Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ဆော်ဒီအတွက် ဒရုန်းတွေထောက်ပံ့ပေးဖို့ တူရကီနဲ့သဘောတူစာချုပ်ချုပ်ဆို

#internationalnews #reels #shorts #Saudi #Mizzima
👍2🔥2😁1🍓1
အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုခဲ့သည့် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ ကာကွယ်ရေးရဲဘော်များ
👍13❤6😁2
အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုခဲ့သည့် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ ကာကွယ်ရေးရဲဘော်များ
===================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တစ်နေရာတွင် ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ ရဲဘော်များစုပေါင်းပြီး ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းကိုးဦးနှင့်နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော ပြည်သူ့ကာကွယ်ရေးရဲဘော်များအားလုံးအား လေးနက်စွာ ဦးညွှတ်အလေးပြုပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဟုယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ ပြန်ကြားရေးတာ၀န်ရှိသူက မဇ္စျိမကို ပြောသည်။

"တိုင်းပြည်အတွက် အသက်ကို စွန့်ဝံ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေကို ကျွန်တော်တို့ အမြဲအမှတ်ရနေမှာပါ။ ဦးညွှတ်နေမှာပါ”ဟု ၄င်းကပြောသည်။

ယနေ့အခမ်းအနားတွင် ကာကွယ်ရေးရဲဘော်များက အာဇာနည်နေ့အထိမ်းအမှတ်စာသားများ ရေးသားထားသည့် စာရွက်များကို ကိုင်ဆောင်ပြီး ကြွေးကြော်ခြင်းများပြုလုပ်ခဲ့ကြသည်။

ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ သည် တော်လှန်ရေးကာလအစတွင် People Defense Army ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းဖြစ်လာခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း မဟာမိတ်များနှင့်အတူ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများအတွင်း တပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။ ရဲဘော်သုံးဦးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံထားရကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ ပြန်ကြားရေးတာ၀န်ရှိသူထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူများက မြန်မာနိုင်ငံဒေသအနှံ့အပြား၌ ပုံစံမျိုးစုံဖြင့် ကျင်းပလျက်ရှိသည်။

စာတည်း-မောင်ကြီး

#mizzima
#ယင်းမာပင်မြို့
#ယင်းမာပင်ခရိုင်တပ်ရင်း ၃၅
#အာဇာနည်နေ့
Photo-Ko San
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2😁2
​​ညောင်လေးပင်မြို့နယ်တွင် ပြင်းထန်တိုက်ပွဲဖြစ်ပွား
=================

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်- မန္တလေး ကားလမ်းအဟောင်း၊ ကောက်မယ်သူကျေးရွာအနီးတွင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်အကြား ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ထိုတိုက်ပွဲသည် ဇူလိုင်လ ၁၄ ရက်မှ ယနေ့ ဇူလိုင်လ ၁၉ ရက်အထိ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အားထပ်မံတိုးချဲ့နေကြောင်း သိရသည်။

" ၁၄ ရက်နေ့ကတည်းကဖြစ်နေတာ ဒီနေ့အထိတောက်လျှောက်ပဲ။ အဓိကက စစ်တောင်းမြစ်အရှေ့ခြမ်းကို တော်လှန်ရေးအင်အားစုတွေ လာလို့မရအောင် သူတို့က လာပိတ်တာပေါ့။ နယ်မြေစိုးမိုးမှုမရအောင်ပေါ့" ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယနေ့ နံနက် ၁၀ နာရီမှစ၍ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့နှင့် ညောင်လေးပင်လမ်းဆုံအနီးရှိ ကောက်မယ်သူရွာတွင်
ရန်ကုန်- မန္တလေး ကားလမ်းအဟောင်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပါဝင်သော ဒေသတွင်းတော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

" မနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားက ထိတွေ့မှုရှိတယ်။ တော်ဝိရွာ အရှေ့ဘက်က ကောက်မယ်သူရွာနားမှာ ဖြစ်တာပါ။ အခုလည်း ထပ်ပစ်နေဆဲပဲလို့ ပြောတယ်။ အသေးစိတ်တော့ ထပ်မသိရသေးဘူး။ လိုင်းတွေလည်း ပျက်နေလို့ပါ" ဟု နေ့လယ်၂ နာရီ ၃၀ မိနစ်အချိန်က တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ကောက်မယ်သူရွာအနီး ဖြစ်ပွားသော တိုက်ပွဲအတွင်း ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၂၆၄) မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးမှုများ ရှိခဲ့ကြောင်းနှင့် တိုက်ပွဲသည် နေ့လယ် ၁၁ နာရီဝန်းကျင်က ခေတ္တရပ်တန့်သွားခဲ့သော်လည်း နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်တွင် နှစ်ဖက်ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။

" စစ်ကောင်စီဘက်က အကျအဆုံးများပြီး ပြန်ဆုတ်သွားတယ်။ အရေအတွက်ကတော့ မသိရသေးဘူး။ အခု ထပ်ပြန်တက်လာလို့ နောက်တစ်ကြိမ်ထပ်ဖြစ်တာ" ဟု အခြား ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းမှစတင်၍ ညောင်လေးပင်မြို့နယ်၊ ကောက်မယ်သူကျေးရွာနှင့် တော်ဝိကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာရာမှ တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အင်အားထပ်မံတိုးချဲ့မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
ဇူလိုင်လ ၁၄ ရက်နေ့က တော်ဝိကျေးရွာနှင့် ကောက်မယ်သူကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စခန်းများ​၏ ပစ်ခတ်မှုကြောင့် တော်ဝိကျေးရွာ၊ ကောက်မယ်သူကျေးရွာ၊ ချုံအင်းကျေးရွာ၊ အင်ကုန်းကျေးရွာ၊ အင်ပရီကျေးရွာ၊ ရေတွင်းကြီးကျေးရွာတို့မှ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။

စာတည်း ။ ။အောင်ကျော်ဖြိုး

#Mizzima
#ညောင်လေးပင်မြို့နယ်
#တိုက်ပွဲပြင်းထန်

ဓါတ်ပုံ- ဇူလိုင်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်​က ပစ်ခတ်သော လက်နက်ကြီးတစ်လုံး ဒေသခံနေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပုံ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25😁2
​​လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံရပြီးနောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ် မရှိတော့ဟု ဖိထာ ပြော
==================

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ပြုပြင်ပြောင်းလဲရေးသမား ဖိထာ လင်မ်ဂျရွန်ရတ်ကို ပါလီမန်အမတ်အဖြစ်မှ ဇူလိုင် ၁၉ ရက်တွင် ယာယီဆိုင်းငံ့လိုက်သည် ဖြစ်ရာ ယင်းက ရွေးကောက်ပွဲ အောင်ပွဲရပြီး နိုင်ငံ၏ ခေါင်းဆောင်သစ် ဖြစ်လာရေး ဖိထာ၏ မျှော်လင့်ချက်များအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။

ဆယ်စုနှစ်တစ်စုနီးပါးကြာ စစ်တပ် ကျောထောက်နောက်ခံပြု အုပ်ချုပ်မှုကို စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြသည့် ထိုင်းလူငယ်နှင့် မြို့ပေါ် မဲဆန္ဒရှင်များ၏ မဲပေးမှုကြောင့် ဖိထာ၏ ရှေ့သို့ချီပါတီ (MFP) သည် မေလ ရွေးကောက်ပွဲတွင် နေရာအများစုကို အနိုင်ရခဲ့သည်။ သို့သော် မေလ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရတစ်ရပ်ဖွဲ့ရန် MFP ၏ ကြိုးပမ်းမှုများက အဟန့်အတားများနှင့် ကြုံတွေ့နေခဲ့ရသည်။

MFP ခေါင်းဆောင် ဖိထာသည် ယနေ့ ဇူလိုင် ၁၉ တွင် ၎င်း ဝန်ကြီးချုပ် ဖြစ်လာနိုင်သလား ဆိုသည်နှင့်ပတ်သက်ပြီး ဒုတိယအကြိမ် လွှတ်တော်တွင်း အကြိတ်အနယ် ဆွေးနွေးမှုများအတွက် ပါလီမန်၌ တက်ရောက်နေစဉ်မှာပင် ခုံရုံးက ၎င်းကို ဆိုင်းငံ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ပါလီမန် အစည်းအဝေးတွင် ဖိထာသည် ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သည့် ထောက်ခံမဲမရရှိခဲ့ဘဲ ကြိုးပမ်းမှု အထမမြောက်ဖြစ်ထားခဲ့သည်။

“ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ပြန်မဆုံခင်အထိတော့ ဂွတ်ဘိုင်လို့ ပြောပါရစေ” ဟု အသက် ၄၂ နှစ်ရှိ ဖိထာက လွှတ်တော်အစည်းအဝေးခန်းမတွင် ပြောပြီး ရောင်းရင်းလွှတ်တော်အမတ်များ၏ ဩဘာပေးမှုနှင့်အတူ လွှတ်တော်အစည်းအဝေးခန်းမမှ ထွက်ခွာစဉ် ဖိထာက လက်သီးဆုပ် မြှောက်ပြခဲ့သည်။

MFP ပါတီ၏ စီးပွား‌ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နှင့် နိုင်ငံ၏ တင်းကျပ်သော တော်ဝင် အသရေဖျက်မှု ဥပဒေများကို လျော့ပေါ့စေရန် ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များအပေါ် ထိုင်း၏ ကွန်ဆာဗေးတစ် ဩဇာရှိ ရှေးရိုးဝါဒီတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည်။

မီဒီယာကုမ္ပဏီတစ်ခု၌ ရှယ်ယာများ ပိုင်ဆိုင်ခြင်းအတွက် ဖိထာကို ပါလီမန်အမတ်အဖြစ်မှ ပိတ်ပင်နိုင်သည့် တိုင်တန်းချက်တစ်ခုကို လက်ခံပြီး ရှေ့ဆက်လုပ်သွားမည်ဖြစ်ကြောင်း ခုံရုံးက ဗုဒ္ဓဟူးနေ့မနက်တွင် ပြောခဲ့ခြင်းနှင့်အတူ ဖိထာအား ဆိုင်းငံ့မှုကို ဖြစ်စေခဲ့သည်။

ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် လွှတ်တော်အမတ်များ မီဒီယာကုမ္ပဏီများ၌ ရှယ်ယာပိုင်ခြင်းအပေါ် တားမြစ်ထားသော်လည်း ယခု ဖိထာ ရှယ်ယာပိုင်ဆိုင်သည် ဆိုသော ရုပ်သံစတေရှင်သည် ၂၀၀၇ ခုနှစ်ကတည်းက ထုတ်လွှင့်မှုများ ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

ဟားဗက် ကျောင်းဆင်းဖြစ်သလို မိသားစုပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြင့် ကြွယ်ဝသူဖြစ်သည့် ဖိထာက ထို ရှယ်ယာများ ဆိုသည်မှာ ဖခင်ဖြစ်သူထံမှ အမွေရခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ ၎င်းသည် ဤကိစ္စကို တုံ့ပြန်ရန် အချိန် ၁၅ ရက်ရသည်။

ဖိထာ ပါလီမန်အမတ်အဖြစ်မှ ဆိုင်းငံ့ခံရမှု သတင်းထွက်ပေါ်လာပြီးနောက် ၎င်းအား ထောက်ခံသူအများအပြားသည် လွှတ်တော်ဂိတ်ပေါက်များကို စောင့်ကြပ်လုံခြုံရေးယူနေသည့် အဓိကရုဏ်းနှိမ်နင်းရေး ရဲများဘက်ကို အော်ဟစ် ဆဲရေးခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့ ညနေတွင် ဘန်ကောက်မြို့လယ်ရှိ ဒီမိုကရေစီကျောက်တိုင်အနီး လူစုဝေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြောင်း ဆန္ဒပြသူများက ကြေညာထားပြီး ရဲများကလည်း မငြိမ်မသက်မှုတို့ကို ကာကွယ်ရန် ပြင်ဆင်နေသည်ဟု ပြောသည်။

“သူတို့ ခံယူချက် ဘယ်လိုပဲ ရှိရှိ၊ သူတို့အနေနဲ့ ရဲတပ်ဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းအမိန့်တွေကို လိုက်နာဖို့ လိုပါတယ်” ဟု တော်ဝင် ထိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အန်ချာယွန် ကရိုင်သောင်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ဝန်ကြီးချုပ်ရာထူးအတွက် ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်မှုတွင် ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူး ရယူနိုင်ရန် လုံလောက်သည့် ထောက်ခံမှု ရနိုင်ဖွယ် မရှိဟု အစောပိုင်းက ဖိထာက ပြောသည်။

“နိုင်ငံကို အုပ်ချုပ်ဖို့က ပြည်သူ့ ဆန္ဒမဲတွေနဲ့ မလုံလောက်ဘူးဆိုတာက သိသာထင်ရှားလာပါပြီ” ဟု ၎င်းက အင်စတာဂရမ် အကောင့်တွင် ပို့စ်တင်ပြီး ပြောသည်။

“ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ဆိနိတ်တာတွေက အတည်ပြုရမှာဖြစ်ပြီး အဲဒါက သေချာသလောက်ကတော့ ဒုတိယအကြိမ် ဝန်ကြီးချုပ် အဆိုပြုမှုအတွက် လုံလောက်မှု ရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ခုံရုံး ညွှန်ကြားချက် ထုတ်ပြီးနောက် ဖိထာသည် လွှတ်တော်အစည်းအဝေးခန်းမတွင် နာရီအနည်းငယ်ကြာ ဆက်ရှိနေခဲ့ပြီး ၎င်းသည် ခန်းမမှ ထွက်ခွာရန် ညွှန်ကြားခြင်း မခံခဲ့ရပေ။
ဖိထာသည် ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆက်ရပ်တည်ခွင့် ရှိနေသော်လည်း ၎င်းသည် မဲပေးမှုများတွင် ပါဝင်နိုင်တော့မည် မဟုတ်ပေ။
👍15🤬14👎3❤2😁2
​​ဗန်းမော်-မြစ်ကြီးနားလမ်းတွင် အိမ်စီးကားပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်နှင့် စကားပြန်အမျိုးသမီး ကျည် ထိမှန်
===================

အဂမ်
(မဇ္ဈိမ)။ ။KIA နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေသော ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်လမ်း တွင် ဇူလိုင်လ ၁၈ ရက်နေ့က အိမ်စီးကားတစီးပစ်ခတ်ခံရပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တဦးနှင့် စကား ပြန် မြန်မာအမျိုးသမီးငယ်တဦး ကျည်ထိမှန်သွားကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်က မြစ်ကြီးနား-ဗန်းမော်လမ်း ဒဘတ်ယန်ရွာနှင့် ဆမားရွာ လမ်းခွဲအထက်သို့ မောင်းနှင်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲလမ်းကသွားလို့မရဘူးလေ၊ သတိပေးစာတွေလည်းထုတ်ထားတာသိရက်နဲ့ မောင်းလာတာ။ ဘယ် ဘက်ကပစ်လိုက်တာလည်းဆိုတာတော့ မသိဘူး။ အဲဒီနေရာမှာက ရွှေမင်းအဖွဲ့(လီဆူဌာနေပြည်သူ့စစ် အဖွဲ့)နဲ့ ဒီဘက်(KIA)ကလူတွေ စစ်ရေးတင်းမာနေတာ” ဟု KIA သတင်းရင်းမြစ်တဦးက ပြောသည်။

ပစ်ခတ်ခံရသူနှစ်ဦးအနက် တရုတ်လူမျိုးလုပ်ငန်းရှင်မှာ ခြေထောက်တွင်ကျည်ထိမှန်သွားပြီး စကားပြန် အမျိုးသမီးမှာ လည်ပင်းနှင့်နားတွင် ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ဝိုင်းမော်မြို့ ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း မဇ္ဓျိမက စုံစမ်းသိရှိရသည်။

ထိခိုက်မှုဖြစ်စဥ်အသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ လီဆူဌာနေပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ် ဂါရာယန်ကျေးရွာမှစပြီး ကဇူး-ဒဘတ်ကျေးရွာများရှိ လမ်းမကြီးတလျှောက်၌ ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး တပ်ဖြန့်နေရာယူထား ကြောင်း ဒေသခံများက မဇ္ဓျိမသို့ပြောသည်။
လီဆူဌာနေပြည်သူစစ်အဖွဲ့ တပ်ဖြန့်လှုပ်ရှားရာ ကန်ပိုက်တီလမ်းပိုင်းတွင်လည်း ဇွန်လအတွင်းက တရုတ် ကောင်စစ်ဝန်ယာဥ်တန်း ပစ်ခတ်ခံရသေးသည်။

Photo - ပစ်ခတ်ခံရသည့် တရုတ်လုပ်ငန်းရှင်တို့စီးလာသည့်ကား
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကချင်ပြည်နယ်
#မြစ်ကြီးနား-ဗန်းမော်လမ်း
#စစ်ရေးတင်းမာ

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤2🔥2
Media is too big
VIEW IN TELEGRAM
ကမ္ဘာနဲ့တစ်ဝှမ်း ပြင်းထန်တဲ့အပူလှိုင်းများရိုက်ခတ်မှုကြောင့် ဥရောပမှာ စံချိန်တင်အပူချိန် မြင့်တက်လာ

#internationalnews #reels #shorts #Mizzima
👍9😁2
တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာလိုအပ်ချက် ပိုမိုခက်ခဲလာ
👍14😁2😢1
တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာလိုအပ်ချက် ပိုမိုခက်ခဲလာ
======================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်းအတွင်း နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များအတွက် ရန်ပုံငွေရှာဖွေရေး ကူညီပေးသူနည်းပါးလာ၍ ရိက္ခာလိုအပ်ချက်ပိုမိုခက်ခဲလာနေကြောင်း ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

ဇွန်လ အကုန်ထိရရှိထားသောအချက်အလက်များအရ တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ ၂၆,၀၀၀ ကျော်ရှိကြောင်းသိရသော်လည်း FE5Tanintharyi ၏ ထုတ်ပြန်ချက်အရဆိုပါက စစ်ရှောင် ၃၅,၀၀၀ ကျော် အထိရှိနေကြောင်းဆိုသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသော မြိတ်ခရိုင်အတွင်း၌ စစ်ရှောင်ဦးရေအများဆုံးဖြစ်သည်ဟု ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

“တော်လှန်ရေးကာလအစပိုင်းမှာ အားတက်သရောကူညီပံ့ပေးကြတာရှိပေမယ့် ရေရှည်မှာတော့ ပြည်သူ တွေလည်း အခက်အခဲရှိလာလို့ အရင်လိုမကူညီပေးနိုင်တော့တာမျိုးဖြစ်လာတော့ စစ်ရှောင်တွေအတွက် ပိုပြီး အခက်အခဲဖြစ်လာတာမျိုး ကြုံလာရတယ်” ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူ ပြုရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယောနသံက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်အရေအတွက် တိုးလာမှုနှင့်အတူ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များ ဖြစ်ပေါ်နေကြောင်းဆိုသည်။ အလားတူ ကုန်စျေးနှုန်းကြီးမြင့်လာမှုကြောင့်လည်း စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အဖွဲ့များအနေဖြင့် ငွေကြေးအခက်အခဲများကြုံတွေ့ နေကြရသည်ဟု သိရသည်။
“အခုလိုအခက်အခဲတွေကြောင့် စစ်ရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေစုစည်းပြီး ဝသန်ဦးအတွက် ဆန်စုဗူးဆိုပြီး ကမ်ပိန်းတခုလုပ်နေပါတယ်။ ဒီကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အလှူရှင်တွေ အနေနဲ့ အရင်ကလိုအများကြီးမလှူနိုင်ရင်တောင် ဆန်တပြည်ဖြစ်ဖြစ် လှူနိုင်အောင်လို့လုပ်ဖြစ်တဲ့ ကမ်းပိန်းဖြစ်ပါတယ်” ဟု ယောနသံက ပြောသည်။

ယင်းကမ်ပိန်းသည် ဇွန်လ ၁၁ ရက်မှ ဇူလိုင် ၂၆ ရက်နေ့အထိ တလခွဲကြာပြုလုပ်မည့်ကမ်ပိန်းဖြစ် ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#စစ်ဘေးရှောင်
#ရိက္ခာ
#ကန်ပိန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😢6😁2❤1👏1
​​စစ်ကောင်စီက ဖျောက်ဖျက်ပစ်လို့ အာဇာနည်နေ့ မှေးမှိန်သွားမှာလား | သတင်းသုံးသပ်ချက်
========================

ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေကို တော်လှန်ရေး အင်အားစုတွေက ဖော်ဆောင်နေကြပါတယ်။

လွတ်လပ်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည် ၉ ဦးသာမကဘဲ၊ စစ်ကောင်စီကို ဆန့်ကျင် တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ တိုက်ပွဲဝင်တိုင်းရင်းသား ပေါင်းစုံကို ရည်ရွယ်ဦးညွတ်ရင်း တော်လှန်ရေး အင်အားစုတွေက အာဇာနည်နေ့ကို ပုံစံမျိုးစုံနဲ့ ကျင်းပကြတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ စစ်ကောင်စီက အာဇာနည်နေ့အခမ်းအနားကို အဆင့်နိမ့် အရာရှိတွေဦးဆောင်ပြီး မဖြစ်မနေ သဘောသာ ကျင်းပတာ တွေ့ရပါတယ်။

စစ်ကောင်စီကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရဘဲ၊ သားအကြီးဆုံးဖြစ်တဲ့ ဦးအောင်ဆန်းဦးကသာ တက်ရောက်ခွင့် ရခဲ့ပါတယ်။

အခုဆိုရင် အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့် မရတာ သုံးနှစ်ဆက်တိုက် ရှိသွားပါပြီ။ အရင် စစ်အစိုးရတွေရဲ့ အာဇာနည်နေ့ အခမ်းအနားတွေမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ် ကျခံထားရစဉ်မှာတောင် တက်ရောက် ဂါရဝ ပြုခွင့်ရခဲ့ပါတယ်။

စစ်အာဏာရှင် အဆက်ဆက်ဟာ အာဇာနည်နေ့နဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေ အပေါ်မှာ ပုံအမျိုးမျိုးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင်အထိ အာဇာနည်နေ့ အခမ်းအနားတွေကို တစ်နိုင်ငံလုံးမှာ ကြီးကြီးကျယ်ကျယ် ကျင်းပလေ့ရှိပြီး ဌာနဆိုင်ရာစစ်ကြောင်းတွေ၊ ရပ်ကွက် စစ်ကြောင်းတွေ၊ ကျောင်းသူကျောင်းသား စစ်ကြောင်းတွေနဲ့ ချီတက်ပြီး မြို့နယ်တိုင်းရဲ့ အာဇာနည်ကျောက်တိုင်တွေမှာ စစ်ကြောင်းအလိုက် ပန်းခွေချ ဂါရဝ ပြုခဲ့ကြရပါတယ်။

၁၉၈၈ နောက်ပိုင်း စစ်အာဏာသိမ်း ကာလမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ပုံတူ လက်ဝယ်ထားရှိရင်တောင် အဖမ်းခံရနိုင်တဲ့ အနေအထား ဖြစ်လာတာပါ။ အာဇာနည်နေ့ အခမ်းအနားတွေလည်း မြို့နယ်တိုင်း ကျင်းပခွင့် မရတော့ပါဘူး။

စစ်အာဏာရှင်တွေက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ကျပ်ငွေစက္ကူတွေကို ဖျောက်ဖျက်ပစ်ပြီး ကျပ်ငွေစက္ကူတွေ ပေါ်မှာ တိရစ္ဆာန်ပုံတွေ အစားထိုး ရိုက်နှိပ်ခဲ့ပါတယ်။

အဓိကကတော့ အာဇာနည်မျိုးဆက် ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးထဲ ဝင်ရောက်လာတာကို မလိုလားမရှုစိမ့်တဲ့ သဘောဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ အာဇာနည်မျိုးဆက်ထဲမှာ အထင်ရှားဆုံး ဖြစ်ပြီး ကမ္ဘာက အသိအမှတ်ပြုခံရသူလည်း ဖြစ်ပါတယ်။ လက်ရှိ တော်လှန်ရေးအင်အားစုတွေထဲမှာတော့ အာဇာနည်ခေါင်းဆောင် ကိုးဦးထဲက မန်းဘခိုင်ရဲ့ မြေးဖြစ်သူ မန်းဝင်းခိုင်သန်းက ထင်ရှားပါတယ်။

မန်းဝင်းခိုင်သန်းဟာ စစ်အာဏာရှင် အဆက်ဆက် လက်ထက်တွေမှာ အာဇာနည်မျိုးဆက် အဖြစ် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်က အာဇာနည်ကုန်းမှာ သွားရောက် ဂါရဝ ပြုခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ နိုင်ငံတော်အကြီးအကဲ တစ်ဦးအဖြစ် အာဇာနည်ကုန်းမှာ သွားရောက် ဂါရဝ ပြုခဲ့ရပါတယ်။

အခု လက်ရှိ စစ်ကောင်စီလက်ထက်မှာတော့ တောထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီ ဒုသမ္မတ အဖြစ် အာဇာနည်နေ့ကို ကျင်းပနေရပါတယ်။

အာဇာနည် ခေါင်းဆောင် ကိုးဦးဟာ အရောင်အသွေးစုံခဲ့ကြသလို၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လိုတဲ့သူတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေကတော့ အာဇာနည်နေ့ကိုလည်း မှေးမှိန်အောင် လုပ်ပြီး လူမျိုးကြီးဝါဒကို ထူထောင်၊ လူနည်းစုတိုင်းရင်းသားတွေကို ဖိနှိပ်ခွဲခြားအုပ်ချုပ်ခဲ့လို့ မြန်မာပြည်ဟာ ပြည်တွင်းစစ်မီး အရှည်ကြာဆုံး တောက်လောင်တဲ့ နိုင်ငံဖြစ်ခဲ့ရပါတယ်။

အခုလက်ရှိ စစ်ကောင်စီ အာဏာသိမ်းလိုက်ချိန်ကတော့ တိုင်းရင်းသားပြည်သူအားလုံးဟာ ရှေ့က အာဇာနည်ခေါင်းဆောင်ကြီးတွေ လိုလားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါကြောင့်လည်း မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးစုတွေ အားလုံး တညီတညွတ်တည်း စစ်အာဏာရှင် စနစ်ဆိုးကို အမြစ်ဖြုတ်ဖို့ အသက်များစွာစတေးနေကြတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေကြောင့် အာဇာနည်နေ့တွေဟာ မှေးမှိန်ပျောက်ပျက်သွားမှာ မဟုတ်သလို၊ အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြုတ်ရာမှာ အသက်ပေးပါဝင်ခဲ့ကြတဲ့ အာဇာနည်ပေါင်းများစွာဟာလည်း အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦးနဲ့အတူ ဂုဏ်ပြုခံထိုက်သူတွေ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2