Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
(၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား နဂါးနီစစ်ကြောင်းရုံးတွင် ပြုလုပ်
❤15😁2
(၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား နဂါးနီစစ်ကြောင်းရုံးတွင် ပြုလုပ်
==================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၌ ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နဂါးနီစစ်ကြောင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားအား ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေး အမှတ်(၃)စစ်ဒေသခွဲ နဂါးနီစစ်ကြောင်းမှဦးဆောင်ပြီး ဘုရားသုံး ဆူထောက်ပို့ပြည်သူများ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသော ရဲဘော်များအား လွမ်းသူ့ပန်းခွေချခြင်းနှင့် ဥသြဆွဲ အလေးပြုခြင်းများပြုလုပ်ခဲ့ကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

“မိမိတို့ နဂါးနီစစ်ကြောင်းအနေဖြင့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့ကြသော ခေတ်ဟောင်း၊ ခေတ်သစ် အာဇာနည်သူရဲကောင်းများ၏ ပေးဆပ်မှုများအားလေးစားပြီး နွေဦးတော်လှန်ရေး ဆုံးခန်းတိုင်အောင် လူထုနှင့်အတူ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု နဂါးနီး စစ် ကြောင်းတာဝန်ရှိသူက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့်(၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို မြန်မာ နိုင်ငံနေရာအနှံ့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများက ပုံစံမျိုးစုံဖြင့်ကျင်းပခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#တပ်မဟာ(၆)နယ်မြေ
#အာဇာနည်နေ့
#နဂါးနီစစ်ကြောင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤14👍3😁2
Media is too big
VIEW IN TELEGRAM
July - 19 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍3😁3
ကလေးရဲ့ မျက်ရည်ဆိုတာ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၆၂)
===================

လူတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့စိတ်ဓာတ်တွေကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ လူတွေအချင်းချင်းသတ်ဖြတ်နေကြတာ။... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/rt_Az64sMmc

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8❤2😁2🍌1
​​ကွယ်လွန်ပြီး နှစ် ၅၀ အထိ တောက်ပနေဆဲ ဘရုစ်လီ
=====================

ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် ဒဗလျူ ဝန်သည် ၁၉၇၀ ခုနှစ် ရက်တစ်ရက်၌ အိမ်နီးချင်းကလေးငယ်များ၏ ဘရုစ်လီအကြောင်း အံ့ဩဘနန်း ပြောဆိုမှုများကို ပထမဆုံး စကြားခဲ့ရချိန်အား အမှတ်ရနေဆဲ ဖြစ်သည်။

သိုင်းပညာခန်း ပြည့်ဝသော ဘရုစ်လီ၏ ရုပ်ရှင်များသည် ကမ္ဘာတစ်လွှား ကွန်ဖူးရူးသွပ်သူများကို ပေါက်ဖွားစေခဲ့သကဲ့သို့ အသက် ၃၂ နှစ် ၎င်း မကွယ်လွန်ခင် ဟောလီဝုဒ်၏ ငွေကြယ်ပွင့်များ အခန်းကဏ္ဍ၌ ပထမဆုံး ပါဝင်နိုင်သည့် အာရှသားများမှ တစ်ယောက်လည်းပဲ ဖြစ်သည်။

သူ ကလေးဘဝနှင့် သူ့နောက်ဆုံးနှစ်များတွင် နေထိုင်သွားခဲ့ရာ ဟောင်ကောင်၌ သူ၏ ဩဇာကို ယနေ့ထက်တိုင် ခံစားနေရဆဲ ဖြစ်သည်။ ယခုသီတင်းပတ်တွင်တော့ ဘရုစ်လီ ကွယ်လွန်သည့် နှစ် ၅၀ မြောက်အဖြစ် ပြပွဲများနှင့် သိုင်းကစားခြင်းများကို ပရိသတ်များက ပြုလုပ်ကြသည်။
👍16🔥2
​​မန္တလေးတွင် အာဇာနည်နေ့ အခမ်းအနား လူထု စိတ်ဝင်စားခြင်းမရှိ
=====================

007
(မဇ္ဈိမ)။ ။ ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မန္တလေးမြို့ ပြည်သူလူထုက စိတ်ဝင်စားခြင်းမရှိကြောင်း ဒေသခံများထံက သိရသည်။

“မနှစ်ကတော့ ကားဟွန်းတီးရင်ဖမ်းတယ်။ ဒီနှစ်ကားဟွန်းတီးခိုင်းတော့ မတီးကြတော့ဘူး။ မီးသတ်စခန်းတချို့ တစ်မိနစ်တောင် မကြာတဲ့ ဥသြဆွဲတယ်။ ပရဟိတကားတချို့ လမ်းပေါ်ထွက်ပြီးဟွန်းတီးပြတယ်။ လူတွေကတော့ ပုံမှန်သွားလာနေတာပဲ တွေ့ရတယ်။ ကားမောင်းနေရင်းနဲ့လည်း ကားရပ်လိုက်တာမျိုး မရှိတော့ဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။

အာဇာနည်နေ့အခမ်းအနားကို မန္တလေးမြို့ရှိ မီးသတ်တပ်ဖွဲ့ စခန်းအချို့တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သေးသည်။
“တစ်အိမ်တစ်ယောက်ထွက်ခိုင်းလို့သွားလိုက်ရသေးတယ်။ ဘာမှလည်းမဟုတ်ဘူး။ ဥသြဆွဲတာ တစ်မိနစ်တောင်မကြာလိုက်ဘူး။ အဲဒါပြီးတော့ ပြန်လာလိုက်တယ်။ သူတို့လည်းအဖြစ်ပဲ လုပ်ပြကြတာ” ဟု မီးသတ်စခန်းတစ်ခုရှေ့ ပြုလုပ်ခဲ့သည့် အာဇာနည်နေ့ အခမ်းအနား တက်ရောက်ခဲ့ရသူတစ်ဦးက ပြောသည်။

အာဇာနည်ကိုးဦးကျဆုံးခဲ့သော အချိန်ဖြစ်သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မီးသတ်စခန်းတချို့မှ ဥသြဆွဲခဲ့သော်လည်း လမ်းသွားလမ်းလာများနှင့် ယာဥ်များက ရပ်တန့်နေခြင်းမျိုးမရှိဘဲ ပုံမှန်အတိုင်းသာ ဆက်လက်သွားလာနေကြကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

လမ်းသွားလမ်းလာယာဥ် တချို့က ကားဟွန်းတီးခဲ့သော်လည်း အရေအတွက်အားဖြင့် နည်းပါးကြောင်း ၎င်းကဆိုသည်။ မန္တလေးမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့နှင့် ပရဟိတ အသင်းတချို့တွင်လည်း အာဇာနည်နေ့အခမ်းအနားကို ပြုလုပ်ကြသေးကြောင်း သိရသည်။

ပုံ - အာဇာနည်နေ့ အခမ်းအနားတွင် အလံတစ်ဝက် လွင့်တင်ထားသည့် မီးသတ်ဌာန
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အာဇာနည်နေ့အခမ်းအနား
#မန္တလေး ပြည်သူလူထု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁10👍9❤1
ဇူလိုင်လ (၁၉) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================

-အခုနှစ် အာဇာနည်နေ့ အခမ်းအနားမှာလည်း ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့် မရတဲ့သတင်း

-စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေး အစွန်းရောက်တွေက သူတို့လုံခြုံရေးအတွက် စစ်ကောင်စီဆီ အသနားခံစာတင်တဲ့အကြောင်း

-မော်လမြိုင်မြို့ပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံဖြစ်ပွားနေတဲ့အကြောင်း

-"မြန်မာ့အရေး ချဉ်းကပ်ရာမှာ အာဏာရှင်စနစ်အောက် သွတ်သွင်းတဲ့ ပုံစံ မဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့သတင်းနဲ့

-ကမ္ဘောဒီးယားဝန်ကြီးချုပ်က သူ့သားကို အာဏာလွှဲပေးဖို့ လမ်းစဖော်အကြောင်း သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/srC9cR6qalo?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌3
ကလေးငယ်များနှင့် ကာကွယ်ဆေး
============

ဂျူချန်း (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အသက် ၁၀နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေး ၈ ကြိမ် ထိုးလေ့ရှိရာ ကာကွယ်ဆေးထိုးရမည့် အချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့ပါက နောက်ဆက်တွဲအနေဖြင့် သေဆုံးနှုန်းများ မြင့်တက်လာနိုင်ကြောင်း CDM သမားတော်တစ်ဦးက မဇ္ဈိိမကို ပြောသည်။

ကလေးငယ်များအား မွေးကင်းစတွင် တစ်ကြိမ်၊ အသက်နှစ်လသားတွင် တစ်ကြိမ်၊ လေးလသားတွင်တစ်ကြိမ်၊ ခြောက်လသားတွင်တစ်ကြိမ်၊ ကိုးလသားတွင်တစ်ကြိမ်၊ တစ်နှစ်ခွဲအရွယ်တွင် တစ်ကြိမ်၊ ကိုးနှစ်အရွယ်တွင်တစ်ကြိမ်နှင့် အသက်ဆယ်နှစ်တွင်တစ်ကြိမ် ကာကွယ်ဆေးများအား ထိုးရမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးသည် အစိုးရ၏ အစီအစဉ်ဖြင့် ထိုးပေးရမည်ဖြစ်သော်လည်း လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများမှ ကလေးငယ် ၆၀ ရာခိုင်နှုန်းခန့်သည် စစ်ဘေးရှောင်နေရသဖြင့် ကာကွယ်ဆေးထိုးခွင့် မရရှိကြကြောင်း သိရသည်။

https://youtu.be/H3Qy9NrhLtg

မေးမြန်း/တည်းဖြတ်-ဂျူချန်း

#ကလေးငယ်ကာကွယ်ဆေး
#Mizzima
#ကရင်နီစစ်ကိုင်း
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11🔥3🤨1
ဇူလိုင်လ (၁၉) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

အာဇာနည် ၉ ဦးအပြင် တော်လှန်ရေးမှာကျဆုံးခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုလှုပ်ရှားမှုတွေ ရန်ကုန်မှာပြုလုပ်ကြတဲ့ သတင်းနဲ့အတူ ၃ရက်ဆက်မိုးကြောင့်မော်လမြိုင်မြို့ပေါ်မှာ ရေကြီးရေလျှံနေတဲ့ အခြေအနေနဲ့အအပါအဝင် ကရင်နီဒေသ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ ပိုများလာပြီး အကူညီပေးရေးမှာလည်း ပိုခက်ခဲလာနေတယ်ဆိုတဲ့ ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က သူ့သားကို အာဏာလွှဲပေးဖို့ လမ်းစဖော်နေတာ၊ ယူကရိန်းအရှေ့မြောက်ပိုင်းမှာ ၁.၅ ကီလိုမီတာ ရှေ့တိုးနိုင်ပြီဖြစ်ကြောင်း ရုရှားကပြောလိုက်တာ စတဲ့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူ စီးပွားရေးသတင်းတွေနဲ့ အားကစားကဏ္ဍကိုလည်းနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်တွေနဲ့ ကုန်ဈေးနှုန်းတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

အဲဒါပြီးရင်တော့ အပတ်စဉ် ကဏ္ဍတွေအဖြစ် မဇ္ဈိမရေဒီယိုနဲ့ the Call အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ တော်လှန်ရေးအနုပညာ ကဏ္ဍကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။

https://youtu.be/j3FlLHVVydQ

#eveningradio
#mizzimaradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁3
​​မလေးရှားတွင် မြန်မာနိုင်ငံသား ၃ ဦးကို ကားအတွင်း သေဆုံးလျက် တွေ့ရှိ
=========================

ကနဦး စစ်ဆေးမှုများအရ အသက် ၂၃ နှစ်နှင့် ၂၅ နှစ်ရှိ အမျိုးသားနှစ်ဦးနှင့် အသက် ၂၇ နှစ်ရှိ အမျိုးသမီးတစ်ဦးတို့သည် Pahang ပြည်နယ် Genting Highlands မြို့မှ Pasir Gudang မြို့ Taman Air Biru အရပ်သို့ ငှားထားသည့် ကားတစ်စီးဖြင့် သွားခြင်း ဖြစ်သည်ကို တွေ့ရှိကြောင်း ၎င်းက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🥴4🔥1🤬1
နွေဦးဖွံ့ဖြိုးရေးဘဏ်၏ အစုရှယ်ယာရှင်များကို ဘဏ်တည်ထောင်သည့် ပထမနှစ်မှအပ နှစ်စဉ် အမြတ် ငွေထုတ်ပေးမည်
❤11😁5👍4
နွေဦးဖွံ့ဖြိုးရေးဘဏ်၏ အစုရှယ်ယာရှင်များကို ဘဏ်တည်ထောင်သည့် ပထမနှစ်မှအပ နှစ်စဉ် အမြတ် ငွေထုတ်ပေးမည်
====================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ဒါရိုက်တာသုံးဦးဖြင့်ဖွဲ့စည်းမည်ဖြစ်ပြီး အစုရှယ်ယာရှင်များကို ဘဏ် တည်ထောင်သည့်ပထမနှစ်မှအပ နှစ်စဉ်အမြတ်ငွေများထုတ်ပေးမည်ဟု ကြားကာလဗဟိုဘဏ်ကထုတ် ပြန်ထားသည်။

နွေဦးဘဏ်တွင် တလ၊ သုံးလ၊ ခြောက်လ၊ ကိုးလ၊ တနှစ်သက်တမ်းရှိသည့် ပုံသေအပ်ငွေစာရင်းကို ကျပ် ငွေနှင့် နိုင်ငံခြားငွေများဖြင့် ဖွင့်လှစ်နိုင်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကြားကာလဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့်တည်ထောင်မည့် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို အမျိုးသားညီညွတ် ရေးအစိုးရက ရှယ်ယာပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းနှင့် ကနဦးအစုရှယ်ယာဝယ်သူများက ရှယ်ယာ ၄၉ ရာခိုင် နှုန်းဖြင့်စတင်မည်ဟု ကြားကာလဗဟိုဘဏ်ကထုတ်ပြန်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် ဖွဲ့စည်းတည်ထောင် ခြင်းဆိုင်ရာစည်းမျဉ်းများတွင် ဖော်ပြထားသည်။

နွေဦးဘဏ်၏ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို IPO ( Initial Public Offering) စနစ်ဖြင့် ရှယ်ယာကြိုတင် ရောင်းချထားသူများကပိုင်ဆိုင်မည်ဟု ဆိုသည်။

နွေဦးဘဏ်ကိုတည်ထောင်ရာတွင် မတည်ရင်းနှီးရင်းငွေသည် အနိမ့်ဆုံး ဒေါ်လာ ၅၀၀,၀၀၀ ဖြစ်ပြီး ဘဏ် အစုရှယ်တစ်စုကို ဒေါ်လာ ၀.၀၀၀၁ ( ၀.၃၁ ကျပ်) ဖြင့် အစုရှယ်ယာပေါင်း ၁၀၀ ဘီလီယံ သတ်မှတ်ထား သည်ဟု စည်းမျဉ်းတွင် ဖော်ပြထားသည်။

နွေဦးဘဏ်ကိုတည်ထောင်ရာတွင် ဘဏ်သို့အပ်ငွေအပ်နှံသူနှင့် အများပြည်သူတို့၏ အကျိူးစီးပွားကို အထူးအလေးအနက်ထား ဝန်ဆောင်မှုဖော်ဆောင်သွားရန်၊ စစ်ကောင်စီဗဟိုဘဏ်ကိုစီးဆင်းနေသည့် နိုင်ငံခြားငွေအပါအဝင် ငွေကြေးများကို နွေဦးဘဏ်သို့စီးဝင်စေခြင်းဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် ငွေကြေးစနစ်ကိုဟန့်တားနိုင်ရန်၊ တော်လှန်ရေး ဘဏ္ဍာငွေထောက်ပံ့ခြင်းလုပ်ငန်းကို NUG ကိုယ်စား လှယ်အဖြစ်ပံ့ပိုးကူညီရန်နှင့် နွေဦးကာလအလွန်တွင် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖွံဖြိုးရေးဘဏ် တခုနှင့်အညီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလမ်းစဉ်နှင့်အညီ ဆောင်ရွက်သွားရန်အတွက်ဖြစ်သည်ဟု NUG ကြားကာလဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ထို့ပြင် Crypto Currency (USDT) ဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသလို NUG pay နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဟုလည်းပါရှိသည်။
နွေဦးဘဏ်သည် ရွှေများကိုဝယ်ယူရန် ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်နိုင်သည်ဟုလည်း ဆိုထားသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ရွှေဈေးအတိုင်း Gold Certificate (ရွှေဝယ်ယူထားသည့်လက်မှတ်)များ ထုတ်ပေးခြင်း၊ ရွှေသက်သေခံလက်မှတ်များ စုဆောင်းခြင်း၊ ရောင်းဝယ်ခြင်းတို့ပါဝင်မည်ဟု ဖော်ပြထား သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အမျိုးသားညီညွတ်ရေးအစိုးရ
#ကြားကာလဗဟိုဘဏ်
#နွေဦးဖွံ့ဖြိုးရေးဘဏ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23😁4❤3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၉ ဇူလိုင် ၂၀၂၃) 
=======================

စစ်ကောင်စီကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူကို တက်ခွင့်မပြုသလို စစ်ကောင်စီအဖွဲ့ဝင်အဆင့်သာ ဦးဆောင် စေလွှတ်ခဲ့သည်ကို ကြည့်ပါက အာဇာနည်နေ့ကို အဆင့်နှိမ့်ချ ပြုလုပ်လာသည်ကို တွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍3❤2