Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပုသိမ်ကြီးတွင် ချောင်းထဲ ရေနစ်သူ ၂ ဦး အနက် ၁ ဦးအလောင်းတွေ့၊ ကျန်သူအား ရှာဖွေဆဲ
😢6👍2🔥1
ပုသိမ်ကြီးတွင် ချောင်းထဲ ရေနစ်သူ ၂ ဦး အနက် ၁ ဦးအလောင်းတွေ့၊ ကျန်သူအား ရှာဖွေဆဲ
======================

007
မဇ္စျိမ ။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာမြောက်ဘက်ရှိ ချောင်းဝဲချောင်းတွင် ဆယ်ကျော်သက် လူငယ်အမျိုးသားနှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးပြီး တစ်ဦးအလောင်းကိုသာ ပြန်ရှာတွေ့သေးကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ သြဂုတ်လ ၃ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်မြေခံ လူမှုပရဟိတအသင်းများက သွားရောက်ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ကျန်တစ်ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။

"သူငယ်ချင်းနှစ်ယောက် ရေဆင်းချိုးကြရင်း နှစ်ယောက်စလုံးရေနစ်ကြတာဗျ။ မနေ့က ညနေလောက်ကတည်းက မိုး သည်းသည်းမည်းမည်းရွာထားတော့ ချောင်းထဲရေပြည့်နေချိန်မှာ နှစ်ယောက်စလုံးနစ်ကြတာ။ တစ်ယောက်ကအလောင်းပြန်တွေ့တယ်။ တစ်ယောက်က တော့မတွေ့သေးဘူး" ဟု ၎င်းက ပြောသည်။

ရေနစ်သူနှစ်ဦးမှာ ၁၉ နှစ်အရွယ် မောင်အောင်မျိုးနိုင်နှင့် မောင်ကောင်းမြတ်သော် ဖြစ်ပြီး ကယ်ဆယ်ရေးစတင်လုပ်ဆောင်ပြီး ၁၅ မိနစ်အကြာတွင် မောင်အောင်မျိုးနိုင်၏ ရုပ်အလောင်းကို ပြန်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

" ရှာဖွေ ကယ်ဆယ်ရေးစလုပ်ပြီး ၁၅ မိနစ်လောက်မှာ မောင်အောင်မျိုးနိုင်ရဲ့အလောင်းပြန်တွေ့တယ် ။ နောက်တော့ တအားမိုးချုပ်လာလို့ ည ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ရှာဖွေရေးခေတ္တရပ်ခဲ့တယ်" ဟု ရှာဖွေကယ်ဆယ်ရေးတွင်ပါ၀င်ခဲဲ့သူက ပြောသည်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ရွှေမန္တလေးလူမှုကယ်ဆယ်ရေးအဖွဲဲ့၊ ထာ၀ရလူမှု ကယ်ဆယ်ရေးအဖွဲ့၊ ဧရာ၀တီလူမှုကယ်ဆယ်ရေးအဖွဲ့၊ အနန္တမေတ္တာလူမှုကူညီရေးနှင့်ပရဟိတအသင်း၊ ပုသိမ်ကြီးမြို့နယ် အရန္မီး သတ်တပ်ဖွဲ့ (ရန်ကင်း-၃)၊ မဏီစလလူမှု/နာမှုကူညီရေးအသင်း၊ ဖေးကူလက်များလူမှု/နာမှုကူညီရေးအသင်းနှင့် မိုဃ်းကောင်းယသ နာမှုကူညီရေးအသင်းတို့ ပူးပေါင်း ကူညီရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
စာအညွှန်း- ရေနစ်သူနှစ်ဦးအား ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေသည့် ပရဟိတ အဖွဲ့ဝင်များ ( ဓာတ်ပုံ- မိုဃ်းကောင်းယသနာမှုကူညီရေးအသင်း)

#Mizzima
#ရေနစ်
#ချောင်းဝဲချောင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢3🔥1
​​Beast
========

ဒီဇာတ်ကားကတော့ 2022 ခုနှစ်အတွင်းထွက်ခဲ့တဲ့ မင်းသားကြီး ဗီဂျေးရဲ့ အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကိုလုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက် အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့ သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်...

တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကို စိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကို အကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့ မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ် ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက် အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီး ကယ်လို့မရဘူးဖြစ်နေတယ်...

အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာ
သိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ် ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာ တစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေအများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦး....

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၄.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၅.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍5
​​ရေစကြိုတွင် ကာကွယ်ရေးတပ်ဖွဲ့ချင်းပစ်ခတ်မှု မြင်းခြံခရိုင်တပ်ရင်း(၅)ဒုတပ်ရင်းမှူးသေဆုံး
========================

မဇ္ဈိမ။ ။ရေစကြိုမြို့နယ်တွင် ယနေ့နံနက်က ဖြစ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုအတွင်း မြင်းခြံခရိုင်တပ်ရင်း(၅)ဒုတပ်ရင်းမှူး သေဆုံးကာ တင်းမာမှုဆက်မဖြစ်စေရေး ‌ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

ပစ်ခတ်မှုသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကန်ဦးရွာစာသင်ကျောင်းအနီးတွင် ယနေ့ ဩဂုတ်လ ၄ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ၊ မြင်းခြံခရိုင်တပ်ရင်း(၅)ဖြစ်သော MG 6 ပြောက်ကျား တပ်ဖွဲ့ကို ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က စတင်ပစ်ခတ်ရာမှ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ထိုတိုက်ခိုက်မှုတွင် MG 6 ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းသေဆုံးခဲ့ပြီး တစ်ဦးမက သေဆုံးနိုင်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မဇ္ဈိမကိုပြောသည်။

" ဗိုလ်ကျော်လင်းထွန်းက ဒုတပ်ရင်းမှူးပါ။ အခုထိကတော့ ဘယ်ကစဖြစ်တယ်၊ ဘယ်သူက မှားတယ်မသိရသေးဘူး။ ဗိုလ်ကျော်လင်းထွန်းကျတယ်လို့ အတည်ပြုနိုင်ပေမယ့် တစ်ဦးမကဘူးလို့လည်း ကြားနေရတယ်။ ဘယ်‌လောက်ကျဆုံးတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး "ဟု ၎င်းကပြောသည်။

ယနေ့ ညနေ ၃နာရီခန့်ရရှိသော သတင်းအရ ဗိုလ်ကျော်လင်းထွန်း၏ ရုပ်အလောင်းအား ရေလယ်ကျွန်းတပ်ပေါင်းစုနှင့်ပကဖများက မပေးဘဲ သိမ်းယူထားဆဲဖြစ်ပြီး မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံနှင့်အတူ ဒေသတွင်းတော်လှန်ရေးအင်အားစုများအားလုံးက ဝိုင်းဝန်းညှိနှိုင်း‌ပေးနေကြောင်း သိရသည်။

MG 6 ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကျော်လင်းထွန်းသည် အသက် ၂၆ နှစ်ခန့်ရှိပြီး မြင်းခြံမြို့ဇာတိ ဖြစ်သည်။ စစ်ကောင်စီအား တိုက်ခိုက်ရန်အတွက် ၂၀၂၁ ခုနှစ်အတွင်း MG 6 ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် MODလက်အောက်ခံ တပ်ရင်းအနေဖြင့် ဝင်ရောက်ပြီး တိုက်ပွဲများဖော်ဆောင်နေသူဖြစ်ကြောင်း ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဆိုသည်။
" ကျွန်တော်တို့နဲ့တော့ သိပ်အဆင်မပြေဘူး။ ဒါပေမယ့် ကိုယ့်အချင်းချင်းအခုလို ပစ်တာခတ်တာတော့ မကောင်းဘူး။ ကျွန်တော်တို့ကိုင်ထားတဲ့ သေနတ်တွေက စစ်တပ်ကိုပဲပစ်ရမှာ" ဟု မြင်းခြံမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါန်းဇွန်မြို့တို့တွင် (MOD)လက်အောက်ခံ တပ်ရင်း ရှစ်ခုရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ထက်မနည်း ရှိနေသည်။
တပ်ဖွဲ့အချို့သည် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ထိစပ်ရာဒေသဖြစ်သော ရေလယ်ကျွန်းဒေသတွင် ရှိနေသည်။ ဒေသတွင်း၌ MOD လက်အောက်ခံ တပ်ရင်းအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကြားတွင် အဆင်မပြေမှုများရှိနေပြီး NUGနှင့် MOD အနေဖြင့် အလျင်အမြန်ဖြေရှင်းပေးရန်လိုအပ်ကြောင်း ဒေသခံများနှင့်တော်လှန်ရေးအင်အားစုများက ဆိုသည်။

ယနေ့ဖြစ်ပွားခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုအတွက်လည်း တာဝန်ရှိသူများအားလုံးအနေဖြင့် ပြည်သူလူထုကို တောင်းပန်သွားမည်ဖြစ်‌ကြောင်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောသည်။
" ဒါတွေက မိတ်ဖက်ချင်းဖြစ်တဲ့ ပဋိပက္ခဖြစ်တဲ့အတွက် ဒီလိုမ‌ဖြေရှင်းသင့်ဘူး။ စားပွဲဝိုင်းမှာပဲ ဖြေရှင်းပြီး ပြေပြေလည်လည် ညှိနှိုင်းသင့်ပါတယ်။ အခု ဖြစ်ရပ်အတွက်လည်း ပြည်သူတွေကို တောင်းပန်ရမှာပါ" ဟု ၎င်းက ပြောသည်။

ယခုသတင်းအတွက် ရေလယ်ကျွန်းတပ်ပေါင်းစုနှင့် MG 6 ပြောက်ကျား တပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရသေးပေ။

စာတည်း - မောင်ကြီး
စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)
ဗိုလ်ကျော်လင်းထွန်း(ပုံဟောင်း)

#mizzima
#ရေစကြိုမြို့နယ်
#ရေလယ်ကျွန်း
#MG6ပြောက်ကျားတပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢16👍12🤬3👏2🔥1
​​PDFအဖွဲ့အစည်းများကြား ပဋိပက္ခများ ထိန်းညှိဖြေရှင်းရန် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ” ဖွဲ့စည်းထားဟု NUG ထုတ်ပြန်
================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများကြားရှိ ပဋိပက္ခများအား ထိန်းညှိဖြေရှင်းနိုင်စေရန် “ တိုင်ကြားမှုများဆိုင်ရာကော်မတီ ”ကို ဖွဲ့စည်းထားပြီးဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကော်မတီအား ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်တွင် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ပြီး လူထု၏အသက်၊ ဘဝ၊ ပိုင်ဆိုင်မှုများအား ကာကွယ်ရန်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု၊ တာဝန်ခံမှုယန္တရားများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် တိုင်ကြားမှုများဆိုင်ရာ ကော်မတီသည် တရားဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စစ်ဘက်စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးနိုင်မှု အားကောင်းလာစေရန်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများအကြားမှ ပဋိပက္ခများအား ထိန်းညှိဖြေရှင်းနိုင်စေရန်၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုနှင့် တာဝန်ခံမှု ယန္တရားများ အားကောင်းလာစေ၍ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိနိုင်စေရန်နှင့် ကာကွယ်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေကြသူများသည် သတ်မှတ်ထားသည့် ဥပဒေ၊ မူဘောင်၊ လုပ်ထုံးလုပ်နည်းများအတိုင်း စည်းစနစ်ကျနစွာ တာဝန်ထမ်းဆောင်စေရန်နှင့် သွေဖည်လွဲမှားပါကလည်း တာဝန်ယူမှုရှိစေရေး ထိန်းကျောင်းအပြစ်ပေး အရေးယူနိုင်စေရန် စသည့် အချက် လေးချက်အား ဦးတည်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“မြေပြင်မှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးအတွက် ကောင်းတဲ့ဘက်ကို ဖော်ဆောင်ပြီး ကောင်းတာလုပ်ပေးရင်တော့ ကောင်းတယ်။ ကျွန်တော်တို့စောင့်ကြည့်ရဦးမယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ ကောင်းမှသာလျှင် ကျွန်တော်တို့က လက်ခံနိုင်မယ်”ဟု မြင်းခြံမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအချင်းချင်းကြားထဲတွင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းမှာ မဖြစ်သင့်သည့် ကိစ္စရပ်များသာဖြစ်ပြီး လက်သင့်မခံနိုင်ကြောင်းနှင့် ဘုံရန်သူ စစ်အာဏာရှင်ကိုသာ ချေမှုန်းရမည်ဟုလည်း ၎င်းကပြောသည်။

လက်ရှိတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း၌ NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် LPDF များကြား ပြသနာအချို့လည်း ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

ယနေ့ ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်အစပ်တွင် မြင်းခြံခရိုင် PDF တပ်ရင်း(၅) MG-6 (မြင်းခြံ) တပ်ဖွဲ့နှင့် ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသမှ တော်လှန်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရှိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်စုံတရာထုတ်ပြန်ထားခြင်း မရှိသေးပေ။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း - တောင်ပိုင်းစစ်ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် သားများ(ဓာတ်ပုံ NUG-MOD)

#NUG
#PDF
#တော်လှန်ရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁5🤬2
သြဂုတ်လ( ၄ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ပဲခူးတိုင်း၊ ဖြူးမြို့နယ် သစ်ဖြူဆိပ်ကျေးရွာအနီးရှိ ကွန်းချောင်းတံတားကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA )က ဩဂုတ်လ ၄ ရက် မနက် ၂ နာရီလောက်မှာ မိုင်းခွဲလိုက်တဲ့သတင်းနဲ့အတူ စစ်တပ်ကနေ အရပ်ဘက် အသွင်ပြောင်းထားတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ဌာနမှူး ၁၄ ဦး ၊ ကော်မတီရုံး ရုံးအဖွဲ့မှူးတစ်ဦး နဲ့ ဒုဌာနမှူးတွေပါဝင်တဲ့ လူပုဂ္ဂိုလ် ၄၉ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမည်ပျက်စာရင်းသွင်းလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/A6bJFcrElbM

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥1😁1
သြဂုတ်လ (၄) ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=============================

-နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး စစ်ကောင်စီခန့် ဩစတြီးယားအခြေစိုက် ကုလဆိုင်ရာ မြန်မာသံအမတ်ဆွေးနွေးတဲ့ သတင်း

- ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို အရေးယူမယ်လို့ NLD ပြောတဲ့သတင်း

-မဟာဗျူဟာကျတဲ့ ပင်လယ်ကွေ့ကျွန်းများအနီး အီရန်အစောင့်တပ်တွေ စစ်ရေးလေ့ကျင့်မှုပြုလုပ် တဲ့သတင်း

-စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် ရော်ဘာဈေးကွက် ထိခိုက် တဲ့သတင်း

- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။

https://www.youtube.com/live/uAfzkM84FC0?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤2🌭1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ ဩဂုတ် ၂၀၂၃)
====================

အမျိုးသားညီညွတ်ရေး အစိုးရ

• အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးများမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရားမမှု ၇၄ မှုနှင့် ရာဇဝတ်မှု ၃၀၆ မှု တို့ကို ကြားနာစစ်ဆေးခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနက "တိုင်ကြားမှုများဆိုင်ရာကော်မတီ" ကို ဖွဲ့စည်းထားပြီး တိုင်ကြားလာမှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းထုတ်ပြန်သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ အခြေခံအမှုစစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ဩဂုတ် ၁ ရက်တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၃၇ ဦး တက်ရောက်ခဲ့သည်။

• အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၆/၂၀၂၃)ကို ဩဂုတ် ၃ ရက် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ ကြသည်။

• ရဲဘော်များ၏ တိုက်ရေးခိုက်ရေးစွမ်းရည်များကြောင့် စစ်ကောင်စီတပ်မှ ထိုးဖောက်နိုင်ခြင်းမရှိသည်မှာ လက်တွေ့သက်သေပင်ဖြစ်ကြောင်း ပြညည်ထောင်စုဝန်ကြီးချုပ်ပြောကြားသည်။

• စစ်တပ်ဘက်မှအရပ်ဘက် အသွင်ပြောင်းထားသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) ဌာနမှူး ၁၄ ဦး ၊ ကော်မတီရုံး ရုံးအဖွဲ့မှူးတစ်ဦး နှင့် ဒုဌာနမှူးများပါဝင်သည့် လူပုဂ္ဂိုလ် ၄၉ ဦးအား အမည်ပျက် စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အမိန့်အမှတ် (၄၅/၂၀၂၃) ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

• စစ်ကောင်စီတပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှု၊ နိုင်ငံကာ ပြစ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုံခြုံရေးကောင်စီက အရေးယူနိုင်ခြင်းမရှိသေးဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေး အန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာ”ဆွေးနွေးပွဲတွင် ဦးကျော်မိုးထွန်းက ပြောသည်။

• မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ပြည်သူ့လုံခြုံရေးအဖွဲ့စောင့်နေသည့် အချုပ်စခန်းတခု၌ ခိုးမှုဖြင့်အချုပ်ကျခံနေ ရသည့်အမျိုးသမီးအား အချုပ် ခန်းစောင့် လုံခြုံရေးအဖွဲ့၀င်ရှစ်ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည့် အတွက်တောင်းပန်ကြောင်း ဆော ပအဖ ကထုတ်ပြန်သည်။
👍18😁2
​​မူးယစ်ဆေးဝါးခိုးသွင်းမှု တားဆီးရေးအတွက် သဘောတူစာချုပ်၂၇ ခု အပါအဝင် နားလည်မှုစာချွန်လွှာ ၁၆ ခုကို အိန္ဒိယ လက်မှတ်ရေးထိုးထား
========================

အိန္ဒိယသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် ရောင်းဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက် ၂၇ ခု၊ နားလည်မှုစာချွန်လွှာ (MoU) ၁၆ ခုနှင့် နိုင်ငံအသီးသီးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၂ ခုကို လက်မှတ်ရေးထိုးထား ကြောင်း ပြည်နယ်လုံခြုံရေးဝန်ကြီး နစ်ရန်နာဒ် ရိုင်းက အိန္ဒိယအထက်လွှတ်တော်သို့ သြဂုတ် ၂ ရက် တွင် စာဖြင့် ဖြေကြားရှင်းလင်းခဲ့သည်။

 မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုနဲ့ အလွဲသုံးစားလုပ်မှုသည် နိုင်ငံဖြတ်ကျော် ပြဿနာ ဖြစ်သောကြောင့် အိန္ဒိယအစိုးရသည် နိုင်ငံပေါင်း ၂၇ နိုင်ငံနဲ့ နှစ်နိုင်ငံသဘောတူစာချုပ်၊ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ (MoU)၊ စိတ်ကိုပြောင်းလဲစေသော ပစ္စည်းများနှင့် ၎င်း ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ အပါအဝင် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးအတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၂ စောင်ကို လက်မှတ်ရေးထိုးခဲ့ သည် ဟု ဖြေကြားလွှာတွင် ဖော်ပြထားသည်။
မဏိပူရတွင် မူးယစ်ဆေးဝါး အကြီးစား ရောင်းဝယ်ဖောက်ကားမှုအား သတိပြုမိခြင်း ရှိ၊ မရှိ ကို မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) မှ ပြည်ထဲ‌ရေး ဝန်ကြီး အား Rashtriya Janata Dal (RJD) ပါတီ အကြီးအကဲ ဂျရန့် ချောင်ဟေး က မေးမြန်းခဲ့ပြီး အဆိုပါ ကိစ္စရပ်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ယင်းအတွက် ပြည်ထဲရေးဝန်ကြီးဌာန (MHA) ၏ လမ်းညွှန်ချက်များအရ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို NCB သည် အပြည်ပြည်ဆိုင်ရာနယ်စပ်နှင့် မဏိပူရပြည်နယ် ကုန်းတွင်းပိုင်းတို့တွင် မော်တော်ယာဉ် စစ်ဆေးရေး ပုံရိပ်ဖမ်းစက်များ တပ်ဆင်ရန် နေရာ ၂ ခုကို စီစဉ်ထားကြောင်း နစ်ရန်နာဒ် ရိုင်း က စာဖြင့် ရှင်းလင်း ခဲ့သည်။

နိုင်ငံတကာတွင် သက်ရောက်မှုရှိသော မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် NCB၊ အိန္ဒိယ နှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) တို့အကြား ညွှန်ကြားရေးမှူးချုပ်အဆင့် ဆွေးနွေးပွဲနှင့် ကွင်းဆင်းအရာရှိများ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများနှင့် အကြမ်းဖက်လုပ်ငန်းများအကြား ဆက်စပ်မှုကို အမှုတွဲများအဖြစ် စစ်ဆေးနေကြောင်း ရိုင်း က ပြောကြားသည်။

မဏိပူရတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ဖြန့်ဖြူးရောင်းချမှုများကို ကိုင်တွယ် ဖြေရှင်းရန် အိန္ဒိယအစိုးရသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ ဗဟိုနှင့် ပြည်နယ် တရားဥပဒေစိုးမိုးရေး အေဂျင်စီများအကြား ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုများ ရှိစေရန် ၂၀၁၆ ခုနှစ်တွင် မူယစ်ဆေးဝါး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စင်တာ NCORD ယန္တရားကို အစပြု ခြင်း အဆင့်ကို လုပ်ဆောင်ခဲ့သည်။ 

NCORD ယန္တရားကို ပိုမိုထိရောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရန် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီး မှ အဖွဲ့ဝင်အသစ်များ ထပ်တိုးခြင်းဖြင့် ပိုမိုအားကောင်းလာကြောင်း ၎င်းက ပြန်လည်ဖြေကြားသည်။

တရားမဝင် အင်တာနက် ဆက်သွယ်မှု Darknet တွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ဆိုင်ရာ သံသယဖြစ်ဖွယ် အရောင်းအဝယ်များ နှင့် ခရစ်ပ်တို ငွေကြေး (Crypto Currency) လွှဲပြောင်းခြင်းများကို အထူး အဖွဲ့မှ စောင့်ကြည့်နေကြောင်း ရိုင်း က ပြောကြားသည်။
👍9😁3🔥1
​​နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF ရဲဘော်ကျဆုံး
====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ယနေ့ဩဂုတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ် လောင်းရှည် - ကျင်ဒွေးလမ်းပိုင်း၌ ဩဂုတ်လ ၃ ရက် နေ့လယ် ၂ နာရီအချိန်ခန့်တွင် မိုင်းမတော်တဆမှုဖြစ်ပွားပြီး တပ်ဖွဲ့ဝင် ဆလိုင်းအွမ်ဂေး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အမျိုးသားရေးအတွက် ပေးဆပ်မှုအပေါ် လေးစားဂုဏ်ယူပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း CDF – Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါမိုင်းမတော်တဆဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် တာဝန်ရှိသူများထံ ဆက်သွယ်လျက်ရှိသည်။
ကျဆုံးသွားသည့် ရဲဘော်ဆလိုင်းအွမ်ဂေးသည် ယခင်က CDF – Kanpetlet တူမီး တပ်ရင်း၏ တပ်ရင်းမှူးဟောင်းတစ်ဦးဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ ကိုးကားပြီး ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Kanpetlet Voice က ရေးသားထားသည်။

ဇူလိုင်လတွင် ကန်ပက်လက်မြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာရာ CDF – Kanpetlet နှင့် ပူးပေါင်းတပ်ဖွဲ့ များက ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော် သေဆုံးခဲ့သည့်ဖြစ်စဉ်ကို CDF-Kanpetlet တပ်မဟာမှူးက မဇ္ဈိမသို့ ဇူလိုင်လ ၂၈ရက်က ပြောဆိုထားသေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း။ ။ ကျဆုံးသွားသည့် ရဲဘော် ဆလိုင်း အွမ်ဂေး(ဓာတ်ပုံ -Kanpetlet Voice)

#ချင်းပြည်နယ်
#ကန်ပက်လက်မြို့နယ်
#မိုင်း
#ပေါက်ကွဲမှု

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢33👍6👏2🤣2❤1
ဒီးမော့ဆို အရှေ့ဖက်ခြမ်းတိုက်ပွဲ ကရင်နီ တပ်မတော် ဒု-ဗိုလ်ကျဆုံး
====================

ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ခြမ်းတွင် သြဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော်(KA)အမှတ် ၅ တပ်ရင်းမှ ဒုဗိုလ်ခူးလီးရယ်ကျဆုံးသွားခဲ့သည်။

ဒုဗိုလ်ခူးလီးရယ်သည် အကြမ်းဖက် စစ်ကောင်စီ ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟုKA အမှတ် ၅ တပ်ရင်းက ယနေ့သြဂုတ်လ ၄ ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် ၎င်း၏ ဈာပနအခမ်းအနားကို ယနေ့ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဒုဗိုလ်ခူးလီးရယ်သည် ကရင်နီပြည်နယ် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေးအတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အပ်‌သည်ဟု KA အမှတ် ၅ တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြဂုတ်လ ၂ ရက်နေ့ကတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရှိရသေးပေ။လတ်တလောတွင် ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆို-ဖရုဆို လမ်းပိုင်းနှင့် ဖားဆောင်း၊မယ်စဲ့မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား စစ်ရေးတင်းမာနေသည်။

#mizzima
😢39👍8🥰2❤1👏1
​​20th Century Girl
============

ဆယ်ကျော်သက်အရွယ် အချစ်ဇာတ်လမ်းလေးကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

နာဘိုနာက သူငယ်ချင်းဖြစ်သူ ယွန်းဒူတစ်ယောက် နယူးယောက်မှာ နှလုံးခွဲစိတ်ဖို့အတွက် သူရဲ့ Crush ဘဲ့ဟျွန်းဂျင်ရဲ့တစ်နေ့တာ သူသိချင်တဲ့အကြောင်းများ သိခွင့်ရအောင် စုံစမ်းပေးမယ်ဆိုပြီး ကတိပေးလိုက်ရပါတယ်။

ကတိအတိုင်းပဲ ဘိုရာတစ်ယောက် ဘဲ့ဟျွန်းဂျင်အကြောင်းသိဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။

ဒီလိုနဲ့ ဘဲ့ဟျွန်းဂျင်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖွန်ဝန်းဟိုကိုပါ အသုံးချဖို့ကြိုးစားရာကနေ ဘယ်လိုတွေဆက်ဖြစ်မှာလဲ...

ယွန်းဒူနိုင်ငံခြားကပြန်လာတဲ့ခါမှာရော ဘယ်လိုလှည့်ကွက်တွေထပ်ပေါ်လာမှာလဲ...

ဆယ်ကျော်သက်ဘဝရဲ့လွတ်လပ်မှု အချစ်ဦးကိုဖော်ပြထားတဲ့ဇာတ်ကားလေးမို့ ဆက်လက်ကြည့်ရှုပေးပါဦးနော်။

ဒီဇာတ်ကားလေးကို Mizzima + HD Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+HD Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ 4.8.2023
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍12🤮2❤1
​​အင်းတော် နဘားလမ်းဆုံတိုက်ပွဲ အရပ်သား ၁ဦးသေ ၂ဦးဒဏ်ရာရ
======================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားလမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များအကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သားတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားသည်။

နဘားလမ်းဆုံတွင် သြဂုတ်လ ၂ရက်နေ့ နံနက် ၁၀နာရီခန့်က အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားနေစဥ် တိုက်ပွဲတွင်း ဖြတ်လာမိသည့် လိုက်ထရပ်ကားအား စစ်ကောင်စီကပစ်ခတ်ခြင်းဟုIndaw Revolution-IR က သတင်းထုတ်ပြန်သည်။ကားဆရာပွဲချင်းပြီးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

" ပစ်ခတ်မှုက ငါးနာရီလောက်ကြာပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုတော့ မသိရသေးဘူး”ဟု Indaw Revolution-IRမှ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ဖွဲ့သည် နဘားလမ်းဆုံတွင် စောင့်ကာ ကား၊ဆိုင်ကယ်များကို စစ်ဆေးပြီး နဘားရွာထဲတွင်လည်း ညအိပ်တပ်စွဲခဲ့သည်ဟု သိရသည်။ ယနေ့ သြဂုတ် ၄ရက်တွင် နဘားရွာမှ ထွက်ခွာလာပြီး အင်းတော်မြို့ပေါ် ရှိ စင့်ဟောက်ဘုန်းကြီးကျောင်းသို့ ရောက်ရှိတပ်စွဲထားကြောင်း သိရသည်။

အင်းတော်မြို့ပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး မြို့တွင်းရပ်ကွက်များ၊ မြို့အဝင်အထွက် လမ်းများတွင်ပြည်သူများအား စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု Indaw Revolution-IR ထံမှ သိရသည်။

Indaw Revolution-IRသည် အင်းတော်မြို့နယ်တွင်း စစ်ကောင်စီစစ်ကြောင်းများနှင့် တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲသတင်းများ၊ ဒေသခံပြည်သူများ၏ လုံခြုံရေးဆိုင်ရာသတိပေးချက်များနှင့်ပတ်သက်သော သတင်းများကို လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပေးနေသည်။

စာတည်း - မောင်ကြီး

#mizzima
#အင်းတော်မြို့နယ်
#နဘားလမ်းဆုံ
#စစ်ကောင်စီတပ်
#KIA၊PDFပူးပေါင်းတပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😢10❤7🔥1👏1
သြဂုတ်လ( ၅ )ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြောင်းလဲခန့်အပ်တာ အပါအဝင် ဝန်ကြီးဌာနတချို့ ကို စစ်ကောင်စီက အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့သတင်းနဲ့အတူ ကာလုံအစည်းအဝေးတက်တဲ့ ဦးဟင်နရီဗန်ထီးယူကို အရေးယူမယ်လို့ NLD ကပြောဆိုလိုက်တဲ့သတင်း အပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/YL4WKNkWhbE

#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18🔥1