Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မန္တလေးမြို့ မောင်ဒိန်းရွှေဆိုင် ဓားပြတိုက်ခံရ သိန်း ၁,၄၀၀ ကျော်တန် ရွှေထည်များပါသွားဟုဆို
========================

007(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စာတိုးမြို့ပြင်ကြီးကျေးရွာအုပ်စု ၊ စက်ကွေ့ရပ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းနံဘေးရှိ မောင်ဒိန်းရွှေဆိုင် ယမန်နေ့ ဇူလိုင်လ ၁၃ရက် နံနက် ၁၁နာရီ ၄၅မိနစ်က ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁,၄၀၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သတင်းရရှိသည်။

“ကားနဲ့လာပြီး ဓားပြဝင်တိုက်သွားတယ်၊ သေနတ်သံတော့ တစ်ချက်ကြားလိုက်သေးတယ်၊ ရွှေထည် သိန်းတစ်ထောင်ကျော်ဖိုး ပါသွားတယ်လို့ သိရတယ်၊ လူထိခိုက်မှုတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်များကိုင်ဆောင်ထားသော လူလေးဦးပါဝင်ပြီး ကားနံပါတ်ကို တိပ်ဖြင့်အုပ်ထားသည့် ရိန်းဂျားအမျိုးအစား အဖြူရောင်မော်တော်ကားဖြင့် ရောက်လာကာ ဆိုင်အတွင်းဝင်ရောက်စဉ် သေနတ်တစ်ချက်ပစ်ဖောက်ခြိမ်းခြောက်ပြီး ဆိုင်ကောင်တာပုံးများအတွင်းမှ ရွှေဆွဲကြိုး ၄၁ကုံး(အလေးချိန် ၂၀ ကျပ်သား၊ တန်ဖိုး ကျပ်သိန်း ၅၈၀)၊ ရွှေနားကပ် ၁၃၇ ရံ(အလေးချိန် ၂၄ ကျပ်သား၊ တန်ဖိုး ၇၀၈ သိန်းကျပ် )၊ ဟန်းချိန်း၂၁ခု(အလေးချိန် ၇ ကျပ်သား၊ တန်ဖိုး ၁၄၇ သိန်းကျပ်)နှင့်၊ ကလစ်လေးခု(အလေးချိန် တစ်ကျပ်သား၊ တန်ဖိုး ၂၉ သိန်းကျပ်)၊ စုစုပေါင်း ၁,၄၆၄ သိန်းကျပ် တန်ဖိုးရှိသော ရွှေထည်လက်ဝတ်ရတနာပစ္စည်းများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထံမှ သိရသည်။

“ဓားပြတွေက ရွာထဲဝင်ပြေးတယ်ဆိုလို့ အခုထိ အဲဒီရွာထဲ ပိုက်စိပ်တိုက် စစ်နေတယ်” ဟု ဒေသခံ နောက်တစ်ဦးက ပြောသည်။

အဆိုပါ ဓားပြအဖွဲ့သည် ပစ္စည်းများယူဆောင်သွားပြီးနောက် စာတိုးမြို့ပြင်ကြီးကျေးရွာအတွင်းသို့ မောင်းနှင်ထွက်ပြေးသွားကြောင်း စစ်ကောင်စီ၏ သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြကြသော်လည်း ယနေ့နေ့လယ်ပိုင်းအထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်း လုယက်ဓားပြတိုက်မှု ဖြစ်စဉ်ပေါင်း ၄၀ နီးပါး ဖြစ်ပွားခဲ့ပြီး ထိုအထဲမှ အချို့ကိုသာ ဖော်ထုတ်နိုင်ကြောင်း စစ်ကောင်စီ၏ သတင်းများကို ဝါဒဖြန့်ပေးနေသည့် တယ်လီဂရမ်ချန်နယ်များ၏ ဖော်ပြချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာတည်း။ ။သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#အမရပူရမြို့နယ်
#မောင်ဒိန်းရွှေဆိုင်
#လုယက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤬4🥴2🥰1
ဇူလိုင်လ (၁၄) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
====================

-ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီနဲ့ KIA တိုက်ပွဲများ ဆက်ပြင်းထန်နေတဲ့သတင်း

-ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်ပေးတွေ့ခြင်း စစ်ကောင်စီနိုင်ငံရေးအမြတ်ထုတ်လှည့်ဖြားခြင်းဟု အထွေထွေသပိတ်အင်အားစုတုံ့ပြန်၊ နိုင်ငံရေးသပ်လျှိုသွေးခွဲမှုကို သတိကြီးကြီးထားရန် လူထုအား တိုက်တွန်းတဲ့သတင်း

- ခွဲထွက်ဒေသ ကရာဘက်သို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများဝင်ရောက်ခွင့်ပြုဖို့ အာမေးနီးယား တောင်းဆို တဲ့သတင်း

- အွန်လိုင်းရှော့ပင်းလုပ်ငန်းများကိုပါ စစ်ကောင်စီ ထိန်းချုပ်ဖို့ ကြိုးပမ်းလာတဲ့သတင်း

- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/Jv2_SpT5glA?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ ဇူလိုင် ၂၀၂၃) 
======================

စစ်ကောင်စီခေါင်းဆောင်သည် မိမိစီမံခန့်ခွဲမှု အလွဲအမှားများကြောင်း ကုန်ဈေးနှုန်း ကြီးမြင့်နေသည်ကို တီထွင်ကြံဆမှု မရှိခြင်းကြောင့်ဟု ပြည်သူများကို အပြစ်ဖို့နေသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍4❤2
Media is too big
VIEW IN TELEGRAM
July - 14 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍9🌭1🖕1
ဇူလိုင်လ (၁၄) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

အာဆီယံ ပူးတွဲကြေညာချက်မှာ မြန်မာ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်တဲ့သတင်းနဲ့အတူ

နိုင်ငံခြားငွေလဲ ကောင်တာ နောက်ထပ် ၁၀ ခု လိုင်စင် ပိတ်သိမ်းခံရတဲ့သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ကြရပါမယ်။

ဒါ့အပြင် ထိုင်းပြုပြင်ပြောင်းလဲရေးသမား ပီတလင်ဂျာရိုနတ် ဝန်ကြီးချုပ်အသစ်မဲပေးရွေးချယ်မှုမှာရှုံးနိမ့်သွားတဲ့ အကြောင်းပါဝင်တဲ့ နောက်ဆုံးရ နိုင်ငံတကာ သတင်းတွေကိုလည်းနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ နောက်ဆုံးရငွေလဲနှုန်း၊ ရွှေစျေးနဲ့ အရေးကြီးကုန်စျေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိသလို အပတ်စဉ်ကဏ္ဏအစီအစဉ်တစ်ခုဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုလည်းနားဆင်ရပါမယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်ဖို့ရှိပါတယ်။

https://youtu.be/bmB4_X3WVcA

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁3❤1
​​မြန်မာနိုင်ငံတွင်း ဆိုးရွားလာသော ပဋိပက္ခများအတွက် အရေးယူမှုများ လုပ်ဆောင်ရန် NUG တောင်းဆို
=================

001
(မဇ္စျိမ) ။ ။ ဒီမိုကရေစီနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ဆိုးရွားလာသည့် ပဋိပက္ခအခြေအနေများအတွက် ထိရောက်ခိုင်မာသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ( NUG )၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။

စစ်ကောင်စီထံသို့ ဘဏ္ဍာငွေ၊ လက်နက် စီးဆင်းမှုများဖြတ်တောက်ပေးရန်အပါအဝင် အချက် ခြောက်ချက်ကို NUG က လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံများကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီထံ စီးဆင်းနေသော ဘဏ္ဍာငွေများမှာ စစ်တပ်၏ တိုက်လေယာဉ်များအတွက် လောင်စာဆီများနှင့် ဗုံးစက်ရုံကို အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြစ်သည့်အတွက် စစ်ကောင်စီကို အဓိက ဘဏ္ဍာရေးထောက်ပံ့ပေးသူများနှင့် လက်နက်များစီးဆင်းမှုကို ဖြတ်တောက်သည့် အခြားနိုင်ငံများနှင့်အတူ ပူးပေါင်းပေးရန် တိုက်တွန်းထားသည်။

ထို့ပြင် စစ်ကောင်စီက ပိုင်ဆိုင်ထားသည့် လက်နက်ပိုမိုများပြားလာသည်နှင့်အမျှ အပြစ်မဲ့ပြည်သူများ၏ အသက်ဆုံးရှုံးမှု ပိုမိုများပြားလာမည်ဖြစ်သည့်အတွက် စစ်ကောင်စီထံ လက်နက်စီးဆင်းမှုကို ဖြတ်တောက်ပေးရန် NUG က ​ဆိုသည်။

မြန်မာပြည်သူများကို သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ တရားဝင်မှုရယူရန် ကြိုးပမ်းခြင်းကို လျစ်လျူရှုပြီး စစ်ကောင်စီခေါင်းဆောင်များနှင့် သံတမန်ရေးရာ ချိတ်ဆက် ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ပေးရန်လည်း ​တောင်းဆိုထားသည်။

ပြည်သူများအ​နေဖြင့် မြန်မာနိုင်ငံအတွင်းသာမက ဒေသတစ်ခုလုံးတွင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပြန်လည်ထူထောင်နိုင်ရန်အတွက် စစ်ကောင်စီအပေါ် ပြင်းထန်သော ပစ်မှတ်ထား အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်းကို နိုင်ငံတကာမှ ညှိနှိုင်းပြုလုပ်ပေးရန်၊ NUG ကို အသိအမှတ်ပြုပေးရန်၊ မြန်မာပြည်သူများကို ထောက်ပံ့ပေးပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် စသည့်အချက်များကိုလည်း NUG က တိုက်တွန်းသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်ကစပြီး စစ်ကောင်စီကြောင့် အပြစ်မဲ့ ကလေးသူငယ် ၈၀၀ ကျော်သတ်ဖြတ်ခံရခြင်း၊ ကလေးသူငယ် ၃၈၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသားများအဖြစ် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရခြင်း၊ ကလေးသူငယ် ၅၁ ယောက်မှာ ဓားစာခံများအဖြစ် ဖမ်းဆီးခံထားရပြီး ကလေးပေါင်း ၆၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်း NUG ကပြောသည်။

ထို့ပြင် ကလေးငယ် ၅ ဒသမ ၈ သန်းကျော်မှာ အသက်ကယ်အကူအညီများ လိုအပ်နေပြီး ကလေးသန်းပေါင်းများစွာ ပညာသင်ယူရန် အခွင့်အရေးဆုံးရှုံးခဲ့ရကြောင်းလည်း ထောက်ပြထားသည်။
ထိုသို့ မဖော်ပြနိုင်လောက်အောင် ဆိုးရွားသည့် အကျပ်အတည်းများအတွက် ညင်သာသော ဖြေရှင်းနည်းလမ်းများမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြင်းထန်ခိုင်လုံသော အရေးယူမှုများလုပ်ဆောင်ရန် အရေးကြီးကြောင်း NUG က ထုတ်ပြန်​ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြန်မာနိုင်ငံ #NUG
#ပဋိပက္ခများ
#အရေးယူမှုများ
#NUG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍26👏3😁3❤1
​​ပို့ကုန်ရငွေကို စစ်ကောင်စီ ဗဟိုဘဏ်ဈေးဖြင့် လဲလှယ်ပေးရသည့် ပမာဏ ပြောင်းလဲသတ်မှတ်
==========================

001
(မဇ္စျိမ) ။ ။ ပို့ကုန်တင်ပို့သူများ၏ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ဝင်ငွေများကို စစ်ကောင်စီ၏ ဗဟိုဘဏ်သတ်မှတ်​ဈေးဖြင့် လဲလှယ်ပေးရသည့် ပမာဏအား ၆၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ရှိ ပြောင်းလဲသတ်မှတ်လိုက်သည့် ပမာဏမှာ အမိန့်ကြော်ငြာစာ စတင်ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ဆိုထားသည်။
ပို့ကုန်သမားများအနေဖြင့် ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီ၏ ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ်ဖြင့် ယခင်က လဲလှယ်ပေးရပြီး ကျန်သည့် ၃၅ ရာခိုင်နှုန်းကိုသာ ပြင်ပ​​ပေါက်​စျေးဖြင့်​ရောင်းချခွင့်​ရရှိခြင်းဖြစ်သည်။

ထို့​နောက် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီ၏ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ပြီး နောက်တစ်ရက်တွင် စစ်ကောင်စီ ဗဟိုဘဏ်က ဦးဆောင်ပြီး AD လိုင်စင်ရဘဏ်များနှင့် ကာစတန်မာများအကြား တစ်ဒေါ်လာလျှင် ကျပ် ၂,၉၀၀ ကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်ပေးခဲ့သည်။

ယခုပြောင်းလဲသတ်မှတ်မှုနှင့် ပတ်သက်ပြီး ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “ဗဟိုဘဏ်ကိုတော့ ကျွန်တော်တို့က ၅၀ ရာခိုင်နှုန်း ၂,၁၀၀ နဲ့ လဲပေးရတယ်။ ကျန်တဲ့ amount ရဲ့ ၅၀ ရာခိုင်နှုန်းကိုကျတော့ ၂,၉၁၀ ပတ်ချာလည်နဲ့ ပြန်လဲပေးရတယ်ပေါ့နော်” ဟု ပြောသည်။

လက်ရှိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုကဏ္ဍမှာလည်း လွန်ခဲ့သည့် နှစ်ပတ်လောက်ကစတင်ပြီး များစွာကျဆင်းသွားကြောင်း ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ပတ်မှာတော့ ပို့ကုန်က တော်တော်ကျသွားတယ်ဗျ။ ကျွန်တော်တို့ နည်းနည်းလုပ်ရခက်သွားတယ်။ နိုင်ငံတကာမှာလည်း ငွေဈေးတွေ ဒေါ်လာဈေးတွေက အရမ်းတက်ပြီး ကျွန်တော်တို့နိုင်ငံမှာကျတော့ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ ငွေဈေးက မြန်မာငွေက နည်းနည်းမာနေတဲ့ အနေအထားဖြစ်တော့ Export က ထွက်ရတာ သိပ်ပြီး အဆင်မပြေဘူးဖြစ်သွားတယ်။ ဒီရက်တွေမှာတော့ နိုင်ငံတကာမှာလည်း ဒေါ်လာဈေးကျလာတယ်ဆိုတော့ နည်းနည်းတော့ထွက်နိုင်မယ်လို့တော့ မှန်းတာပေါ့”ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်ဖက်တွင်လည်းနိုင်ငံခြားငွေကြေးသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုအပိုင်းတွင် တင်းကျပ်မှုများစွာပြုလုပ်နေပြီး လက်ရှိတွင် သွင်းကုန်အတွက် လိုင်စင်တစ်စောင်ကျရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း ကုန်သွယ်ရေးအသိုင်းအဝိုင်းမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကုန်တင်ပို့သူများ
#စစ်ကောင်စီ
#ဗဟိုဘဏ်ဈေး
#နိုင်ငံခြားငွေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍6😁4
​​မန္တလေးတွင် ကြံ့ခိုင်ရေးပါတီ၀င် ရာအိမ်မှူး ပစ်ခတ်ခံရပြီး ဆေးရုံရောက်နေဟုဆို
====================

007
(မဇ္စျိမ) ။ ။ မန္တလေးမြို့တွင်၊ ယမန်နေ့ညနေပိုင်းက ကြံ့ခိုင်ရေးပါတီ၀င်၊ ရပ်ကွက်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး၊ ပြင်းထန်ဒဏ်ရာဖြင့်ဆေးရုံရောက်ရှိသွားကြောင်း သတင်းရရှိသည်။
“လူနှစ်ယောက် ဆိုင်ရှေ့လမ်းအတိုင်းလျှောက်လာပြီး၊ ဆိုင်ရှေ့ကနေသေနတ်နဲ့နှစ်ချက်လှမ်းပစ်သွားတာ၊ ပစ်ချက်က မထိရောက်တော့ ဒဏ်ရာပဲရသွားတယ်၊ ဒါပေမယ့် ဒဏ်ရာက လည်ပင်းနဲ့နီးတော့ အခုထိဆေးရုံမှာပဲရှိသေးတယ်၊ ဒဏ်ရာပြင်းတယ်လို့ကြားတာပဲ” ဟု အခင်းဖြစ်စဉ် သိရှိခဲ့သူတစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်ခံရသူသည်၊ ချမ်းအေးသာစံမြို့နယ် သီရိဟေမာအနောက်ရပ်ကွက်မှ ရာအိမ်မှူးဦးအေးကို(အသက် ၇၃ နှစ်)ဆိုသူဖြစ်ပြီး၊ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်က၊ ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်အတွင်း လက်ဖက်ရည်ထိုင်သောက်နေစဉ်၊ သေနတ်သမား နှစ်ဦးရောက်လာပြီး ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့်၊ ဦးအေးကိုတွင် ဝဲဘက်လက်ပြင်ထိမှန်ဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့်၊ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်းလည်း သိရသည်။

မန္တလေးတိုင်းအတွင်း၊ ပြီးခဲ့သည့်ဇူလိုင်လ ၃ ရက်နေ့ကလည်း၊ မြင်းခြံမြို့နယ် နဘူးအိုင်ကျေးရွာအုပ်စု ရွှေပေါ်ကျွန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီ၀င် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူတို့ နေအိမ်ထဲ ပစ်သတ်ခံခဲ့ရသေးသည်။

အလားတူ ဇူလိုင်လ ၄ ရက်နေ့တွင်လည်း၊ နွားထိုးကြီးမြို့နယ် ဖလံကုန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီရပ်/ကျေးဥက္ကဋ္ဌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်၊ ၀မ်းတွင်းမြို့နယ် သုံးဒေါင့်အိုင်ကျေးရွာမှ ကြံ့ခိုင်ရေးပါတီ၀င်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာ၀န်ခံတို့ သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်းသည့်အချိန်မှ၊ ယမန်နှစ်လယ်ပိုင်းအထိ၊ ကြံ့ခိုင်ရေးပါတီ၀င်များနှင့် ၀န်းရံထောက်ခံသူစုစုပေါင်း ၁,၃၂၇ ဦးသေဆုံးခဲ့ကြောင်း၊ ထိုစဉ်က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ နောက်ပိုင်းတွင် ပါတီ၀င်များသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန် ခြင်းမရှိတော့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေး
#ကြံ့ခိုင်ရေးပါတီ၀င်
#ရာအိမ်မှူး
#ပစ်ခတ်ခံရ
#ဆေးရုံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤2👏1😁1
​​၀မ်းတွင်းတွင် သတင်းရဲတပ်ဖွဲ့အရာရှိ ပစ်ခတ်ခံရပြီးသေဆုံး
=====================

007
(မဇ္စျိမ) ။ ။မန္တ‌လေးတိုင်း၊၀မ်းတွင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းဇော်မိုးဆိုသူ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
ရဲအုပ်သိန်းဇော်မိုးသည် ယမန်နေ့ဇူလိုင်လ ၁၃ ရက်နေ့၊ ညနေ ၆ နာရီကျော်ခန့်က ၀မ်းတွင်းမြို့နယ်၊အမှတ်(၁)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ သတင်းရဲတပ်ဖွဲ့(SB)ယာယီရုံးရှေ့တွင် တစ်ဦးတည်းရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသော လူနှစ်ဦးက သေနတ်ဖြင့်နှစ်ချက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းမှသိရသည်။

“နာမည်ကသိန်းဇော်မိုးတဲ့။ ဒီဘက်မှာတော့(၀မ်းတွင်းမြို့နယ်)SB ထဲမှာအကြီးဆုံးပဲ။ ငသိန်းလို့လည်းခေါ်ကြတယ်။ မနေ့ကညမိုးချုပ်ခါနီးအချိန်ကြီးမှာ သူ့ရုံးရှေ့မှာပဲပစ်သတ်ခံလိုက်ရတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

၎င်းသည်၊ ၀မ်းတွင်းမြို့နယ်၊သတင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့စိတ်မှူးလည်းဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် နောက်စေ့ဖောက်၀င်ဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ရဲအုပ်သိန်းဇော်မိုးအား ကျည်နှစ်တောင့်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း WTRF(Wundwin Township Revolution Force)အဖွဲ့က ဇူလိုင်လ ၁၃ရက် ညတွင် သတင်းထုတ်ပြန်ထားသည်။

၀မ်းတွင်းမြို့နယ်တွင် ဇူလိုင်လ ၄ ရက်နေ့ကလည်း သုံးဒေါင့်အိုင်ကျေးရွာမှ ကြံ့ခိုင်ရေးပါတီ၀င်များဖြစ်သောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာခွဲတာ၀န်ခံတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ထိုပစ်ခတ်မှုကိုလည်း WTRFကလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။ ပြည်သူကိုမျက်နှာမမူဘဲ စစ်ကောင်စီအလိုကျ ပြည်သူကိုခြိမ်းခြောက်ငွေညှစ်နေ ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းWTRFကသတင်းထုတ်ပြန်ထားသည်။

စာတည်း-မောင်ကြီး

#၀မ်းတွင်းမြို့နယ်
#သတင်းရဲတပ်ဖွဲ့
#ရဲအုပ်သိန်းဇော်မိုး
#သေဆုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏6❤1🔥1
ကလေးမြို့တွင် လက်နက်ကြီးကျည် ထိမှန်၍ ဒေသခံ ဇနီးမောင်နှံ ၂ ဦး သေဆုံး
🤬9🔥3😢3🤔1
ကလေးမြို့တွင် လက်နက်ကြီးကျည် ထိမှန်၍ ဒေသခံ ဇနီးမောင်နှံ ၂ ဦး သေဆုံး
=====================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ အနောက်တောင်ဘက် ၊ စီးစံကျေးရွာရှိ ဒေသခံ ဇနီးမောင်နှံ နှစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။

“လက်နက်ကြီးက သူတို့အိမ်ပေါ်တည့်တည့်ကျတာ လင်မယားနှစ်ယောက်စလုံး ဗိုက်ကိုထိပြီးသေသွားတယ်။ သူတို့ကလေးနဲ့ အိမ်နီးနားချင်းတယောက်လည်း ဒဏ်ရာ ရထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၃ရက် ည ၉နာရီအချိန်တွင် ကလေးမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စီးစံကျေးရွာရှိ အိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက် ၂၅နှစ်ဝန်းကျင် ကိုလားလာနှင့် ဇနီးဖြစ်သူ မလားပက်လှူး တို့ အသက်ဆုံးရှုံးခဲ့ပြီး ၎င်းတို့၏ သုံးနှစ်အရွယ် သားဖြစ်သူ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စီးစံရွာမှ ဒေသခံများ ထိခိုက်သေဆုံးသည့်အပြင် စက္ကန့်ကျေးရွာမှ ပြည်သူနှစ်ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေနဲ့ တော်လှန်ရေးအင်အားစုများ စိုးမိုးထားတဲ့နေရာဒေသတိုင်းကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက သူပုန်ရွာတွေလို့ သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် အခုလိုပစ်ခတ်တာပါ။ စခ(စစ်ကောင်စီတပ်ဖွဲ့)တွေဟာ လူစိတ်မရှိတဲ့သူတွေ ဖြစ်နေပါပြီ” ဟု ကလေးမြို့နယ်အတွင်း စစ်ဘေးရှောင်ကူညီရေးဆောင်ရွက်နေသည့် ကိုနေ့သစ်က မဇ္စျိမကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ရက်တွင် ကလေးမြို့နယ် အနောက်စံသာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲကာ နေအိမ်အတွင်းအရှိ အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး မိခင်ဖြစ်သူ ပေါင်ပြတ်ကာ အခြားမိသားစုဝင် (ငါးနှစ်နှင့် ခုနစ်နှစ်အရွယ်) ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11👍5🤬4🔥2
စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီမှာ စစ်ကောင်စီက ရွာတွေမြို့တွေကို ဘာလို့ မီးရှို့နေတာလဲ..။
=====================

https://youtu.be/ad7xzdYxu7w

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤2👍2😁1🤯1
ကာကွယ်ရေးတပ်ဖွဲ့၏ စိုက်ခင်းမှ ဟင်းသီး၊ဟင်းရွက်များကို စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့
==================

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် (၁) စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ရဲဘော်များက တပ်ရင်းစိုက်ခင်းမှ ဟင်းသီး၊ဟင်းရွက်များအား စစ်ဘေးရှောင်ပြည်သူများထံ ကူညီထောက်ပံ့ခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၁၄ ရက်ထုတ်ပြန်သည်။

#Photonews
#ဂန့်ဂေါခရိုင်
#စိုက်ပျိုးရေး
#ကာကွယ်ရေးတပ်ဖွဲ့

http://www.mizzimaburmese.com/article/130832
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤25👍11😁3👏1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/GSYfeObVg2k

#PVTV
#MizzimaTV
https://youtu.be/GSYfeObVg2k
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🍌3
ဇူလိုင်လ (၁၅) ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=========================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ပေးတွေ့တာဟာ စစ်ကောင်စီရဲ့နိုင်ငံရေးအမြတ်ထုတ်လှည့်ဖြားတာဖြစ်တယ်လို့ အထွေထွေသပိတ်အင်အားစုတုံ့ပြန်တဲ့သတင်းနဲ့အတူ

ထိုင်းဒုတိယဝန်ကြီးချုပ်ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဆိုတာကို သံသယရှိတယ်လို့ NLD ထုတ်ပြန်လိုက်တဲ့သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဏတစ်ခုဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်။

https://youtu.be/iyxU-AK-_oo

#Morningradio
#Mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍19😁2❤1