Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာအကြမ်းဖက်မှုများကို ထပ်မံရှုတ်ချ
======================

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ စည်းလုံးမှုအတွက် စမ်းသပ်မှုဖြစ်နေသော အရှိန်မြင့် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံက အကြမ်းဖက်မှုများကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကြာသပတေးနေ့တွင် ထပ်မံရှုတ်ချခဲ့ကြသည်။

၁၀ နိုင်ငံပါ အာဆီယံ၏ အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသည် ၂၀၂၁ အစောပိုင်း၌ စစ်အာဏာသိမ်းပြီး ဒီမိုကရေစီ လိုလားသော အတိုက်အခံများကို သွေးထွက်သံယို ဖြိုခွင်းမှုများနောက် တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလူနည်းစုတပ်များ၏ လက်တုံ့ပြန် တိုက်ခိုက်ခြင်းများဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

“လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ပြည်သူပိုင်အဆောက်အအုံများအား ဖျက်ဆီးခြင်းအပါအဝင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို မိမိတို့ အပြင်းအထန် ရှုတ်ချသည်”ဟု မည်သည်ကြောင့် နောက်ကျမှန်း မသိရသည့် ကြာသပတေးနေ့ နှောင်းပိုင်းမှ ထုတ်ပြန်လာသော ပူးတွဲကြေညာချက်တွင် အာဆီယံ ထိပ်တန်းသံတမန်များက ဆိုထားသည်။
👍16🤣6
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယမုတ်သုံမိုးကြောင့် သေဆုံးသူ ၆၆ ဦးအထိမြင့်တက်လာ

#internationalnews #reels #shorts #India #Mizzima
😁3😢1
ဇူလိုင်လ (၁၄)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

01:00 - အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့အား သီးသန့်တွေ့ဆုံခွင့်ပေးခဲ့ကြောင်း စစ်ကောင်စီပြောတဲ့သတင်း

02:27 - အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ တိုက်တွန်းတဲ့သတင်း

06:27 - ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA တိုက်ပွဲများ ဆက်ပြင်းထန်နေတဲ့သတင်း

09:50 - ထိုင်းပြုပြင်ပြောင်းလဲရေးသမား ပီတလင်ဂျာရိုနတ် ဝန်ကြီးချုပ်အသစ် မဲပေးရွေးချယ်မှုမှာ ရှုံးနိမ့်တဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေး ပါတော့မယ်။

https://youtu.be/B35Garo5ez0

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2🥰1
Media is too big
VIEW IN TELEGRAM
အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ တိုက်တွန်း

Watch more detail - https://youtu.be/cuj9DK7b6Hg

#အာဆီယံ #မြန်မာ စစ်တပ်#ရှုတ်ချဖို့ တိုက်တွန်း#VideoNews #shorts #reels
👍12🤣4
အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ တိုက်တွန်း
===================

အကြမ်းဖက်မှုတွေ အပါအဝင် မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ မလေးရှားနိုင်ငံက အာဆီယံကို တိုက်တွန်းခဲ့ပါတယ်။

အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးရဲ့ ပူးတွဲကြေညာချက်မှာ ဒီပြဿနာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကြေညာချက်ထုတ်ဖို့ တိုက်တွန်းခဲ့တယ်လို့ မလေး နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဗ္ဗဒူ ကာဒီရာ (Zambry Abdul Kadir) ကပြောပါတယ်။

အင်ဒိုနီးရှားနိုင်မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်မိတ်ဖက်နိုင်ငံများရဲ့ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာ့အကျပ်အတည်းကို ရည်ညွှန်းတဲ့ ကြေညာချက်တစောင်ကို အားလုံးသဘောတူ ထုတ်ပြန်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဒီ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေးပွဲတွေမှာ အမေရိကန်၊ ရုရှား၊ သြစ‌တြေးလျ၊ ဂျပန်နဲ့ အိန္ဒိယ အစရှိတဲ့ ကမ္ဘာ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ၊ အဆင့်မြင့် သံတမန်တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

https://youtu.be/cuj9DK7b6Hg

#Political News
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19🤣5
​​လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းဘက်သို့ ကရင်နီပြည်သူ ၃,၀၀၀ ကျော် ထွက်ပြေး
===================

စစ်ကောင်စီတပ်နှင့် ကရင်နီတပ် KA တို့ကြား ဗုဒ္ဓဟူးနေ့က တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်သို့ ကရင်နီပြည်သူ ၃,၀၀၀ ကျော်ထက်မနည်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးခိုလှုံကြသည်။

စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား ထိပ်တိုက် တိုက်ပွဲများက ကြာသပတေးနေ့အထိ ဆက်လက်ဖြစ်ပွားနေသည်ဟု နယ်စပ်ရင်းမြစ်တစ်ရပ်က ပြောသည်။

ဗုဒ္ဓဟူးနေ့ ည ၇ နာရီဝန်းကျင်တွင် မောင်းခရိုင်၏ တစ်ဖက် နယ်စပ်တစ်လျှောက်၌ စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲကြောင်း သိရသည်။

လွိုင်ကော်ရှိ စစ်ဘေးရှောင်စခန်းအပြင် ပစ်မှတ်များကို အနည်းဆုံး ခြောက်ကြိမ် လေကြောင်းတိုက်ခိုက်သည့်နောက်တွင် ကရင်နီပြည်သူ ၃,၃၃၁ ဦး နယ်စပ်ဖြတ်ကျော်ကာ မယ်ဟောင်ဆန်သို့ ခိုလှုံလာကြကြောင်း သတင်းရင်းမြစ်က ပြောသည်။

ခိုလှုံလာသော ကရင်နီပြည်သူများကို စေတနာ့ဝန်အဖွဲ့တစ်ရပ်နှင့် စစ်သားများက ကြီးကြပ်ထားမည်ဖြစ်ပြီး အခြေအနေ ကောင်းမွန်လာပါက အားလုံးကို ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ကရင်နီပြည်နီမှ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) သတင်းရင်းမြစ်တစ်ရပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိုင်းဘက်သို့ ပြည်သူ ၅,၀၀၀ ကျော်ထက်မနည်း ခိုလှုံရန် ကြိုးစားကြသည်ဟု ပြောသည်။ တိုက်ခိုက်မှုအတွင်း တစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ကြာသပတေးနေ့တွင် ထိုင်းနယ်စပ်အာဏာပိုင်များအနေဖြင့် ဆက်သွယ်ရေးဖျက်စက်များကြောင့် လေကြောင်းတိုက်ခိုက်မှု နောက်ထပ်သတင်းနှင့် မြေပြင်အခြေအနေကို သိရှိရခြင်း မရှိပေ။
ထိုင်းဘက် စစ်စခန်းတစ်ခုအနီးက KA အမာခံနယ်မြေတစ်ခုကို လေကြောင်းတိုက်ခိုက်မှုသစ်များ ဆင်နွှဲရန် စစ်ကောင်စီတပ်က ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ အဆိုပါ ထိုင်းစခန်းမှ စစ်သားများက လုံခြုံရေးတပ်လှန့်အနေအထား ရှိနေသည်။
ဇူလိုင် ၆ ရက်၌ KA နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများမှ လွတ်မြောက်ရန် မယ်ဆာရီအန်းဒုက္ခသည်စခန်းများသို့ မြန်မာဒုက္ခသည် ၅,၀၀၀ ကျော်ထက်မနည်း ထွက်ပြေးခိုလှုံလာကြပြီးနောက် ယခု နယ်စပ်တင်းမာမှုများ ထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။
(မိုးသဲ ဘာသာပြန်သည်။)
🤬9👍5🔥2😢2👏1
ဖယ်ခုံတွင် ၂ လအတွင်း အရာရှိများအပါအဝင် စစ်ကောင်စီတပ်သား ၄၆ ဦး သေဆုံးဟုဆို
👍17❤3👏3🔥1😁1
ဖယ်ခုံတွင် ၂ လအတွင်း အရာရှိများအပါအဝင် စစ်ကောင်စီတပ်သား ၄၆ ဦး သေဆုံးဟုဆို
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်အိကျေးရွာနှင့် စက်တော်ကျေးရွာတွင် ဇွန်လနှင့် ဇူလိုင်လ ၁၃ ရက်နေ့အထိ တိုက်ပွဲများတွင် အရာရှိများအပါအဝင် စစ်ကောင်စီတပ်သား ၄၆ ဦး သေဆုံးခဲ့ကြောင်း ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ သိရသည်။

“ဗိုလ်အဆင့်တွေ လည်းပါတယ်၊ များသောအားဖြင့် တပ်ကြပ်ကြီးတွေ နဲ့ ရဲဘော် များတာပေါ့။ ကျနော်တို့ဘက်မှာ ပြောက်ကျား ကစားတာပေါ့နော်။ သူတို့ကို တစ်ယောက်ရရ နှစ်ယောက်ရရ ခြွေပြီးတိုက်တာပေါ့” ဟု KRU ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇွန်လ ၃ရက်နေ့မှ ၁၃ ရက်နေ့အတွင်းတွင် ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုနှင့် စက်တော် ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အမှတ်(၇) စစ်အခြေခံလေ့ကျင့်ရေးတပ်နှင့် တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ထို ၁၀ ရက်တာတိုက်ပွဲအတွင်း အရာရှိတစ်ဦးအပါအဝင် စစ်သား ၂၇ဦး သေဆုံးခဲ့ကြောင်း KRU မှ ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဇွန်လ ၁၄ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၉ ဦး ထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း KRU မှ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများ၏ သေဆုံးမှုစာရင်းများကို မျက်မြင်တွေ့ရှိရသည့် အလောင်းများနှင့် ကောက်ယူရရှိထားသည့် လက်နက်များဖြင့် အတည်ပြုထားခြင်းဖြစ်ကြောင်း KRU ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျနော်တို့ လက်နက်ကောက်တဲ့အချိန်မှာ သိတာပေါ့နော်။ တချို့လက်နက်တွေတော့ သူတို့ ပြန်ယူသွားတာရှိတယ်။ အလောင်းတော့ သူတို့ မသယ်ဘူးပေါ့နော်။ သေနတ်တွေတော့ သယ်သွားတယ်။ တချို့ ဗုံးသီးတွေ ကျည်ဘောက်တွေတော့ ထားခဲ့တာပေါ့လေ၊ သယ်လို့ရတာတွေပြန်သယ်သွားကြတယ်၊ အလောင်းတော့မသယ်ဘူး။ အဓိကက ကျန်တဲ့ သေနတ်တွေယူတဲ့အချိန်မှာ အလောင်းတွေကို အတည်ပြုလို့ရတာပေါ့” ဟု KRU ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

ထိုတိုက်ပွဲများတွင် MA2 သေနတ်တစ်လက်၊ MA3 သေနတ်နှစ်လက်၊MG3 ငါးကြင်းမြီး တစ်လက်၊ တင့်ဖျက်မိုင်းနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထိတွေ့တိုက်ပွဲများတွင် ဖယ်ခုံမြို့အခြေစိုက် စကခ(၇)နှင့် ခမရ(၃၃၆) တပ်တို့မှ လက်နက်ကြီးပစ်ကူများပစ်ခတ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ရာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီလ တတိယအပတ်မှ စတင်ကာ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းသို့ စစ်ကြောင်းသုံးကြောင်းဖြင့်ထိုးလာပြီး တော်လှန်ရေးပူးပေါင်းတပ်များဖြစ်သည့် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)၊ KNDF၊ ဖယ်ခုံPDF တပ်ရင်း(၁၀၀၂)၊ Loikaw PDF၊ ဒီးမော့ဆိုPDF၊ မိုးဗြဲPDF ၊ အလယ်ပိုင်းတိုင်းအထူးတပ်ဖွဲ့ တို့နှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့မှ မေလ ၂၇ ရက်နေ့အတွင်း ဖယ်ခုံတိုက်ပွဲများတွင် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား ၆၂ ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်သား သုံးဦးကျဆုံးကြောင်း KRU မှ ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖယ်ခုံအနောက်ခြမ်းတွင် သုံးလကျော်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ခဲယမ်းများ ပြန်လည်ဖြည့်တင်းရန်လိုအပ်သဖြင့် KRU မှ “မြေပြင်အတွက်ကျည်တစ်သောင်း” ကမ်ပိန်းကို မနက်ဖြန် ဇူလိုင် ၅ ရက်နေ့မှ စတင်ကာ ပြုလုပ်ရန်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KRU
#ဖယ်ခုံမြို့နယ်
#ခေါင်အိကျေးရွာ
#စက်တော်ကျေးရွာ

ဓါတ်ပုံ-ဖယ်ခုံတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်များ
==============
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24❤3🔥1🥱1
Media is too big
VIEW IN TELEGRAM
ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော

Watch more detail - https://youtu.be/XqU_nURNTgY

#RCSS #မြန်မာ စစ်တပ်#ငြိမ်းချမ်းရေးညီလာခံ #VideoNews #shorts #reels
👍9😁4💩2🔥1
မင်းတပ်မြို့တွင်းရှိ စစ်‌ေကာင်စီတပ်ဂိတ်တိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး
👍9🔥2😁1
မင်းတပ်မြို့တွင်းရှိ စစ်‌ေကာင်စီတပ်ဂိတ်တိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး
====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့တွင်းရှိ စစ်‌ေကာင်စီတပ်ဂိတ်နှစ်ခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ချင်းကာကွယ်ရေးတပ် (မင်းတပ်) (CDF – Mindat) က ယနေ့ ဇူလိုင်လ ၁၄ရက် တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ် လက်နက်ကြီးကုန်းနှင့် ခလရ (၂၇၄) စခန်းကို အလစ်အငိုက်ချဉ်းကပ်ပြီး ဇူလိုင်လ ၁၃ရက် နံနက် ၆နာရီမှ ၇နာရီအထိနှင့် နံနက် ၁၀နာရီ ၄၇မိနစ်မှ ၁၁နာရီ ၂၀မိနစ်အထိ နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မြို့တွင်းတိုက်ခိုက်မှုတွေ ထပ်မလုပ်ချင်သေးပေမယ့် ဟိုတစ်နေ့က ပစ်သတ်ခတ်ရတဲ့ ပြည်သူအလောင်းကို ကောက်ခွင့်မပေးကြလို့ လက်စားချေတဲ့အနေနဲ့ ဝင်ပစ်ခဲ့တာပါ” ဟု CDF – Mindat တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးမှုကို အတည်ပြုနိုင်ပြီး ဒဏ်ရာရရှိသူများ ရှိသော်လည်း အရေအတွက်ကို မသိရှိရ ကြောင်းဆိုသည်။

လွန်ခဲ့သည့် နှစ်ပတ်ခန့်က မြို့အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ကယ်ဖြင့် မြို့ထဲသွားနေသည့် လက်နက်မဲ့ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် က ပစ်သတ်ခဲ့ကြောင်းသိရသည်။

၎င်းသေဆုံးသွားသူ၏ ရုပ်အလောင်းကို လမ်းမပေါ်ပစ်ထားကာ လာကောက်သူအား ပစ်ခတ်ရန် စစ်ကောင်စီတပ်က စောင့်နေကြပြီး ဘာသာရေးခေါင်းဆောင်များ၏ တောင်းဆိုမှုကိုလည်း မလိုက်လျောသည့် အတွက် ယခုကဲ့သို့ လက်စားချေ တိုက်ခိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ဆက်ပြောသည်။

တိုက်ခိုက်မှုအပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်အသိပေးထားသည်။

လတ်တလောစစ်ရေးအခြေအနေများအရ မင်းတပ် - ကံကြီး - ဆော လမ်းပိုင်းကို ဇူလိုင်လ ၁၃ရက်နေ့မှ စ၍ သွားလာခွင့်ပိတ်ပင်ကြောင်းနှင့် ပြန်လည် အသုံးပြုနိုင်ပါ က အသိပေးသွားမည်ဖြစ်ကြောင်း CDF – Mindat ကထုတ်ပြန်ထားသည်။
အင်အား ၁၅၀ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒေသအတွင်းလှုပ်ရှားနေ သဖြင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် ယင်းသို့အသိပေးထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ် တာဝန်ရှိသူက ပြောကြားထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
# CDF–Mindat

Photo - စစ်ကောင်စီ ဂိတ်စခန်းကို တိုက်ခိုက်နေသည့်CDF မင်းတပ် အဖွဲ့ဝင်များ

===================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤2🔥1😁1
​​ပြည်ပရောက်မြန်မာများအား နိုင်ငံကူးလက်မှတ်ပိတ်သိမ်းမည်ဆိုသော သတင်းမှား
=======================

JC
(မဇ္ဈိမ)။ ။ပြည်ပနိုင်ငံသို့ရောက် မြန်မာနိုင်ငံသားများ စစ်ကောင်စီကိုမထောက်ခံပါက နိုင်ငံကူးလက်မှတ် များ ပိတ်သိမ်းသွားမည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“chantara640” ဟူသည့် TitTok အကောင့်မှ “ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေ အကြမ်းဖက်စစ်ကောင်စီကို မထောက်ခံဆန့်ကျင်လျှင် နိုင်ငံကူးလက်မှတ် ပိတ်သိမ်းသွားမယ်ဆိုပြီး နိုင်ငံ တော်သတင်းဌာန MWD က သတင်းကြေညာသွားပါတယ်” ဟု မြဝတီမှသတင်းကြေညာသည့်ပုံဖြင့် ဖြန့် ဝေထားသည်။ ၎င်းဖြန့်ဝေမှုကို ကြိုက်နှစ်သက်ကြောင်းပြုလုပ်ထားသူ ၆၀၀ ကျော်ရှိပြီး ပြန်လည်မျှဝေမှု ၇၈ ခုရှိသည်။

ထိုသတင်းသည် “yaminaung53” အမည်ဖြင့် TitTok အသုံးပြုသူတဦးက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ တွင်စတင်ဖြန့်ဝေခဲ့ပြီး မူရင်းဖြန့်ဝေမှုတွင် ကြိုက်နှစ်သက်သူ ၁၃,၀၀ ကျော်ရှိရာ ပြန်လည်ဖြန့်ဝေမှု ၁၁၁ ခု ရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းအရာနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ အမှန်မဟုတ် သကဲ့သို့ ယခင်ကြေညာခဲ့သောအကြောင်းအရာအပေါ် လွဲမှားစွာ ပြန်လည်ဖြန့်ဝေထားခြင်းဖြစ်ကြောင်း တွေ့ရသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Passport
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2🔥1