ရှမ်းပြည်ညီညွတ်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များ ခေတ္တရပ်နားရန် RCSS တောင်းဆို
--------------
ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်များနှင့် ရှမ်း လူမှုအဖွဲ့အစည်းများ စုစည်း၍ ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ၏ လုပ်ငန်းစဉ်များ ခေတ္တရပ်နားထားရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်သည်။
CSSU အနေဖြင့် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့အကြား တိုက်ပွဲများကို တားဆီးနိုင်ခဲ့ခြင်း မရှိသည့်အပြင် ၂၀၂၀- ၂၀၂၂ အထိ တိုက်ပွဲများ ကျယ်ပြန့်လာခြင်းကြောင့် ပြည်သူများ ဒုက္ခရောက်ရခြင်း၊ ရှမ်းပြည်အတွက် ရှင်းလင်းပြတ်သားသည့် နိုင်ငံရေး ရည်မှန်းချက်များ ချမှတ်နိုင်မှု မရှိခြင်း စသည့် အချက်များ အပါအဝင် အချက် ငါးချက်ကြောင့် လုပ်ငန်းဆောင်ရွက်မှုနှင့် ရည်မှန်းချက်များ အားနည်းခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က CSSU အတွင်းရေးမှူးအဖွဲ့ထံသို့ အဖွဲ့တွင်း ပေးပို့သည့်စာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ခြင်းကြောင့် ယခုကဲ့သို့ တရားဝင် ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
"ဖြစ်စဉ်ကတော့ ကျွန်တော်တို့ အနေနဲ့ CSSU အတွင်းရေးမှူး အဖွဲ့ကို CSSU လုပ်ငန်းစဉ်တွေ ခေတ္တရပ်နားထားဖို့ အဖွဲ့တွင်းစာ ပို့တယ်ခင်ဗျ။ အဲ့ဒီစာက မီဒီယာတွေဆီ လူမှုကွန်ရက်တွေဆီ ပျံ့သွားတယ်၊ အဲ့တာက မဖြစ်သင့်ဘူးလေ။ အဲ့ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဒီစာကို ထုတ်ပြန်လိုက်ရတာပါ" ဟု ပြောသည်။
RCSS အနေဖြင့် CSSU မှ နုတ်ထွက်ခြင်း မဟုတ်သကဲ့သို့ CSSU သည် ရှမ်းပြည်တွင်း နိုင်ငံရေး အင်အားစုများ စုစည်းရမည့် Platform အနေဖြင့် ဆက်လက်ရှိရမည်ကို လက်ခံကြောင်း သို့သော် အဖွဲ့အစည်း အတွင်း ဆက်လက်သွားရမည့် ပုံစံ၊ စည်းကမ်းများ ပြန်လည်ညှိနှိုင်းရမည် ဖြစ်ကြောင်း ပြောသည်။
၂၀၂၂ ဖေဖော်ဝါရီလ ၇ ရက်တွင် CSSU က ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း မူဝါဒ ကြေညာစာတမ်း ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာစာတမ်း အတွက် အတွင်းရေးမှူးအဖွဲ့ အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် RCSS က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
#RCSS
#ရှမ်းနိုင်ငံရေးပါတီ
#CSSU
#MizzimaTV

👍6
မိုင်းနုမ်ဟန်နှင့် ၇ လအရွယ် သမီး အပါအဝင် မိသားစုဝင် ၃ ဦးကို မသတ်ခဲ့ကြောင်း RCSS ငြင်းဆို
==================
ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန် အပါအဝင် ဇနီးနှင့် ခုနစ်လ အရွယ် သမီးတို့ကို ဖမ်းဆီး သတ်ဖြတ်မှု မကျူးလွန် ခဲ့ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ငြင်းဆိုချက် ထုတ်ပြန်သည်။
၎င်းတို့၏ သတင်းစာမျက်နှာ ဖြစ်သော Tai Freedom တွင် မတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် တအာင်း အဖွဲ့အစည်း အချို့က ခိုင်လုံသည့် သက်သေ အထောက်အထား ကင်းမဲ့သည့် ထုတ်ပြန်ချက် အမျိုးမျိုး ထုတ်ပြန်ပြီး RCSS အား နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိရှိ ထိုးနှက် အမြတ်ထုတ်ကာ တစ်ဖက်သတ် စွပ်စွဲသည်ဟု ဆိုထားသည်။
ထို့အပြင် ရှမ်းပြည် တိုင်းရင်းသား အဖွဲ့အစည်း တစ်ဖွဲ့နှင့် တစ်ဖွဲ့ အကြား နားလည်မှုလွဲခြင်း ဖြစ်စဥ်မှ အန္တရာယ် အလွန် ကြီးမားသည့် လူမျိုးရေး ပဋိပက္ခ အသွင်သို့ မရောက် ရောက်အောင် တွန်းပို့ နေသည်ဟု ဆက်လက် ဖော်ပြထားသည်။
မိုင်းနုမ်ဟန်နှင့် မိသားစု ဖမ်းဆီး ခံရသည့် ဇန်နဝါရီလ ၁၀ ရက်တွင် RCSS တပ်ဖွဲ့သည် မိုင်းကိုင် မြို့နယ် တုံလော၊ ပန်လော့၊ ပန်ကေတု ဒေသတွင် မရှိတော့ဟု ပြောဆိုထားသည်။ သို့သော် RCSS ၏ Tai Freedom သတင်းဌာနတွင်မူ ပန်ကေတု၊ ဟိုနား၊ ဝမ်ဖီး တွင် လှုပ်ရှားနေသည့် RCSS တပ်ဖွဲ့ကို ရှမ်းပြည် တပ်မတော် (SSPP)၊ တအာင်း တပ်မတော် (TNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်ဟု ဇန်နဝါရီလ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
မိုင်းနုမ်ဟန် (၃၉ နှစ်) ၏ အလောင်းကို မတ်လ ၃ ရက်နေ့တွင် ရှာဖွေ တွေ့ရှိခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့တွင် ဇနီးဖြစ်သူ လွေးအေးခ (၂၆ နှစ်) နှင့် ခုနစ်လ သမီးတို့၏ အလောင်းများကို ရွာခံများက ရှာဖွေတွေ့ရှိခဲ့သည်။ ဖမ်းဆီး သတ်ဖြတ်သူမှာ RCSS တပ်ဖွဲ့ ဖြစ်ကြောင်း ကျေးရွာခံ၊ ကျေးရွာမှ တာဝန်ရှိသူနှင့် RCSS တပ်မှ ထွက်ပြေးလာသူ တပ်သား တစ်ဦးက ပြောဆိုထားသည်။
ဖမ်းဆီး သတ်ဖြတ် ခံရသည့် မိုင်းနုမ်ဟန်နှင့် မိသားစုဖြစ်စဥ်ကို ကန့်ကွက် ရှုတ်ချကြောင်း အရပ်ဘက် အဖွဲ့အစည်း၊ ပါတီ၊ စာပေနှင့် ယဥ်ကျေးမှု၊ သံဃာတော်၊ ကျောင်းသား သမဂ္ဂနှင့် အမျိုးသမီး အဖွဲ့အစည်း ၁၁၇ ဖွဲ့က ထုတ်ပြန်ခဲ့သည်။
#Mizzima
#မိုင်းနုမ်ဟန်
#RCSS
#TaiFreedom
#SSPP
#မိသားစု

👍4
လဲချားမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာဘက်ကို လက်နက်ကြီးများ ပစ်ခတ်
=========================
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ကန်းအုန်ကျေးရွာတွင် ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်ရွံထိတ်လန့်နေရကြောင်း သိရသည်။
ကန်းအုန် ကျေးရွာအတွင်း လွန်ခဲ့သော အပတ်က ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းမှ ၎င်းတို့ နေရာယူထားသည့် တောင်ကုန်းမှ ရွာလမ်းမပေါ်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုကဲ့သို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။
"သေနတ်သံရောပါတယ်၊ လက်နက်ကြီးသံ ငါးချက်လောက်ပစ်တယ်၊ ညဆယ်နာရီလောက်ပစ်တာဆိုတော့ အကုန်ကြောက်ကုန်ကြတယ်၊ ရွာနားမှာဘာလက်နက်ကိုင်မှမရှိဘူး၊သူတို့လျှောက် ပစ်တာ" ဟု ကန်းအုန် ဒေသခံ တစ်ဦးက
ပြောသည်။
လဲချားမြို့နယ်သည် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သောဒေသဖြစ်ပြီး လက်ရှိတွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်ထားသည်။
#ရှမ်းပြည်နယ်တောင်ပိုင်း
#လဲချားမြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့
#လက်နက်ကြီးပစ်ခတ်
#မဟာမိတ်တပ်ဖွဲ့
#RCSS/SSA

👍2👎1
စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်း သယံဇာတ တူးဖော်ရန် လုပ်ကွက် ၃၀၀ ကျော်ချပေး
==========================
အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီက ရှမ်းပြည်နယ်အတွင်း သယံဇာတ တူးဖော်ရန် လုပ်ကွက်ပေါင်း ၃၀၀ ကျော် ခွင့်ပြု ချထားပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ထမ်း တစ်ဦးထံမှ ရရှိသော အချက်အလက်များ အရ ၂၀၂၁ နိုဝင်ဘာလကုန်တွင် လုပ်ကွက်များ အတည်ပြု ချထားပေးခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် အတွင်း သယံဇာတ တူးဖော်မှုများကြောင့် စစ်အာဏာ မသိမ်းမီ ကပင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့နေရကာ အာဏာသိမ်း ပြီးနောက် လုပ်ကွက်သစ်များ တိုးမြှင့် ချထားပေး သဖြင့် လူ့အခွင့်အရေး အခြေအနေများ ပိုမို ဆိုးရွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
"အရင်ကတည်းက ကျွန်တော်တို့ ဒေသခံတွေက ဒီသယံဇာတ တူးဖော်မှုတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ကြုံနေရတာ။ ပြီးတော့ သူတို့တူးမဲ့ နေရာတွေက တိုက်ပွဲ မကြာခဏ ဖြစ်နေတဲ့ နေရာတွေ၊ ဥပမာ အခု ရပ်စောက်မှာ ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေးတူးမဲ့ နေရာဆို RCSS၊ တပ်ပေါင်းစုနဲ့ စစ်တပ်တို့ သုံးပွင့်ဆိုင် တိုက်ပွဲ ဖြစ်ဖူးတဲ့ နေရာမျိုး တော်တော် စိုးရိမ်တယ်ဗျ " ဟု ရှမ်းမြောက်ပိုင်းနေ တက်ကြွ လှုပ်ရှားသူ ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံ တစ်ဝန်း သယံဇာတ တူးဖော်ရန် လုပ်ကွက်ပေါင်း ၁၁၆၉ ခု ချပေးခဲ့ရာ ရှမ်းပြည်နယ်သည် လုပ်ကွက် ၃၀၃ ခုဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် မန္တလေးတိုင်း ပြီးလျှင် အများဆုံး ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသ အချို့တွင် တူးဖော်မည့် သယံဇာတ လုပ်ကွက်များသည် မြောက်ပိုင်း မဟာမိတ်နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နေရာများ ဖြစ်ပြီး ရှမ်းပြည်နယ်တစ်ဝန်းတွင် ကျောက်မီးသွေး တူးဖော်မှု အများဆုံး ဖြစ်သည်။
Photo- ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ္မ
ကျောက်မီးသွေးတွင်း။
#Mizzima
#ရှမ်းပြည်နယ်
#သယံဇာတ
#RCSS/SSA
#လုပ်ကွက်

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ UWSA နဲ့ RCSS တိုက်ပွဲဖြစ်
====================
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတော့မိုင်းထား ဒေသတွင် ယမန်နေ့ ဧပြီလ 5ရက်နေ့ မနက် 11 နာရီဝန်းကျင်ခန့်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ဝသွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့တိုက်ပွဲများဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။
RCSS တပ်ဖွဲ့၏သတင်းပြန်ကြားရေးစာမျက်နှာဖြစ်သော Tai fredoom ၏ဖော်ပြချက်များအရ ဝတပ်ဖွဲ့ 171 ဒေသမှ RCSS အားထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး နေ့ခင်း 2နာရီဝန်းကျင်အထိတိုက်ပွဲများဖြစ်ပွါးခဲ့သည်ဟုထုတ်ပြန်ထားသည်။
အနီးပတ်ဝန်းကျင်ဒေသခံတစ်ဦးကမူ "အဲ့နားကထိုင်းနယ်စပ် ပိန်းလုံနဲ့နီးတယ်၊အခုတော့တိုက်ပွဲတွေငြိမ်ပါပြီ၊ဝကစပစ်တယ်လို့ကြားတယ်၊ထိတာခိုက်တာတွေတော့ရှိမယ်ထင်တယ် "ဟုပြောပါသည်။
RCSS နှင့် UWSA တပ်ဖွဲ့တို့သည် ဇန်နဝါရီလ ကတည်းစစ်ရေးတင်းမာနေကျခြင်းဖြစ်သည်။
RCSS ဘက်မှ အထိအခိုက်အကျအဆုံးမသိရသေးဟုဆိုထားသော်လည်း UWSA တပ်ဖွဲ့၏မဟာမိတ်ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏သတင်းပြန်ကြားရေးစာမျက်နှာမှ RCSSတပ်သား 5ဦးကျဆုံးကာ ဝတပ်ဖွဲ့မှတစ်ဦးကျဆုံးခဲ့သည်ဟုရေးသားထားသည်ကိုတွေ့ရသည်။
မ
ိုင်းတော့မိုင်းထားဒေသသည် RCSS မှ 2012 ခုနစ် ငြိမ်းချမ်းရေးစဆွေးနွေးစဥ်ကာလတွင် ၎င်းတို့၏ဌာနချုပ်အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီတပ်မှ အဆိုပါနယ်မြေမှဆုတ်ခွါပေးခဲ့ခြင်းမရှိရာ စကစ ၊UWSA နှင့် RCSS တို့သုံးပွင့်ဆိုင်လှုပ်ရှားရာဒေသဖြစ်သည်။
# UWSA
#RCSS
#mizzimanews
#mizzimatv
#mizzima
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍2👎1
ရှမ်းပြည်နယ်တောင်ပိုင်း၌ စစ်ကောင်စီတပ် အင်အားဖြည့်နေ
==================
ရှမ်းပြည်နယ်တောင်ပိုင်း လဲချား၊ ပင်လုံနှင့် နမ့်စန် မြို့များတွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ နေသဖြင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်လျက် ရှိသည်။
ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်မှ စ၍ စစ်ကောင်စီ တပ်များသည် လဲချားမြို့နှင့် နမ့်စန်မြို့များရှိ ကျေးရွာများတွင် စစ်ကြောင်းများ ခွဲ၍ လှုပ်ရှားခြင်း၊ ကင်းစခန်း အသစ် တည်ဆောက်ခြင်းများကို ပြုလုပ်ခဲ့သည်။
ထိုဒေသများသည် ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) တို့ လှုပ်ရှား ထိန်းချုပ်ရာ နယ်မြေများ ဖြစ်သည်။
ဧပြီလ ၁၉ ရက်ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ် ဆနင်းကျေးရွာ အုပ်စုရှိ SSPP တပ်စခန်း အနီးသို့ စစ်ကောင်စီတပ်များ အင်အားအများအပြား ဖြည့်တင်းလျက် ရှိကြောင်း ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။
"ဟုတ်တယ်ဗျ။ ရွာဘက်ကို စစ်ကားက အစီး ၃၀ လောက် ရှိတယ် တက်လာတာ။ စစ်ကောင်စီက အရင် RCSS ရှိတုန်းကလည်း စစ်ကြောင်း ခဏခဏ ထိုးလာတာ ရှိပေမယ့် ခုလောက်တော့ အင်အား မများဘူးပေါ့။ တပ်ပေါင်းစုမှာကတော့ SSPP သာ ကျန်တော့မယ် ထင်တယ်။ ကျန်တဲ့ “ဝ” တပ်တို့ တအန်းတို့က ပြန်ကုန်ကျပြီ။ SSPP ကလည်း တိုက်ပွဲ ဖြစ်နိုင်တယ် ပြောထားတော့ စိတ်ပူတယ်" ဟု ဒေသခံက ပြောသည်။
ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ဘက်ကမူ စစ်ကောင်စီနှင့် RCSS တို့က ၎င်းတို့ တပ်စခန်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ၎င်းတို့၏ သတင်းပြန်ကြားရေး စာမျက်နှာတွင် ဖော်ပြထားသည်။
RCSS နှင့် စစ်ကောင်စီတပ်တို့ ထိုးစစ်ဆင်ရန် ပြုလုပ်နေသည် ဟူသော ပြောကြားချက်နှင့် ပတ်သက်၍ RCSS ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံအား ဆက်သွယ် မေးမြန်းရာ ယုတ္တိ မရှိသော စွပ်စွဲချက်များ ဖြစ်ကြောင်း ပြောဆိုသည်။
ယခု ဖြစ်စဥ်နှင့် ပတ်သက်၍ SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုနှင့် စိုင်းဖုန်းဟန် တို့ကို အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။
စစ်ကောင်စီတပ်များ အင်အား ဖြည့်တင်းနေသော ဆနင်းဒေသသည် မူလက RCSS ၏ ထိန်းချုပ် နယ်မြေ ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း မြောက်ပိုင်း မဟာမိတ်နှင့် တိုက်ပွဲများ အပြီးတွင် SSPP က ထိန်းချုပ်နိုင်ခဲ့သည်။
ဓာတ်ပုံ - ပုံအဟောင်း
#Mizzima
#ရှမ်းပြည်နယ်တောင်ပိုင်း
#RCSS
#SSPP
#စစ်ကောင်စီတပ်
#အင်အားဖြည့်

👍7
လက်နက်များဖမ်းမိသည်ဟု စစ်ကောင်စီမှဆိုပြီးနောက် တောင်ကြီး-ဟိုပုံးလမ်း၌ တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်
မဇ္ဈိမ
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းတွင် စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ဝင်များ၏ လက်နက်များဖမ်းဆီးရမိသည်ဟု သတင်းများထုတ်ပြန်ခဲ့ပြီးနောက် တောင်ကြီး-ဟိုပုံးသွားလမ်းကို တင်းကျပ်စွာစစ်ဆေးနေကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအနီး၌ ပင်လုံမြို့ ဆနင်းဒေသဘက်မှ ရပ်စောက်မြို့ဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးကားပေါ်မှ Type -81 အမျိုးအစား သေနတ် ၄၉၉ လက်နှင့်ကျည်အိမ် ၄၉၈ ခုအပါ ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီမှ သတင်းထုတ်ခဲ့ခြင်း ဖြစ်သည်။
မူလက ဟိုပုံးမြို့နယ်နှင့် မိုင်းပွန်အကြား တိုးဂိတ်တွင်သာ စစ်ဆေးရေးများပြုလုပ်လေ့ရှိသော်လည်း ယခုတွင် တောင်ကြီးနှင့် ဟိုပုံးကြား ဟိုပုံးမြို့အထွက်၊ ပင်းပက်သံမဏိစက်ရုံအနီးတို့တွင်ပါ တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်နေကြောင်း ကိုယ်တိုင်စစ်ဆေးခံခဲ့ရသူတစ်ဦးက ပြောသည်။
"လမ်းမှာက ပုံမှန်ဆိုတစ်နေရာပဲ စစ်တယ်၊ ကျနော်က မိုင်းပွန်ကနေ တောင်ကြီးပြန်တာ၊ အခု ဟိုပုံးထဲကို စစ်တာသုံးနေရာထိရှိတယ်၊ ကျနော်စစ်ခံရတာက ညနေပိုင်း၊ သူတို့ဆီရှိထားတဲ့ပုံတွေနဲ့ မျက်နှာကို အဓိကတိုက်စစ်တယ်၊ ဖုန်းတွေကတော့ စစ်တဲ့သူတွေစစ်တယ်၊ ဟိုပုံးမြို့ထဲလည်း PNO နဲ့စကစက အပြည့်ပဲ " ဟုပြောပါသည်။
ဟိုပုံးမြို့နယ်နည်းတူ ပင်လုံနှင့် ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီမှ အင်အားအများအပြား ရွေ့ပြောင်းလှုပ်ရှားနေမှုများရှိကြောင်း ဒေသခံများကဆိုသည်။
စစ်ကောင်စီမှ လက်နက်များဖမ်းဆီးရမိသော ဒေသသည် ဟိုပုံးမြို့နယ်၊ ပင်လုံမြို့နယ်နှင့် ရပ်စောက်မြို့နယ် သုံးခုအစပ်တွင်တည်ရှိပြီး SSPP၊UWSA ပူးပေါင်းတပ်ဖွဲ့ ၊ RCSS တပ်ဖွဲ့ အပါအဝင် PNO/PNA ပြည်သူ့စစ်တို့၏ လှုပ်ရှားနယ်မြေဖြစ်ရာ ယခုစစ်ကောင်စီ၏လှုပ်ရှားမှုများကြောင့် တိုက်ပွဲများဖြစ်ပွားမည်ကို ပြည်သူများစိုးရိမ်လျက်ရှိသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ရှမ်းပြည်နယ်
#RCSS
#ဟိုပုံးမြို့နယ်
#စစ်ကောင်စီ

👍7👎2🔥1
စစ်ကောင်စီပေးအပ်သော ဂုဏ်ထူးဆောင်ဘွဲ့ကို RCSS ဥက္ကဋ္ဌ တက်မယူ
=====================
003
ရှမ်း(မဇ္ဈိမ)။ ။စစ်ကောင်စီပေးအပ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ရွက်ဆစ်က တက်ရောက်ယူခြင်းမရှိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့်ဇန်နဝါရီ ၁ရက်နေ့နှင့် ၂ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ NCA လက်မှတ်ထိုး တိုင်းရင်းသားခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ ယခင်စစ်ခေါင်းဆောင်ဟောင်းများ၏ မိသားစုဝင်များ အပါအဝင် စစ်ကောင်စီအရာရှိနှင့် တပ်ဖွဲ့ဝင်များကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များပေးအပ်ခဲ့ရာ RCSS ခေါင်းဆောင်က တက်ရောက်ယူခြင်း မရှိခဲ့ကြောင်း သိရသည်။
"အဲ့ဒီပေးတဲ့ဘွဲ့ကို ဥက္ကဋ္ဌက ကိုယ်တိုင်လည်းသွားမယူဘူး၊ ကိုယ်စားလှယ်လွှတ်ပြီးလည်း မယူဘူး၊ ကိုယ်စားလှယ်လွှတ်တယ် ပြောတာကလည်း သတင်းမှားတွေပါ" ဟု RCSS/SSA တပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီမှ ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ရာတွင် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်ဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတီခွန်မြတ်အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့ကမူ တက်ရောက်ယူခဲ့ကြသည်ဟု သိရသည်။
R
CSS တပ်ဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့တွင် စစ်ကောင်စီ၏ NCA လက်မှတ်ထိုးအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ခြင်းမရှိပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#စစ်ကောင်စီ
#ဂုဏ်ထူးဆောင်ဘွဲ့

😁8👍6👏1
Media is too big
VIEW IN TELEGRAM
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တွေ့ဆုံခြင်း
Full Video Link - https://youtu.be/8CCkPjp4Wws
#reels #shorts #RCSS

😁2💩2
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကောင်စီနှင့် PDF ပဋိပက္ခအကြား ပါဝင်မည်မဟုတ်ကြောင်း RCSS ထုတ်ပြန်
Watch More Detail - https://youtu.be/t-e1QCLwpWA
#PolitiecalNews #RCSS #PDF
#VideoNews #Mizzima #Reels #shorts

😁6👍3🤮3👏1
Media is too big
VIEW IN TELEGRAM
ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော
Watch more detail - https://youtu.be/XqU_nURNTgY
#RCSS #မြန်မာ စစ်တပ်#ငြိမ်းချမ်းရေးညီလာခံ #VideoNews #shorts #reels

👍9😁4💩2🔥1
SSPP နှင့် RCSS အပစ်ရပ်ကြောင်း ကြေညာ
===============
ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ အပစ်အခတ်ရပ်စဲကြောင်း ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်လိုက်သည်။
SSPP ကိုယ်စားလှယ် သုံးဦး၊ RCSS ကိုယ်စားလှယ်လေးဦးတို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တရားဝင် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
SSPP နှင့် RCSS ကြား၌ လွန်ခဲ့သည့် လအနည်းငယ်ကအထိ စစ်ရေးတင်းမာခဲ့သလို စိုးမိုးနယ်မြေများမှ အရပ်သားများအား ဖမ်းဆီးမှုနှင့် ပတ်သက်၍လည်း လူထု၏ ပြစ်တင်ဝေဖန်မှု ခံခဲ့ရသည်။ ပြီးခဲ့သည့် ဧပြီလတွင် လဲချားမြို့၌ နှစ်ဘက် ပစ်ခတ်မှု ဖြစ်ခဲ့သည်။
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ယခုကဲ့သို့ အပစ်ရပ်ခြင်းကို ကြိုဆိုကြောင်းနှင့် စစ်အာဏာရှင်တော်လှန်ရေး၌ ပူးပေါင်းပါဝင်စေလိုကြောင်း ရှမ်းပြည်နယ်မှ ဒေသခံအချို့က မှတ်ချက်ပြုသည်။
" စစ်အာဏာရှင်ကို မီးစာတပ်ပေးနေတာမျိုးကို ကျမတို့ လက်မခံဘူး။ လူထုဆန္ဒနဲ့ အညီ ရပ်တည်စေချင်တယ်။ ဒါ ကျမတို့ မျှော်လင့်တဲ့အရာပဲ"ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့မှဒေသခံတဦးက ပြောသည်။
RCSSသည် စစ်ကောင်စီက ဆက်လက်ကိုင်စွဲထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)တွင်လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST တွင် ပါဝင်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင်နေပြည်တော်၌ ကျင်းပသည့် NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ RCSS ဥက္ကဌကိုယ်တိုင် တက်ရောက်ခဲ့သည်။
SSPP သည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။ ပြီးခဲ့သည့် ဇွန်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်မှ SSPP စခန်းများ ရုတ်သိမ်းရန် စစ်ကောင်စီက ဖိအားပေးခဲ့ရာ SSPP နှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာခဲ့သည်။
SSPP သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်ဖြစ်သည်။
လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သောမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA)နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)တို့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။
စာတည်း - အေးချမ်း
#Mizzima
#SSPP
#RCSS
#အပစ်ရပ်
ပုံအညွှန်း- ၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍30❤1🥰1
https://www.youtube.com/watch?v=h7uKOa1tYww
RCSS Chairman General Yawd Serk discusses the challenges of federalism and the NCA in Shan State

YouTube

#RCSS #GeneralYawdSerk #Shan #NCA #myanmar
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့်…

🔥4❤1👍1