Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အနုပညာသာမက စီးပွားရေးမှာပါ အောင်မြင်မှု ရရှိလာတဲ့ Selena Gomez | Cele City - Episode 29
====================

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 Spice Girls အဖွဲ့နှစ် ၃၀ ပြည့်ပွဲမှာ ပြန်လည် ပါဝင်လာမယ့် Victoria Beckham

👉 - K pop လို့အမည်ပေးထားတဲ့ Travis scott ရဲ့ new collaboration သီချင်း

👉 ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်၀တ်ထားကြောင့်စေ့စပ်လိုက်တာလားဆိုပြီး မေးခွန်ထုတ်ခံလိုက်ရတဲ့ ထိုင်းမင်းသမီး Mai Davika


အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://www.youtube.com/watch?v=rNbypy9X6qE

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍5🍌1
​​ဆက်ဆံရေး မြှင့်တင်ရန် ဗီယက်နမ်က တွေ့ဆုံလိုဟု ဂျိုးဘိုင်ဒင် ပြော
====================

အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး မြှင့်တင်နိုင်ရေး ဆွေးနွေးရန်အတွက် နယူးဒေလီတွင် စက်တင်ဘာလ၌ ကျင်းပမည်ဖြစ်သော ဂျီ ၂၀ အစည်းအဝေး၌ ဆွေးနွေးပြောဆိုရန် ဗီယက်နမ်ခေါင်းဆောင်က တွေ့ဆုံချင်နေသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇူလိုင် ၂၈ ရက်တွင် ပြောသည်။

“ဗီယက်နမ်အကြီးအကဲဆီက ကျွန်တော်ဆီ ဖုန်းခေါ်ဆိုပါတယ်၊ ဂျီ ၂၀ ကို ကျွန်တော် တက်ရောက်တဲ့အခါ သူက ကျွန်တော်နဲ့ တော်တော်လေး တွေ့ဆုံချင်နေတယ်၊ ရုရှနဲ့ တရုတ်တို့နဲ့အတူ ကျွန်တော်တို့ကိုလည်း အဓိကမိတ်ဖက်အဖြစ် ဆက်ဆံရေးမြှင့်တင်ဖို့ သူက လိုလားနေတယ်”ဟု မိန်းပြည်နယ် ဖရီးပို့၌ ၂၀၂၄ ရွေးကောက်ပွဲ ပြန်လည်အရွေးခံရရေး စည်းရုံးလှုံ့ဆော်မှုအတွက် အလှူရှင် ဒါဇင်များစွာကို ဘိုင်ဒင်က ပြောခြင်း ဖြစ်သည်။

ငါတကောကောနေသော တရုတ်အား တန်ပြန်ရန် အာရှ၌ မိတ်ဖက်များနှင့် ခိုင်မြဲသော ဆက်ဆံရေးအတွက် အမေရိကန်က ကြိုးပမ်းနေချိန်၌ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်းနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်တို့ ဧပြီလအတွင်းက တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ဆက်ဆံရေး နက်ရှိုင်းရေးကို စိတ်ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်။

ယင်းနောက်၌ ဘလင့်ကင်က နှစ်နိုင်ငံ ဆက်ဆံရေးအတွက် “သီတင်းပတ်များ သို့မဟုတ် လပိုင်းအတွင်း” ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ဖော်ပြခဲ့သည်။

ယခု ဘိုင်ဒင်၏ ပြောဆိုချက်နှင့် ပတ်သက်ကာ မှတ်ချက်ပြုရန် ဝါရှင်တန်ရှိ ဗီယက်နမ်သံရုံးက ချက်ချင်း မတုံ့ပြန်ပေ။
ဗီယက်နမ်အနေဖြင့် ပို့ကုန်အတွက် အဓိကတင်သွင်းသည့် အိမ်နီးချင်းနိုင်ငံကြီးဖြစ်သော ရန်လိုသည့် တရုတ်နှင့် အခြား အစဉ်အလာမိတ်ဖက်ဖြစ်သော ရုရှတို့ထံမှ ဘေးအန္တရာယ်များကို သတိထားလျက် ရှိနေရသည့် နိုင်ငံဖြစ်လင့်ကစား အမေရိကန်သည် “မဟာဗျူဟာ” မိတ်ဖက်အဖြစ် ဗီယက်နမ်နှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးပမ်းလျက် ရှိနေသည်။

နှစ်နိုင်ငံအနေဖြင့် ရင်းနှီးသော ဆက်ဆံရေး လိုအပ်လိမ့်မည်ဟု တာဝန်ရှိသူများက မပြောကြသော်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် အမေရိကန်က လက်နက်ထောက်ပံ့ခြင်းများ တိုးမြင့်လာနိုင်သည်ဟု အကဲဖြတ်များက ပြောသည်။

အဓိက လက်နက်ထောက်ပံ့သည့် ရုရှထံမှ မှီခိုရမှု လျှော့ချရန် ကြိုးပမ်းနေသော ဗီယက်နမ်အတွက် စစ်ရေးထောက်ပံ့မှုများ မြှင့်တင်ရန် လိုလားကြောင်း အမေရိကန်နှင့် အမေရိကန် ကာကွယ်ရေးကုမ္ပဏီကြီးများက ပွင့်ပွင့်လင်းလင်း ပြောထားသည်။

သို့ရာတွင် ဗီယက်နမ်၏ လူ့အခွင့်အရေး စံနှုန်းကို ဝေဖန်သော အမေရိကန်လွှတ်တော်အမတ်များ၏ ဖြစ်လာနိုင်သော ကန့်ကွက်မှုများအားဖြင့် နှစ်နိုင်ငံကြားက စစ်ရေးသဘောတူညီချက်သည် အခက်အခဲ ရှိနိုင်ဖွယ် ရှိသည်။
👍14💩1
Media is too big
VIEW IN TELEGRAM
သုံးထပ်သားစတူးအချိုကြော် | Chef Eve's Easy Thai Cooking Show

Watch more detail- https://youtu.be/tuvZNqK1nXU

#reels #shorts #သုံးထပ်သားစတူးအချိုကြော် #ChefEve’s
👍3❤1🤮1
ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ် တို့တွင် ရေကြီးရေလျှံမှု ထပ်ကြုံရ
😢4🔥3😱2
ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ် တို့တွင် ရေကြီးရေလျှံမှု ထပ်ကြုံရ
======================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်၊သံဖြူဇရပ်မြို့နယ် နှင့် ပေါင်မြို့နယ် တို့တွင် ယနေ့ ဇူလိုင်လ ၂၉ ရက်၌ မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံခြင်း ထပ်မံဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ရေးမြို့နယ်၊ ဟံဂံကျေးရွာတွင် ယမန့်နေ့ ဇူလိုင်လ ၂၈ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ယနေ့ နံနက် ၄နာရီခန့်တွင် ရေစတင်မြင့်တက်လာကာ လက်ရှိ ညနေ ၃နာရီအချိန်တွင် အချို့နေရာများ၌ လူအရပ်တစ်ရပ်စာ နစ်မြုပ်နေပြီဖြစ်ကြောင်း ဟံဂံကျေးရွာနေထိုင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ရေက အများကြီးဖြစ်နေပြီ။ ရင်ညွန့်လောက်ရှိတယ်။ အနိမ့်ပိုင်းတွေမှာ လူတောင်မြုပ်တယ်။ မနေ့က မိုးတနေကုန်ရွာတယ်။ အခုလည်း မိုးကြီးနေတယ်။ ဒီအတိုင်းဆက်ကြီးနေရင်မလွယ်ဘူး။ အခုရေမြုပ်တဲ့အိမ်တွေလည်း အများကြီးရှိတယ်” ဟု ဟံဂံရွာနေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဟံဂံကျေးရွာ၏ အနိမ့်ပိုင်းနေရာများတွင် နေအိမ်အပေါ်ထပ်အထိ ရေရောက်နေပြီဖြစ်ပြီး ဒေသခံများသည် ထိုင်ခုံများနှင့် စားပွဲခုံများပေါ်တွင် တက်နေကြရကာ ပြောင်းရွှေ့ခြင်းကိုမူ မပြုလုပ်ကြသေးကြောင်း သိရသည်။

အလားတူ သံဖြူဇရပ်မြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် (၁၁) ရပ်ကွက် ကိုးနဝင်းပိုင်း၊ ကျောင်းပိုင်းရပ်ကွက် တို့တွင်လည်း ရေကြီးရေလျှံခြင်း ဖြစ်ပွားနေပြီး သံဖြူဇရပ်-ကျိုက်ခမီ ကားလမ်း ကွာန်သတ် ကျေးရွာအနီး အဇင်းပေါင်းတံတားတွင် တောင်ကျရေကြောင့် ကားလမ်းရေကျော်သဖြင့် ယနေ့ နံနက် ၁၁နာရီခန့်အထိ ကားများ သွားလာ၍ မရကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။

“အဇင်းတံတားမှာ ကားတွေဖြတ်မရလို့ ကယ်ဆယ်ရေးတွေ ကူရတယ်။ မနက်ပိုင်းက ကားတွေဖြတ်နေကြတာ ရေတွေဝင်တော့ ရပ်ရပ်သွားတယ်။ ကားမကောင်းတဲ့သူကတော့ မဖြတ်ဘူးပြန်သွားကြတယ်။ ၁၁နာရီဝန်းကျင်လောက်မှ စိတ်ချလက်ချ ဖြတ်ရဲကြတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ယနေ့မနက်အခြေအနေကို မဇ္ဈိမကိုပြောသည်။

အလားတူ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ကြားရှိ သိမ်ဆိပ်ရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမတွင်လည်း ကားလမ်းရေကျော်နေကြောင်း ခရီးသွားတစ်ဦးထံက သိရသည်။

မိုးသည်းထန်မှုကြောင့် ယနေ့တွင် ပေါင်မြို့နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တို့၌ ရေကြီးရေလျှံခြင်းများ ဖြစ်ပွားနေသဖြင့် ဈေးဆိုင်အချို့ ပိတ်ထားရကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်ကလည်း မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ မုဒုံ၊ ရေး တို့တွင် မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားကာ ဒေသခံလေးဦး ရေနစ်သေဆုံးခဲ့ရပြီး မွန်ပြည်နယ်အတွင်းရှိ အချို့နေရာများတွင် လမ်းတံတားပြိုခြင်း၊ အုတ်တံတိုင်းပြိုကျခြင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့‌ သေးသည်။

ဇူလိုင်လ နောက်ဆုံးအပတ်တွင် မုတ်သုံလေအားကောင်းမှုကြောင့် မိုးပိုနိုင်ပြီး မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားကြရန် NUG-MOHADM က သတိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

#မွန်ပြည်နယ်
#မိုးရွာသွန်း
#ရေကြီးရေလျှံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9🔥2👍1👎1
Media is too big
VIEW IN TELEGRAM
တောကြက်စပါးလင်ချက် | Chef Eve's Easy Thai Cooking Show

Watch more detail- https://youtu.be/tuvZNqK1nXU

#reels #shorts #တောကြက်စပါးလင်ချက် #ChefEve’s
👍1🖕1
"သက်ဆုံးထိတိုင်" | ဘာလိုလို့လဲ ဇာတ်လမ်းတို
================

ဘာလိုလို့လဲ ဇာတ်လမ်းတွဲက နောက်ထပ် ဇာတ်လမ်းတိုတပုဒ်ပါ။

ကျန်းမာရေး ဗဟုသုတ မလိုက်စား၊ အပျော်အပါးကိုသာ လိုက်စားမိတဲ့ သူတစ်ဦး။
အသက်ဆုံးတဲ့ အထိ ပေးဆပ်လိုက်ရတဲ့ ဇာတ်လမ်းလေးပါ။

သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ် အနုပညာရှင်တွေနဲ့ လက်တွဲ ထုတ်လုပ်တဲ့ အစီအစဉ် အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima ရဲ့ ရုပ်သံတီဗွီမှာကြည့်ရှုနိုင်ပါတယ်။

အပတ်စဉ် တနင်္ဂနွေနေ့ နံနက် ၁၁း၃၀ နာရီ နဲ့ ည ၉း၄၅ နာရီ အပြင် ဗုဒ္ဓဟူးနေ့ မွန်းလွှဲ ၁း၁၅ နာရီ အချိန်တို့တွင်လည်း ပြန်လည်ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

https://youtu.be/RJKZqm2BbZQ
😁2🍌1
သုံးထပ်သားစတူးအချိုကြော် နဲ့ တောကြက်စပါးလင်ချက် | Chef Eve's Easy Thai Cooking Show | Episode - 24
=================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ သုံးထပ်သားစတူးအချိုကြော် နဲ့ တောကြက်စပါးလင်ချက် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://www.youtube.com/watch?v=tuvZNqK1nXU

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤮3👍1🥰1😁1
​​Shehzada
===========

အေးဆေးတည်ငြိမ်ပြီး ဘ၀ ကိုသာယာစွာပဲ ရောင့်ရဲတင်းတိမ်ရင်း ဖြတ်သန်းနေတဲ့ ဘန်တူတစ်ယောက် သူရဲဘောကြောင်တဲ့ အဖေဖြစ်သူရဲ့ ကလေးချင်း လဲခဲ့တဲ့ ဖြစ်ရပ်ကို သိရပြီးတဲ့နောက် သူဟာ အရမ်းချမ်းသာတဲ့ ဂျင်ဒယ်လ်မိသားစုရဲ့ဆက်ခံသူ ဖြစ်နေမှန်း သိခဲ့ရပါတယ် သာ‌ယာအေးချမ်းတဲ့ ဘန်တူရဲ့ ဘဝလေး အထက်အောက်ပြောင်းပြန် ဖြစ်ပြီးတဲ့နောက်မှာတော့ ဘန်တူ တစ်ယောက် ဘီလီယံပေါင်းများစွာချမ်းသာတဲ့ ဆက်ခံသူနေရာကို ပြန်လည်ရရှိအောင် ကြိုးစားမှာလား အရင်လိုပဲ ဘ၀ ကို သာသာယာယာ ဆက်လက် ဖြတ်သန်းမှာလား သူဘယ်ဘဝကို ရွေးချယ်သွားမှာလဲ Kartik Aaryan နဲ့ Kriti Sanon က အဓိကဇာတ်ကောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၂၉.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၃၀.၇.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍4😁3🔥2
ဇူလိုင်လ (၂၉) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ညမှာတော့ .............

ကမ်းရိုးတန်းတိုင်းဒေသစစ်ဌာနချုပ် ဒုတိုင်းမှူး၊ စကခ (၂၀) ဌာနချုပ်မှူးနဲ့ တနင်္သာရီနယ်လုံဝန်ကြီးအဖမ်းခံရတဲ့သတင်းနဲ့အတူ

တရုတ်အာရှရေးရာအထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံတဲ့သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း စီးပွားရေး၊နိုင်ငံတကာနဲ့ အားကစားသတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကျဖြစ်တဲ့ “သံစဉ့်အိမ်” အစီအစဉ်ကို နားဆင်ကြရပါမယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/GWmlXEr4m3I

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥2😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၉ ဇူလိုင် ၂၀၂၃) 
=======================

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးမှန်အောင်မပေးနိုင်သလို အင်တာနက် လိုင်းများလည်း နိုင်ငံအနှံ့ မရ သေးသည့်အပြင် အာဏာသိမ်းပြီးကတည်းက လိုင်းဖြတ်ထားသည့် ဒေသများ ယခုထိရှိနေ သေး သော်လည်း စစ်ကောင်စီမှ တောရွာများအထိ မြန်းနှုန်းမြှင့် အင်တာနက်များ တောရွာများ အထိ ဆောင်ရွက်မည်ဆိုသော အကြမ်းဖက်ဗိုလ်ချုပ်ကြီးများ၏ အစည်းအဝေးတွင် လူကြား ကောင်း အောင်သာ ပြောနေခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2😁1🤮1
Weekend News Roundup | July 29 2023
===================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းဖို့အစီအစဉ်ရှိတဲ့သတင်း

-စစ်အုပ်စုရဲ့ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုများ ပိုများလာနေတဲ့သတင်း

- နိုင်ငံခြားရေးဝန်ကြီးချင်းဂန်ကိုထုတ်ပယ်ခြင်းနဲ့ပတ်သက်ပြီး ကောလာဟလများ ဖောင်းပွနေမှုအပေါ် တရုတ်ရှုတ်ချ တဲ့သတင်း

-ရုရှားကာကွယ်ရေးဝန်ကြီးကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကို ကင်ဂျုံအန်ပြသတဲ့သတင်း

-နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်ဖွင့်လှစ် တဲ့ သတင်း

-အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းသူများ မှတ်ပုံမတင်ပါက အရေးယူမယ်လို့ စစ်ကောင်စီပြောတဲ့သတင်း

https://youtu.be/nz4uWHWHKYE

#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥1😁1
သထုံနှင့် ဘီးလင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ
🤬11😢5❤1🔥1😁1
သထုံနှင့် ဘီးလင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ
=====================

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုမျာကြောင့် ဒေသခံတစ်ဦးသေဆုံး၍ ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို၏ ဇူလိုင်လ ၂၇ ရက်နေ့နှင့် ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

" တော်လက်နက်ကြီးကတော့ ပစ်နေတာပဲလေ။ ကျိုက်ထိုရော ဘီးလင်းရော သထုံမှာရောက။ စစ်တိုက်လို့ မနိုင်ရင် လူနေတဲ့ ရွာတွေထဲ သူတို့ထုတာပဲ။ ပြီးရင် ဒါတွေ တော်လှန်ရေးဘက်က လုပ်ပါတယ်ဆိုပြီး အပြစ်ပုံချတယ် " ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် ဝီယော်စစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်သားတပ်သားများနှင့် KNLA၊ PDF အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး ထိုတိုက်ပွဲအပြီးတွင် သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၉) က ထုံးဘိုလေးကျေးရွာ၊ ထို့ကော်ကျိုးကျေးရွာနှင့် ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာမှ အသက် ၁၈ နှစ်အရွယ်ရှိ စောအဲ့ကော့ရှီး သေဆုံးခဲ့ရပြီး အသက် ၄၅ နှစ်အရွယ်ရှိ စောဆာထူးထိခိုက်ဒဏ်ရာရခဲ့ကာ ထို့ကော်ကျိုးကျေးရွာမှ အသက် ၁၈ နှစ်အရွယ်ရှိ စောဖိုးကျော်၊ အသက် ၄၈ နှစ်အရွယ်ရှိ စောပလေးဒေး၊ အသက် ၁၃ နှစ်အရွယ်ရှိ နော်အဲ့စိုးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က ဖော်ပြထားသည်။

ထို့အတူ ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက ခမရ (၉) ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ခလောက်အင်းကျေးရွာမှ အသက် ၃၇ နှစ်အရွယ် စောဦးနှင့် သထုံမြို့နယ်၊ ထို့ကော်ကျိုးကျေးရွာမှ အသက် ၄၈ နှစ်အရွယ်ရှိ ဒေါ်ကြည်ထွန်း လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း KNU က ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့က ထုတ်ပြန်သည်။

ခမရ (၉) ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုအပြင် ဒေသခံနေအိမ် ၁၃ လုံး၊ ဘာသာရေးအဆောက်အအုံ နှစ်လုံး၊ ဆေးခန်း၊ ဒေသခံပိုင် ကားနှစ်စီးနှင့် ဒေသခံများ မွေးမြူထားသည့် နွားတစ်ကောင်သေဆုံးကာ ငါးကောင် လက်နက်ကြီးထိမှန်ကြောင်း KNU က ဆိုသည်။
စစ်ကောင်စီတပ်၏ ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မိချောင်းအိုင်ကျေးရွာ၊ ခလောက်အင်းကျေးရွာ၊ မရမ်းကုန်းကျေးရွာတို့မှ ဒေသခံအချို့ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း သိရသည်။

" အကုန်ထွက်ပြေးကြတာတော့ မဟုတ်ဘူး။ မရမ်းကုန်းဆို ရွာကြီးလေ၊ အဲ့ဒီထဲမှာမှ အိမ်ခြေ ၅၀ လောက်ထွက်ပြေးတာပေါ့။ အနည်းအကျဉ်းပဲ ထွက်ပြေးကြတာ။ စစ်ရေးအခြေအနေကတော့ လက်ရှိ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး" ဟု မရမ်းကုန်းကျေးရွာအုပ်ချုပ်ရေးနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၂၃ ရက်နေ့အတွင်း၌လည်း မွန်ပြည်နယ်၊ နှင့် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီ အထိုင်ချတပ်စခန်းများ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်လေးဦးအပါအဝင် ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzim
#လက်နက်ကြီးကျည်
#KNU
ဓါတ်ပုံ - (KNU ) ခမရ (၉) ​၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရ ဒေသခံအချို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢11👍5🔥2😁1🤬1