Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကလေးမြို့နယ် စစ်ရှောင်ကလေးငယ်များ သွေးလွန်တုပ်ကွေးအဖြစ်များနေ
====================

ကိုခင်မောင်
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးများတွင် သွေးလွန်တုပ်ကွေးအဖြစ်များနေသည်ဟု ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း(ကလေး) အဖွဲ့ ထံမှ သိရသည်။

“စစ်ရှောင်ကလေးငယ်တွေပါ ၊ နှစ်နှစ်ခွဲကနေ ၁၄ နှစ် ၊ ၁၅နှစ်အထိ အဖြစ်များနေပါတယ်။ သွေးလွန်တုပ်ကွေးအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ရောဂါအဆင့်အလိုက် ကုသပေးနေရပါတယ်” ဟု ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း(ကလေး)မှ တာဝန်ခံ Dr. Josephက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ တစ်လအတွင်းမှာပင် သွေးလွန်တုပ်ကွေးဖြစ်ပွားကာ ဆေးရုံတက်ရောက်ကုသသူ ၃၀ ဦးဝန်းကျင်ရှိပြီး သွေးလွန်တုပ်ကွေး အလွန်ပြင်းထန်အဆင့်ထိ ရောက်ရှိသူ မတွေ့ရသေးကြောင်း Dr. Josephက ပြောသည်။

စစ်ရှောင်စခန်းများ၌ ခြင်ဆေးဖျန်းခြင်းများ လုပ်ဆောင်ပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကိုလည်း ပညာပေးဖြန့်ဝေခြင်းများ လုပ်ဆောင်ပေးနေသည်ဟု သိရသည်။

“လက်ရှိကုသရေးအတွက် ဆေးဝါးမလုံလောက်တာတွေနဲ့ ကြုံနေရပါတယ်” ဟု Dr. Josephကပြောသည်။

ဇွန်လ ၂၀ရက် နောက်ပိုင်းမှစ၍ ကလေးမြို့နယ်တွင် ကျန်းမာရေးတစ်စုံတစ်ခု ဖြစ်လာပါက လိုအပ်သည့်ဆေးဝါးကို အလွယ်တကူ ဝယ်ယူ၍ မရတော့ကြောင်း ၎င်းကရှင်းပြသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် နီးစပ်သည့် စစ်ရှောင်နေရာအချို့သို့ ကျန်းမာရေးစောင့်ရှောက်သည့်အဖွဲ့အ‌ေနေဖြင့် လုံခြုံရေးအရ မသွားရောက်နိုင်သော်လည်း ပြည်သူများက စွန့်စားပြီး အချိန်မီ လာရောက် ပြသကြကြောင်း သိရသည်။

ကလေးမြို့နယ်အတွင်းက စစ်ရှောင်များအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း (ကလေး)သည် လတ်တလောအဖြစ်များနေသည့် ရာသီတုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများအတွက် ဆေးဝါးမလုံလောက်သည့်ကြားက ကူညီဆောင်ရွက်ပေးနေရသည်ဟု သိရသည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (ကလေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသည်ဟုလည်း သိရသည်။
ယင်းအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ကူညီထောက်ပံ့ ပေးကြရန်လည်း ဖိတ်ခေါ်ထားသည်။

လှူဒါန်းကူညီလိုသူများအနေဖြင့်

https://www.facebook.com/peopleshealthcarenetworkkalay/

သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။

စာတည်း - ဖူးသိမ်ကျ
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- People's Health Care Network Kalay

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#စစ်ဘေးရှောင်
#သွေးလွန်တုပ်ကွေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢2🔥1🤬1
​​PDF များ ထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၇ ဦးထောင်ဒဏ် ၆ လစီ အမိန့်ချ
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး လက်နက်လုယူထွက်ပြေးမှု ဖြစ်ပွားပြီးနောက်တွင် ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်း ခုနစ်ဦးအား စစ်ကောင်စီမှဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်လိုက်သည်ဟု တောင်ငူထောင်နှင့်နီးစပ်သည့်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

တောင်ငူထောင်မှ အကျဉ်းသား ၁၀ ဦးထွက်ပြေးလွတ်မြောက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သော မေလ ၁၈ ရက်နေ့ နောက်ပိုင်းမှစတင်ကာ ထောင်ပိုင်နှင့်ထောင်ဝန်ထမ်း ခြောက်ဦးအား စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၁၇ ရက်နေ့တွင်မူ တောင်ငူထောင်တွင်းတရားရုံးမှ တစ်ဦးလျင် ထောင်ဒဏ် ခြောက်လစီ အမိန့်ချမှတ်ခဲ့ကြောင်းနှင့် လက်ရှိတွင် တောင်ငူထောင်အတွင်း ချုပ်နှောင်ထားကြောင်း တောင်ငူထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်မှ ပြောသည်။

"ဘာပုဒ်မနဲ့လဲဆိုတာကိုတော့ တိတိကျကျမသိရပါဘူး။ ၁၇ ရက်နေ့ကအမိန့်ချတာပါ။ ထောင်ဝန်ထမ်းတော်တော်များများလည်း အပြောင်းအရွှေ့ရှိပါတယ်" ဟု တောင်ငူထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်မှ ပြောသည်။

ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခံရသော တောင်ငူထောင်ဝန်ထမ်းများမှာ ထောင်ပိုင် ဦးကြည်ဦး၊ ထောင်မှူး ဦးသန်းထွန်း၊ ထောင်မှူး ဦးထွန်းထွန်းဦး၊ ဒုတပ်ကြပ် သန့်ဇင်ဝင်း၊ ဒုတပ်ကြပ် ဦးတိုး၊ တပ်သားခန့်စည်သူနှင့် ဖိုးကောက်တို့ ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် တောင်ငူထောင်တွင်း ဖမ်းဆီးအကျဉ်းချခံထားရသော အကျဉ်းသား ၁၀ ဦးမှာ ထောင်တွင်းအထူးတရားရုံးသို့ ရုံးထုတ်လာစဉ် အစောင့်တပ်သားများအား တိုက်ခိုက်၍ လက်နက်လုယူထွက်ပြေးခဲ့သည်။

ထိုကဲ့သို့တိုက်ခိုက်ထွက်ပြေးမှုတွင် အကျဉ်းသား ကိုးဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တစ်ဦးမှာမူ ကျည်ထိမှန်၍ ကျန်နေခဲ့ပြီးနောက် သေဆုံးခဲ့သည်။

ထွက်ပြေးလွတ်မြောက်လာသော အကျဉ်းသားများ၏ပစ်ခတ်မှုကြောင့် အစောင့်လိုက်ပါလာသော ထောင်တပ်ကြပ်မောင်မျိုးမှာ နေရာတွင်ပင်သေဆုံးခဲ့သည်။

ထို့နောက် ကျန်အစောင့်လိုက်ပါလာသူ နှစ်ဦးဖြစ်သည့် ဒုရဲအုပ်အေးသော်နှင့် တပ်ကြပ်ကြီး ကျော်ထွေးတို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ကြောခဲ့ပြီး တပ်ကြပ်ကြီးကျော်ထွေးမှာ မေလ ၂၉ ရက်နေ့က စစ်ကြောရေး၌ပင်သေဆုံးသွားကြောင်း မေလအတွင်းက မဇ္ဈိမ၏သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့ဖူးသည်။

တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုးဦးမှာ ကိုသန့်ဇင်၊ ကိုအောင်ကျော်ဦး၊ ကိုဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ကိုဇင်ကိုကိုအောင်၊ ကိုသီဟအောင်၊ ကိုငြိမ်းချမ်းအောင်၊ ကိုတိုးနိုင်ထွန်း၊ ကိုစည်သူသန်းအေးနှင့် မခင်မျိုးကြည် တို့ဖြစ်သည်။

၎င်းတို့သည် အကြမ်းဖက်မှုဥပဒေပုဒ်မများဖြစ်သော ၄၉ (က)၊ ၅၀ (က)၊ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့်တရားစွဲဆိုခံထားရသူများဖြစ်ပြီး ၎င်းတို့အနက် သုံးဦးသည် သေဒဏ်ချမှတ်ခံထားရခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တောင်ငူအကျဉ်းထောင်
#PDF
#အကြမ်းဖက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁5👏2❤1🔥1
Media is too big
VIEW IN TELEGRAM
ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ သေဆုံးမှု AAPP သတင်းထုတ်ပြန်

Watch more detail - https://youtu.be/BqIhP7Mq55U

#PoliticalNews #reels #shorts #MizzimaTV #AAPP
😢8😁2👍1
​​ရွှေကူမြို့ ဆင်တပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံး
==================

KMN
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင်တည်ရှိသည့် ဆင်တပ်ရွာ အနီးတွင် ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့၊ ညနေ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးကြောင်း Myo Hla PDF( မြို့လှ K-PDF) က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)မှ ဗိုလ်မှူးကိုကိုနိုင် ဦးဆောင်သည့် အင်အား ၄၀ ကျော်ပါစစ်ကြောင်း နှင့် ခမရ(၄၁၅) တပ်ရင်းမှူးထွန်းရန်နိုင် ၊ဒုတပ်ရင်းမှူး အောင်လင်းထွန်း တို့ ဦးဆောင်သော အင်အား ၆၀ ကျော်ပါ တပ်ရင်းနှစ်ရင်းသည် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရွှေကူမြို့နယ် ကျောက်ကြီးရွာ မှ ရွှေပဒေသာရွာသို့ စစ်ကြောင်းထိုးခဲ့သည်။

၎င်းစစ်ကြောင်းများသည် ရွှေပဒေသာရွာ ပြည်သူများ၏ နွား နှင့် ကြက်များအား ဖမ်းဆီး သတ်ဖြတ်စားသောက်ပြီးနောက် ညနေပိုင်း ၄ နာရီခန့်တွင် ဆင်တပ်ရွာဘက်သို့ စစ်ကြောင်းဆက်ထိုးစဥ် မြို့လှ K-PDF တပ်ရင်း ကမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုကို မြို့လှ K-PDF တပ်ရင်း ဗိုလ်မိုးကြိုး ဦးစီးသော တပ်ခွဲ(၁)အဖွဲ့က ပြုလုပ်ခဲ့ပြီး မြေပြင်သတင်းအရ စစ်ကောင်စီတပ်သား ၂၅ ဦးထိခိုက်ပြီး ၁၀ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာပြင်းထန်နိုင်ကြောင်း ၎င်းအဖွဲ့ တာဝန်ရှိသူကဆိုသည်။

"စစ်ကောင်စီ အဖွဲ့က ထိခိုက်ကြဆုံးသွားတဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို ညနေပိုင်း ၆ နာရီလောက်မှာ စက်လှေတွေကို ချောဆွဲပြီး ရွှေကူဘက်ကမ်းကို အားချင်း သယ်ယူသွားတာတွေ့တယ်။
ခလရ(၅၆)တပ်ထဲကို အရေးပေါ် သယ်ယူသွားတယ်လို့လည်း သိရတယ်" ဟု မြို့လှ K-PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁ဝ) ခမရ (၄၁၅) တပ်ရင်းများသည် ပြီးခဲ့သည့် မေလကလည်း ရွှေကူမြို့နယ်တစ်ဖက်ကမ်း ရေလဲရွာမှ အိမ်ခြေ ၄၀ ကျော် ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းစစ်ကြောင်းများသည် မကြာခဏ ဝင်ထွက်သွားလာနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်များသည် ပြီးခဲ့သည့် ဧပြီလအတွင်းက ရွှေကူမြို့နယ် စီသာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ၎င်းကျေးရွာများက ပြည်သူအများစုမှာ ယခုချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ဓာတ်ပုံ - မြို့လှ K-PDF
(မြို့လှ K-PDF ရဲဘော်များ)

#Mizzima
#မြို့လှ K-PDF
#ဆင်တပ်ရွာတိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏4😁2❤1
​​ကန်ပက်လက်မြို့အနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးဟုဆို
===================

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်း ဇူလိုင်လ ၁၉ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်) CDF-Kanpetlet က သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့အောက်ဘက် ၊မြတ်နိုးသူလမ်းအကွေ့တွင် ဇူလိုင်လ ၁၉ရက် ညနေ ၆နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ယမန်နေ့ ဇူလိုင်၂၀ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ဆောမြို့နယ် ဘက်မှ စစ်ကောင်စီတပ်များနှင့် တပ်အပြောင်းအလဲလုပ်ရန်အတွက် ကန်ပက်လက်မြို့မှ ထွက်ခွာလာပြီး ယာယီစခန်းချထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF-Kanpetlet တပ်မဟာမှူးဆလိုင်းထွန်းလိန်းက မဇ္စျိမကိုပြောသည်။

“ကန်ပက်လက်ကဆင်းလာပြီး ဆောဘက်ကတက်လာတဲ့တပ်နဲ့ ချိန်းဘို့လို့ယူဆရတယ်။ လောက်နူးမြေမှ ကြိုဆိုပါ၏ အနီးမှာရှိတဲ့ မြတ်နိုးသူအကွေ့မှာ ယာယီစခန်းချထားတာကို သွားတိုက်ခဲ့တာပါ”ဟုတပ်မဟာမှူးဆလိုင်းထွန်းလိန်းကပြောသည်။

ယာယီစခန်းချထားသည့် အဆိုပါစစ်ကြောင်းတွင် စစ်ကောင်စီအင်အား ၃၀ခန့်ရှိပြီး စခန်းသိမ်းနိုင်ရန်ကြိုးစားခဲ့ကြသော်လည်း လက်နက်အင်အားနှင့် ကျည်အင်အားနည်းပါးမှုကြောင့်မသိမ်းဆည်းနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။ထိုတိုက်ပွဲတွင်CDF – Kanpetletရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။တိုက်ပွဲသည် ၁နာရီ ကျော်ကြာခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိကြောင်း CDF-Kanpetlet က သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်အပါအဝင် မကွေးတိုင်းနှင့် ချင်းပြည်နယ် ‌နယ်စပ်နေရာများတွင် ဇူလိုင်လ ၁၆ရက်မှ ဇူလိုင် ၁၉ရက်အတွင်း တိုက်ပွဲများဖြစ်ခဲ့ခြင်းဟုသိရသည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၉ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိကြောင်း၊ CDF-Kanpetlet က ထုတ်ပြန်ထားသည်။စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိတွင် စစ်ကောင်စီသည် မကွေးတိုင်း၊လောင်းရှည်မြို့ဘက်မှ ကျင်ဒွေး‌ဒေသဘက်သို့ တင့်ကားနှစ်စီးအပါအဝင်အင်အား ၃၀၀ခန့်နှင့် ကျောက်ထုမြို့ဘက်မှ ထွက်လာသည့် အင်အား ၁၇၀ခန့်စစ်ကြောင်းဖြင့် ကန်ပက်လက်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုရှိနေကြောင်း တပ်မဟာမှူးဆလိုင်းထွန်းလိန်းက ပြောသည်။

အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို ပြန်လည်ခုခံနိုင်ရန်အတွက် လက်နက်ခဲယမ်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများလိုအပ်‌နေသည်ဟု
CDF-Kanpetlet က ပြည်သူလူထုအား အသိပေးထားသည်။

စာတည်း - မောင်ကြီး

CDF - Kanpetlet ရဲဘော်များ
Photo/CDF-Kanpetlet

#mizzima
#ကန်ပက်လက်မြို့
#တိုက်ပွဲ
#CDF-Kanpetlet

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍25👏3😁2❤1
​​မွန်ပြည်နယ်တွင် မိုးသည်းထန်မှုကြောင့် ရေကြီးခဲ့သည့် နေရာများ ရေပြန်ကျ
================

ဂျူချန်း

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်တွင် ဇူလိုင်လ ၁၇ ရက််မှ ၁၉ ရက်အထိ သုံးရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားခဲ့ရာ ယမန်နေ့ ဇူလိုင်၂၀ ရက်နေ့မှ စတင်၍ ရေများ ပြန်လည်ကျနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၇ ရက်တွင် စတင်ရွာသွန်းခဲ့သည့် မိုးသည် ဇူလိုင် ၁၈ ရက်နှင့် ၁၉ ရက်တို့၌ မိုးသည်းထန်လာ၍ မော်လမြိုင်မြို့ပေါ်ရပ်ကွက်အချို့တွင် ရေကြီးရေလျှံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

“ရေတွေမရှိတော့ပါဘူးခင်ဗျ။ အကုန်လုံးအေးအေးဆေးဆေးဖြစ်သွားပါပြီ။ ကျနော်တို့ ရေကြီးတုန်းက ပေါင်လောက်ထိရှိတယ်။ ခုတော့ ပြန်ကျသွားပါပြီ။ နေလည်း ပွင့်နေပါပြီ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဇူလိုင် ၁၈ ရက်နေ့မှ စတင်ကာ မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် စျေးကြို၊ မြိုင်သာယာ၊ သီရိမင်္ဂလာ၊ သီရိမြိုင်ရ၊ ရွှေပြည်အေး၊ လှိုင်၊ ရွှေပြည်စိုး၊ မုပွန်၊ ဒေါင်းမင်းရပ်၊ တောင်ဝိုင်းနှင့် ဇေယျာ ၁/၂/၃ အစရှိသည့်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ခဲ့ပြီး နေရာအချို့တွင် ရင်ညွန့်အထိ ရေရောက်ရှိခဲ့သဖြင့် ဒေသခံ ဦးရေ ၇၀၀ ထက်မနည်းကို ဘေးလွတ်ရာသို့ ရွှေပြောင်းခဲ့ရသည်။ 

ကုန်းမြင့်ရှိ ဘုန်းကြီးကျောင်းတစ်ခုသို့ အရေးပေါ် ပြောင်းရွှေခဲ့သည့် ဒေသခံများသည် ရေကျသွားသည့် ဇူလိုင် ၂၀ ရက်နေ့တွင် နေအိမ်သို့ ပြန်လည် ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။

“ခိုနေတဲ့သူတွေမရှိတော့ဘူး။ ရေတက်တုန်းခဏပဲ၊ အခု ရေပြန်ကျသွားပြီဆိုတော့ အားလုံး ပြန်ကုန်ကျပြီ” ဟု မော်လမြိုင်မြို့ရှိ ဆရာတော်က မိန့်သည်။

မော်လမြိုင်တွင် ဇူလိုင်၁၉ ရက်နေ့၌ ရေကြီးရေလျှံဖြစ််ပွားခဲ့သည့် ရပ်ကွက်များရှိ ဈေးဆိုင်နှင့် ဆေးခန်းအချို့သည်လည်း ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်ကြောင်း သိရသည်။

မုဒုံ-သံဖြူဇရပ် ပြည်ထောင်စုလမ်းမကြီး ကားလမ်းပိုင်း၌ မိုးသည်းထန်မှုကြောင့် ကားလမ်းရေကျော်ခဲ့ရာ ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ ယမန်နေ့မှစတင်ကာ မိုးရွာသွန်းမှုမရှိတော့သောကြောင့် ရေပြန်ကျသွားပြီဖြစ်ရာ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပြီး ကားများ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခု အကုန်လုံး ရေကျသွားပြီ။ မိုးလေလည်း သာပြီဆိုတော့ အကုန်လုံး အဆင်ပြေသွားပြီ။ မနေ့မနက်ပိုင်းနေသာတယ်။ ညနေပိုင်းမိုးနည်းနည်းရွာတယ်။ ဒါပေမဲ့ ခါတိုင်းထက်ကို အများကြီးသာတယ်။ ပုံမှန်အနေအထားကို ပြန်ရောက်သွားပြီလို့ ပြောလို့ရတယ်ပေါ့” ဟု သံဖြူဇရပ်မှ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ရေးမြို့နယ် ဟံဂံကျေးရွာတွင်လည်း မိုးသည်းထန်၍ ဖြစ်ပေါ်လာသည့် တောင်ကျရေကြောင့် ဇူလိုင် ၁၈ ရက်နေ့တွင် ရင်ညွန့်အထိ ရေမြင့်တက်ခဲ့ပြီး လက်ရှိတွင် ရေများ ပြန်လည်ကျသွားပြီဖြစ်ကြောင်း ဒေသခံထံက သိရသည်။

“မိုးရေချိန်များမှသာ ရေတက်တာ။ မနေ့က နည်းနည်းပဲ ရွာပါတယ်။ ဒီနေ့တော့ မရွာသေးဘူး​။ မနက်ကတည်းက နေပွင့်နေတာ။ ရေထွက်ပေါက်မရှိတာကတစ်ကြောင်း၊ တောင်ကျရေများတာက တစ်ကြောင်း ခဏခဏ နှစ်တိုင်းပဲ။ အခု နေပွင့်နေပြီ” ဟု ဟံဂံကျေးရွာအနီး နေထိုသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ပေါင်မြို့တွင် နေထိုင်သူတစ်ဦးကလည်း ယမန်နေ့တွင် မိုးအနည်းငယ် ရွာသွန်းသော်လည်း လက်ရှိတွင် နေသာနေပြီဖြစ်ကြောင်း ပြောသည်။

မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့များတွင် ဇူလိုင် ၁၈ ရက်နေ့နှင့် ဇူလိုင် ၁၉ ရက်နေ့တွင် ရေကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့ရသည်။

မော်လမြိုင်မြို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် တစ်ရက်တည်းတွင် ကလေးငယ်သုံးဦး ရေနစ်မြုပ်သေဆုံးခဲ့ပြီး ပေါင်မြို့၊ ဥတ္တံတားကျေးရွာတွင် တောင်ကျချောင်းရေတွင် ပါလာသည့် ထင်းများဆယ်ရင်း ချောင်းရေဖြင့် မျောပါကာ လူတစ်ဦး ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများက ပြောသည်။ ရေကြီးရေလျှံမှုအပြင် မွန်ပြည်နယ်အတွင်း နေရာအချို့တွင် လမ်းတံတားပြိုခြင်း၊ အုတ်တံတိုင်းပြိုခြင်းနှင့် မြေသားနံရံ ပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လာမည့် ဇူလိုင်လ ၂၃ ရက်နေ့မှစတင်ကာ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံမုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် ဇူလိုင်၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် မိုးကြီးပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုအန္တရာယ်ကို သတိထားကြရန် နှင့် ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ပြည်နယ်နှင့်တိုင်း ကိုးခုတွင် မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ ဇူလိုင်လ ၂၀ ရက်နေ့တွင် သတိပေးထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
👍24🔥3
ဇူလိုင်လ ၂၁ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ် 
================= 
 
အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့ 

 - စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်တဲ့သတင်း 

- စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေ ဘာတွေကြုံနေရလဲ 

- ဆွီဒင်မှာ ကိုရမ်ကျမ်းကိုခြေဖြင့်နင်းပြီးဆန္ဒပြမှု ထပ်မံဖြစ်ပွား တဲ့သတင်း 

- ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ သေဆုံးမှု AAPP သတင်းထုတ်ပြန်တဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/nG4-jv66hWU

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1🌭1
This media is not supported in your browser
VIEW IN TELEGRAM
July - 21 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews
#mizzimanewshour
#reels
#shorts
👍9🌭1🍌1
​​မြန်မာနိုင်ငံမှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု မြင့်တက်လာ
===================

တရုတ်နိုင်ငံသို့ မြေရှားသတ္တု ဒုတိယများဆုံးတင်ပို့နေသည့် မြန်မာနိုင်ငံမှ ယခုနှစ်အတွင်း ယင်းသတ္တုတင်ပို့မှု မြင့်တက်လာကြောင်း အကောက်အခွန်အချက်လက်များတွင် ဇူလိုင်လ ၁၃ ရက်က ဖော်ပြထားသည်။ ကမ္ဘာ့အကြီးဆုံး သတ္တုသန့်စင်ပြုပြင်ထုတ်လုပ်သူဖြစ်သည့် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးလာသော မော်တော်ယာဉ်နှင့် လေအားလျှပ်စစ် ကဏ္ဍများအတွက် အဆိုပါသတ္တု ထုတ်လုပ်မှုကို တိုးမြှင့်လျက်ရှိသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥3🤮2❤1👎1
​​စုန်းချောင်းရွာကို စစ်တပ် စီးနင်းတိုက်ခိုက်၊အရပ်သားများအပါအဝင် ၁၂ဦးထက်မနည်း သတ်ဖြတ်ခံရဟုဆို
===================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက် ၂နာရီခန့်တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ပြည်သူ ခြောက်ဦးထက်မနည်းကို သတ်ဖြတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားသည်ယနေ့ ဇူလိုင်လ ၂၁ရက်နံနက် ၂နာရီခန့်တွင် စုန်းချောင်းကျေးရွာအတွင်းသို့ ရုတ်တရက်ဝင်ရောက်လာပြီး စီးနင်းတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲ‌ ဘော်တစ်ဦးကပြောသည်။ သတ်ဖြတ်ခံရသူအရေအတွက်သည် ၁၂ဦးထက်မနည်းရှိကြောင်း ၎င်းက ပြောသည်။

" လောလောဆယ် သုံးလောင်းသင်္ဂြိုလ်ပြီးပြီ။နောက်ထက် ခြောက်လောင်း ကားနဲ့သွားသယ်နေပြီ။ နောက်ထပ် သုံးလောင်း ကျန်သေးတယ်။ သူတို့(စစ်ကောင်စီစစ်ကြောင်း) နား နီးလို့ မကပ်ရဲလို့နဲ့တူတယ်"ဟု စုန်ချောင်းရွာအနီးသို့ရောက်ရှိနေသည့် ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

လတ်တလောရရှိထားသော စာရင်းများအရ
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဉီးနှင့် ပြည်သူခြောက်ဦးထက်မနည်းကို စစ်ကောင်စီက သတ်ဖြတ်ပြီး အရပ်သားပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။

စစ်ကောင်စီတပ်သည် စုန်းချောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး နေအိမ်များကို စာရင်းအတိအကျဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ဒေသခံ ခုနစ်ဦးကိုလည်းဖမ်းဆီးသွားကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ယနေ့ နံနက်တွင် သတင်းထုတ်ပြန်ထားသည်။ဒေသခံများကို ဓါတ်ပုံများနှင့် တကွ ဖမ်းဆီးခြင်းဖြစ်ပြီး ယင်းပုံများထဲတွင် မည်သူမည်ဝါပါဝင်ကြောင်းကိုမသိရှိရကြောင်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်သည် ၁၄ဦးအထိ ရှိနိုင်ကြောင်း ပြည်‌ ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ထုတ်ပြန်ထားသည်။ စုံချောင်းရွာ စီးနင်းတိုက်ခိုက်ခံရမှုတွင် သေဆုံးသူအရေအတွက်ကို မဇ္ဈိမက အသေးစိတ် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ယနေ့ နေ့လည်ပိုင်းတွင် စုန်းချောင်းရွာအနောက်ပိုင်းကို မီးရှို့ပြီး ပြန်လည်ထွက် ခွာသွားသော်လည်း ဒေသခံများသည် ရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးသောကြောင့် အပျက်အစီးအဆုံးအရှုံးကို မသိရသေးကြောင်း ယင်းမာပင်မြို့မှ ပြည်သူ့ကာကွယ် ရေးရဲဘော်အချို့က ပြောသည်။
စုန်းချောင်းရွာသည် ယခုအခါ စစ်ကောင်စီလက်အောက်တွင် မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးတာဝန်ယူထားပြီး ယခင်က မြောက်ပိုင်းတိုင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့ဖူးသော ဗိုလ်ချုပ်မြတ်သက်ဦး၏ ဇာတိရွာဖြစ်ကြောင်းသိရသည်။

စာတည်း - မောင်ကြီး
စစ်ကောင်စီတပ်မီးရှို့သွားသည်ဆိုသည့် ယင်းမာပင်မြို့မှကျေးရွာတစ်ရွာ
Photo/ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး

#mizzima
#ယင်းမာပင်မြို့နယ်
#စုန်းချောင်းကျေးရွာ
#စစ်ကောင်စီစီးနင်းတိုက်ခိုက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬18👍7😢2❤1😁1
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်
===============

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ၂၁ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းအာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုပြီး ကြွေးကြော်သံများ ဆက်လက် ဟစ်ကြွေးကာ ဆန္ဒပြချီတက်ပွဲကို အဆုံးသတ်ခဲ့ကြသည်။

ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၅၁ ဖြစ်သည်။
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်
#ဆားလင်းကြီးမြို့
#ကျေးရွာပေါင်းစုံ
#သပိတ်စစ်ကြောင်း
👍11❤6🔥2😁1
ထိုင်းဆန္ဒပြပွဲတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားများမပါဝင်ကြရန်သတိပေး | Business Round Up (21.7.2023)
=======================

-မြန်မာ့မြေရှားသတ္တု တရုတ်ဝယ်ယူမှု ပမာဏ ၉ ဆ မြင့်တက်ခဲ့

-ဗြိတိန်က  မြန်မာနိုင်ငံအတွင်း အန္တရာယ်ရှိ တိုင်းနဲ့ ပြည်နယ် ၈ ခုသို့ ခရီးသွားခွင့် ဆက်လက်တားမြစ်

-စစ်ကောင်စီက စက်သုံးဆီလုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကာ မူဝါဒအသစ် ကျင့်သုံးဖို့ ပြင်ဆင်နေ

-အာဆီယံ ဒေသတွင်း တင်ပို့မည့် ပို့ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ RCEP ကို သြဂုတ်လမှာ စတင်ထုတ်ပေးမည်

-ထိုင်းဆန္ဒပြပွဲတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားများ မပါဝင်ကြရန် သတိပေး

https://youtu.be/h7rifMeAslM
 
#BusinessRoundUp
#mizzimatv
---------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11😁3
​​စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ် နံဇကျေးရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးရာ နေအိမ်အတွင်းရှိနေသော ပြည်သူ သုံးဦးကိုပါ အရှင်လတ်လတ်မီးထဲ ထည့်ရှို့သွားကြောင်း သိရသည်။

ထိုသို့ မီးရှို့ရာတွင် သုံးဦးအနက် တစ်ဦးမှာထွက်ပြေးလွတ်မြောက်လာကာ နှစ်ဦးမှာ သေဆုံးသွားသည်ဟု ကျောက်တံခါးမြို့မြေပြင်ဒေသခံ၏ပြောဆိုချက်အရ သိရသည်။

နံဇကျေးရွာအား ယမန်နေ့ နံနက်အစောပိုင်း ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်က အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး နေအိမ် ခုနစ်လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

ထို့ပြင် ရွာသား သုံးဦးကိုပါ အရှင်လတ်လတ်မီးထဲထည့်ရှို့ခဲ့သည့်အတွက် နှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ရခြင်း ဖြစ်သည်။
“နေအိမ်အတွင်းမှာ အရှင်လတ်လတ်မီးထည့်ရှို့တာပါ။ မီးရှို့ခံရတာကတော့ ရွာသား သုံးဦးပါ။ စောအောင်ဝင်းကြိုင်ဆိုတဲ့ ရွာသားကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိမှာ အရမ်းကြောက်လန့်နေတဲ့အတွက် ဖြစ်စဉ်ကို ဘာမှမေးမြန်းလို့မရသေးပါဘူး" ဟု ကျောက်တံခါးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်မှ ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူ အသက် ၅၀ နှစ်အရွယ် စောအောင်ဝင်းကြိုင်၏ ဒဏ်ရာရရှိမှုအခြေအနေနှင့် ဖြစ်စဉ်အသေးစိတ်အား အတိအကျမသိရှိရသေးပေ။

မီးလောင်သေဆုံးသူနှစ်ဦးမှာ စောပီးလူး (အသက် ၄၀နှစ်) နှင့် စောဗိုက်ပူ (အသက် ၅၀နှစ်)တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နံဇကျေးရွာမှ ပြည်သူ ၄၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့်အတွက် တောင်ငူဆေးရုံသို့ပို့ဆောင်ထားရကြောင်း သိရသည်။
နံဇကျေးရွာအား မီးရှို့ဖျက်ဆီးပြီးနောက်တွင် အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် နံဇရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးသည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်မှ ပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားသေဆုံးအရေအတွက်နှင့်အတူ တိုက်ပွဲဖြစ်စဉ်အသေးစိတ်အား မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများမှာ နံဇရွာမှဆုတ်ခွာ၍ ကျောက်တံခါးမြို့ပေါ်သို့ ပြန်လည်ရောက်ရှိသွားကြပြီဖြစ်သော်လည်း နံဇရွာမှပြည်သူများမှ ရွာသို့မပြန်ရဲကြသေးဘဲ တိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကျောက်တံခါးမြို့နယ် နံဇကျေးရွာအုပ်စု ဗောဓိကွင်းအုပ်စုနှင့် သမင်အင်းကုန်းအုပ်စုများဘက်သို့ စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်များဝဲပျံနေကြောင်း ကျောက်တံခါးမြို့ မြေပြင်ဒေသခံ၏ပြောဆိုချက်အရသိရသည်။

ကျောက်တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ အတွင်းမှစတင်ကာ အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း ကျောက်တံခါးမြို့ပေါ်တွင်အထိုင်ချထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ နံဇအုပ်စု၊ တလိုင်းခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်သုံးလုံးမီးလောင်ပျက်စီး၍ အသက် ၃၅ နှစ်အရွယ် ကိုနိုင်နိုင်မိုး သေဆုံးခဲ့ရသည်။

စာတည်း- သန့်​ဇော်(သန်လျင်)
ကျောက်တံခါးမြို့နယ် နံဇကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပုံ

#mizzima
#ကျောက်တံခါးမြို့နယ်
#မီးလောင်
#အရှင်လတ်လတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9😢5❤4👍2🔥1
​​ထိုင်းတွင် တရားမဝင် မြန်မာရွှေ့ပြောင်းသူများ တင်ဆောင်လာသောကား ယာဥ်တိုက်မှုဖြစ်ပြီး ၅ ဦး သေဆုံး
=======================

ထိုင်းနိုင်ငံ မောင်းခရိုင်တွင် ပစ်ကပ်ထရပ်ကား တစ်စီးနှင့် ခြောက်ဘီးကားတစ်စီးတို့ ယမန်နေ့ နံနက်အစောပိုင်းက တိုက်မိပြီး မြန်မာနိုင်ငံမှ တရားမဝင် အလုပ်ရှာဖွေသူဟု ယူဆရသူ လေးဦးအပါအဝင် လူ ငါးဦး သေဆုံးပြီး တစ်ဒါဇင် ထိခိုက်ဒဏ်ရာ ရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9❤1🔥1
မြို့ပြစစ်ဆင်ရေးသည်သာ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်ကြောင်း SOF တာဝန်ခံ ပြော
👍16🔥1😁1