လည်း ပေးတာလည်း သိပ်ရှားပါတယ်” ဟု ရိုဟင်ဂျာဒုက္ခသည်များအာ ကူညီနေသူတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် ခေါင်းဒုက္ကာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်းပေါင်း ၁၄ ခုရှိပြီး စခန်းအားလုံး လက်ရှိအချိန်အထိ ပြင်ဆင်ခွင့်မရသေးကြောင်း သိရသည်။

ရိုဟင်ဂျာဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီပေးခွင့်ရရန် မုန်တိုင်းမတိုင်မီကပင် စစ်ကောင်စီထံ တောင်းဆိုခဲ့သော်လည်း အကူအညီပေးခွင့် မရရှိခဲ့သကဲ့သို့ မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင်လည်း စစ်ကောင်စီမှ နိုင်ငံတကာအဖွဲ့အစည်းများအား သွားလာကူညီခွင့်ကို ကန့်သတ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီမှ နိုင်ငံတကာအဖွဲ့အစည်းများအား သွားလာခွင့် ကူညီခွင့် ကန့်သတ်ထားသည်မှာ ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် လျစ်လျူရှုထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဓိကပြောရမယ်ဆိုရင် IDPs တွေကို မစာနာရာရောက်တယ်။ IDPs တွေကို လျစ်လျူရှုထားရာရောက်တယ်။ ဘာလို့ဆို IDP တွေက NGO, INGO တွေအပေါ်မှာပဲ မှီခိုနေကြရတယ်ဆိုတာ သူတို့သိတယ်။ အဲ့ဒါကို NGO,INGO တွေကို သွားလာခွင့်မပေးဘူးဆိုတာက IDP တွေဆီ အကူညီမရောက်စေတဲ့ သဘောပေါ့နော်။ တချို့ဆို တော်တော်လေး ရုန်းကန်နေရတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာ ဒုက္ခသည်များအား WFP မှ တစ်လလျှင် တစ်ဦးကို ငွေကျပ် ၂၇,၀၀၀ ထောက်ပံ့ထားသော်လည်း လက်ရှိကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် ရိုဟင်ဂျာဒုက္ခသည်များသည်် စားဝတ်နေရေးအတွက် အခက်အခဲများစွာဖြစ်နေကြရကြောင်း သိရသည်။

မိုခါမုန်တိုင်းမဝင်ရောက်မီ တစ်ရက်အလို မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်သားများမှ ပင်လယ်နှင့် နီးသည့် ဒေသများရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများကို မုန်တိုင်းလွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးကြရန် လာရောက် သတိပေးခဲ့သော်လည်း သိန်းနှင့်ချီသည့် ရိုဟင်ဂျာများအတွက် အာဏာသိမ်း စစ်တပ်က နေရာထိုင်ခင်း လောက်ငအောင် မစီစဉ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့တွင် ရိုဟင်ဂျာဒုက္ခသည် ၉၈ ဦး သေဆုံးခဲ့ကြောင်း မုန်တိုင်းတိုက်ခတ်မှုအပြီး ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် စာရင်းလိုက်လံကောက်ယူခဲ့သူမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ရိုဟင်ဂျာဒုက္ခသည် ၁၅၃,၀၀၀ ခန့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရပြီး ၇၀၀,၀၀၀ခန့်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံလျက်ရှိကြောင်း UN Myanmar မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရခိုင်ပြည်နယ်
#ရိုဟင်ဂျာ
#ဒုက္ခသည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍4😁3