Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး "နွေဦးအောင်လံ ဆုတောင်းပွဲ" ကျင်းပမည်
❤7👍3😁2
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး "နွေဦးအောင်လံ ဆုတောင်းပွဲ" ကျင်းပမည်
=============

ဂန္ဒမာ

(မဇ္ဈိမ)။  ။ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ် မတရားဖမ်းဆီးချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး "နွေဦးအောင်လံ ဆုတောင်းပွဲ" ကျင်းပမည်ဟု သိရသည်။

ထိုပွဲကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ နေ့လယ် ၁ နာရီတိတိတွင် နွေဦးအောင်လံလွှင့်တင်၍ Zoom Application Platform မှတဆင့် တော်လှန်ရေးအင်အားစုများ၊ ဘာသာပေါင်းစုံမှ ဆရာများနှင့်အတူ ပြည်သူများစုပေါင်းပြီး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

"ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ဆွေးနွေးတိုင်ပင်ကျရာမှာ အစွန်းရောက် အကြမ်းဖက် စစ်အုပ်စုရဲ့မတရားဖမ်းဆီးခံထားရပြီး တော်လှန်ရေးရဲ့ဗဟိုချက်မတွေဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသား သူရဲကောင်းတွေအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး"နွေဦးအောင်လံ ဆုတောင်းပွဲ"ကျင်းပပြုလုပ်ကြဖို့ စီစဥ်ဆောင်ရွက်ခဲ့ကြ​တာ ဖြစ်ပါတယ်" ဟု ပွဲစီစဉ်ရာတွင်ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

 နိုင်ငံရေး ဆန္ဒနှင့် ရည်မှန်းချက်တူသည့် မြေပြင်သပိတ်အဖွဲများ၊စစ်ကြောင်းများ၊ ဘာသာပေါင်းစုံနှင့် သံဃကွန်ရက်များကို ကိုယ်စားပြုသူများ၊ ပါတီနှင့် ဖောင်ဒေးရှင်းများကို ကိုယ်စားပြုသူများ၊ လွတ်တော်ကိုယ်စားလှယ်နှင့် လူတချို့ တို့က ပွဲဖြစ်မြောက်ရေး စုပေါင်းခေါင်းဆောင် တာဝန်ယူဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

"ပြည်သူများအနေနဲ့ ယုံကြည်ချက်ကြောင့် မတရားအကျဉ်းချခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများလုံးလွတ်မြောက်ဖို့အတွက် “နွေဦးအောင်လံ ဆုတောင်းပွဲ” ကို ပူပေါင်းပေးပါ ၊ ဆုတောင်းပေးကြပါ ။ နိုင်ငံကိုကယ်တင်ဖို့အတွက် တော်လှန်ခြင်းမှတပါး အခြားမရှိတော့ပါ " ဟု ပွဲစီစဉ်သူ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ပီတာကြီးက ပြောသည်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက မတရားဖမ်းဆီး နှိပ်ကွပ်အကျဉ်းချခဲ့သည့် နိုင်ငံရေးအကျဉ်းသား ၁၉,၅၉၃ ဦးရှိနေကြောင်း ‌"နွေဦးအောင်လံ ဆုတောင်းပွဲ" ကျင်းပရေးလုပ်ငန်းအဖွဲ့ထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzim
#နွေဦးအောင်လံ ဆုတောင်းပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤4😁2
​​ထိုင်းလွှတ်တော်က ဩဂုတ် ၄ ရက်၌ ဝန်ကြီးချုပ်သစ် ရွေးကောက်တင်မြှောက်ရန် ပြင်ဆင်
=================

ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီပါတီမှ ခေါင်းဆောင်ဖြစ်သူ ဖိထာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုရန် နှစ်ကြိမ်တိုင် ကြိုးပမ်းမှုအား ကွန်ဆာဗေးတစ်များနှင့် စစ်တပ် ခန့်အပ်သော လွှတ်တော်အမတ်များက တားဆီးပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4😁2
ကမ္ဘာ့ဘဏ်က နှစ်စဉ် ၁၈ ရာခိုင်နှုန်း ကျုံ့သွားတယ်လို့ ခန့်မှန်းထားတဲ့ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဟာ ဆိုးရွားစွာ ပျက်စီးခဲ့ပါတယ်။ ဘဏ်လုပ်ငန်းစနစ်နှင့်စစ်တပ်က ထိန်းချုပ်ထားသော ငွေကြေးစနစ်အပေါ် ပြည်သူများက ယုံကြည်မှု လျော့နည်းလာတာတွေကြောင့်ငွေကြေးဈေးကွက်ဟာဆုတ်ယုတ်သွားခဲ့ပါတယ်။ မြန်မာကျပ် (MMK) မှ အမေရိကန်တစ်ဒေါ်လာ (USD) ငွေလဲနှုန်းဟာ 2021 ခုနှစ်စက်တင်ဘာလအထိ ၂၂၀၀ ကျပ်အောက်တွင် တစ်ချိန်လုံးရှိခဲ့ပြီး အာဏာမသိမ်းမီဖေဖော်ဝါရီတွင် ၁၃၃၀ ရှိရာမှ 2021 ခုနှစ်စက်တင်ဘာလတွင် ကျဆင်းခဲ့ပါတယ်။အင်တာနက်ပိတ်ထားတာကြောင့် ATM စက်များ ချွတ်ယွင်းကာ ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူများဟာ အကြာကြီး တန်းစီရပါတယ်။ မြန်မာ့ငွေကြေးဟာ 2021 ခုနှစ် စက်တင်ဘာလမှာ ၆၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း စစ်အစိုးရဆန့်ကျင်ရေးအုပ်စုများကို မိုဘိုင်းဘဏ်တို့မှ ဖုန်းနံပါတ်များကို ခြေရာခံပြီး စောင့်ကြည့်ဖမ်းဆီးနေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကြောက်မက်ဖွယ်ကောင်းသော ဘဏ္ဍာရေးအခြေအနေမှ လွတ်မြောက်ဖို့ အစားထိုးငွေကြေးအဖြစ် cryptocurrencies၊ Bitcoin ကို အစားထိုးခဲ့ပါတယ်။ ယခုအခါ Bitcoin နှင့် Cryptocurrency ဟာ မြန်မာနိုင်ငံရဲ့တော်လှန်ရေးမှာ ဖိနှိပ်မှုနှင့် ခုခံမှု နှစ်ဖက်စလုံးတွင် စိတ်ဝင်စားဖွယ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ Bitcoin နှင့် Cryptocurrency က ကျဆင်းနေသော စီးပွားရေးကြောင့် ဖြစ်ပေါ်လာသော ပြည်သူများရဲ့ နေ့စဉ်ဘဏ္ဍာရေးဆိုင်ရာ ရုန်းကန်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အကူ ဖြစ်လာပါတယ်။ စစ်အစိုးရနှင့်အပြိုင်အစိုးရ ဖြစ်သော NUG ဟာ cryptocurrency ကိုအာရုံစိုက်ခဲ့ပါတယ်။ NUG ကပျက်စီးနေသောစီးပွားရေးကို ဒစ်ဂျစ်တယ်ငွေကြေးနှင့် ကုစားရန်၊ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် နှင့် နောက်ပိုင်းတွင် လက်ရှိငွေကြေးကို နိုင်ငံတော်မှ ခွဲထုတ်ရန်၊ အခမဲ့နှင့် လုံခြုံသောငွေကြေးထောက်ပံ့မှုလမ်းကြောင်းများ
ကို သေချာစေဖို့ အခြားအခြားသော သီးခြားလွတ်လပ်သောငွေကြေးကို ထူထောင်ဖို့ကြိုးပမ်းနေပါတယ်။
Freeman Law ‌ရဲ့ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် အထူးသဖြင့် Cryptocurrency နှင့်ပတ်သက်ပြီး
ခိုင်မာသောမူဝါဒ နှင့် စည်းမျဉ်းစည်းကမ်းများ မရှိသေးပါဘူး။ Cryptocurrencies နှင့်ပတ်သတ်ပြီးတော့အချိူ့သောဥပဒေများကိုတော့ဖော်ပြခဲ့ပါတယ်။ အများအားဖြင့်ဟာတွေကတော့ တားမြစ်တဲ့အကြောင်း
တွေပဲဖြစ်ပါတယ်။
👍12🔥2🤮1
2019 ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ Bitcoin (BTC)၊ Litecoin (LTC)၊ Ethereum (ETH) နှင့် Perfect Money (PM) စတဲ့ cryptocurrencies များကို ပိတ်ပင်လိုက်
ကြောင်းကြေညာခဲ့ပြီး ကိုင်ဆောင်တဲ့သူများအားလုံးက ငွေကြေးဆိုင်ရာ ဥပဒေများနှင့် အပြစ်ပေးခံရမှာ
ဖြစ်ကြောင်းလည်းဖော်ပြခဲ့ပါတယ်။ 2022 ခုနှစ် ဒီဇင်ဘာလတွင် NUG အစိုးရက တရားဝင်ငွေကြေး
အဖြစ် Tether ကြေငြာချက်ကို တုံ့ပြန်တဲ့အနေဖြင့် SAC (နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ) က Cryptocurrency ကိုအသုံးပြုပြီး ရာဇ၀တ်မှုကျူးလွန်မှုများးနှင့်ပတ်သတ်တဲ့ ဆိုက်ဘာလုံခြုံရေး
ဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့ပါတယ်။ မကြာသေးမီက NUG အစိုးရက DMMK (Digital Myanmar Kyats) ဟုခေါ်သော cryptocurrency ကို ထူထောင်ပြီး အသုံးပြုရလွယ်ကူသော မိုဘိုင်းပိုက်ဆံအိတ် NUG Pay ကိုလည်း တီထွင်ခဲ့တာကို ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ crypto ပေါ်လစီက အစပိုင်းအဆင့်တွင်
ရှိနေဆဲဖြစ်ပြီး cryptocurrencies အတွက် ရည်ညွှန်းထားကောင်းမွန်သောမူဝါဒအကောင်အထည်ဖော်မှု
များကတော့ နည်းပါးနေစဲဖြစ်ပါတယ်။ အရေးကြီးသောအမှန်တရားတစ်ခုမှာ crypto နှင့်ပတ်သက်တဲ့အရာအားလုံးက ယုံကြည်စိတ်ချရပြီးအနှောက်အယှက်ကင်းသော အင်တာနက်ချိတ်ဆက်မှုပေါ်တွင် အခြေခံအားဖြင့် မူတည်ပါတယ်။ အခုချိန်မှာ အထူးသဖြင့် အင်တာနက်ချိတ်ဆက်မှုမှာ ယခုအချိန်အထိ အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ စစ်တပ်မှ ဆက်တိုက်အင်တာနက်ပိတ်မှုများက မြန်မာနိုင်ငံ cryptoတော်လှန်ရေးအတွက်အဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်က ပြစ်ဒဏ်ခတ်သော ဆိုက်ဘာဥပဒေများ၊ ဆင်းမ်ကတ်များအပေါ် အခွန်ကောက်ခံမှုနှင့် အခြားသော ဒစ်ဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာ လုပ်ဆောင်ချက်များက ဆက်သွယ်ရေးဝန်ဆောင်မှုများအတွက် မြင်သာထင်သာသော အခက်အခဲတွေ ဖြစ်စေပါတယ်။ ဆန်းသစ်သော crypto ခြေလှမ်းများ မြင့်တက်လာပေမယ့်၊ မြန်မာနိုင်ငံရဲ့ crypto တော်လှန်ရေးအတွက် အခြေခံကျသော ချိတ်ဆက်
မှုလိုအပ်ချက်များက ခြိမ်းခြောက်မှုအောက်တွင် ရှိနေဆဲဖြစ်ပါ တယ်။


မြန်မာနိုင်ငံတွင် cryptocurrency သို့ ပြောင်းလဲလာတာတွေရဲ့အဓိကအချက်က‌‌တော့ပြည်သူများ
ဘဏ်တွေအပေါ် ယုံကြည်မှု လျော့နည်းလာမှု၊ ပြည်ပသို့ ငွေလွှဲမှုအတွက် နည်းပညာချို့တဲ့မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများအပေါ် စစ်တပ်ရဲ့ စောင့်ကြည့်မှု‌ကြောင့်ပါ။ တစ်ဖက်တွင် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများက မြန်မာလူမျိုးများကို Bitcoin နှင့် Crypto သုံးစွဲမှုများဆီသို့ တွန်းပို့နေပြီး တစ်ဖက်တွင် စစ်တပ်ရဲ့ ဒစ်ဂျစ်တယ် ဖိနှိပ်မှုများကို ရှောင်တိမ်းလိုတာကြောင့် နည်းပညာအသစ်များနှင့်အတူလိုက်လျောညီထွေတိုးတက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တယ်လီကွန်
တော်လှန်ရေးနဲ့အတူ 2012 ခုနှစ်တွင် ဖုန်းမရှိရာမှ smart phone သို့ ချက်ချင်း ခုန်တက်သွားတာ
ကြောင့်လူ့အဖွဲ့အစည်းရဲ့ဒစ်ဂျစ်တယ်တတ်မြောက်မှုချွတ်ယွင်းမှုတိုင်းနီးပါးရဲ့အခြေခံအကြောင်းတရားများထဲမှ တစ်ခုဖြစ်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းများကတော့လိုအပ်ချက်တွေရဲ့ ကွက်လပ်ကို ယခုအချိန်အထိ ဖြည့်ဆည်းပေးနေဆဲဖြစ်ပါတယ်။ Cryptoတော်လှန်ရေးဟာသမားရိုးကျအင်တာနက်
ထက် blockchain လို့ခေါ်တဲ့ အခြားအခြေခံအဆောက်အအုံတစ်ခုလုံးတွင် တည်ဆောက်ထားတာကြောင့် Crypto တော်လှန်ရေးဟာ ကြီးမားတဲ့ခြေတစ်လှမ်းကိုလှမ်းနိုင်မှာဖြစ်ပါတယ်။
👍14❤1🔥1🤮1
အပေါ်မှာဖော်ပြခဲ့သလိုနည်းပညာအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လူ့အဖွဲ့အစည်းရဲ့ လိုက်လျောညီထွေမှုတွေဟာယနေ့ခေတ်မှာပိုအားကောင်းလာပါတယ်။ ဒါပေမယ့် အဲဒီနည်းပညာတွေကို သုံးစွဲနိုင်သူတွေအတွက်သာ မှန်ပါတယ်။ လက်ရှိမြို့ပြ/ကျေးလက်၊ အသက်အရွယ်ဆိုင်ရာနှင့် ကျား-မ အခြေပြု ဒစ်ဂျစ်တယ် ကွဲပြားမှုနှင့်အတူ ကျေးလက်လူမှုအသိုင်းအဝိုင်းများ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအတွက် ပြောင်းလဲရန် အားနည်းနေနိုင်ပါသေးတယ်။ တော်လှန်ရေးအခြေအနေ ဟာ NUG အစိုးရရဲ့ ဆန်းသစ်သော crypto ပထမခြေလှမ်းများပေါ်တွင် များစွာမူတည်နေတာကို ငြင်းဆိုရန် ခက်ခဲပါတယ်။ ပထမဆုံးအနေနဲ့ USDT (Tether) ကိုတရားဝင် cryptocurrency အဖြစ်ကြေငြာပြီး
တဲ့နောက်မှာ လူထုကြားမှာ cryptocurrency အကြောင်းကို သတိပြုမိလာကြတာပါ။ ဒုတိယအချက်
အနေနဲ့ကတော့ cryptocurrency ဖြင့် ငွေချေးစာချုပ်များရောင်းချမှုကနေ လူများကို အခြေခံမျှမ
သိသော အဆင့်မှ အမှန်တကယ် အရောင်းအ၀ယ်ပြုလုပ်ခြင်း အထိ မြှင့်တင်ပေးခဲ့ပါတယ်။ NUG Pay နှင့် DMMK ဖန်တီးမှုက အစအဆင့်ပင်ရှိနေဆဲဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာ NUG ရဲ့ crypto လှုပ်ရှားမှုများနှင့် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး အလားအလာရှိသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကြေညာချက်ကို တုံ့ပြန်ဖို့အတွက် cryptocurrencies များကို ပိတ်ပင်ထားခြင်းကို တွေ့ရပါတယ်။
NUG အစိုးရရဲ့ မူဝါဒစာတမ်းများတွင် crypto မွေးစားခြင်းကို "လုံခြုံသော ရန်ပုံငွေစီးကြောင်း" ရရှိရန် ရည်မှန်းထားကြောင်း သတိပြုမိပတယ်။ တိုင်းပြည်အတွက် လွတ်လပ်ပြီး ဒီမိုကရေစီအနာဂတ်အတွက် တိုက်တွန်းနေသော သန်းပေါင်းများစွာသော မြန်မာလူမျိုးများကို ချိတ်ဆက်ကာ စည်းရုံးနိုင်တဲ့ cryptocurrency ရဲ့ မှတ်ကြောက်တင်နိုင်သော ဇာတ်ကြောင်းတစ်ခုဖန်တီးနိုင်ဖို့ လိုပါတယ်။ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဗင်နီဇွဲလားတို့ကဲ့သို့ ကမ္ဘာတစ်ဝှမ်းတွင် လျင်မြန်သော crypto မွေးစားနှုန်းထားရှိတဲ့ နိုင်ငံများရဲ့ ကိစ္စများကို စူးစမ်းကြည့်သောအခါ ဖြေရှင်းနိုင်တဲ့ ဘုံစိန်ခေါ်မှုများထဲမှ တစ်ခုကတော့ ပင်လယ်ရပ်ခြား ငွေလွှဲမှုပြဿနာဖြစ်ပါတယ်။ မြန်မာနိုင်ငံနှင့် အဆိုပါနိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်သူ့ဘဏ္ဍာရေးဝန်ဆောင်မှုများ ညံ့ဖျင်းမှု၊ ပြည်ပသို့ ငွေလွှဲခြင်းအပေါ် စီးပွားရေးမှီခိုနေရမှုစတဲ့ပြဿနာများကို နေ့ချင်းညချင်း ဖြေရှင်လို့တော့မရပါဘူး။ နိုင်ငံရပ်ခြားငွေလွှဲမှုဆိုင်ရာပြဿနာကိုဖြေရှင်းခြင်းကလည်း crypto တော်လှန်ရေးခရီးကိုအရှိန်မြှင့်ဖို့အတွက်အချက်တစ်ချက်ဖြစ်ပါတယ်။ နိုင်ငံတစ်ကာမှ အကူအညီများက်ို အလွယ်တကူလက်ခံရရှိနိုင်မည့်အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်
ဒစ်ဂျစ်တယ်ပညာတတ်မြောက်မှုက ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုအတွက် ရှေးရိုးအတားအဆီးတစ်ခုဖြစ်နေပါတယ်။ စစ်အာဏာရှင် သန်းရွှေခေတ်တုန်းက ယနေ့ခေတ်ကာလမှာ အလကားနီးပါးရနေတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို သိန်း ၃၀ ဝန်းကျင် အထိပေးပြီးမှသာလျှင် ဝယ်ယူရရှိနိုင်ပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့ အတွက် တခြား နိုင်ငံတကာမှာ အင်တာနက်တွေ အလွယ်တကူ အသုံးပြုလို့ရနေချိန်မှာ မြန်မာနိုင်ငံမှာ အင်တာနက်ကို အလွယ်တကူ သုံးစွဲမရအောင် ကန့်သက်ထားပါတယ်။ စစ်တမ်းတချို့ရဲ့ ဖော်ပြချက်အရ အဲ့ဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုမှု ရာခိုင်နှုန်းဟာ မြောက်ကိုရီးယားနိုင်
ငံထက်တောင်နည်းတယ်လို့ ဆိုထားပါတယ်။ ဒီလို နည်းပညာတွေကို ပိတ်ဆို့မှုကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် ဝန်းကျင် မြန်မာနိုင်ငံ အင်တာနက်ခေတ်ဦး ကာလမှာ အင်တာနက် အသုံးပြုတာကို ညစ်ညမ်းရုပ်ရှင်
ကြည့်တဲ့နေရာ၊ ချစ်သူရည်းစားရှာတဲ့နေရာလို့ လူအများစုက ထင်မှတ်မှားကြပါတယ်။ နောက်ပိုင်း နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ Telenor နဲ့ Ooredoo လုပ်ငန်းကြီးတွေ ဝင်ရောက်လာ
တဲ့ အချိန်မှာတော့ ကျေးလက်၊ မြို့ပြ အလျှင်အမြန် ဆက်သွယ်လာနိုင်ခဲ့ပြီး ပညာရေး၊ ဗဟုသုတ နဲ့ အသိအမြင်တွေကို ဖုန်းပေါ်ကနေ အလွယ်တကူ ဖလှယ်လာနိုင်ခဲ့ပြီး ကမ္ဘာ့ အင်တာနက် အသုံးပြုသူ တိုးတက်မှု အမြန်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။
👍13🔥1🤮1
​​Bitcoin , Cryptocurrency နှင့် မြန်မာ့တော်လှန်ရေး
=============

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/Bitcoin.MM.Initiative

ကမ္ဘာ့ဘဏ်က နှစ်စဉ် ၁၈ ရာခိုင်နှုန်း ကျုံ့သွားတယ်လို့ ခန့်မှန်းထားတဲ့ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဟာ ဆိုးရွားစွာ ပျက်စီးခဲ့ပါတယ်။ ဘဏ်လုပ်ငန်းစနစ်နှင့် စစ်တပ်က ထိန်းချုပ်ထားသော ငွေကြေးစနစ်အပေါ် ပြည်သူများက ယုံကြည်မှု လျော့နည်းလာတာတွေကြောင့်ငွေကြေးဈေးကွက်ဟာ ဆုတ်ယုတ်သွားခဲ့ပါတယ်။ 

မြန်မာကျပ် (MMK) မှ အမေရိကန်တစ်ဒေါ်လာ (USD) ငွေလဲနှုန်းဟာ 2021 ခုနှစ် စက်တင်ဘာလအထိ ၂၂၀၀ ကျပ်အောက်တွင် တစ်ချိန်လုံးရှိခဲ့ပြီး အာဏာမသိမ်းမီ ဖေဖော်ဝါရီတွင် ၁၃၃၀ ရှိရာမှ 2021 ခုနှစ်စက်တင်ဘာလတွင် ကျဆင်းခဲ့ပါတယ်။ အင်တာနက်ပိတ်ထားတာကြောင့် ATM စက်များ ချွတ်ယွင်းကာ ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူများဟာ အကြာကြီး တန်းစီရပါတယ်။ 

မြန်မာ့ငွေကြေးဟာ 2021 ခုနှစ် စက်တင်ဘာလမှာ ၆၀ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း စစ်အစိုးရဆန့်ကျင်ရေးအုပ်စုများကို မိုဘိုင်းဘဏ်တို့မှ ဖုန်းနံပါတ်များကို ခြေရာခံပြီး စောင့်ကြည့်ဖမ်းဆီးနေခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကြောက်မက်ဖွယ်ကောင်းသော ဘဏ္ဍာရေးအခြေအနေမှ လွတ်မြောက်ဖို့ အစားထိုးငွေကြေးအဖြစ် cryptocurrencies၊ Bitcoin ကို အစားထိုးခဲ့ပါတယ်။ ယခုအခါ Bitcoin နှင့် Cryptocurrency ဟာ မြန်မာနိုင်ငံရဲ့တော်လှန်ရေးမှာ ဖိနှိပ်မှုနှင့် ခုခံမှု နှစ်ဖက်စလုံးတွင် စိတ်ဝင်စားဖွယ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ 

Bitcoin နှင့် Cryptocurrency က ကျဆင်းနေသော စီးပွားရေးကြောင့် ဖြစ်ပေါ်လာသော ပြည်သူများရဲ့ နေ့စဉ်ဘဏ္ဍာရေးဆိုင်ရာ ရုန်းကန်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အကူ ဖြစ်လာပါတယ်။ စစ်အစိုးရနှင့်အပြိုင်အစိုးရ ဖြစ်သော NUG ဟာ cryptocurrency ကိုအာရုံစိုက်ခဲ့ပါတယ်။ NUG ကပျက်စီးနေသောစီးပွားရေးကို ဒစ်ဂျစ်တယ်ငွေကြေးနှင့် ကုစားရန်၊ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် နှင့် နောက်ပိုင်းတွင် လက်ရှိငွေကြေးကို နိုင်ငံတော်မှ ခွဲထုတ်ရန်၊ အခမဲ့နှင့် လုံခြုံသောငွေကြေးထောက်ပံ့မှုလမ်းကြောင်းများကို သေချာစေဖို့ အခြားအခြားသော သီးခြားလွတ်လပ်သောငွေကြေးကို ထူထောင်ဖို့ကြိုးပမ်းနေပါတယ်။ 

Freeman Law ‌ရဲ့ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် အထူးသဖြင့် Cryptocurrency နှင့်ပတ်သက်ပြီးခိုင်မာသောမူဝါဒ နှင့် စည်းမျဉ်းစည်းကမ်းများ မရှိသေးပါဘူး။ Cryptocurrencies နှင့်ပတ်သတ်ပြီးတော့အချိူ့သောဥပဒေများကိုတော့ဖော်ပြခဲ့ပါတယ်။ အများအားဖြင့်ဟာတွေကတော့ တားမြစ်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ 2019 ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ Bitcoin (BTC)၊ Litecoin (LTC)၊ Ethereum (ETH) နှင့် Perfect Money (PM) စတဲ့ cryptocurrencies များကို ပိတ်ပင်လိုက်ကြောင်းကြေညာခဲ့ပြီး ကိုင်ဆောင်တဲ့သူများအားလုံးက ငွေကြေးဆိုင်ရာ ဥပဒေများနှင့် အပြစ်ပေးခံရမှာဖြစ်ကြောင်းလည်းဖော်ပြခဲ့ပါတယ်။ 

2022 ခုနှစ် ဒီဇင်ဘာလတွင် NUG အစိုးရက တရားဝင်ငွေကြေးအဖြစ် Tether ကြေငြာချက်ကို တုံ့ပြန်တဲ့အနေဖြင့် SAC (နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ) က Cryptocurrency ကိုအသုံးပြုပြီး ရာဇ၀တ်မှုကျူးလွန်မှုများးနှင့်ပတ်သတ်တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့ပါတယ်။ မကြာသေးမီက NUG အစိုးရက DMMK (Digital Myanmar Kyats) ဟုခေါ်သော cryptocurrency ကို ထူထောင်ပြီး အသုံးပြုရလွယ်ကူသော မိုဘိုင်းပိုက်ဆံအိတ် NUG Pay ကိုလည်း တီထွင်ခဲ့တာကို ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ crypto ပေါ်လစီက အစပိုင်းအဆင့်တွင်ရှိနေဆဲဖြစ်ပြီး cryptocurrencies အတွက် ရည်ညွှန်းထာကောင်းမွန်သောမူဝါဒအကောင်အထည်ဖော်မှုများကတော့ နည်းပါးနေစဲဖြစ်ပါတယ်။ 

အရေးကြီးသောအမှန်တရားတစ်ခုမှာ crypto နှင့်ပတ်သက်တဲ့အရာအားလုံးက ယုံကြည်စိတ်ချရပြီးအနှောက်အယှက်ကင်းသော အင်တာနက်ချိတ်ဆက်မှုပေါ်တွင် အခြေခံအားဖြင့် မူတည်ပါတယ်။ အခုချိန်မှာ အထူးသဖြင့် အင်တာနက်ချိတ်ဆက်မှုမှာ ယခုအချိန်အထိ အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ စစ်တပ်မှ ဆက်တိုက်အင်တာနက်ပိတ်မှုများက မြန်မာနိုင်ငံ cryptoတော်လှန်ရေးအတွက်အဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်က ပြစ်ဒဏ်ခတ်သော ဆိုက်ဘာဥပဒေများ၊ ဆင်းမ်ကတ်များအပေါ် အခွန်ကောက်ခံမှုနှင့် အခြားသော ဒစ်ဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာ လုပ်ဆောင်ချက်များက ဆက်သွယ်ရေးဝန်ဆောင်မှုများအတွက် မြင်သာထင်သာသော အခက်အခဲတွေ ဖြစ်စေပါတယ်။
👍11🔥1🤮1
This media is not supported in your browser
VIEW IN TELEGRAM
ဘယ်ဘက်လက်သူကြွယ်မှာ လက်စွပ်ဝတ်ထားတာကြောင့်
စေ့စပ်လိုက်တာလားဆိုပြီး မေးခွန်းထုတ်ခံလိုက်ရတဲ့ ထိုင်းမင်းသမီး Mai Davika

Full Video Link - https://youtu.be/rNbypy9X6qE

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍6🔥1
​​စင်ကာပူတွင် နှစ် ၂၀ အတွင်း ပထမဆုံးအဖြစ် အမျိုးသမီး ၁ ဦးအား သေဒဏ်ပေးကွပ်မျက်
===================

စင်ကာပူနိုင်ငံတွင် နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအဖြစ် မူးယစ်ဆေးဝါး ကုန်ကူးမှုဖြင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား သောကြာနေ့တွင် သေဒဏ်ပေးကွပ်မျက်လိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။

သေဒဏ်အပြစ်ပေးခြင်းသည် ရာဇဝတ်မှုများအပေါ် ဟန့်တားနိုင်သည်ဟု သက်သေမရှိကြောင်း ငြင်းဆိုထားသည့် လူ့အခွင့်အရေးအုပ်စုများမှ မေတ္တာရပ်ခံနေသည့်ကြားမှ ယခု သေဒဏ်ကို စီရင်လိုက်ခြင်းပဲ ဖြစ်သည်။

“ဆာရီဒီဝီ ဘင်တီ ဂျာမာနီကို ၂၀၂၃ ဇူလိုင် ၂၈ ရက်မှ သေဒဏ်ပေးလိုက်ပါတယ်”ဟု ဗဟိုမူးယစ်ဆေးဝါးဗျူရို၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သူသည် ဘိန်းဖြူ ၃၀ ဒသမ ၇၂ ဂရမ်ခန့်ကို မှောင်ခိုကုန်ကူးခြင်းကြောင့် သေဒဏ်ချမှတ်ခံရခြင်း ဖြစ်ကာ စင်ကာပူတွင် သေဒဏ်ပေးနိုင်သော ဘိန်းဖြူပမာဏ၏ နှစ်ဆကျော် ရှိခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်က ပြစ်ဒဏ်ချထားသည့် ဂျာမာနီသည် “ဥပဒေအောက် စီရင်ခြင်းကို အပြည့်အဝ သဘောတူပြီး တရားစီရင်မှု လုပ်ငန်းစဉ်တစ်လျှောက် ဝတ်လုံတော်ရရှေ့နေများက ကိုယ်စားပြု အမှုလိုက်လံပေးခဲ့ကြောင်း” ဗျူရိုက ပြောသည်။

“သူ့ရဲ့ စီရင်ချက်နဲ့ ပြစ်ဒဏ်ကို သူက အသနားခံစာ တင်ထားတယ်၊ ၂၀၂၂ အောက်တိုဘာ ၆ ရက်မှာ သူ့ အသနားခံစာကို အယူခံရုံးက ပယ်ချခဲ့တယ်”ဟု ဗျူရိုက ပြောပြီး သမ္မတထံ သက်ညှာခွင့် လျှောက်ထားခြင်းကိုလည်း ပယ်ချခံရကြောင်း ဖြည့်စွက်ဆိုသည်။
ဂျာမာနီသည် ၂၀၀၄ ခုနှစ်မှနောက်ပိုင်းတွင် စင်ကာပူ၌ သေဒဏ်ပေးခံရသည့် ပထမဆုံး အမျိုးသမီးပဲ ဖြစ်ကြောင်း၊ ၂၀၀၄ ခုနှစ်က ယန်မေဝန်းဆိုသည့် အမျိုးသမီးကို မူးယစ်ဆေးဝါး ကုန်ကူးမှုဖြင့် သေဒဏ်ပေးခဲ့ကြောင်း စင်ကာပူအကျဉ်းဦးစီးဌာနက အေအက်ဖ်ပီသို့ အီးမေးလ်မှတစ်ဆင့် ပြောသည်။

ယန်းသည် အသက် ၃၆ နှစ်အရွယ် ဆံပင်ညှပ်သူတစ်ဦးဖြစ်ကြောင်း မီဒီယာသတင်းများအရ သိရသည်။

COVID-19 ကပ်ဘေးအတွင်း နှစ်နှစ်တာ ရပ်ဆိုင်းထားသော သေဒဏ်စီရင်ခြင်းကို ၂၀၂၂ မတ်လတွင် အစိုးရက ပြန်လည်ကျင့်သုံးချိန်မှစပြီး သောကြာနေ့က ဂျာမာနီအား သေဒဏ်ပေးခြင်းသည် ကြိုးစင်သို့ ၁၅ ယောက်မြောက် အကျဉ်းသားအဖြစ် ပို့ဆောင်ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဌာနေအမျိုးသား အသက် ၅၇ နှစ်ရှိသူ မွတ်အဇစ်ဘင်ဟူစိန်ဆိုသူကို ဘိန်းဖြူ ၅၀ ဂရမ်ခန့် ကုန်ကူးမှုဖြင့် သေဒဏ်ပေးခဲ့သည်။
👍6🔥1
​​လားရှိုးက တရုတ်စီးပွားရေးသမား အပါအဝင် လုပ်ငန်းရှင် ၃ ဦး ဖမ်းဆီးခံရ
==================

007
(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က တရုတ်စီးပွားရေး လုပ်ငန်းရှင် တစ်ဦး အပါအဝင် လုပ်ငန်းရှင်သုံးဦးနှင့် ယာဉ်မောင်း တစ်ဦးကို မန္တလေး- လားရှို့ကားလမ်း တစ်နေရာတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

၎င်းတို့သည် လားရှိုးမြို့မှ မန္တလေးမြို့သို့ ကားမောင်းထွက်လာစဉ် ကားလမ်းတစ်နေရာ၌ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

“ကုန်မာပစ္စည်းရောင်း၀ယ်ရေး လုပ်ငန်းရှင်သုံးယောက်နဲ့ သူတို့ရဲ့ကားသမားတစ်ယောက်၊ စုစုပေါင်းလေးယောက် ဖမ်းဆီးခံရတယ်၊ မန္တလေးသွားတဲ့လမ်းမှာ လက်နက်ကိုင် အဖွဲ့တစ်ခုက ဖမ်းသွားတယ်လို့ပဲ သိထားကြတယ်၊ ပြန်ပေးဆွဲခံရတာလိုလို ဘာလိုလို သတင်းလည်း ထွက်နေတယ်” ဟု လားရှိုးမြို့သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူ လေးဦးမှာ သွပ်ပြားစက်ရုံပိုင်ရှင် ဦးကျော်ဝင်း၊ ကုန်မာဆိုင်ပိုင်ရှင် ဦးမွတ္တား၊ ကုန်တိုက်ပိုင်ရှင်လည်းဖြစ် တရုတ်စီးပွားရေး လုပ်ငန်းရှင် (အမည်စုံစမ်းဆဲ) နှင့် ၎င်းတို့၏ ယာဉ်မောင်းတို့ ဖြစ်ကြသည်။

“အိမ်ကနေထွက်ပြီး တစ်နာရီလောက်အထိ အဆက်အသွယ်ရသေးတယ်၊ နောက်ပိုင်းမရတော့ဘူး၊ နောက်တော့ ဦးမွတ္တားတို့ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့သတင်း သူ့မိသားစုဆီကနေသိရတယ်” ဟု ဖြစ်စဉ်သိရှိသည့်ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ လုပ်ငန်းရှင် သုံးဦးနှင့် ယာဉ်မောင်းတစ်ဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင် သွားသည်ကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့တို့တွင် ခိုးမှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက တွေ့ရသည့် လားရှို့မြို့မြင်ကွင်း

#လားရှိုး
#လုပ်ငန်းရှင်အဖမ်းခံရ
#မူဆယ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1
​​ကပ်ရောဂါကာလအလွန် စီးပွားရေး ပြန်လည် နာလန်ထမှု အားနည်းသည့် တရုတ်ထက် အိန္ဒိယ၏ အလားအလာ ကို IMF က ပိုမို မျှော်လင့်
====================

ANI
အိန္ဒိယ စီးပွားရေးအခြေအနေသည် ပိုမိုကောင်းမွန်လာဖွယ်ရှိကြောင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှု အနည်းငယ် မြင့်တက်လာသည့်အချက်ကို ကိုးကား၍ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ထုတ်ပြန်လိုက်ပြီး ကပ်ရောဂါကာလအလွန်တွင် တရုတ် ပြန်လည်နာလန်ထမှုမှာ နှေးကွေးသွားကြောင်း သတိပေးလိုက်သည်ဟု Nikkei Asia က ဖော်ပြသည်။

IMF ၏ ဇူလိုင် အတွက် ကမ္ဘာ့စီးပွားရေးမျှော်မှန်းချက် အရ အိန္ဒိယသည် ယခုနှစ်တွင် စီးပွားရေး တိုးတက်မှု ၆ ဒသမ ၁ ရာခိုင်နှုန်း ဖြင့် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးဖြစ်နေဆဲဖြစ်ပြီး ဧပြီလ ခန့်မှန်းချက်မှ ၀ ဒသမ၂ ရာခိုင်နှုန်း အထိ တိုးလာသည်။

ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ ၆ ပုံ ၁ ပုံခန့်ကို အိန္ဒိယက ပံ့ပိုးပေးမည် ဟု IMF က ခန့်မှန်းထားသည်။ ခိုင်မာသော ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှ ၂၀၂၂ အထိ မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းလာကြောင်း Nikkei Asia က ဇူလိုင် ၂၅ တွင် ထုတ်ပြန်သည်။

တရုတ်သည် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ဒုတိယအတိုးတက်ဆုံး အဖြစ် ၅ ဒသမ ၂ ရာခိုင်နှုန်း ရှိလာမည် ဖြစ်သော်လည်း ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် နာလန်ထမှု နှေးကွေးနေကြောင်း IMF က ဖော်ပြသည်။

IMF က ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှုန်း ကို ၃ ရာခိုင်နှုန်း မျှော်မှန်းခဲ့ရာတွင် ဧပြီ မှ စ၍ ၀ ဒသမ ၂ ရာခိုင်နှုန်း အထိ တက်လာသော်လည်း ၂၀၂၂ ခုနှစ်တွင် မှတ်တမ်းတင်ထားသည့် ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မှုထက် လျော့နည်းနေသေးသည်။

IMF က စွန့်စားရမှုများကြောင်း အသိအမှတ်ပြုထားသော အိမ်ခြံမြေလုပ်ငန်းကို ကူညီပေးရန် တရုတ်ပေါ်လစ်ဗျူရိုက အရိပ်အမြွက်ပြောပြီး နောက်တစ်နေ့တွင် ယခုကဲ့သို့ သတင်းအချက်အလက် များ ထွက်ပေါ်လာခြင်းဖြစ်သည်။ "တရုတ်က စီးပွားရေးပြန်ဖွင့်ပြီးနောက် ပြန်လည်နာလန်ထူလာမှု နှေးကွေးသွားတဲ့ အရိပ်အယောင်တွေ ပြသနေပြီး အိမ်ခြံမြေကဏ္ဍနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်တယ်” ဟု IMF မှ စီးပွားရေးပညာရှင် ပီးယား အိုလီဗီယား ဂူရင်းချက်စ် က ပြောကြားသည်။

အိမ်ခြံမြေပြဿနာများအပြင် ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်းကြောင့် တရုတ်ကုန်ပစ္စည်းဝယ်လိုအား လျော့နည်းလာ၍ တိုးတက်မှု အလားအလာကို ပိုမိုကျဆင်းစေသည်။

"အထူးသဖြင့် ကြိုတင်ရောင်းချထားတဲ့ အိမ်ခြံမြေတွေကို မိသားစုတွေကို ပေးအပ်လိုက်တာက သူတို့ကို ပိုပြီး ပံ့ပိုးကူညီ ရာ ရောက်တယ်။ အဲ့လိုလုပ်တာက အမှန်တကယ်ယုံကြည်မှုတွေကို မြှင့်တင်နိုင်ပြီး ပြည်သူတွေရဲ့ သုံးစွဲမှုတွေကို ပိုမိုအားကောင်းစေလာမယ်။ ဒေသတွင်း အတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှု တွေ အမှန်တကယ်ဖြစ်လာနိုင်တယ်" ဟု IMF သုတေသန ဌာနမှ လေ့ဖ် က ပြောသည်။

အဆင့်မြင့် စီးပွားရေး ကဏ္ဍများ တိုးတက်မှု နှေးကွေးနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအတွက် ယခုနှစ်အတွင်း အထူးသဖြင့် အာရှရှိ ထွန်းသစ်စနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် မောင်းနှင်အား ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း IMF က ဖော်ပြခဲ့သည်။

IMF သည် ယခုနှစ် အာရှတွင် ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေး တိုးနှုန်း ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးလာရန် လျာထားပြီး ၂၀၂၂ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အာဆီယံ ၅ နိုင်ငံ ဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းတို့ သည် ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသည်။

ထို့အတူ အမေရိကန်သည် ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၁ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်လင့်ရပြီး အီးယူ နိုင်ငံများ သည် ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၀ ဒသမ ၉ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ယခုနှစ်တွင် ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးလာရန် မျှော်မှန်းထားပြီး ၎င်းသည် ၂၀၂၃ တွင် အဆင့်မြင့် စီးပွားရေး ကဏ္ဍများထဲမှ တစ်ခု တိုးတက်လာနိုင်မည် ဟု မျှော်လင့်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ် - ၁၉ ကျန်းမာရေး အရေးပေါ်အခြေအနေ ပြီးဆုံးသွားပြီဟု ကြေညာထားပြီး စီးပွားရေးလုပ်ငန်းများသည် ခန့်မှန်းထားသည်ထက် ပိုမိုကောင်းမွန်လာ၍ အမေရိကန်နှင့် ဆွစ်ဇာလန် တွင် အလျှင်အမြန် ကြိုးစား လုပ်ဆောင်မှုကြောင့် ဘဏ်လုပ်ငန်း အကျပ်အတည်း အပေါ် စိုးရိမ်မှုများ လျော့ကျသွားခဲ့ ကြောင်း IMF က ဧပြီ တွင် ထုတ်ပြန်သည်။

"ဒါပေမယ့် ယခင် စံနှုန်း တွေ အရဆိုရင် တိုးတက်မှုနှုန်းက နိမ့်ကျနေသေးတယ်။ အချို့ ဆိုးရွားတဲ့ စွန့်စားရမှု အန္တရာယ် တွေက နေ အတိုင်းအတာတစ်ခုအထိ လျော့ကျသွားပေမယ့် အကျဘက်ကို ဟန်ချက်က စောင်းနေသေးပြီး ဂုဏ်ပြုရန် စောလွန်းသေးတယ်" ဟု ဂူရင်းချက်စ် က ပြောကြားခဲ့သည်။
👍5🔥1
Media is too big
VIEW IN TELEGRAM
👉 သူမရဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ထုတ်ပြလာတဲ့ ကိုရီးယားမင်းသမီး Uhm Jung-hwa

Full Video Link - https://youtu.be/rNbypy9X6qE

#entertainmentnews
#celecity #mizzimaplus
#internationalnews #reels #shorts
👍4🍌1
​​ရေစကြိုမှာ လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်
=====================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ရေယာဉ်တန်းကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ဆိုသည်။

“ တပ်မ (၁၀၁)က စစ်သားတွေနဲ့ ဆင်ချောင်းက ပျူတွေ အင်အား ၂၀ လောက်နဲ့ စစ်သင်္ဘော ငါးစီးကို ကာဗာပေးပြီး အပြန်မှာ ငါးလုံးတွဲမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ နှစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာ ရတယ်လို့ သိရတယ်” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူက ပြောသည်

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပြန်လည်ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိကြောင်း ရေစကြို ပကဖ ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒဏ်ရာရရှိသည့် ၎င်းတို့၏တပ်ဖွဲ့ဝင်များအား ဆင်ချောင်းကျေးရွာအတွင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဥ် ငါးစီးသည် ပခုက္ကူမြို့မှ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီးနောက် ချင်းတွင်းမြစ်အတွင်းသို့ ဝင်ရောက်ကာ အထက်သို့ ဆန်တက်လာနေခြင်းဖြစ်ကြောင်း ရေစကြို ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ရေစကြိုမြို့နယ်ရှိ ရှင်မတောင် တောင်ပေါ်တပ်စခန်းသို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် သုံးဦးသေဆုံးသွားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ - Wetlet Information Network
ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် စစ်ရေယာဉ်တန်းကိုတွေ့ ရစဉ်

ပုံဟောင်း
#mizzima
#ရေစကြိုမြို့နယ်
#ချင်းတွင်းမြစ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤7👏3😁2
​​ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းများအားလုံး လွတ်မြောက်ရန်နှင့် တိုင်းရင်းသားရေးရာကော်မတီ တိုးချဲ့ဖွဲ့စည်းရန် NLD လုပ်ဆောင်မည်
========================

မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးကျဉ်းသားများအားလုံး အမြန်လွတ်မြောက်ရန် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ကြိုးပမ်းမည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

ဇူလိုင် ၂၉ ရက် နံနက် ၉ နာရီတွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလ ဒုတိယအကြိမ် အစည်းအဝေးကို Zoom မှတစ်ဆင့်ကျင်းပရာ ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု အလေးအနက် ယုံကြည်သဖြင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု NLD ဗဟိုအလုပ် ကော်မတီက ထုတ်ပြန်သည်။

ထို့ပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုင်းရင်းသားရေးရာ ကော်မတီကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စသည့်အချက်များ အပါအဝင် ဆုံးဖြတ်ချက် ခုနစ်ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ဗဟိုအလုပ်ကော်မတီ အစည်းအဝေးကို NLD သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုကော်မတီဝင် ၄၄ ဦး၊ အရံဗဟိုကော်မတီဝင် ၁၀ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် ၂၀ ဦး၊ ဗဟိုရေးရာကော်မတီများမှ ၁၈ ဦး စုစုပေါင်း ၉၂ ဦး တက်ရောက်ခဲ့သည်ဟု NLD က ထုတ်ပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဗဟိုအလုပ်ကော်မတီ
#အစည်းအဝေး
#NLD
#တိုင်းရင်းသား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤4🔥1
This media is not supported in your browser
VIEW IN TELEGRAM
👉 အနုပညာသာမက စီးပွားရေးမှာပါ အောင်မြင်မှု ရရှိလာတဲ့ အဆိုတော် Selena Gomez

Full Video Link - https://youtu.be/rNbypy9X6qE

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
👍2🍌1
ကနီမြို့နယ် စစ်ရှောင် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေ
🔥5💊4😢1
ကနီမြို့နယ် စစ်ရှောင် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေ
====================

KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တွင် စစ်ကောင်စီ စစ်ကြောင်းများကြောင့် တိမ်းရှောင်နေရသည့် ကလေးငယ် အချို့ဖျားနာပြီး ဆေးဝါးလိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ဦးဆောင်သူက ပြောကြားသည်။

"ကလေးတွေမှာဖျားနာတာ အဖြစ်များတယ်။ အဓိကတော့ ဆေးဝါးလိုတယ် ။ ဘယ်အဖွဲ့က ဘာထောက်ပံ့ထားလို့ လုပ်နေတာမဟုတ်ပါဘူး။ ဟိုအလှူရှင် ဒီအလှူရှင်က နည်းနည်းစီ လှူတာလေးတွေ ဆေးဝယ် စုဆောင်းပြီးမှ ဆေးဝါးဝယ်ပြီး ကိုယ်တိုင်ပဲ ရပ်တည်နေကြတာ" ဟု ကနီမြို့နယ်သပိတ်အင်အားစု ဦးဆောင်သူက မဇ္ဈိမကို ပြောသည်။

စစ်ဘေးရှောင်များသည် ရာသီအကူးအပြောင်းကြောင့် နှာစေးဖျားနာခြင်း၊ ယားနားပေါက်ခြင်းများ ဖြစ်နေကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂၉ရက်တွင် စစ်ရှောင် ၆၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာမှ ကလေးငယ်များ ဖျားနာနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင် ကနီမြို့နယ် တောတွင်းတစ်နေရာ စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူ ၈၆ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်ခဲ့ကြောင်း
ကနီမြို့နယ် သပိတ်အင်အားစု ဦးဆောင်သူက ပြောကြားသည်။

ဓာတ်ပုံ - ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ပေးပို့)
(ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသည့် ကနီမြို့နယ်စစ်ရှောင်များ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍3🔥2💊2