Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေး၌ နည်းလမ်းသစ်ကို အာဆီယံ သဘောတူ 
=====================

မြန်မာနိုင်ငံက မတည်ငြိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ဒေသတွင်း အုပ်စုဖြစ်သော အာဆီယံ၏ လက်ရှိ၊ အတိတ်နှင့် အနာဂတ် ဥက္ကဋ္ဌတို့ အပါအဝင် အာဆီယံ ခေါင်းဆောင်များသည် နည်းလမ်းသစ်တရပ်အား အင်္ဂါနေ့တွင် သဘောတူကြသည်။ 

ဘုံသဘောတူညီချက် ငါးရပ်အရ မြန်မာ့အကျပ်အတည်းအား ဖြေရှင်းရေး၌ နိုင်ငံရေးဦးဆောင်ဦးရွက် သုံးဦးတွဲဖက်အဖွဲ့တဖွဲ့အား ဖွဲ့စည်းသွားရန် အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံက သဘောတူကြောင်း ဂျကာတာတွင် သုံးရက်တာ ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၏ ပထမရက် ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

၂၀၂၁ ဖေဖော်ဝါရီလ၌ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် အချိန်ပိုင်းအတွင်း ချမှတ်ခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက် ငါးရပ်အား အကောင်အထည်ဖော်မှု၌ သိသာထင်ရှားသည့် တိုးတက်မှု မရှိကြောင်း ခေါင်းဆောင်များက ဝန်ခံသော်လည်း အဆိုပါ ဘုံသဘောတူညီချက် ငါးရပ်ကို အကျပ်အတည်း ဖြေရှင်းရေး၌ အဓိက ရည်ညွှန်းရာအဖြစ် ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း အာဆီယံကဆိုသည်။
👍12😁1
စက်တင်ဘာလ (၆) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=====================

-မြန်မာအစား ၂၀၂၆ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် အသင့်ရှိကြောင်း ဖိလစ်ပိုင် ပြောကြားလိုက်တဲ့သတင်း

-ကချင်မှာ အင်အားဖြည့်တင်းဖို့ ဗန်းမော်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၈ ရက်ကြာတဲ့အထိ မိုင် ၂၀ လောက်ပဲ ခရီးရောက်သေးတဲ့အကြောင်း

-အစိုးရတရပ်ရဲ့ ဂုဏ်နဲ့ ထိုက်တန်တဲ့ အမူအကျင့်၊ အတွေးအခေါ်တွေ ကျင့်ကြံကြဖို့ NUG ယာယီသမ္မတ သတိပေးလိုက်တဲ့သတင်း

-ရဲနဲ့စစ်သားတွေ ပြည်သူနဲ့ပူးပေါင်းဖို့ ရန်ကုန်နဲ့မန္တလေး လူစည်ကားရာနေရာ ၁၁ ခုမှာ လှုံ့ဆော်တောင်းဆိုတဲ့အကြောင်း

-အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား မှတ်ပုံတင်ကြဖို့ ပြည်တွင်းပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကို NUG တိုက်တွန်းလိုက်တဲ့သတင်းနဲ့

-ပူတင်နဲ့ စစ်လက်နက်ဆိုင်ရာဆွေးနွေးမှုတွေလုပ်ဖို့ ကင်ဂျုံအန်စီစဉ်နေကြောင်း အမေရိကန်ပြောတဲ့အကြောင်းတွေ အပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/CFCpirRBiQc?si=8HDMm_ISyZfZX_-a

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14🔥1😁1
​​ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းဝန်းအတွင်း စစ်တပ်ထုတ်ကုန်သပိတ်မှောက်ရေး လှုပ်ရှားမှုပြုလုပ်
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျောင်းသားတော်လှန်ရေးအင်အားစု တချို့က စစ်တပ်ထုတ်ကုန်သပိတ်မှောက်ရေး လှုပ်ရှားမှုကို ယနေ့ စက်တင်ဘာလ ၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီလှုပ်ရှားမှုက စပါတယ် ။ လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေထဲက တော်လှန်လိုစိတ်ရှိတဲ့ တတ်နိုင်တဲ့ဘက်ကပါ၀င်လိုတဲ့ ကျောင်းသားအင်အားစုတချို့ပေါင်းပြီး လုပ်ကြတာဖြစ်ပါတယ် ။ ဒါက တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွင်း တော်လှန်‌လိုစိတ်ရှိတဲ့ ကျောင်းသားတွေကိုလည်း တပ်လှန့်လိုက်တဲ့သဘောပါ ။ အားလုံးပါ၀င်ပေးကြပါ ။ အခြေအနေတစ်ခုကြောင့် ကျောင်းတက်နေခဲ့ရတယ်ဆိုရင်တောင် စစ်အာဏာရှင်ကို ဆက်လက်တော်လှန်နေသေးကြောင်း လက်တွေ့လုပ်ရပ်နဲ့ သက်သေပြပေးကြပါ" ဟု သပိတ်မှောက်လှုပ်ရှားမှုတွင်ပါဝင်သော ကျောင်းသားတဦးက ပြောသည်။

သပိတ်အင်အားစုများ ပြုလုပ်လျက်ရှိသော စစ်တပ်ပိုင် ထုတ်ကုန် (အဖျော်ယမကာ နှင့် စီးကရက်) အမျိုးအစား ရှစ်မျိုးအား မသုံးစွဲရေး၊ မရောင်းချရေး လှုပ်ရှားမှုကို ကျောင်းတွင်းရှိကျောင်းသားများက ပူးပေါင်းပါဝင်ခဲ့ကာ ကျောင်းသန့်စင်ခန်းများတွင် စတေကာများကပ်ခြင်းနှင့် ဓာတ်ပုံကမ်ပိန်းတို့ကို ပြုလုပ်ခဲ့ကြောင်း သတင်းဌာန မီဒီယာများကို ပေးပို့သော ထုတ်ပြန်ချက်အရ သိရသည်။

စစ်တပ်ပိုင် အရက် ၊ ဘီယာ ၊ ဆေးလိပ်စသည့် ထုတ်ကုန်များကို သပိတ်မှောက်ရခြင်းမှာ “ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” ဦးဆုံးခြေလှမ်းကို စတင်ခြင်းဖြစ်ကာ ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ၊ ကျား ၊မ မရွေး ပါဝင်ဆင်နွှဲနိုင်ပြီး စစ်ကောင်စီ၏ ဝင်ငွေရင်းမြစ်များကို ဖြတ်တောက် ရိုက်ချိုးရန် ရည်ရွယ်ကာ ကမ်ပိန်းပြုလုပ်ခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ စားသုံးခြင်းမပြုရမည့် စစ်တပ်ပိုင် ကုန်စည်များမှာ မြန်မာ ဘီယာ (Myanmar Beer) ၊ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold) ၊ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon) ၊ မန္တလေး ဘီယာ၊ ရမ် (Mandalay) ၊ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout) ၊ အာမီရမ် (Army Rum)၊ Red Ruby စီးကရက် နှင့် Premium Gold စီးကရက်တို့ဖြစ်ကြောင်း တော်လှန်ရေး သပိတ်အင်အားစုများက ဩဂုတ်လ အတွင်းက ကြေညာထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်တပ်ပိုင်ထုတ်ကုန်
#သပိတ်မှောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤2😁2
မင်းကင်းမြို့လျှပ်စစ်ရုံးတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံး၊လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ
==================

လွှမ်းမိုး(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့လျှပ်စစ်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေးအတွက် ငါးရက်ခန့် အချိန်ယူပြီး ကြိုတင်ပြင်ခဲ့ရတယ်လို့ ကျောင်းသားတော်လှန်ရေးတပ် (SRF) တပ်မှူး ဆရာစံက ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်အပြင် လက်နက်ကိုင်ဆောင်ထားကြတဲ့ ပျူစောထီးတွေဟာ ဒေသခံပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်တာတွေ၊ လက်နက်ခဲယမ်းတရားမဝင်ရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆရာစံက ပြောပါတယ်။

ရုပ်သံတင်ဆက်-လွှမ်းမိုး
ရုပ်သံတည်းဖြတ်-ဂျူချန်း

https://youtu.be/7AYB9F011fE?si=HZfkPHmOJv888qr6

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤12👏3🔥1🥱1
​​ထူးခြားဆန်းကြယ်သည့် အဏ္ဏဝါဘက်တီးရီးယားမျိုးစိတ်သစ်အား ရှာဖွေတွေ့ရှိ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​ရာစုနှစ်ချီ ရှင်သန်နေပြီး မြင်ရခဲသည့် ငါးမန်းအား ကာရစ်ဘီယံပင်လယ်၌ မမျှော်လင့်ဘဲတွေ့ရှိ
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
​​Don 2 (အိန္ဒိယရုပ်ရှင်)
===========

မနေ့က Don ကားရဲ့အဆက်လေးပေါ့
Don တစ်ယောက် ရဲတွေကိုတစ်ပတ်ရိုက်ပြီး လစ်ထွက်လာခဲ့တာ အားရစရာကြီးနော်

ရဲလက်ထဲကိုလည်း ဘာမှမပါတဲ့ Disc ပြားအတုကြီးထားပေးခဲ့ပြီး စုံစမ်းရေးအရာရှိ De Silva အဖြစ်ဟန်ဆောင်ထားတဲ့ ဗာဒ်ဒန်းကိုလည်း ရဲလက်ထက်အပ်ခဲ့တယ် ကြားထဲက ဗီဂျေးကတော့ သေသွားရှာတာပေါ့ ဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်မှာတော့ Don ဟာ အာရှတိုက်ရဲ့ ဒုစရိုက်လောကမှာ ဘုရင်တစ်ဆူဖြစ်ခဲ့တယ်

(၅) နှစ်ကြာပြီနောက်မှာတော့ Don က အာရှတိုက်ရဲ့မူးယစ်ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားတာလောက်နဲ့ မကျေနပ်တော့ဘူး နောက်ထပ်ပစ်မှတ်အနေနဲ့ ဥရောပထိခြေဆန့်လာခဲ့တယ်
ဒါကြောင့်ဥရောပရဲ့မူးယစ်လောကခေါင်းဆောင်တွေစုပြီး Don ကို သတ်ဖို့အစီအစဉ်ဆွဲတယ် Don ကိုသတ်ချင်နေသူတွေထဲမှာမှ အသတ်ချင်ဆုံးကတော့ ရိုးမားပေါ့ နှစ်လိမ့်တစ်ပတ်နဲ့ Don က ရိုးမားဆီက အချစ်ပါလိမ်ယူခဲ့သေးတာကို ဒီနေ့လည်း ဘယ်လိုလှည့်ကွက်တွေနဲ့ ရင်ခုန်စွာကြည့်ရဦးမလဲ

ဒီတစ်ခေါက်ရော Don တစ်ယောက်လွတ်အောင်ပြေးနိုင်ပါဦးမလား
ပရိသတ်ကြီးကို ဘယ်လိုတွေဖမ်းစားဦးမလဲဆိုတာ ကြည့်ရှု့ကြပါဦးနော်

Shah Rukh Khan, Priyanka Chopra, Lara Dutta, Om Puri, Boman Irani နဲ့ Kunal Kapoor တို့ ပါဝင်ထားကြပါတယ်...

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

Mizzima TV App အခမဲ့ဒေါင်းလုတ်ပြုလုပ်ရန် - https://bit.ly/44WaGEU

#New ပြသမည့်ရက်။ ။ ၆.၉.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၇.၉.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍8🔥1
​​၁၈၈၁ ခုနှစ်က မီရှီဂန်ရေကန်၌ နစ်မြုပ်သွားခဲ့သည့် နှစ်ပင်တိုင်ရွက်သင်္ဘောအား ပကတိအတိုင်းတွေ့ရှိ
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3
Media is too big
VIEW IN TELEGRAM
Sep - 6 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍7😁5
​​မြောက်ဥက္ကလာ ထွေအုပ်ရုံးနှင့် ကြံ့ခိုင်ရေးရုံးရှိ စစ်ကောင်စီတပ်သားများ ၂ ကြိမ်တိုက်ခိုက်ခံရ ထိခိုက်မှုရှိဟုဆို
==================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ကြံ့ခိုင်ရေးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ယ‌မန်နေ့ စက်တင်ဘာ ၅ ရက် ညပိုင်းက နှစ်ကြိမ် တိုက်ခိုက်ခံရကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှတဆင့် သိရသည်။

"ည ၇ နာရီ ခွဲမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်က ရှင်းလင်းရေးလုပ်ဖို့ ရောက်လာချိန်မှာ ချိန်ကိုက်မိုင်းအသုံးပြုကာ ထပ်မံဖောက်ခွဲခဲ့တာပါ။" ဟု မြောက်ဥက္ကလာပမြို့နယ် မြေ‌ပြင်ကင်းထောက်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုများရှိ၍ သေနတ်ဖြင့် ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့မှုများရှိကြောင်း ထုတ်ပြန်ချက်အရ သိရပြီး ထိခိုက်ဒဏ်ရာရမှုအခြေအနေများကို မဇ္ဈိမမှ စုံစမ်းနေဆဲဖြစ်သည်။

တိုက်ခိုက်မှုပြုလုပ်သည့်ရဲဘော်များအနေဖြင့် ဘေးကင်းလွတ်ရာသို့ရောက်ရှိနေပြီဖြစ်ပြီး ‌မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ(၂) မှလုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းအတွင်းလမ်းရှိ ရဲကင်းတခု၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတပ်သား နှစ်ဦး ထိခိုက်မှု ဖြစ်ပွားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဗုံးပေါက်ကွဲမှု
#မြောက်ဥက္ကလာပမြို့နယ်
#ထွေအုပ်ရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤17👍3👏2🔥1
စက်တင်ဘာလ (၆) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

မြန်မာ့အရေး အာဆီယံအလှည့်ကျဥက္ကဋ္ဌသုံးနိုင်ငံ ပူးတွဲကိုင်တွယ်သွားမှာဖြစ်ကြောင်း သဘောတူလိုက်ကြတဲ့ အကြောင်းနဲ့အတူ အစိုးရတရပ်ရဲ့ ဂုဏ်နဲ့ ထိုက်တန်တဲ့ အမူအကျင့်၊ အတွေးအခေါ်တွေကျင့်ကြံကြဖို့ NUG ယာယီသမ္မတ သတိပေးလိုက်တဲ့သတင်းတွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ စီးပွားရေးသတင်းတွေကို ကြားကြရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ အာဆီယံကိုတက်မယ့် အမေရိကန် ဒုတိယသမ္မတကင်မ်မလာ ဟဲရစ်စ် အင်ဒိုနီးရှား ရောက်ရှိနေတယ်ဆိုတဲ့ အကြောင်းနဲ့အတူ မြန်မာအစား ၂၀၂၆ ခုနှစ်မှာ အာဆီယံဥက္ကဌတာဝန်ကိုယူဖို့ အသင့်ရှိနေတယ်လို့ ဖိလစ်ပိုင်ပြောလိုက်တဲ့ အကြောင်း တွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “ The Call” အွန်လိုင်းမဂ္ဂဇင်းနဲ့ မဇ္ဈိမရေဒီယိုတို့ ပူးပေါင်းတင်ဆက်တဲ့ တော်လှန်ရေးအနုပညာကဏ္ဍအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

https://youtu.be/vpsLNBQjzgQ?si=JgUYhXFLJ1FtyWfo

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1
​​တနင်္သာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလာသည့်ကား မိုင်းဆွဲခံရ
====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အော်ကြီးကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာ လ ၆ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် အိမ်စီးကားတစီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် Toyota Vigo အမျိုးအစားကားကို မြိတ်-တနင်္သာရီလမ်းပိုင်း မော်တုန်းရွာအခြေစိုက် အမှတ်(၃၀၆)အမြောက်တပ်နှင့် အောက်ကင်းရွာအခြေစိုက်ခမရ(၅၅၇)အကြား အော်ကြီးကျေးရွာ ဘုရားတောင်ခြေအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။

တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှပြောရေးဆိုခွင့်ရှိသူတဦးက “လောလောဆယ် ကျွန်တော် တို့အတည်ပြုနိုင်တာက အရာရှိ ဗိုလ်ကြီးအပါအဝင် နှစ်ဦးသေတယ်လို့ သိရတယ်၊ နှစ်ဦး ဒဏ်ရာပြင်းထန် လို့ မြိတ်ပြည်သူ့ဆေးရုံကို ပို့လိုက်ရတယ်ကြားတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုနှင့်ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် အတည်ပြုချက်ရရှိနိုင်ရန် ဒေသတွင်း သတင်းရင်းမြစ်များထံ ဆက်သွယ်နေဆဲဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလာသည့်ကား မိုင်းဆွဲခံရပြီးနောက် စစ်ကူအဖြစ် ခြေလျှင်စစ်ကြောင်း ထိုးလာသည့်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးကြောင်းသိရ သည်။

“ဒီမနက် အော်ကြီးရွာမှာ မိုင်းဆွဲခံတဲ့ကားက သေဆုံးမှုရှိတယ်လို့တော့ ကြားတယ်။ ဒဏ်ရာရတဲ့ စစ်သား တွေကို မြိတ်ကိုပို့ဖို့အတွက် ပရဟိကားတစီးကိုလည်း ချောဆွဲသားတာရှိတယ်”ဟု တနင်္သာရီမြို့နယ်မှ ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်သော ပုလော ပကဖ၊ တနင်္သာရီရိုးမနှင့် တောပုန်းကြီးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေ၍ မြိတ်-တနင်္သာရီလမ်းပိုင်းတွင် အရေးပေါ်လူနာတင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ၊ ကုန်ကားများ ပိတ်မိခဲ့ကြောင်း သိရသည်။

“အခုချိန်ထိလည်း တနင်္သာရီမြို့နယ်ဖက်မှာ ပစ်ခတ်မှုတွေရှိနေဆဲပါ။ စစ်ကောင်စီတပ်က လက်နက်ကြီး တွေနဲ့ ရမ်းသန်းပစ်နေတာ” ဟု ဒေသခံတဦးကလည်း ပြောသည်။

တနင်္သာရီမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာထားသောမြို့နယ်ဖြစ်ပြီး ယခုရက်ပိုင်းအတွင် တိုက်ပွဲ များဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

(ပုံစာ- တိုက်ပွဲကြောင့် အော်ကြီးကျေးရွာအနီးတွင် ကားများပိတ်မိနေစဉ်)

စာတည်း။ ။စောဖေ

#တနင်္သာရီမြို့နယ်
#စစ်အုပ်ချုပ်ရေး
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏1😁1
အမေရိကန်ပြည်ထောင်စုက မှတ်သားဖွယ်ရာ ဖက်ဒရယ်မူများ | Beyond Panglong Oath Ep-19
==================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/Zm1_HUzfTj0?si=L31LLxUCjOkBpD_D

#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😁1🤮1
​​နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပုံမှန်တွေ့ဆုံမှုရှိဟု စစ်ကောင်စီပြော
===================

001
(မဇ္စျိမ)။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုံမှန်တွေ့ဆုံမှုရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း BBC Burmese က ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် ရေးသားဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီတာဝန်ရှိသူများ တွေ့ဆုံခြင်းမှာ ပုံမှန်ဆောင်ရွက်နေသည့် လုပ်ငန်းတခုဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC Burmese ကို ဖြေဆိုခဲ့ပြီး ဖမ်းဆီးထားသည့် နှစ်နှစ်ကျော်အတွင်း တွေ့ဆုံခဲ့သည့်အကြိမ်အရေအတွက်ကို ထုတ်ဖော်ဖြေဆိုခြင်း မရှိခဲ့ကြောင်း သိရသည်။

​ဖမ်းဆီးချုပ်​နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ လွန်ခဲ့သည့် နှစ်ပတ်က သွားနာ၊ သွားဖုံးယောင် ဝေဒနာကို ခံစားခဲ့ရပြီး ပြင်ပဆရာဝန်နှင့် ကုသခွင့်ပေးရန် တင်ပြခဲ့သော်လည်း စစ်ကောင်စီဘက်က ခွင့်ပြုခြင်း မရှိသေးကြောင်း ​နေပြည်​တော် အချုပ်ထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ​နေကောင်းသွားပြီဟုသာ ကြားသိရပြီး စစ်ကောင်စီ တာဝန်ရှိသူများ ပုံမှန်တွေ့ဆုံမှုနှင့် ပတ်သက်၍ မသိရှိကြောင်း အချုပ်​ထောင်နှင့် နီးစပ်သူတဦးက မဇ္စျိမကို ​ပြောသည်။

ထို့ပြင် အမှုကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် လိုအပ်သည့်အတွက် တွေ့ခွင့်ပေးရန် ၎င်း၏ရှေ့နေအဖွဲ့က ယခုနှစ်စမှစ၍ အကြိမ်ကြိမ်တင်ပြထားမှုကိုလည်း စစ်ကောင်စီက ခွင့်ပြုခြင်းမရှိသေးကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား စစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ ထိုအထဲမှ ထောင်ဒဏ် ခြောက်နှစ်ကို ပြစ်ဒဏ်လျော့ပေါ့ပေးကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား​ နေပြည်​တော်အချုပ်​ထောင်မှ နေအိမ်အကျယ်ချုပ် ပြန်လည်ပြောင်းရွှေ့ကြောင်း ဇူလိုင်လအတွင်းက သတင်းများ ထွက်​ပေါ်ခဲ့​သော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာပစ္စည်းကို တပတ်လျှင် တကြိမ် နေပြည်တော်အချုပ်ထောင်မှာပင် ဆက်လက် ပို့ဆောင်နေရဆဲဖြစ်ကြောင်း အချုပ်​ထောင်နှင့် နီးစပ်သူများထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဒေါ်အောင်ဆန်းစုကြည်
#နေပြည်တော်အချုပ်ထောင်
#Hardnews
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁4❤3🔥1
​​သေနတ်သံကြားပါက လေယာဥ်ဖြင့် ဗုံးကြဲမည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက်
=====================

ရောင်နီ
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကျေး ရွာအုပ်စုအတွင်းရှိကျေးရွာများတွင် သေနတ်သံကြားပါက လေယာဥ်ဖြင့်ဗုံးကြဲမည်ဟု စစ်ကောင်စီတပ် က လိုက်လံခြိမ်းခြောက်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

မကြာသေးမီကဖွဲ့စည်းခဲ့သည့် ဓနုပြည့်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စည်းရုံးရေးဆင်းနေသည့်ကိစ္စနှင့်ပတ်သက်၍ဟုဆိုကာ စစ်ကောင်စီတပ်က ကျောက်ဂူ ကျေးရွာအုပ်စုအတွင်းမှ ရွာလူကြီးများကို စက်တင်ဘာလ ၄ ရက်နေ့က ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“DPLF က စည်းရုံးရေးဆင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျောက်ဂူအုပ်စုသူကြီးနဲ့ ရွာသူကြီးတွေကိုခေါ် တယ်။ အဲ့ဒီကျေးရွာတွေပတ်၀န်းကျင်မှာ သေနတ်သံကြားရင် လေယာဥ်နဲ့ဗုံးကြဲမယ်ဆိုပြီး ခြိမ်းခြောက် တာမျိုးတွေရှိတယ်။

နောက်ပြီး ပတ်၀န်းကျင်ကျေးရွာတွေကိုလည်း စစ်ကြောင်းတွေနဲ့၀င်ရောက်မယ့်ပုံစံ မျိုး သတင်းဖြန့်ထားတာတွေရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်သည် ကျောက်ဂူကျေးရွာအုပ်စု ပုန်းအင်းကျေးရွာအတွင်း ၀င်ရောက်ပြီး ရွာသား များကို ဘုန်းကြီးကျောင်းတွင်လူစုခိုင်းကာ စစ်ဆေးမှုများပြုလုပ်ခြင်း၊ ကျေးရွာအတွင်းရှိ ပစ္စည်းများကို မွေနှောက်ယူဆောင်သွားခြင်းများ ရှိခဲ့ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းမှာလူစုနေတဲ့အချိန် အိမ်တွေထဲပတ်မွှေပြီး ဖုန်းငါးလုံးနဲ့ ရွှေထည်ပစ္စည်းအချို့ကိုယူ သွားတယ်။ ရွာသားတွေပြန်လိုက်တောင်းတော့ စစ်ကြောင်းမှူးဆိုတဲ့သူက ဖုန်းငါးလုံးစာ ၅၀၀,၀၀၀ ပြန် လျော်ပေးတယ်။ ယူတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဒေသခံတွေရှေ့မှာပဲ ရိုက်နှက်တာတွေ လုပ်ပြ တယ်” ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း DPLF က စည်းရုံးရေးဆင်းကြောင်း စစ်ကောင်စီတပ်၏ ပြောဆို နေမှုအပေါ် အတည်ပြုချက်ရယူရန် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLF)ထံ မဇ္စျိမက ဆက်သွယ်မေး မြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကျောက်ဂူကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၂၄ ရွာပါ၀င်ပြီး ရပ်စောက်မြို့နယ်တွင် တည်ရှိသည်။ အဆိုပါ ကျေးရွာများတွင် စစ်ကောင်စီတပ်က အင်အား ၄၀ ပါ အဖွဲ့နှစ်ဖွဲ့ဖြင့် စည်းရုံးရေးဆင်းခြင်းအပြင် စစ် ကြောင်းထိုးကာ ကျေးရွာများအတွင်း ၀င်ရောက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“မနေ့(စက်တင်ဘာလ ၅ ရက်)ကလည်း ကျောက်မီးခတ်ရွာဘက်မှာ စည်းရုံးရေးဆင်းတာရှိတယ်။ ဒေသခံတွေကတော့ အရင်ကလည်း ဒီဘက်မှာ စကစရယ် ၊ RCSS ရယ်၊ SSPP ရယ်က အခွန်ကောက် လိုက်၊ ခြိမ်းခြောက်လိုက်ပဲလုပ်နေကြပြီး ဘာမှကာကွယ်မှုလည်းမပေးကြတဲ့အပြင် အခု ဓနုအဖွဲ့ဆိုပြီး ထပ်ပေါ်လာပြန်တော့ ဘာတွေဆက်ဖြစ်မလဲဆိုပြီး စိုးရိမ်နေကြတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကျောက်ဂူကျေးရွာအုပ်စု၀န်းကျင်တွင် RCSS နှင့် SSPP တို့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ကျေးရွာ ၁၀ ရွာမှ ဒေသခံထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး - Danu People’s Liberation Front (DPLF) ဖွဲ့စည်းကြောင်း ယင်းအဖွဲ့က ဇူလိုင်လ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။

ထိုသို့ ကြေညာပြီးသည့်နောက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများအတွင်း ၀င်ရောက်စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ပုန်းအင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် အင်အား ၅၀ ၀န်းကျင်ဖြင့်တပ်စွဲထားကာ အနီးပတ်၀န်းကျင်ကျေးရွာများကို ၀င် ရောက်စစ်ဆေးရန် ပြင်ဆင်နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ရှမ်းပြည်နယ်တောင်ပိုင်း
#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
#DPLF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮9🔥5👍3👎1
သစ်ချဆိပ်စခန်းအား ပြန်လည်ရယူရန် စစ်ကောင်စီ စစ်ကြောင်းထိုး
🔥5
သစ်ချဆိပ်စခန်းအား ပြန်လည်ရယူရန် စစ်ကောင်စီ စစ်ကြောင်းထိုး
=====================

YT
(မဇ္ဈိမ)။ ။ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ခဲ့သည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ သစ်ချဆိပ်စစ်ကောင်စီစခန်းအား ပြန်လည်ရယူရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

ထိုသို့ စစ်ကြောင်းထိုးမှုကြောင့် စက်တင်ဘာလ ၃ ရက်နှင့် ၅ ရက်က နှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
" သစ်ချဆိပ်စခန်းကို ပြန်လိုချင်တဲ့ သဘောပေါ့။ စခန်းကို ပြန်လိုချင်တော့ မနေ့ကဆို လယ်ပတ်ရွာမှာ တိုက်ပွဲပါ ဖြစ်တယ်။ သူတို့က သစ်ချဆိပ်နားထိ ပြန်ပြီးတော့ စစ်ကြောင်းထိုးပြီး ပြန်တိုးလာတာပေါ့။ သစ်ချဆိပ်စခန်းကို ပြန်ပြီး ရယူဖို့အတွက်။ ဒီဘက်ကလည်း အသင့်အနေအထားနဲ့ ရှိနေရတာပေါ့။ လက်ရှိ အခြေအနေ တင်းမာနေတာပေါ့" ဟု KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်သည် သစ်ချဆိပ်ကျေးရွာအနီးရှိ မျက်ရဲကျေးရွာ (ကရင်မျက်ရဲကျေးရွာ၊ ဗမာမျက်ရဲကျေးရွာ)၊ လယ်ပတ်ကျေးရွာနှင့် ငထွေစုပ်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။

လယ်ပတ်ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့၊ နံနက်ပိုင်းက စစ်ကြောင်းထိုး စစ်ကောင်စီတပ်နှင့် တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

" မနေ့က လယ်ပတ်ရွာ တိုက်ပွဲမှာ လေယာဥ်ပစ်ခတ်လို့ ရွာထဲကျရောက်ခဲ့ပြီး မိန်းကလေးတယောက် သေတယ်။ ယောက်ျားလေး သုံးယောက်ဒဏ်ရာရသွားပါတယ်" ဟု ဒေသတွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်တွင် အထိအခိုက်၊ အကျအဆုံးများခဲ့ပြီး KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်တွင်လည်း ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။

ထိုထိခိုက် သေဆုံးမှုများကို မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ထို့အပြင် စက်တင်ဘာလ ၃ ရက်က ငထွေစုပ်ကျေးရွာတွင် စစ်ကောင်စီနှင့် တပ်မဟာ (၃) KNLA ပူးပေါင်းတပ်ဖွဲ့အကြား နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၆၀ ကျော်ပစ်ခတ်ခဲ့ကာ ဂျက်ဖိုက်တာလေးစင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်ပါ ပြုလုပ်ခဲ့ကြောင်း KNU က စက်တင်ဘာလ ၅ ရက်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ငထွေစုပ်ကျေးရွာမှ ဒေသခံတစ်ဦးသေဆုံး၍ ခြောက်ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်သုံးလုံး ထိခိုက်ပျက်စီးမှုရှိကြောင်း KNU က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်က သစ်ချဆိပ်စခန်းကို တပ်မဟာ (၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ပူးပေါင်းတပ်ဖွဲများက စတင်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် သစ်ချဆိပ်စခန်းအား သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သစ်ချဆိပ်စခန်းမှစစ်ကောင်စီတပ်သားများသည် ဒေသခံများနေထိုင်ရာ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ပြည်သူလူထုများအား လက်နက်အားကိုး၍ အနိုင်ကျင့်မှုများ ပြုလုပ်သောကြောင့် စခန်းသိမ်းလိုက်ရခြင်းဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ပျက်စီးမှုများ (ဓါတ်ပုံ- KNU)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#သစ်ချဆိပ်စခန်း
#စစ်ကြောင်းထိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥3🤬2