Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကျောက်တံခါးတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၁၆ နှစ်အရွယ်ကလေး သေဆုံး
=========================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သမင်အင်းကုန်းကျေးရွာ၊ ကန်ကြီးဒေါင့်ကွက်သစ်နေ အသက် ၁၆ နှစ်အရွယ်ယောက်ျားလေး စောပိုင်သူ သေဆုံးခဲ့ရသည်ဟု ကျောက်တံခါးမြို့ မြေပြင်သတင်းရင်းမြစ်၏ပြောဆိုချက်အရ သိရသည်။

ကျောက်တံခါးမြို့ သူဌေးကုန်းဘက်မှ စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့အရှေ့ဘက်ကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီးကျည်သည် သမင်အင်းကုန်းကျေးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။
"မနေ့က မနက် ၄ နာရီလောက်မှာ စစ်ကောင်စီဘက်က သမင်အင်းကုန်းရွာထဲကိုဝင်လာတယ်၊ အဲ့တာကို PDF ဘက်ကသတင်းကြိုရပြီး တိုက်ခိုက်လိုက်တာမှာ စစ်ကောင်စီဘက်ကသေတယ်။ အဲ့တာလည်းပြီးရော မကျေနပ်ဖြစ်ပြီးနေမှာပေါ့ ၊ သမင်အင်းကုန်းဘက်ကို သူဌေးကုန်းကနေလက်နက်ကြီးတွေနဲ့ပစ်တာ၊ ကလေးသေတယ်။

အမျိုးသမီးတစ်ယောက်လည်း လက်နက်ကြီးစထိထားတယ်” ဟု ကျောက်တံခါးမြို့မြေပြင်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။
ယမန်နေ့ နံနက် ၅ နာရီခန့်မှစတင်ကာ ညပိုင်းအထိ ကျောက်တံခါးမြို့သူဌေးကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပိန်းဇလုပ် ခလရ (၂၆၄) တပ်မှ သမင်အင်းကုန်းကျေးရွာဘက်သို့လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ယနေ့ ဩဂုတ်လ ၄ ရက်နေ့တွင်လည်း ကျောက်တံခါးမြို့၏တောင်ဘက် ဘုရားရွာရွာအနီးရောက်ရှိနေသာ စစ်ကောင်စီတပ်သည် သမင်အင်းကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည်ဟု ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ကျောက်တခါးမြို့မြေပြင်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

"ရွာထဲက ရွာသားတွေကတော့ စစ်ကြောင်းမရှိရင် ရွာထဲဝင်နေလိုက် စစ်ကြောင်းရှိရင် ပြေးလိုက်နေနေရတာ။ အခုကတော့ အကုန်ပြေးနေရပြီပေါ့" ဟု ကျောက်တခါးမြို့မြေပြင်သတင်းရင်းမြစ်မှ ပြောသည်။

ကျောက်တံခါးမြို့တွင် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေသောကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာလာခြင်းဖြစ်သည်။

ဇွန်လ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အသက်မပြည့်သေးသူ ကလေးငယ် လေးဦးအပါအဝင် ဒေသခံပြည်သူ ခြောက်ဦးသေဆုံးခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ယနေ့စစ်ကြောင်းတွင် စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်အင်္ကျီနှင့် စစ်ဘောင်းဘီများဝတ်ဆင်ထားကြခြင်းဖြစ်ပြီး စစ်လက်နက်အပြည့်အစုံတပ်ဆင်ထားသည်ဟုလည်း ကျောက်တံခါးမြို့မြေပြင်သတင်းရင်းမြစ်မှ ပြောသည်။

ကျောက်တံခါးမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ပြီး ယမန်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြားတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားထားပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သည်ဟု ကနဦးသတင်းရရှိထားသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်တံခါးမြို့နယ်
#စစ်ရေးအခြေအနေ
#လက်နက်ကြီး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍2🔥2🤬1👌1
​​နတ်မောက်မြို့နယ် ဒန့်သလွန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံး
===================

ကိုခင်မောင်
(မဇ္စျိမ)။ ။ မကွေးတိုင်း ၊ နတ်မောက်မြို့နယ်၊ ဒန့်သလွန်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒေါင်းတင်သည် ယမန်နေ့ သြဂုတ်လ ၃ ရက် နံနက် ၉ နာရီ ၂၅မိနစ်အချိန်တွင် ပစ်ခတ်ခံရ၍သေဆုံးသွားကြောင်း နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“သူက ဝက်သားဝယ်ရောင်းလုပ်ပါတယ်။ ဝက်သားဝယ်ပြီးပြန်လာချိန်မှာ ရွာအဝင်လမ်းမှာပဲ အဖွဲ့တွေဟာ ကျည် သုံးတောင့်နဲ့ ရှင်းလင်းခဲ့တာပါဗျ။ ဒီရွာနဲ့ခွေး(စစ်ကောင်စီတပ်ဖွဲ့) အုပ်စုဆက်သွယ်ရေးတပ်နဲ့ကနီးတဲ့အတွက် အမြန်ပြန်ထွက်ရပါတယ်” ဟု နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်ရာကျော်က မဇ္စျိမသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုအား People Defence Force - Natmauk (902 ) တပ်ခွဲ နှင့် AH NYAR MYAY SPECIAL COMMANDO DEFENSE FORCE ( ASCDF ) မဟာမိတ်အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဒေါင်းတင်သည် ဇူလိုင်လ ၂၇ရက်တွင် ပျူစောထီးများနေထိုင်သောကျေးရွာရှိ တော်လှန်ရဲဘော်နှစ်ဦး နေထိုင်သည့်နေရာကို စစ်ကောင်စီတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့ရာ ထိုရဲဘော်နှစ်ဦး ဖမ်းဆီးခံရ၍ လက်နက် တစ်လက် ဆုံးရှုံးခဲ့ရခြင်း၊ ယင်းနေ့တွင်ပင် ပြည်သူများအား သတင်းပေးတိုင်ကြား၍ ဖမ်းဆီးသောကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း၊ CDM ဝန်ထမ်းများ၏လုံခြုံရေးနှင့် တော်လှန်ရဲဘော်များ၏ မိသားစုများအား ခြိမ်းခြောက်ခြင်း၊ ကျေးရွာနေပြည်သူအချို့အား ပျူစောထီးသင်တန်း တက်ရောက်ရန် မဲဆွယ်စည်းရုံးခြင်း စသည့် ပြစ်မှုများကို ကျုးလွန်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ရင်ဝတွင် နှစ်ချက်နှင့် နားထင်တွင် တစ်ချက် သေနတ်ကျည်ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဗိုလ်ရာကျော် ထံမှသိရသည်။

ယခုပစ်ခတ်ရှင်းလင်းမှုကို နတ်မောက်မြို့နယ်ပကဖနှင့် ပြည်သူများထံမှ ရရှိသော အချက်အလက် များကို သေချာစောင့်ကြည့် လေ့လာ၍ မဖြစ်မနေ ရှင်းလင်းမှ ရမည့်ကိစ္စတစ်ရပ် ဖြစ်သောကြောင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၅ရက်တွင်လည်း နတ်မောက်မြို့၊ မြင်းတဲကြီးကျေးရွာရှိ စစ်ကောင်စီတပ် သတင်းပေးဆိုသူ ကိုတင်မောင်ဝင်းကို ကာကွယ်ရေးတပ်ဖွဲ့ အလယ်ပိုင်းတိုင်း စစ်ဒေသကွက်ကဲရေး၊ ဂဠုန်တပ် နတ်မောက် PDF က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံစာ။ ။ ပစ်ခတ်ခံရ၍ သေဆုံးသွားသော ဦးဒေါင်းတင်

#မကွေးတိုင်း
#နတ်မောက်မြို့နယ်
#အုပ်ချုပ်ရေးမှူး
#ပစ်ခတ်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18😁3🔥1🥴1🤣1
This media is not supported in your browser
VIEW IN TELEGRAM
အာဏာသိမ်းမှုအပေါ် နိုင်ငံတကာကရှုတ်ချမှုအတွက် အံ့အားသင့်ရကြောင်း နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်ပြော

#InternationalNews #reels #shorts #Mizzima
🔥3
​​အညာဒေသ စစ်တလင်း၌ စစ်ကောင်စီက နည်းဗျူဟာ ပြောင်းလဲလာ 
==================

လက်နက်ကိုင် တပ်ဖွဲ့သစ်များ ပေါ်ထွက်လာခြင်းကို တန်ပြန်ရန် စစ်ကောင်စီနှင့် ၎င်း၏ ကြိုးဆွဲရာ နောက်လိုက်များက တော်လှန်ရေး၏ အချက်အချာဖြစ်သော မြန်မာနိုင်ငံ အလယ်ပိုင်း အထက်အညာ ခြောက်သွေ့ဒေသ တစ်နံတစ်လျားက ပြည်သူတို့၏ နေအိမ်ပေါင်း ၅၃,၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးသည်။ သို့ရာတွင် ၂၀၂၃ အစ၌ စစ်ကောင်စီသည် နည်းဗျူဟာ ပြောင်းလဲလာပုံ ရပြီး တော်လှန်ရေးအုပ်စုများကို ပိုပြီး တိုက်ရိုက် တိုက်ခိုက်မှုများ လုပ်ဆောင်လာတော့သည်။ 

၂၀၂၁ ဖေဖော်ဝါရီနှင့် မတ်အတွင်း အာဏာသိမ်းမှု ဆန့်ကျင်သော ဆန္ဒပြမှုများကို မြန်မာစစ်တပ်၏ အကြမ်းဖက် ချေမှုန်းမှုအား တုံ့ပြန်ပြီး ပြည်သူထောင်ပေါင်းများစွာသည် အစုအဖွဲ့ ဖွဲ့ကြကာ နောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များအဖြစ် ပေါ်ထွက်လာခဲ့သည်။ PDFs လှုပ်ရှားမှု၏ ဗဟိုချက်သည် ဒေသတော်လှန်ရေးအုပ်စုများ အမြောက်အမြား ရှိနေရာ အလယ်ပိုင်း အထက်အညာ ခြောက်သွေ့ဒေသဖြစ်ပြီး ကနဦး၌ လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ (IEDs) နှင့် ကိုယ်တိုင်လုပ် ရိုင်ဖယ်များဖြင့် စစ်ကောင်စီနှင့် ၎င်း၏ နောက်လိုက်များကို တိုက်ခိုက်ကြသည်။ 

အသစ်ထွက်ပေါ်လာသော ထို ခြိမ်းခြောက်မှုအား ရင်ဆိုင်ဖြေရှင်းရန် စစ်ကောင်စီသည် ၂၀၂၁ နှစ်မှ ၂၀၂၃ အစပိုင်းကြား စိတ်ထင်ရာစိုင်း အကြမ်းဖက်ခြင်းနှင့် မီးရှို့ပြာချသည့် နည်းဗျူဟာကို ကနဦး သုံးစွဲခဲ့သည်။ သို့ရာတွင် မကြာသေးသော လများအတွင်း စစ်ကောင်စီသည် စီးနင်းမှုများနှင့် အခြားသော တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်မှု အရှိန်ကို တိုးမြှင့်ခြင်းနှင့်အတူ ပစ်မှတ်များ ခွဲခြားဖော်ထုတ်ကာ ရွေးချယ်တိုက်ခိုက်ခြင်းမျိုး များပြားလာသည်။ 

ထိန်းချုပ်ရန် မအောင်မြင် 
==========

လက်နက်ကိုင် ပုန်ကန်မှု ပထမနှစ်နှစ်အတွင်း ကြီးထွားလာသော PDFs လှုပ်ရှားမှုများအား တန်ပြန်ရာတွင် စစ်ကောင်စီသည် မည်သို့သော အင်အားကြီးမားသည့် တိုက်ခိုက်ရေးတပ်များကိုမျှ အညာဒေသဆီ အားဖြည့်ထည့်သွင်းခြင်း မရှိခဲ့ပေ။ PDFs တိုက်ခိုက်မှုများကို အနီးနား ကျေးရွာများအား စီနင်းခြင်းဖြင့် နည်းနည်းနှင့် ကျဲကျဲဖြင့် တန်ပြန်ပြီး ကျယ်ပြန့်သော ဧရိယာများကို ရှိနှင့်ပြီးသား နည်းပါးသော တပ်အင်အားဖြင့် ကင်းထောက်ရန်သာ ဦးတည်ထားခဲ့သည်။ ထောက်လှမ်းရေးသတင်း ချို့တဲ့ခြင်းနှင့် လမ်းဘေးခြုံခိုတိုက်ခိုက်ခြင်းများ၏ အတောမသတ်သော ခြိမ်းခြောက်မှု ဝန်ထုပ်ဝန်ပိုးနှင့်အတူ စစ်ကောင်စီတပ်များသည် တော်လှန်ရေးတပ်ဖွဲ့သစ်များအား ဖော်ထုတ်ရန်၊ ရှာဖွေရန်နှင့် ဖျက်ဆီးရန်အတွက် မနည်းရုန်းကန်ခဲ့ရသည်။ သို့ရာတွင် ထိုသို့ အရင်းအမြစ် ရရှိမှု နည်းပါးနေသည့် စစ်ကောင်စီ၏ မှားယွင်းသော ခြေလှမ်းမှ PDFs များမှာ အကျိုးအမြတ် မထုတ်ယူနိုင်ခဲ့ဘဲ သွေးထွက်သံယို ချောင်ပိတ်မိခြင်းသို့ ဦးတည်သွားရသည်။  

PDFs များကို တိုက်ရိုက်စစ်ပွဲ ဆင်နွှဲခြင်းအစား စစ်ကောင်စီသည် လက်နက်ကိုင်လှုပ်ရှားမှုအား ထောက်ပံ့နေသည်ဟု ရှုမြင်လျက် အရပ်သား ပြည်သူများအပေါ် ပို၍ ပစ်မှတ်ထားခဲ့သည်။ စစ်ကောင်စီ၏ အားစိုက်ထုတ် လုပ်ဆောင်မှုများ၏ အခရာမှာ အကြီးအကျယ် မီးရှို့ဖျက်ဆီးခြင်းပဲ ဖြစ်သည်။ ၂၀၂၁ မေလမှ ၂၀၂၃ မေလအတွင်း ခြောက်သွေ့ဒေသများ၌ စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ ကြိုးဆွဲရာ နောက်လိုက်များသည် အညာဒေသအနှံ့ အိမ်ခြေပေါင်း ၅၂,၉၉၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့ Data for Myanmar အရ သိရသည်။ 

သို့ရာတွင် စစ်ကောင်စီ၏ မီးရှို့လုပ်ငန်းစဉ်သည် လက်နက်ကိုင်ပဋိပက္ခများ တင်းကြမ်းဖြစ်နေရာ မြို့နယ်များတွင် ထပ်တူကျ ကျူးလွန်ခြင်းမျိုး သိပ်မရှိဘဲ အခြားသော ကျေးရွာဒေသများတွင် ကျူးလွန်မှု ပို၍ များပြားခြင်း ဖြစ်သည်။ မည်သည့်အတွက်ကြောင့် PDF များနှင့် ထိပ်တိုက်တွေ့ရာ ဧရိယာများကို ၎င်းတို့၏ မီးရှို့လုပ်ငန်းစဉ်ဖြင့် အပြင်းဒဏ်ဆုံး ဒဏ်ခတ်ရန် အမိန့်ပေးညွှန်ကြားမှု နည်းပါးရပါသနည်း။ PDFs များနှင့် ပူးပေါင်းဆောင်ရွက်သည်ဟု ရှုမြင်သော ကျေးရွာများကိုပဲ အပြစ်ပေးရန် သို့မဟုတ် PDFs များ မဖွဲ့တည်ရသေးသော ကျေးရွာများ၏ ထောက်ပံ့ကူညီမှုများ မရရှိစေရန် ဖျက်ဆီးခြင်း သို့မဟုတ် လူဦးရေ နည်းပါးအောင် ပြုလုပ်ခြင်းဖြင့် မီးရှို့လုပ်ငန်းစဉ်ကို ကျူးလွန်ခြင်းလားဆိုသည်ကိုတော့ အချက်အလက် ရှင်းရှင်းလင်းလင်း မသိရပေ။
👍17🔥2
စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် ရော်ဘာဈေးကွက် ထိခိုက် | Business Round Up (4.8.2023)
==================

- မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှ ဆယ်နှစ်အတွင်း ဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ တင်ပို့ခဲ့

- 'ဝ'ဒေသ သံဖြူထုတ်လုပ်မှုရပ်ဆိုင်းလိုက်ခြင်းကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း သံဖြူဈေးမြင့်တက်

- စစ်ကောင်စီ ကန့်သတ်ချက်တွေကြောင့် ရော်ဘာဈေးကွက် ထိခိုက်

- အိန္ဒိယဆန်တင်ပို့မှု ပိတ်ပင်မှုကြောင့်  ဆန်ဈေးနှုန်းများမြင့်တက်

https://youtu.be/HIWOmFK4e0Y
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
❤9👍5🔥1
ရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ
=================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို ဩဂုတ်လ ၄ရက် ယနေ့တွင်ချီတက်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်စိတ်ဓာတ် အမြစ်ဖြတ်” ဆိုသည့် စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

“စစ်အာဏာရှင်ဆိုတဲ့ ဝါဒဆိုး စနစ်ဆိုးကိုတော်လှန်နေတာဖြစ်တယ် ၊ အခုလို စနစ်ဆိုး ဝါဒဆိုးကိုတော်လှန်နေချိန်မှာ ဖက်ဆစ်စစ်တပ်သာမကဘဲ ဖက်ဆစ်စိတ်ဓာတ်ကိုပါ တိုက်ထုတ်ရမှာဖြစ်တယ်” ဟု ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ဖက်ဆစ်စစ်တပ်တွင်ရှိသည့် ဖက်ဆစ်စိတ်ဓာတ်သာမက တော်လှန်ရေးအင်အားစုများအတွင်းတွင် မသိစိတ်မှာ သန္ဓေတည်တတ်သည့် ဖက်ဆစ်စိတ်ဓာတ်ကိုလည်း အပြီးတိုင်တော်လှန်ကြရမည်ဖြစ်ကြောင်းဆိုသည်။

ဆက်လက်ပြီးဆန္ဒပြသူများသည် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများကို ဦးညွှတ် အလေးပြုခဲ့ကြကြောင်းသိရသည်။

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး ၈၆၅ ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရွာပေါင်းစုံ
#သပိတ်စစ်ကြောင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤2🔥1
​​ပြည်တွင်း၌ biometric အချက်အလက် ကောက်ယူမှုကို စိုးရိမ်ပူပန်မှုများ ရှိ
======================

ဂဏန်း ၁၀ လုံးပါ အမျိုးသားမှတ်ပုံတင်ကတ် ထုတ်ပေးရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်တွင်း၌ ဆောင်ရွက်နေသော biometric data (ဇီဝဆိုင်ရာ အချက်အလက်) ကောက်ယူခြင်း လုပ်ငန်းစဉ်အပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်ပူပန်မှုများဖြင့် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးနေပြီးသား မြန်မာနိုင်ငံ၌ အဆိုပါ biometric data ကောက်ယူခြင်း လုပ်ငန်းစဉ်ကို စစ်ကောင်စီက အသုံးချခြင်းအားဖြင့် လူ့အခွင့်အရေး အခြေအနေ ပို၍ ဆိုးဝါးလာနိုင်သည်ဟု တက်ကြွလှုပ်ရှားသူများက ဝေဖန်ကြသည်။

ဇွန်နှင့် ဇူလိုင်လအတွင်း စစ်ကောင်စီသည် biometric data ကောက်ယူသူများကို လေ့ကျင့်သင်တန်းပေးပြီး ယင်းနောက်၌ နိုင်ငံတွင်းက မြို့များစွာတွင် ပြည်သူများ၏ ဇီဝဆိုင်ရာ အချက်အလက်နှင့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များကို ကောက်ယူကြောင်း EngageMedia က ရေးသားသည်။

၂၀၂၁ ၌ စစ်အာဏာသိမ်းထားချိန်မှစကာ အင်တာနက် ပိတ်ခြင်းနှင့် မိုဘိုင်းကွန်ရက် ကန့်သတ်ခြင်းများဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ပိတ်ပင်ခြင်း အပါအဝင် လူ့အခွင့်အရေး အလွဲသုံးစားမှုများဖြင့် မြန်မာစစ်တပ်အုပ်ချုပ်သူများကို စွပ်စွဲထားကြသည်။

မှတ်ပုံတင်လာသူများ၏ လက်ဗွေ၊ မျက်ဝန်းနှင့် မျက်နှာသွင်ပြင် အချက်အလက်များအပြင် နာမည်၊ လိပ်စာ၊ သွေးအမျိုးအစားနှင့် ဖုန်းနံပါတ်ကဲ့သို့သော ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် လူဦးရေဆိုင်ရာ ဝန်ကြီးဌာနက ကြီးကြပ်ကွပ်ကဲသည်။ ထိုသို့ အချက်အလက်များ ကောက်ယူရာတွင် အသက် ၁၀ နှင့် အထက် နိုင်ငံသားများအပြင် နိုင်ငံတွင်း နေထိုင်ကြသော နိုင်ငံခြားသားများကိုပါ ကောက်ယူခြင်း ဖြစ်သည်။

ဒီဂျစ်တယ် မှတ်ပုံတင်ကတ် စီမံကိန်းအတွက် ပုဂ္ဂိလက အချက်အလက်များ ကောက်ယူခြင်းသည် အုပ်ချုပ်သူ စစ်ကောင်စီအား ဝေဖန်သည့် သဘောထားကွဲလွဲသူများကို ထောက်လှမ်းစုံစမ်းရန်နှင့် နှိပ်ကွပ်ရန်အတွက် အသုံးပြုလာနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက အတိအလင်း ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတွင်းက ICT နယ်ပယ်ကို သံလက်သီးဖြင့် ထိန်းချုပ်ပြီး “ဒီဂျစ်တယ် အာဏာရှင်စနစ်” ဆီ ကူးပြောင်းနေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲကြကြောင်း EngageMedia က ပြောသည်။

စစ်ကောင်စီ အစပြုခဲ့သော မျက်နှာပြင်ဖတ် ထောက်လှမ်းရေး စီမံကိန်းအတွက် စိုးရိမ်ပူပန်ကြောင်းကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ၂၀၂၁ ခုနှစ်အတွင်း ထုတ်ပြန်ထားသည်။ အဆိုပါ စီမံကိန်း၏ ပထမပိုင်းအဖြစ် မြို့တော်တွင် AI စနစ် ထောက်လှမ်းရေးကင်မရာ ၃၀၀ ကျော် တပ်ဆင်ပြီးသည့်နောက်၌ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

(မိုးသဲ ဘာသာပြန်သည်။)
👍14🔥2😁2
သြဂုတ်လ (၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:59- မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှ ဆယ်နှစ်အတွင်း ဓာတ်ငွေ့ ၅၂ ဘီလီယံကုဗမီတာ တင်ပို့ခဲ့တဲ့သတင်း

03:56 - စစ်ကောင်စီကို လက်နက်ခဲယမ်း တရားမဝင်ထောက်ပံ့ပေးနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ စင်္ကာပူအစိုးရကို တောင်းဆိုတဲ့သတင်း

06:13 - သပိတ်မှောက်ခံထားရသည့် မြန်မာပလာဇာ ရုပ်ရှင်ပရိုမိုးရှင်းများဖြင့် ပြန်လည်စည်ကားနေတဲ့သတင်း

07:57 - 'ဝ'ဒေသ သံဖြူထုတ်လုပ်မှုရပ်ဆိုင်းလိုက်တာကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း သံဖြူဈေး မြင့်တက်တဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက် ပေးပါတော့မယ်။

https://youtu.be/z05HZFUh9eA

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1😁1
​​မန္တလေး သီရိမန္တလာကားကြီးဝန်းအတွင်း ပိုင်ရှင်မဲ့အလောင်းတွေ့
====================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၊သီရိမန္တလာကားကြီးဝန်းအတွင်းရှိ ခရီးသည်နားခိုဆောင်တွင် ယနေ့ သြဂုတ်လ ၄ ရက် နံနက် ၆ နာရီ ၂၅ မိနစ်ခန့်က ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
"ခရီးသည်နားခိုဆောင် အောက်ထပ်မှာ တွေ့တာပါ။ အပေါ်တက်တဲ့ လှေကားဘေးမှာ အပေါ်၀တ်ဗလာနဲ့သေနေတယ်။ ပြင်ပဒဏ်ရာမရှိဘူး" ဟု အလောင်းတွေ့ရှိမှုဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သူ တစ်ဦးက ပြောသည်။

အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြား၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ သီရိမန္တလာကား ကြီးကွင်းအတွင်းခရီးသည်နားခိုဆောင်အောက်ထပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူသည် အသက် ၃၀ ၀န်းကျင်အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေခြင်းဖြစ်ကာ အမည်နှင့်နေရပ်လိပ်စာ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ ကားကြီးကွင်းတာ၀န်ရှိသူများ၏ အကူအညီတောင်းခံမှုအရ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက်သယ်ယူပြီး မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်သည်။
သီရိမန္တလာကားကြီးကွင်းတွင် ပြီးခဲ့သည့်မေလ ၁ ရက်နေ့ကလည်း အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ခရီးသည်တင်ယာဉ်ပေါ်၌ ညဘက်တက်အိပ်ရာမှ နံနက်ပိုင်းတွင် သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
Photo -Thein Tun Oo

#မန္တလေးတိုင်း
#အောင်မြေသာစံမြို့နယ်
#သေမှုသေခင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
အီကိုဝက်စ်ရဲ့ နိုင်ဂျာကိုကြားဝင်စွက်ဖက်မှုမှာ ပါဝင်မယ့်အကြောင်း ဆီနီဂေါပြောကြား

#InternationalNews #reels #shorts #Mizzima
👍4😁1
​​ထိုင်းဝန်ကြီးချုပ်သစ် ရွေးကောက်မှုအား ရွှေ့ဆိုင်း
===============

နောက်တက်မည့် ဝန်ကြီးချုပ်သစ်အတွက် လွှတ်တော်၌ မဲပေးရွေးကောက်မှုအား ရွှေ့ဆိုင်းရမည်ဖြစ်ကြောင်း ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌက ကြာသပတေးနေ့တွင် ပြောလာရာ နိုင်ငံရေး သောင်မတင် ရေမကျ အခြေအနေသည် ရှည်ကြာနေပြီး မေလ အထွေထွေရွေးကောက်ပွဲမှစကာ တည်ငြိမ်မှုနှင့် ပတ်သက်ပြီး မေးခွန်းများ မြင့်တက်လာရသည်။

မေ ၁၄ ရက် ရွေးကောက်ပွဲတွင် မဲပေးသူ ပြည်သူအများစုသည် စစ်တပ်နှင့် စစ်တပ်နောက်ခံသော အစိုးရ၏ ဆယ်စုနှစ်ကြာ အုပ်ချုပ်မှုကို ပယ်ချခဲ့ကြသော်လည်း အနိုင်ရသည့် တိုးတက်ရေးပါတီဖြစ်သော ရှေ့သို့ချီပါတီမှာ ကွန်ဆာဗေးတစ်အတိုက်အခံများနှင့် အထက်လွှတ်တော်ရှိ ခန့်အပ်ခံအမတ်များကြောင့် အာဏာရယူရေးတွင် ပိတ်ဆို့တားမြစ်ခံရသည်။

သောကြာနေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ဝန်ကြီးချုပ်သစ် ရွေးကောက်မှုကို ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေး၌ ပိတ်ဆို့ထားမှုများကို ရှေ့သို့ချီပါတီက အယူခံ တင်သွင်းထားမှုအား ဖွဲ့စည်းပုံခုံရုံးက စီရင်ချက် ချပြီးနောက်မှ ပြုလုပ်နိုင်မည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဝန် မူဟာမတ် နော်မတ်သာက ပြောသည်။

“ဩဂုတ် ၁၆ ရက်မှာ ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ချက် ချမှာကို ကျွန်တော်တို့ စောင့်ရပါမယ်၊ ဒီနောက်မှ မဲပြန်ပေးနိုင်ပါလိမ့်မယ်”ဟု ဝန်နော်က သတင်းထောက်များအား ပြောသည်။
နိုင်ငံရေး မရေရာမှုများအားဖြင့် ထိုင်းဘတ်ငွေသည် ယခုသီတင်းပတ်တွင် အားနည်းနေသည်။
ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ ထူထောင်သော ဖျူထိုင်းပါတီသည် မဲရလဒ်၌ ဒုတိယအနိုင်ရထားခြင်းဖြစ်ကာ အစိုးရဖွဲ့ရေး ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း တင်သွင်းရန် မျှော်လင့်လျက် ရှိသည်။

ရွေးကောက်ပွဲအပြီးတွင် ရှေ့သို့ချီပါတီသည် ဖျူထိုင်းပါတီနှင့် အခြား ခြောက်ပါတီတို့နှင့်အတူ အစိုးရဖွဲ့ရေးအတွက် မဟာမိတ်ဖွဲ့ခဲ့သည်။ သို့ရာတွင် ရှေ့သို့ချီပါတီ အကြီးအကဲ ဖိထာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ် ဖြစ်ရေးမှ နှစ်ကြိမ်တိုင် ပိတ်ဆို့ခံရခြင်း ဖြစ်သည်။

ရှေ့သို့ချီပါတီ မပါဘဲ ညွန့်ပေါင်းအဖွဲ့သစ် ဖွဲ့စည်းပြီး အိမ်ခြံမြေလုပ်ငန်းရှင် ဆရတ်သာ သာဗီဆင်းကို ဝန်ကြီးချုပ်နေရာအတွက် အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း ဖျူထိုင်းပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောလာခဲ့သည်။

လူငယ်အများစု၏ မဲဖြင့် အနိုင်ရခဲ့သော ရှေ့သို့ချီပါတီအား တော်ဝင်သစ္စာခံနှင့် စစ်တပ်တို့နှင့် မဟာမိတ်ပြုထားသော ကွန်ဆာဗေးတစ်များက အာဏာမရအောင် ပိတ်ဆို့နေခြင်းသည် ထိုင်းနိုင်ငံအတွင်း လမ်းပေါ်ဆန္ဒပြမှုများ ထပ်၍ ပေါ်ပေါက်လာမည့် အလားအလာကို မြှင့်တင်ပေးလျက် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)
👍9😁5😢2❤1
သြဂုတ်လ ၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================

https://youtu.be/-7U-KlLwyak

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2
မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ ဖျက်ဆီး နေအိမ် ၃၁ လုံးမီးလောင်ဆုံးရှုံး (ရုပ်သံ၊သတင်း)
=============

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းမှာ ရှိတဲ့ မရကန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ကစစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားလို့ နေအိမ် ၃၁ လုံး အထိ မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ရေဦးမြို့နယ်မှ ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၂ ရက်နေ့ တွင် မရကန်ကျေးရွာကို ဝင်ရောက်မီးရှို့သွားတာဖြစ်ပြီး ပထမ အကြိမ်မီးရှို့တုန်းက မီးထဲပါသွားလို့ ပြန်လည်တည်ဆောက်ထားတဲ့ ယာယီတဲလေးတွေပါ ထပ်ပြီး မီးထဲပါသွားတယ်လို့ ဒီပဲယင်းညီနောင်များ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

https://youtu.be/PL-yoPbDhpk

သတင်း - MTO
တည်းဖြတ်၊တင်ဆက် - MTO
စာတည်း။ ။အောင်ကျော်ဖြိုး
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢10🤬4🔥2👍1😁1
​​နိုင်ငံတော်ကောင်စီ၊ နဝတနှင့် နအဖ ခေတ်တွင် ထိပ်ပိုင်းရာထူးယူခဲ့သူများ၏ ပင်စင်လစာ ပြင်ဆင်သတ်မှတ်
==================

001

(မဇ္စျိမ)။    ။ ယခင် နိုင်ငံတော်ကောင်စီ ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(နဝတ)နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်တွင် ထိပ်ပိုင်းရာထူးရယူခဲ့သူများ၏ ပင်စင်လစာကို ယခုနှစ် ဧပြီလကစပြီး ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ဇူလိုင်လအတွင်းထုတ်ဝေခဲ့သည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ပြောင်းလဲချက်မှာ ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက်မတိုင်မီအထိ နိုင်ငံရေးတာဝန်ကြီးများကို ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည့် ပုဂ္ဂိုလ်ကြီးများနှင့် ကျန်ရစ်သူ ဇနီး၊ ခင်ပွန်းတို့၏ နိုင်ငံရေးလစဉ်ပင်စင်ကို သတ်မှတ်ခြင်းဖြစ်ကြောင်း ပါရှိသည်။

ယင်းသတ်မှတ်ချက်အရ ထိုစဉ်က ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ တာဝန်ယူခဲ့သူများ၏ ပင်စင်လစာအဖြစ် ကျပ် ၁၅ သိန်း၊ ဒုဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဆိုပါက ကျပ် ၁၂ သိန်း၊ အတွင်းရေးမှူးဖြစ်ပါက ၇၁၂,၅၀၀ ကျပ် နှင့် အဖွဲ့ဝင်ဖြစ်ပါက ၆၇၅,၀၀၀ ကျပ် ရရှိမည်ဖြစ်သည်။

မိသားစုပင်စင်ကိုမူ ဥက္ကဋ္ဌ၊ သမ္မတဖြစ်ပါက ကျပ် ၁၁ သိန်းကျော်၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတဖြစ်ပါက ကျပ် ၉၀၀,၀၀၀ ကျော်၊ အတွင်းရေးမှူးရာထူးအတွက် ကျပ် ၅၃၀,၀၀၀ ကျော် နှင့် အဖွဲ့ဝင်အတွက် ကျပ် ၅၀၀,၀၀၀ ကျော် စသည်ဖြင့် ပြောင်းလဲသတ်မှတ်ထားသည်။

ထို့ပြင် စစ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ် ၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးတို့၏ ပင်စင်လစာကို ကျပ် ၁၀ သိန်းမှ ကျပ် ၃၀၀,၀၀၀ ကျော်အတွင်း သတ်မှတ်ပြီး မိသားစုပင်စင်ကို ကျပ် ၇၅၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ ကျော်အတွင်း ပြင်ဆင်ခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်ဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့သည် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ နှင့် သမ္မတအဖြစ် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပြီး ၁၉၈၈ စက်တင်ဘာလတွင် ဗိုလ်ချုပ်ကြီး စောမောင်က ထပ်မံအာဏာသိမ်းကာ နဝတကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမောင် ဖယ်ရှားခံရပြီးနောက်ပိုင်း နဝတဥက္ကဋ္ဌအဖြစ် စစ်အာဏာရှင်ဟောင်းဖြစ်သည့် ဦးသန်းရွှေက ဆက်လက်တာဝန်ယူပြီး ၁၉၉၇ နိုဝင်ဘာတွင် နဝတကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ဦးသန်းရွှေသည် အာဏာရှင်စနစ်ဖြင့် ၁၉ နှစ်ကြာအုပ်ချုပ်ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် အငြိမ်းစားယူသွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခု ပင်စင်လစာ ပြောင်းလဲသတ်မှတ်မှုမှာ ၂၀၀၆ ဧပြီလ မတိုင်မီ အငြိမ်းစားယူသူများဟုဆိုထားသည့်အတွက် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေပါဝင်ခြင်းမရှိပေ။ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ပင်စင်လစာမှာ တစ်လလျှင် ကျပ်သိန်း ၁၀၀ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ်အတွင်းက သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

လက်ရှိပင်စင်လစာ ပြောင်းလဲသတ်မှတ်ခံရမှုတွင် အဆိုပါကာလများအတွင်းက ပြည်နယ်၊ တိုင်း နအဖ ကောင်စီဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်၊ ဒုတိယတရားသူကြီးချုပ်၊ တရားသူကြီးအဖွဲ့ဝင်၊ ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ ရန်ကုန်မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် မန္တလေးမြို့တော်ဝန် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်။

၎င်းတို့၏ ပင်စင်လစာကိုမူ ကိုယ်တိုင်ပင်စင်အတွက် အမြင့်ဆုံးကျပ် ၆၀၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ ကျော်အထိလည်းကောင်း၊ မိသားစုပင်စင်အတွက် အမြင့်ဆုံးကျပ် ၄၅၀,၀၀၀ မှ ကျပ် ၂၅၀,၀၀၀ ကျော်အထိလည်းကောင်း သတ်မှတ်ထားသည်ကို တွေ့ရသည်။

လက်ရှိ စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်သည့် လစဉ်ပင်စင်ပေါ်တွင် ဝင်ငွေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်စေရမည်ဖြစ်ပြီး အဆိုပါ လစဉ်ပင်စင်အပြင် အခြားနိုင်ငံရေးပင်စင် တစ်ခုခုကို ခံစားနေသူဖြစ်ပါက ကြိုက်နှစ်သက်သည့် ပင်စင်တစ်ခုကို ရွေးချယ်ခံစားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် လစဉ်ပင်စင်ခံစားခွင့်ရှိသူအနေဖြင့် လစဉ်ပင်စင်အပြင် ဝန်ထမ်းပင်စင်နှင့် စွမ်းရည်သတ္တိဘွဲ့အတွက် ရရှိသည့် လစဉ်ချီးမြှင့်ငွေကိုပါ ခံစားခွင့်ရှိကြောင်း ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း

#mizzima
#ပင်စင်လစာ 
#ပြင်ဆင်သတ်မှတ်
#ချီးမြှင့်ငွေ
#စစ်ကောင်စီ
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍8🔥3❤2😢1
​​ကလေးမြို့တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရပြီး ၄ ဦး သေဆုံးဟုဆို
===================

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် စစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများကို ယမန်‌နေ့ ဩဂုတ်လ ၃ရက် နံနက် ၉နာရီ အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္စျိမကို ပြောသည်။

ကလေးမြို့ ၊ တောင်ဖီလာရပ်ကွက် ၊ အ.ထ.က (၂) ကျောင်းအနီးတွင် စစ်ဆေး၍ ငွေတာင်းနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“သူတို့ စစ်ဆေးရေးလုပ်မဲ့နေရာမှာ မိုင်းဆင်ထားတာ ၊ တစ်ယောက်ကတော့ နေရာမှာ ပွဲချင်းပြီး၊ နောက်သုံးယောက်ကတော့ ဒဏ်ရာပြင်းထန်လို့ နောက်မှ သေသွားတာ” ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုင်းထိ၍ တစ်ဦးသေဆုံးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး၏ ပေါင်တွင် သေနတ်ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။

ယခု ဖောက်ခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ဖော်ကြေညာထားခြင်း မရှိသေးပေ။

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး လမ်းသွားလမ်းလာ ပြည်သူများကို နေ့စဉ် တင်းကျပ်စစ်ဆေးမှုများပြုလုပ်ကာ ငွေကြေးတောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။   ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12👍9🔥2👏2😁1