မဇ္စျိမပရိသတ်များအတွက် စစ်တမ်းတစ်ခု ပြုလုပ်ပါရစေ.
ပရိသတ်ရဲ့ထင်မြင်ယူဆချက်များသည် မဇ္စျိမအဖွဲ့သားများအတွက် နေ့တဓူ၀အစီအစဥ်များကို ထုတ်လုပ်ရာတွင် အလွန်အကျိုးပြုပေးနေကြောင်းကို အသိပေးလိုပါသည်။
ဒါဆို ဘာကြောင့် ဒီစစ်တမ်းကို ကောက်ယူနေတာလဲ? ပရိသတ်အဖြေများသည် မဇ္စျိမ၏တင်ဆက်မှုအပေါ် နှစ်သက်မှု၊ စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များကို ပိုမိုနားလည်သဘောပေါက်ရန် ကူညီပေးပါသည်။ အကြံပြုချက်များကို တိုက်ရိုက်ကြားသိရခြင်းဖြင့် ပရိသတ်ရဲ့ထင်မြင်ယူဆချက်တွေမှတဆင့် ဆွဲဆောင်မှုအရှိဆုံးအကြောင်းအရာများ၊ သင်နှစ်သက်သော အစီအစဥ်များနှင့် အနာဂတ်တွင် မည်သည့်အစီအစဥ်မျိုးကို ကြည့်လိုကြောင်းကို မဇ္စျိမအဖွဲ့သားများက သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။
ဒါကြောင့် - စစ်တမ်းတွင်ပါဝင်ခြင်းဖြင့် သင်၏ထင်မြင်ယူဆချက်တွေကို မဇ္စျိမအဖွဲ့သားများအား ပြောပြပေးလိုက်ပါ.
စစ်တမ်းတွင် ၀င်ရောက်ဖြေဆိုရန် - https://www.surveymonkey.com/r/25JR9Z3
#mizzimasurvey
#mizzimaudiencesurvey

👍22🔥1
My india အစီအစဉ်
====================
ဒီတစ်ပတ်ရဲ့ My india အစီအစဉ်မှာ
-ကရယ်လာပြည်နယ်တစ်ဝှမ်း သရီဆာပူရမ်ပွဲတော် အခမ်းအနားများ မြင်ကွင်း
-ဟိန္ဒူဘာသာဝင်များက မြောက်ပိုင်း ဗာရာဏသီမြို့ရှိ ဂင်္ဂါမြစ်ကမ်းတစ်လျှောက်မှာ စုရုံးခဲ့ကြပြီး ပွတ်ရှ်ကာရမ်ပွဲတော်ကိုဆင်နွှဲခဲ့ကြ
-အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျနာ့သ်ဆင်းဟ်က နယူးဒေလီမှာကျင်းပတဲ့ ရှန်ဟိုင်းကော်ပိုရေးရှင်း အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ၈နိုင်ငံက ကာကွယ်ရေး ဝန်ကြီးများတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့
-အိန္ဒိယသရုပ်ဆောင်များဖြစ်ကြတဲ့ နဝါဇာအူဒင် ဆစ်ဒီကီနဲ့ နေဟာရှာမာတို့က မကြာခင်ထွက်ရှိတော့မယ့် အချစ်ဟာသရုပ်ရှင် “Jogira Sara Ra Ra” နမူနာပြပွဲကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း မွမ်ဘိုင်းမြို့မှာ တက်ရောက်ခဲ့ကြ
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတက်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
https://youtu.be/_23yLg9pfc0
#myindia
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
ဒီတစ်ပတ်ရဲ့My india အစီအစဉ်မှာ
-ကရယ်လာပြည်နယ်တစ်ဝှမ်း သရီဆာပူရမ်ပွဲတော် အခမ်းအနားများ မြင်ကွင်း
-ဟိန္ဒူဘာသာဝင်များက မြောက်ပိုင်း ဗာရာဏသီမြို့ရှိ ဂင်္ဂါမြစ်ကမ်းတစ်လျှောက်မှာ စုရုံးခဲ့ကြပြီး ပွတ်ရှ်ကာရမ်ပွဲတော်ကိုဆင်နွှဲခဲ့ကြ
-အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျနာ့သ်ဆင်းဟ်က နယူးဒေလီမှာကျင်းပတဲ့…

👍4🍌3
လားရှိုးမြို့မဈေးရှိ ဇွဲထက်ရွှေဆိုင်ရှေ့ ပေါက်ကွဲမှုဖြစ်၊ ဆိုင်၀န်ထမ်း ၁၂ ဦး ဒဏ်ရာရဟုဆို
========================
007
(မဇ္စျိမ) ။ ။ လားရှိုးမြို့မဈေးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆိုင်၀န်ထမ်း ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ရှမ်းပြည်မြောက်ပိုင်း ၊ လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးအတွင်းဖွင့်ထားသော ဇွဲထက်ရွှေဆိုင်ရှေ့တွင် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ဗုံးထပေါက်တာပါ။ မနက်အစောပိုင်းဆိုတော့ လူအသွားအလာတော့ ရှင်းတယ်။ ဆိုင်ခင်းဖို့ ရောက်နေတဲ့ ၀န်ထမ်းတွေပဲ ရှိချိန်မှာပေါက်ကွဲမှုဖြစ်တယ်။ ဆေးရုံကားနဲ့ လာသယ်သွားတာ ၁၀ ယောက်မကဘူး တွေ့လိုက်တယ် "ဟု ဒေသခံဈေးသည်တစ်ဦးက ပြောသည်။
ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသောလူနှစ်ဦးက အဆိုပါဆိုင်ကယ်တွင် ဗုံးတပ်ဆင်ကာ ဆိုင်ရှေ့ထားခဲ့ခြင်းဖြစ်ပြီး ဆိုင်ဝန်ထမ်း အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် အမျိုးသား နှစ်ဦးမှာ စိုးရိမ်ရကြောင်း စစ်ကောင်စီတပ် ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြထားသည်။
"ဆိုင်ရှင်က စစ်မှုထမ်းဟောင်းပါ။ မြို့မဈေးထဲရော ဈေး၀န်းကျင်မှာရော လုံခြုံရေးအပြည့်ချထားတဲ့ကြားကဖြစ်တာဆိုတော့ စိတ်၀င်စားစရာတော့ ကောင်းတယ်။ ဇွဲထက်အုပ်စုက မန္တလေးမှာဆိုရင် အခုရက်ပိုင်း ကားတွေ၊ ဆိုင်ကယ်တွေ ကံစမ်းမဲဖောက်ပြီး စျေးအလှူလှည့်သလို မြို့ထဲလှည့်ပတ်နေတာတောင် ဘာမှမဖြစ်ဘဲ လားရှိုးမှာမှ ဘာလို့လာဖြစ်တာလဲ စဉ်းစားစရာပါ" ဟု လားရှိုးမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။
ဖောက်ခွဲမှုအား မည်သည့်အဖွဲဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရသေးသော်လည်း PDF လက်ချက်ဖြစ်ကြောင်း စစ်တပ်ထောက်ခံသည့်တယ်လီဂရမ် ချန်နယ်သတင်းများက ဆိုသည်။
လားရှိုးမြို့တွင် ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။
https://youtube.com/shorts/w2AYShcNTSM?feature=share
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#လားရှိုးမြို့မ စျေး
#ဇွဲထက်ရွှေဆိုင်
#၁၂ဦးဒဏ်ရာရ

007 (မဇ္စျိမ) ။ ။ လားရှိုးမြို့မဈေးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆိုင်၀န်ထမ်း ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သ...
👍19🔥5🤔2😁1
အရေးပေါ်အခြေအနေ သက်တမ်းတိုးရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် အရိပ်အမြွက်ပြော
============================
စစ်တပ်အနေဖြင့် အရေးပေါ်အခြေအနေအား နောက်ထပ် သက်တမ်း ထပ်တိုးဖြစ်နိုင်ပြီး ကတိပြုထားသော ရွေးကောက်ပွဲ နှောင့်နှေးနိုင်ကြောင်းကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အရိပ်အမြွက်ပြောပြီး မတည်ငြိမ်မှုများ အဆုံးသတ်ရန် ပိုမို အားထုတ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
အရှေ့တောင်အာရှ၏ အပယ်ခံနိုင်ငံ မြန်မာနိုင်ငံသည် ပြီးခဲ့သော နှစ်နှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းကာ သဘောထားကွဲလွဲသူများကို အသေအပျောက်များသည့် ဖြိုခွင်းခြင်းများကြောင့် အကြမ်းဖက်မှုများဖြင့် ပျက်စီးကိန်းဆိုက်နေသည်။
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော အသစ်ထူထောင်သည့် လက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီက တိုက်ပွဲဆင်နေရာ အရပ်သား ထောင်ပေါင်းများစွာ သေဆုံးထိခိုက်ဒဏ်ရာ ရကြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အုပ်ချုပ်ရေးအဖွဲ့သည် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေသည်ကို အသိအမှတ်ပြုပြီးနောက် အာဏာသိမ်းပြီးချိန်မှစကာ အရေးပေါ်အခြေအနေကို အကြိမ်ကြိမ် သက်တမ်းတိုးထားခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် “အကြမ်းဖက်ဖြစ်စဉ်များက ကျဆင်းသော်လည်း ဆက်လက်ဖြစ်ပွားနေသည်”ဟု အာဏာသိမ်းမှု ဆန့်ကျင်သော တော်လှန်ရေးတပ်များ၏ ဖြစ်ပွားနေဆဲ တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး ကြာသပတေးနေ့က အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရာ၌ မင်းအောင်လှိုင်က ပြောသည်။
“လုံခြုံရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ဥပဒေစိုးမိုးရေးတွေ အပြည့်အဝ အကောင်အထည်ဖော်ဖို့ လိုအပ်ချက်များစွာ ရှိနေတာကို မြင်တွေ့ရမှာ ဖြစ်တယ်”ဟု အဆိုပါ အစည်းအဝေးအား စစ်တပ်၏ သောကြာနေ့ ထုတ်ပြန်ချက်၌ မင်းအောင်လှိုင်က ပြောထားသည်။
ယခုနှစ်စမှစကာ အကြမ်းဖက်လုပ်ရပ် ရာပေါင်းများစွာအတွင်း လူပေါင်း ၇၈၂ ဦး အသတ်ခံရကြောင်း နောက်ထပ် အသေးစိတ်မဆိုဘဲ ၎င်းက ထပ်လောင်းပြောသည်။
အာဏာသက်ဝင်နေဆဲဟု စစ်ကောင်စီက ပြောထားသော စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ရုပ်သိမ်းပြီး ခြောက်လအတွင်း ရွေးကောက်ပွဲများ ကျင်းပရန် လိုအပ်သည်။
ယခုနှစ် ဩဂုတ်လ၌ ရွေးကောက်ပွဲသစ်များ ကျင်းပမည်ဟု စစ်ကောင်စီက ကတိပေးထားသော်လည်း နိုင်ငံသည် “ပုံမှန်အခြေအနေသို့ ပြန်မရောက်သေး”ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြောပြီး နောက်တစ်ရက်၌ အရေးပေါ်အခြေအနေကို ဖေဖော်ဝါရီလအတွင်းက သက်တမ်းထပ်တိုးထားခြင်းပဲ ဖြစ်သည်။
(မိုးသဲ ဘာသာပြန်သည်။)

😁16💩11👍9❤2👏1
ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
====================
ဂျူချန်း (မဇ္ဈိမ)။ ။ ထားဝယ်သပိတ်ကော်မတီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြားကနေ လက်ရှိအချိန်အထိ လူထုသပိတ်လှုပ်ရှားမှုတွေကို အရှိန်အဟုန်မပြတ် ဆက်လက် လုပ်ဆောင်နေပါတယ်။
“ကျနော်တို့က လုံခြုံလို့ လူထုသပိတ်တွေလုပ်နေတာမဟုတ်ဘူး။ တကယ်မလုံခြုံတော့လို့ လူထုသပိတ်ကို ဆင်နွှဲနေရတာဖြစ်တယ်” လို့ ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ စစ်ခင်းနေတာဖြစ်ပြီး ဘယ်လောက်ပဲ ကျောထောက်နောက်ခံကောင်းပါစေ ကမ္ဘာ့သမိုင်းမှာ ပြည်သူကိုမျက်နှာမမူတဲ့ ဘယ်အာဏာရှင်မှ နိုင်သွားတဲ့ ရာဇဝင်မရှိဘူးလို့ သူက ပြောပါတယ်။
မေးမြန်း/တည်းဖြတ်-ဂျူချန်း
https://youtu.be/FkDa9UvPa5A
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

“ကျနော်တို့က လုံခြုံလို့ လူထုသပိတ်တွေလုပ်နေတာမဟုတ်ဘူး။…

👍17🔥1😁1
နယ်မြေရှင်းလင်းရာ မိုင်းနင်းမိ၍ YGF ရဲဘော် ပြင်းထန်ဒဏ်ရာရ
=====================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ ရေးပြောက်ကျားတပ်ဖွဲ့(YGF)၏ ရှေ့တန်းစခန်းတစ်နေရာတွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မိုင်းနင်းမိ၍ ရဲဘော်တစ်ဦး ခြေတစ်ဖက်ပြတ် ပြင်းထန်ဒဏ်ရာ ရသွားကြောင်း YGF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံထံမှ သိရသည်။
ဇူလိုင်လ ၁၂ရက်တွင် YGFတပ်ဖွဲ့က ရှေ့တန်းစခန်းကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိရာမှ ရဲဘော်တစ်ဦး ခြေထောက်တစ်ဖက် ပြတ်သွားပြီး မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဇူလိုင်လ ၁၀ရက်နေ့တွင် အင်အား ၆၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ မလွဲတောင်ကျေးရွာအနီးရှိ YGF ရှေ့တန်းစခန်းတစ်ခုအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်ဦးမှုရတာရယ်၊ အင်အားမမျှတာရယ်ကြောင့် ဆုတ်ခဲ့ရတယ်၊ အဲ့ဒါကို ၁၂ ရက်နေ့မှ ပြန်ချဉ်းကပ်ပြီးတော့ ရှင်းလင်းရေးပြန်လုပ်ခဲ့တာ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ဘက်က ထိခိုက်မှုရှိနိုင်ပေမယ့် အတည်မပြုနိုင်ဘူး” ဟု YGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
လက်ရှိတွင် ထိခိုက်ထားသည့် ရဲဘော်သည် ဆေးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း YGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၆ရက်နေ့ ညတွင် KNLA နှင့် YGF၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် ရေးမြို့နယ်၊ မလွဲတောင်အနီး၊ ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ ရှေ့ထွက်မိုင်းသုံးလုံး၊ M16 ကျည် ၂၁၈ တောင့်၊ ၄၀မမ ကျည် ၂၀လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း(ကပ်သီး) ၁၈ခု၊ ကျည်ဘောက် ၁၀ခု၊ ဖုန်း သုံးလုံး၊ စစ်ယူနီဖောင်းတစ်စုံ နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း YGF ကထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#ရေးမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်း

😢23😁2😱2👍1
အကြမ်းဖက်မှုများ ရပ်ရန်နှင့် ဒီမိုကရေစီသို့ ပြန်သွားရန် စစ်ကောင်စီကို ဖိအားပေးရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
=================
မြန်မာစစ်ကောင်စီက လက်နက်ချပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ ပြန်သွားရန် အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် ဖိအားပေးကြရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများအား သောကြာနေ့က ပြောခဲ့သည်။
လွန်ခဲ့သော နှစ်နှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအား ဖြုတ်ချပြီး စစ်အာဏာသိမ်းကာ သဘောထားကွဲလွဲသူများကို သေလောက်အောင် ဖြိုခွင်းသည့်နောက် သက်တမ်းနုသည် ဒီမိုကရေစီ အဆုံးသတ်သွားရသည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလျက် ရှိနေခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့၊ ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်သွားဖို့ စစ်တပ်အုပ်ချုပ်သူတွေကို ကျွန်တော်တို့ ဖိအားပေးကြရမယ်”ဟု ဂျကာတာတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘလင့်ကင်က ပြောသည်။
ယခု သီတင်းပတ် အာဆီယံ အစည်းအဝေးတွင် မြန်မာ့ပဋိပက္ခက လွှမ်းမိုးထားပြီး မြန်မာစစ်ကောင်စီနှင့် မည်သို့ ဆက်လက်ဆက်ဆံရမည်၊ ဆက်ဆံသင့်မသင့် အာဆီယံ၌ သဘောထားကွဲနေသည်။
စစ်ကောင်စီကို အာဆီယံ အဆင့်မြင့် အစည်းအဝေးများမှ တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်လ၌ အငြင်းပွားဖွယ် “အလွတ်သဘော ဆွေးနွေးပွဲ”သို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့၍ အဖွဲ့အတွင်း ကွဲလွဲမှု ထပ်တိုးရသည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံသည် မြန်မာ့အရေးတွင် ထိထိရောက်ရောက် မရှိမှုကြောင့် ရေရှည် ဝေဖန်ခံနေရသကဲ့သို့ အကျပ်အတည်းအား ဖြေရှင်းရေး သံတမန်ကြိုးပမ်းမှုတွင် သဘောထားကွဲနေကြဆဲ ဖြစ်သည်။
အဘက်ဘက်မှ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်းနှင့် စစ်ကောင်စီက မသိကျိုးကျွန် ပြုထားသည့် ဘုံသဘောတူညီချက် ငါးရပ်အား အခြေခံမူအဖြစ် ဆက်ထားရေးကို ကြာသပတေးနေ့ နှောင်းပိုင်း ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံက ဆိုထားသည်။

👍30😁5👏3
ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံသဖြင့် PDF များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်တော့ မည်ဟု သတင်းမှားဖြန့်
=================
ZZ
(မဇ္ဈိမ) ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ ရာတွင် ၎င်းအနေဖြင့် NUG နှင့် PDF များကို အသိအမှတ်မပြု၊ မထောက်ခံကြောင်းပြောကြားခဲ့၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်ကာ နေအိမ်ပြန်ကြတော့မည်ဟု စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြနေကြသည်။ ယင်းဖော်ပြချက်များ မှာ မှားယွင်းနေသည်။
“ကျော်စွာ” တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၁၃ ရက်နေ့တွင် “ အစကတည်းက ငါတိုက ပြောခဲ့ပါ တယ်။ ဇော်ဝေစိုး၊ ရည်မွန်၊ ဇင်မာအောင် ပြည်ပြေးတွေ ဂျင်းထည့်တာပါလို။ သူတိုက ပြည်ပြေးတွေဖြစ် နေပြီ အကြမ်းဖက်သတ်ဖြတ်မှုတွေကို pdf စီလွှချပြီး သူတိုနိုင်ငံရေးတစ်နေရာစာအတွက် အနေချောင်ဖို လုပ်နေတာ။ ဒေါ်စုကလက်မခံဘူးဆိုရင် ဒီလုပ်ရပ်တွေအားလုံးကို အင်တာပိုနဲ့ချိတ်ဆက်ပြီး ပြည်ပြေး တွေကို အစိုးရအဆက်ဆက်က ဖမ်းဆီးရေးလုပ်လိုရသွားပြီ”(မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ ပုံ ၁၀ ပုံနှင့်အတူဖော်ပြထားသည်။
ယင်းအကြောင်းကို အခြားတယ်လီဂရမ်ချန်နယ် ၁၁ ခုတွင်လည်းပျံ့နှံ့နေပြီး ကြည့်ရှုသူ ၅၀,၀၀၀ ကျော် နေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ယင်းပုံများ ပျံ့နှံ့လျက်ရှိနေသည်။
ထိုပုံများသည် တော်လှန်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအပေါ် စိတ်ပျက် ကာ တော်လှန်ရေးဆက်မလုပ်ချင်တော့သယောင် ဖေ့စ်ဘုတ်တွင်ရေးသားထားသည့် ပိုစ့်များအဖြစ် Screenshot ယူထားသည့်ပုံများဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် >>
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Fake_Account
#Fake_post
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
ZZ
(မဇ္ဈိမ) ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ ရာတွင် ၎င်းအနေဖြင့် NUG နှင့် PDF များကို အသိအမှတ်မပြု၊ မထောက်ခံကြောင်းပြောကြားခဲ့၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်ကာ နေအိမ်ပြန်ကြတော့မည်ဟု စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြနေကြသည်။ ယင်းဖော်ပြချက်များ မှာ မှားယွင်းနေသည်။
“ကျော်စွာ” တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၁၃ ရက်နေ့တွင် “ အစကတည်းက ငါတိုက ပြောခဲ့ပါ တယ်။ ဇော်ဝေစိုး၊ ရည်မွန်၊ ဇင်မာအောင် ပြည်ပြေးတွေ ဂျင်းထည့်တာပါလို။ သူတိုက ပြည်ပြေးတွေဖြစ် နေပြီ အကြမ်းဖက်သတ်ဖြတ်မှုတွေကို pdf စီလွှချပြီး သူတိုနိုင်ငံရေးတစ်နေရာစာအတွက် အနေချောင်ဖို လုပ်နေတာ။ ဒေါ်စုကလက်မခံဘူးဆိုရင် ဒီလုပ်ရပ်တွေအားလုံးကို အင်တာပိုနဲ့ချိတ်ဆက်ပြီး ပြည်ပြေး တွေကို အစိုးရအဆက်ဆက်က ဖမ်းဆီးရေးလုပ်လိုရသွားပြီ”(မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ ပုံ ၁၀ ပုံနှင့်အတူဖော်ပြထားသည်။
ယင်းအကြောင်းကို အခြားတယ်လီဂရမ်ချန်နယ် ၁၁ ခုတွင်လည်းပျံ့နှံ့နေပြီး ကြည့်ရှုသူ ၅၀,၀၀၀ ကျော် နေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ယင်းပုံများ ပျံ့နှံ့လျက်ရှိနေသည်။
ထိုပုံများသည် တော်လှန်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအပေါ် စိတ်ပျက် ကာ တော်လှန်ရေးဆက်မလုပ်ချင်တော့သယောင် ဖေ့စ်ဘုတ်တွင်ရေးသားထားသည့် ပိုစ့်များအဖြစ် Screenshot ယူထားသည့်ပုံများဖြစ်သည်။
အပြည့်အစုံ ဖတ်ရန် >>
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Fake_Account
#Fake_post
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣39👍16💩4❤1😁1
ကျိုက်ထိုတွင် ရွှေတွင်းလုပ်သားများအပါအဝင် အရပ်သား ၁၆ ဦး ဖမ်းဆီးခံရ
====================
YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံအနောက်ဘက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းမှ ရွှေတွင်းလုပ်သားအားလုံးအပါအဝင် အရပ်သား ၁၆ ဦးအား စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၊ တော်လှန်ရေးအင်အားစုများထံက သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ ဝန်းကျင်အချိန်က ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံအနောက်ဘက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးဝန်းကျင် ရောက်ရှိလာပြီး ရွှေတွင်းလုပ်ကွက်ရှိ ဘက်ဟိုးမောင်းသမား သုံးဦး၊ ရွှေတွင်းလုပ်သား ၁၀ ဦးတို့အပြင် ရွှေတွင်းအနီးအနားရှိ ပန်းသီရိ စိုက်ပျိုးရေးကုမ္ပဏီမှ မန်နေဂျာ ကိုမျိုးမြင့်ကျော်နှင့် ဝန်ထမ်းနှစ်ဦးတို့ကိုပါ ဖောကားဖြင့်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
" ကားနဲ့ဝင်လာတာ လူ ၅၀ လောက်ပါမယ်ထင်တယ်။ ယူနီဖောင်းတွေရော အရပ်ဝတ်တွေရောပါတယ်။ သေနတ်တွေ ပစ်တယ်။ လက်နက်ကြီးနဲ့လည်း အပေါ်ဘက်ကို ထုသေးတယ်။ ရွှေတွင်းထဲက တန်းလျားတွေတော့ အကုန်မီးရှို့ခံလိုက်ရတယ်။ တန်းလျားဆိုတာကလည်း အလုပ်သမားတွေနေတာဆိုတော့ ဖြစ်သလို ဆောက်ထားတဲ့ဟာတွေပဲ။ ဘာကြောင့်ဖမ်းသလဲတော့ ကျွန်တော်လည်း မသိဘူး" ဟု အင်္ဂဘိုကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ်သားများသည် ရွှေတူးဖော်ရေး လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများ နေထိုင်ရာ တဲ၊ တန်းလျားများအား မီးရှို့ဖျက်ဆီးခဲ့ကာ အနီးအနား ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ၊ သေနတ်များ ပစ်ခတ်ခဲ့သေးကြောင်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းခွင်မှ ရွှေမျှောစက်တစ်လုံး၊ ဘက်ဟိုးသုံးစီးတို့အား သိမ်းဆည်းသွားကြောင်း သိရသည်။
အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းခွင်သည် ရန်ကုန်မြို့မှ ဦးအောင်အောင် ပိုင်ဆိုင်သည့် လုပ်ငန်းခွင်ဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးချိန်တွင် ၎င်းသည် လုပ်ငန်းခွင်အတွင်း မရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
" ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ ကျွန်တော်တို့အသေးစိတ် စုံစမ်းနေဆဲပါ၊ အဲ့ဒီရွှေလုပ်ကွက်တွေဆိုတာလည်း ကျွန်တော်တို့တော်လှန်ရေးဘက်နဲ့ သက်ဆိုင်မှုမရှိတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာ အသေးစိတ်တော့ မသိရသေးပါဘူး" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။
အဆိုပါ အရပ်သား ၁၆ ဦးအား လက်ရှိတွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တပ်မ (၄၄) ဌာနချုပ်နှင့် ကျိုက်ထိုမြို့နယ်ရဲစခန်းတို့တွင် ဖမ်းဆီးထားကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် စစ်ကောင်စီတပ်၏ မကြာခဏ ဖမ်းဆီး စစ်ဆေးခံရလေ့ရှိသော်လည်း ရွှေတူးဖော်ရေးလုပ်ငန်းအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျိုက်ထိုမြို့နယ်
#စီးပွားရေးလုပ်ငန်းရှင်
#စစ်ကောင်စီတပ်
#ရွှေတွင်းလုပ်သား

🤬20👍14❤2😁2
Mizzima Weekly Sports အစီအစဉ်
===============
တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။
-------------
ဒီတစ်ပတ်မှာတော့ .....
- Oliveirense အသင်းနဲ့ သက်တမ်းတိုးတဲ့ ကမ္ဘာ့အသက်အကြီးဆုံးဘောလုံးသမား ကာဇူရိုရှီ မူရာ
- အက်ဒ်ဝင်ဗန်ဒါဆာ - နယ်သာလန်ဂိုးသမားဟောင်း `အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့’
- စပွန်ဆာမပါတဲ့ အိမ်ကွင်းအင်္ကျီဝတ်စုံအသစ်ကို ချယ်လ်ဆီးအသင်း ထုတ်ပြ
- MMA ကြယ်ပွင့် ဖရန်စစ် အန်ဂန်နူနဲ့ ရင်ဆိုင်ရမယ့် WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖြူရီ စတဲ့အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/6cSv76PbWBs
#weeklysport
#MizzimaTV

- Oliveirense အသင်းနဲ့ သက်တမ်းတိုးတဲ့ ကမ္ဘာ့အသက်အကြီးဆုံးဘောလုံးသမား ကာဇူရိုရှီ…

👍9😁2🥰1
Bitcoin မှ ကမ္ဘာတစ်၀န်းတွင် လူ့အခွင့်အရေးများကိုကူညီပေးနေပုံ
(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
[https://www.facebook.com/bitcoin.MM.initiatve](https://www.facebook.com/bitcoin.MM.initiatve"")
Bitcoin ဟာဗဟိုထိန်းချုပ်မှု မရှိတဲ့ကမ္ဘာပေါ်က digital ငွေကြေး ( Digital Gold တစ်ခုဖြစ်ပါတယ်။Bitcoinဟာသမာရိုးကျဘဏ်စနစ်ကိုအသုံးမပြုလိုတဲ့လူတစ်ဦးတစ်ယောက်ချင်းဆီရဲ့ပိုင်ဆိုင်မှုများကို စိတ်ချယုံကြည်စွာသိမ်းဆည်ထားနိုင်ရုံသာမကဘဲကမ္ဘာပေါ်ရှိလူ့အခွင့်အရေးကိစ္စများတွင်လည်းများစွာကူညီခဲ့ပါတယ်။ လုံခြုံစွာငွေလွဲနိုင်ခြင်းနှင့်လွတ်လပ်စွာသုံးစွဲနိုင်မှု အာဏာပိုင်များကကြိုးကိုင်မှုမရှိခြင်းတို့ကကမ္ဘာတစ်၀န်းကနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့်လူ့အခွင့်အခွင့်အရေးကြိုးပမ်းနေသူများအတွက်များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုများနှင့်စီးပွါးရေးမတည်ငြိမ်မှုများရင်ဆိုင်နေရသော ဗင်နီဇွဲလားနိုင်ငံတွင်Bitcoinဟာအသက်သွေးကြောသဖွယ်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ငွေကြေးတန်ဖိုးဟာလျင်မြန်စွာကျဆင်းသွားမှုကြောင့် ဗင်နီဇွဲလားနိုင်ငံသားများဟာ ၄င်းတို့ရဲ့ကြွယ်၀ချမ်းသာမှုများ ထိန်းသိမ်းနိုင်ရန် နှင့်တန်ဖိုးရှိပစည်းများကို ဆက်လက်၀ယ်ယူနိုင်ရန် Bitcoin ဟာပြောင်းလဲသုံးစွဲစရာတစ်ခုအနေနဲ့ဖြစ်လာခဲ့ပါတယ်။ Bitcoin ဟာလူတစ်ဦးတစ်ယောက်ချင်းစီအပေါ် အစိုးရရဲ့ထိန်းချုပ်မှုများမရှိဘဲကိုယ်ပိုင်စီမံခန့်ခွဲနိုင်မှုကခက်အခဲများကြားမှာရှင်သန်ဖို့အတွက်နည်းလမ်းတစ်ခုဖြစ်စေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် ဗနီဇွဲလားကဲ့သို့ပင်နိုင်ငံရေးအခြေအနေပြင်းထန်ခဲ့သောဇင်ဘာဘွေနိုင်ငံတွင်လည်းငွေကြေးဖောင်းပွမှုများဖြစ်ပေါ်နေသောအခြေအနေတွင် Bitcoin ကို အသုံးပြုကာလျင်မြန်စွာကျဆင်းနေသောနိုင်ငံငွေကြေးအကြပ်တည်းများကြားတွင်မိသားစုများကိုဆက်လက်ထောက်ပံ့နိုင်ခဲ့ပါတယ်။ နောက်ပြီးတင်းကြပ်သော ဗဟိုထိန်းချုပ်မှုရှိပြီးရင်းနှီးမြှုပ်နှံမှုများကိုစောင့်ကြည့်လျက်ရှိသောတရုတ်နိုင်ငံတွင်လည်းအစိုးရမှစောင့်ကြည့်မှုမခံလိုသူများနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကြားတွင် Bitcoin ဟာရေးပန်းစားလျက်ရှိပါတယ်။ Bitcoinဟာလွတ်လပ်စွာပြောဆိုနိုင်ခွင့်များအတွက်လည်းကူညီပေးနေလျက်ရှိပါတယ်။ နိုင်ငံအတွင်းအကျင့်ပျက်ချစားမှုငွေကြေးဖောင်းပွမှု နှင့်သမာရိုးကျဘဏ်၀န်ဆောင်မှုလုပ်ငန်းများ အကန့်အသတ်ဖြင့်ရသောနိုင်ဂျီးရီးယားနိုင်ငံတွင်လည်း Bitcoin ဟာအရေးပါသောကဏ္ဍတစ််ခုမှပါ၀င်နေလျက်ရှိပါတယ်။ လူငယ်အရေအတွက်များပြားလာခြင်းနှင့်အတူ Bitcoin ဟာစွန့်ဦးတီထွန်မှုများနှင့်စီးပွားရေးဆိုင်ရာများအတွက်လည်းအခွင့်အလမ်းများရရှိစေပါတယ်။ Paxel နှင့် Binance ကဲ့သို့သော Platform များသည် နိုင်ဂျီးရီးယားလူမျိုးများအတွက်နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်း၀ယ်ရေး၊ကမ္ဘာ့နိုင်ငံများစျေးကွက်များသို့၀င်ရောက်နိုင်မှုနှင့်သူတို့ရဲ့ လူမှုအကျိုးစီးပွါးကိုတိုးတက်စေရန်အထောက်အကူပြုလျှက်ရှိပါတယ်။ဟောင်ကောင်နှင့်မြန်မာနိုင်ငံတွင်လည်းနိင်ငံရေးတက်ကြွလှုပ်ရှားသူများ ဒီမိုကရေစီလှုပ်ရှားမှုများအကြားတွင်ငွေကြေးဆိုင်ရာထောက်ပံ့မှုရန်ပုံငွေရှာဖွေခြင်းများကိုဖြတ်တောက်ခြင်းပိုင်ဆိုင်မှုဘဏ်အကောင်းများကို ပိတ်သိမ်းခြင်းမှ ကာကွယ်ရန်သမာရိုးကျဘဏ်စနစ်ကိုရှောင်ရှားနှင့်ဆေးဝါးနှင့်
Ref ; Reason : Bitcoin is protecting human rights around the world
Reddit : Hundreds of people in Argentina forming the shape of a Bitcoin in
protest during soaring inflation
(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")

👍18😁2❤1🥰1
Media is too big
VIEW IN TELEGRAM
ကြက်သားအာလူးဟင်း | Chef Eve's Easy Thai Cooking Show | Ep - 22
Watch more detail- https://youtu.be/0DMgl4iaY_w
#reels #shorts #ကြက် #အာလူး #ChefEve’s

👍2😁1🤮1
တစ်ကျော့ပြန် ရက်ရှည်တိုက်ပွဲတွေကြားက နန်ဆန်ယန် (ရုပ်/သံ)
===================
အဂမ်
မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စုလမ်းမကြီးပေါ်က နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်မှာ ပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက် KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းတလျှောက် စစ်ကောင်စီဂိတ်တွေကနေ ယာဉ်သွားလာခွင့်ကို ကေအိုင်အေက ကန့်သတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် KIA နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်တပ်ဖွဲ့က နန်ဆန်ယန် ရွာထဲမှာ နေရာမယူကြတော့ဘဲ တောတွင်းမှာ နေရာယူထားကြတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မဇ္ဈိမက ကနဦး စုံစမ်းသိရှိထားပါတယ်။
https://youtu.be/OKyIS9z7eE0
#နန်ဆန်ယန်
#လိုင်ဇာ
#တိုက်ပွဲဖြစ်
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
အဂမ်
မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စုလမ်းမကြီးပေါ်က နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်မှာ ပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက် KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းတလျှောက် စစ်ကောင်စီဂိတ်တွေကနေ ယာဉ်သွားလာခွင့်ကို ကေအိုင်အေက ကန့်သတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် KIA နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်တပ်ဖွဲ့က နန်ဆန်ယန် ရွာထဲမှာ နေရာမယူကြတော့ဘဲ တောတွင်းမှာ နေရာယူထားကြတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မဇ္ဈိမက ကနဦး စုံစမ်းသိရှိထားပါတယ်။
https://youtu.be/OKyIS9z7eE0
#နန်ဆန်ယန်
#လိုင်ဇာ
#တိုက်ပွဲဖြစ်
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
တစ်ကျော့ပြန် ရက်ရှည်တိုက်ပွဲတွေကြားက နန်ဆန်ယန် (ရုပ်/သံ)
အဂမ် ။ ။ မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စုလမ်းမကြီးပေါ်က နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်မှာ ပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက် KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မြစ်ကြီးနား - ဗန်းမော်…
လက်ရှိအချိန်မှာ မြစ်ကြီးနား - ဗန်းမော်…
👍13👏3🔥1
ကျိုက်စကော အကျဥ်းထောင်မှ အကျဥ်းသားများ သီးသန့်စစ်ကားဖြင့် ခေါ်ထုတ်ခံရ၊ သေဆုံးပြီဖြစ်ကြောင်း ၄ ဦး၏ မိသားစုဝင်များ အကြောင်းစာ လက်ခံရရှိ
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ သေဆုံးပြီဖြစ်ကြောင်း မိသားစုဝင်များထံ စာပို့ခံရသည့် ကျိုက်စကော အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားလေးဦးသည် စစ်ကောင်စီ စစ်ကားဖြင့် သီးသန့်ခေါ်ထုတ်ခံရသူများတွင် ပါဝင်ကြောင်း ယုံကြည်စိတ်ချရသည့် ကျိုက်စကောအကျဉ်းထောင်သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျိုက်စကောအကျဉ်းထောင်မှ အကျဥ်းသား ၃၇ ဦးကို ထောင်ပြောင်းရွေ့ခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၁၄ ဦးကိုလည်း သီးသန့် စစ်ကားဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်သည်။
" ထောင်ပြောင်းတာက အချုပ်ကားနဲ့ အဲ့ဒီအထဲမှာ နိုင်ကျဉ်းတွေမပါဘဲ အခြားသောအမှုအခင်းနဲ့ထောင်ကျနေသူတွေဖြစ်ပါတယ်။ ၃၁ ယောက် အင်းစိန်ထောင်ကိုရောက်ရှိပါတယ်။ ၃၇ ဦးဆိုတာက စာမှာဖော်ပြထားတာအရ ၃၇ ဦးပေါ့ ။ ကားထဲမှာ ၃၇ ဦး ပါ ၊ မပါတော့ အတိအကျ မသိဘူး။ ၃၀ ကျော်လောက်ပါတယ်လို့ သိပါတယ်။ အခု သေဆုံးကြောင်းစာပို့ခံရတဲ့ နိုင်ကျဉ်းတွေက အဲ့ဒီကားထဲမှာမပါပါဘူး ။ သူတို့ကိုက စစ်ကားနဲ့သပ်သပ်ခေါ်ထုတ်သွားတာပါ။ အဲ့ဒီထဲက သေဆုံးကြောင်းစာပို့ခံရတဲ့ မိသားစုတွေရှိတယ်။ ကျန်တဲ့သေဆုံးကြောင်းစာပို့မခံရတဲ့ လူတွေလည်း အသက်အန္တရာယ်ရှိတယ်လို့တော့ကြားထားပြီးပါပြီ။ စာပို့ခံရသူရော ကျန်စာပို့မခံရသူရော ထောင်ကနေ ခေါ်ထုတ်သွားတာ စုစုပေါင်း ၁၄ ဦးရှိပါတယ်” ဟု အကျဉ်းထောင်သတင်းအရင်းမြစ်က ပြောသည်။
အဆိုပါ နိုင်ကျဥ်း ၁၄ ဦးအနက် ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း (ခေါ်) ကိုပြည့်၊ ကိုအောင်မျိုးသူနှင့် ကိုရာလေး(ခေါ်) ကိုဇင်မြင့်ထွန်း တို့၏ မိသားစုများထံ သေဆုံးကြောင်း အကြောင်းကြားစာများ ရောက်ရှိပြီးဖြစ်သည်ဟုသိရသည်။
ကိုပြည့်ဖြိုးဟိန်း (ခေါ်) ကိုပြည့်၏ မိသားစုဝင်များထံသို့ ရောက်ရှိလာသည့်အကြောင်းကြားစာတွင် “ သာယာဝတီထောင်သို့ ပြောင်းရွှေ့စဉ် လမ်းခရီး၌ ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ သေဆုံး" ဟုဖော်ပြထားသည်။
ကိုရာလေး (ခေါ်) ကိုဇင်မြင့်ထွန်း၏ မိသားစုထံသို့ အကြောင်းကြားရာတွင်မူ “ အင်းစိန်ထောင်သို့ ပြောင်းရွှေ့စဉ် လမ်းခရီး၌ ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ သေဆုံး” ဟုဖော်ပြထားသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ကိုခန့်လင်းနိုင်၏ မိသားစုထံသို့ လည်းကောင်း၊ ဇူလိုင် လ ၈ ရက်နေ့တွင် ကိုပြည့်ဖြိုးဟိန်း၏ မိသားစုထံသို့လည်းကောင်း သေဆုံးသွားကြောင်း အကြောင်းကြား စာစစ်ကောင်စီက ပေးပို့ခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။
အဆိုပါ အကြောင်းကြားစာတွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ပြောင်းရွှေ့ရာလမ်းခရီး၌ မော်တော် ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ် ခတ် ဖမ်းဆီးရာ သေဆုံးသွားကြောင်း ပါရှိသည်။
လက်ရှိတွင် ထောင်ပြင်ပ ခေါ်ထုတ်ခံရသူများအနက် ကိုအောင်သူရလှိုင်၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုခန့်လင်းနိုင်၊ ကိုဇင်မြင့်ထွန်း၊ ကိုအောင်မျိုးသူနှင့် ကိုပြည့်ဖြိုးအောင်တို့ ခုနစ်ဦး သေဆုံးသွားကြောင်း အတည်ပြုထားနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN )တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဆိုသည်။
အဆိုပါ ၁၄ ဦးထဲတွင်ပါသွားသည်ဟု သတင်းအစအနရရှိပြီး သေဆုံးကြောင်း အကြောင်းကြားစာမရရှိသည့် နိုင်ငံရေးအကျဉ်းသားအချို့၏ မိသားစုဝင်များသည် ထောင်သို့ဆက်သွယ်မေးမြန်းရာတွင် အဆိုပါ အကျဉ်းသားများမှာ ထောင်တွင်မရှိတော့ကြောင်းနှင့် ၎င်းတို့အနေဖြင့် အဆိုပါကိစ္စရပ်များကို မသိကြောင်းသာ ဖြေကြားသည်ဟုသိရသည်။
"ဒီရက်ပိုင်းအတွင်းမှ ဒီလမ်းဒီခရီးတွေမှာလည်း အချုပ်ကားမှောက်တယ်တို့ ကားမှောက်တယ် ပစ်ခတ်မှုဖြစ်တယ်တို့ ဘာသတင်းမှမကြားရဘူး။ ဖြစ်တယ်ဆိုရင်ကို သိနေကြရတာပဲ ။ အခုခေတ်က။ နောက်ပြီး သေဆုံးကြောင်းရတဲ့သူက သာယာဝတီပို့တယ်ပြောထားတော့ ကျန်သေဆုံးကြောင်းမရဘဲ ကျိုက်စကောထောင်မှာလည်းသူတို့လူမရှိတော့ဘူး အပြောခံရတဲ့မိသားစုတွေက သာယာဝတီကိုလိုက်ကြတယ်။ ဟိုရောက်တော့ သာယာဝတီကို ၁၁ ဦး ထောင်ပြောင်းရောက်လာတယ် ။ ဒါပေမယ့် အဲ့ဒီ ၁၁ ဦးက ကျိုက်စကောထောင်ကနေ ရောက်လာတာမဟုတ်ဘူး ။ အခြားကတဲ့။ ဆိုတော့ အင်းစိန်လည်း မရောက်ဘူးကြားထားပြီးပြီ ။ သာယာဝတီလည်းမရောက်ဘူးအပြောခံရတော့ သေဆုံးကြောင်းမရတဲ့ ကျန် ၁၀ ဦးက ပျောက်နေတာပေါ့။ ဒီလူတွေလည်း အသက်အန္တရာယ်အများကြီးရှိတယ်။ ပြောမကောင်းပေမယ့် ဟိုမေး၊ ဒီမေးကနေ ရထားတဲ့သတင်းအစအနတွေအရတော့ အသတ်ခံလိုက်ရပြီလို့တောင်ကြားထားပါတယ်" ဟု အဆိုပါ အကျဉ်းသားများအနက် တစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

🤬17👍8❤2😁2😢2
Media is too big
VIEW IN TELEGRAM
ပုဇွန်ဆနွန်းမှုန့်ထမင်းကြော် | Chef Eve's Easy Thai Cooking Show | Ep - 22
Watch more detail- https://youtu.be/0DMgl4iaY_w
#reels #shorts #ပုဇွန် #ထမင်းကြော် #ChefEve’s #Mizzima

😁3👍2
KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာ (ရုပ်/သံ)
KMN
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်မှာ စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလာ တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။
ကရင်ပြည်နယ်က ဒူးပလာယာခရိုင်၊ မူတြော်ခရိုင် ၊ခလယ်လွီထူခရိုင် ၊ဒူးသထူခရိုင် စတဲ့ ခရိုင်တွေမှာစစ်ကောင်စီ ခြေမြန်တပ်ရင်း (၂၇၅)၊ တပ်ရင်း (၃၁၄)၊ တပ်ရင်း (၄၁၀) စတဲ့ တပ်တွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် ဇူလိူင် လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း အရပ်သား နှစ်ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဇူလိူင် ၇ ရက်နေ့အထိ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကရင်ပြည်နယ်မှာ အရပ်သား ၅၃ ဦးသေဆုံးခဲ့ပြီး ၁၃၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။
တင်ဆက်/တည်းဖြတ် - KMN
https://youtu.be/dhtO4tltWoA
#Mizzima
#KNU
#အရပ်သားသေဆုံးမှုများလား
#လေကြောင်းတိုက်
#ကရင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
KMN
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်မှာ စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလာ တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။
ကရင်ပြည်နယ်က ဒူးပလာယာခရိုင်၊ မူတြော်ခရိုင် ၊ခလယ်လွီထူခရိုင် ၊ဒူးသထူခရိုင် စတဲ့ ခရိုင်တွေမှာစစ်ကောင်စီ ခြေမြန်တပ်ရင်း (၂၇၅)၊ တပ်ရင်း (၃၁၄)၊ တပ်ရင်း (၄၁၀) စတဲ့ တပ်တွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် ဇူလိူင် လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း အရပ်သား နှစ်ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဇူလိူင် ၇ ရက်နေ့အထိ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကရင်ပြည်နယ်မှာ အရပ်သား ၅၃ ဦးသေဆုံးခဲ့ပြီး ၁၃၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။
တင်ဆက်/တည်းဖြတ် - KMN
https://youtu.be/dhtO4tltWoA
#Mizzima
#KNU
#အရပ်သားသေဆုံးမှုများလား
#လေကြောင်းတိုက်
#ကရင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာ
KMN (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်မှာ စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလာ တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။
ကရင်ပြည်နယ်က ဒူးပလာယာခရိုင်၊ မူတြော်ခရိုင် ၊ခလယ်လွီထူခရိုင်…

🤬8👏4🔥3👍1