Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အရပ်သားများကို တိုက်ခိုက်နေခြင်း ရပ်တန့်ရန် စစ်ကောင်စီအား အာဆီယံခေါင်းဆောင်များ တိုက်တွန်း 
=========================

မြန်မာနိုင်ငံတွင် အရပ်သားများအား အကြမ်းဖက်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို အာဆီယံခေါင်းဆောင်များက ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အာဏာသိမ်း စစ်ကောင်စီကို တိုက်ရိုက်အပြစ်တင်ကာ သဘောတူထားသော ငြိမ်းချမ်းရေး အစီအစဉ်အား အကောင်အထည်ဖော်မှုလည်း မစို့မပို့သာ ရှိသည်ဟု အင်ဒိုနီးရှား အိမ်ရှင်အဖြစ် ကျင်းပသည့် အင်္ဂါနေ့ ထိပ်သီးအစည်းအဝေး၌ ပြောဆိုသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🍌1
​​အစ္စရေးကုမ္ပဏီများက စစ်ကောင်စီထံ ခေတ်မီစစ်လက်နက်များ ရောင်းချ 
========================

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် အစ္စရေး ကာကွယ်ရေးကုမ္ပဏီနှစ်ခုသည် ခေတ်မီလက်နက်များအား စစ်ကောင်စီထံသို့ ရောင်းချနေသည်ဟု သတင်းများက ဖော်ပြသည်။ Israel Aerospace Industries (IAI) နှင့် Elbit Systems ကုမ္ပဏီတို့က မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီထံသို့ ၂၀၂၂ ခုနှစ်တိုင်အောင် လက်နက်စနစ်များ ရောင်းချနေခြင်း ဖြစ်သည်ဟု အစ္စရေး Haaretz သတင်းစာက အင်္ဂါနေ့တွင် ဖော်ပြသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14❤1
မြန်မာ့ပြောင်းကိုထိုင်းအခွန်ကင်းလွတ်ကာလရပ်နားချိန် တရုတ်သို့ တင်ပို့မည်|Business Round Up (6.9.2023)
=====================

- စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄.၁ ရာခိုင်နှုန်းရရှိရန် စစ်ကောင်စီ မျှော်မှန်း

- ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် လယ်ယာနှင့် ရေထွက်ကုန်အချို့ စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရမည်

- စားသုံးဆီရည်ညွှန်းဈေးကို အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ၂၅၁၃ ကျပ်အပေါ် အခြေခံပြီး သတ်မှတ်

- မြန်မာ့ပြောင်းကိုထိုင်းအခွန်ကင်းလွတ်ကာလရပ်နားချိန် တရုတ်သို့ တင်ပို့မည်

https://youtu.be/i5jo4-XfssM?si=-aH9ulIA_r0Mw50x
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥5
​​မြန်မာအစား ၂၀၂၆ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် အသင့်ရှိကြောင်း ဖိလစ်ပိုင် ပြော 
=====================

မြန်မာအာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေးအတွက် အာဆီယံအဖွဲ့က အခက်တွေ့လျက် ရှိနေချိန် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၆ အာဆီယံဥက္ကဋ္ဌ တာဝန်အား မြန်မာနိုင်ငံအစား တာဝန်ယူရန် အသင့်ရှိနေကြောင်း သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6😁1🤮1
အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ဝါရီကောခူကျေးရွာ နေအိမ် ၃၀ ဝန်းကျင်နှင့် လယ်ခင်းများရေနစ်မြုပ်
😢8🔥1
အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ဝါရီကောခူကျေးရွာ နေအိမ် ၃၀ ဝန်းကျင်နှင့် လယ်ခင်းများရေနစ်မြုပ်
====================

ကိုဇာနည်
(မဇ္စျိမ) ။ ။ ရှမ်း-ကယားနယ်စပ်၊ ဝါရီကောခူကျေးရွာတွင် စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရေကြီးပြီးနေအိမ် ၃၀ ဝန်းကျင်နှင့်ရိတ်သိမ်းကာနီး လယ်ခင်းများ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

"သုံးရက်ဆက်တိုက်ရွာတယ်၊ မနက်ည ညနေကနေ ဒီမနက်မိုးလင်းပေါက်အထိ မိုးပိုရွာတော့ ဆယ်မြောင်းရေပြည့်လျှံပြီး ရွာအောက်ပိုင်းက​အိမ် ၃၀ ဝန်းကျင်နဲ့ လယ်ခင်းက ခြောက်ခင်းလောက် ရေမြုပ်သွားတယ်၊ လုံးဝရေမြုပ်သွားပြီး ပြန်ရိတ်လို့မရတဲ့ လယ်ခင်းက ခြောက်ဧကနီးပါးလောက်ရှိတယ်"ဟု ရွာခံတဦးကပြောသည်။

လယ်တဧကလျှင်အနည်းဆုံး ကျပ် ၅၀၀,၀၀၀ ကနေ ကျပ် ၁,၀၀၀,၀၀၀ အထိ ရင်းနေရပြီး ရေနစ်သွားသည့်အတွက် အရှုံးပေါ်ကာ စားဝတ်နေရေးအတွက် အခက်အခဲရှိလာတယ်ဟု ၎င်းကဆိုသည်။

အဆိုပါ ဝါရီကောခူကျေးရွာသည် စီးပွားဖြစ်အဓိက လယ်ယာကိုသာမှီခိုလုပ်ကိုင်စားသောက်နေရပြီး၊ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင်လည်း ရွာအောက်ပိုင်းတွင် ရေတခါနစ်မြုပ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဝါရီကောခူကျေးရွာ
#လယ်ခင်း
#မိုးရွာသွန်းမှု

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥2😢2
Media is too big
VIEW IN TELEGRAM
တရုတ်နိုင်ငံရဲ့ မဟာတံတိုင်းကြီးကို အပေါက်ဖောက်ခဲ့သူ ၂ ဦး ဖမ်းဆီးခံရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5😁2
​​ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်များအားတိုက်ခိုက်မှုအပြင် ဖမ်းဆီးငွေ တောင်းခြင်းနှင့် ပစ္စည်းသိမ်းယူခြင်းများပါ ပြုလုပ်
=======================

YT
(မဇ္ဈိမ)။ ။KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီ တပ်သည် အရပ်သားပစ်မှတ်များအား လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့အပြင် အရပ်သားများအား ဖမ်းဆီးကာငွေတောင်းခံခြင်း၊ ပစ္စည်းသိမ်းယူခြင်းများကိုပါပြုလုပ်နေကြောင်း KNU ဗဟို၏ ထုတ်ပြန်ထားသည်။

“မြေပြင်မှာ အမြဲလိုလို စစ်ကောင်စီက ရှုံးနေတယ်။ စခန်းတွေ၊ ထိန်းချုပ်နယ်မြေတွေလည်း တော်တော် များများ မရှိတော့ဘူး။ အဲ့ဒါကြောင့် ရွာတွေကိုပစ်မှတ်ထားပြီး လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ် နေတာနေ့တိုင်းပဲ” ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)မှ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က ရွှေကျင်မြို့နယ်၊ အင်းကနီကျေးရွာနှင့် ကျောက်တန်း ကျေးတို့ရွာမှ ကိုသန်းနိုင်ဦး၊ ကိုအငယ်လေး၊ ကိုဝင်းနိုင်နှင့် ကိုအောင်မင်းသက်တို့သည် ဈေးဝယ်ရန်သွား စဉ် ရှမ်းရွာရှိ စစ်ကောင်စီဂိတ်၌ ဖမ်းဆီးခြင်းခဲ့ရသည်။

အရပ်သားလေးဦးအား ဖမ်းဆီးထားသည့် ရှမ်းရွာစစ်ကောင်စီဂိတ်သို့ ကျေးရွာတာဝန်ရှိလူကြီးများမှ သွား ရောက်တွေ့ဆုံရာတွင် စစ်ကောင်စီတပ်က ငွေ ၁၀ သိန်းတောင်းခံခဲ့ကြောင်း၊ ငွေပေးပြီးမှသာ အရပ်သား လေးဦးအား ခံဝန်ကတိထိုး၍ ပြန်လွှတ်ပေးခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းကလည်း ရွှေကျင်မြို့နယ်၊ ဝိုင်းကျန်းကျေးရွာမှ လင်မယားနှစ်ဦး ညောင်လေးပင်မြို့မှ ဈေးဝယ်ပြီးပြန်လာစဉ် ပုဇွန်မြောင်းကျေးရွာရှိ စစ်ကောင်စီဂိတ်ကဖမ်းဆီးကာ ၎င်း တို့နှင့်အတူပါလာသည့် ဆန်ငါးအိတ်နှင့် ဆိုင်ကယ်တစီး စုစုပေါင်း ကျပ်သိန်း ၃၀ ဖိုးအား သိမ်းယူပြီးမှ ပြန် လွှတ်ပေးခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ညောင်လေးပင်ခရိုင်၌ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စက်တင် ဘာလ ၅ ရက်နေ့အထိ စစ်ဘေးရှောင်သူ ၂၀၀,၀၀၀ ကျော်ရှိနေကြောင်း KPSN ၏ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါ်က မဇ္ဈိမကို ပြောသည်။

စစ်ဘေးရှောင်နေရသူများ၏ နေအိမ်များအတွင်းကျန်ရစ်ခဲ့သော တန်ဖိုးကြီးပစ္စည်းများ၊ ကျွဲနွား စသည်တို့ လည်း စစ်ကောင်စီတပ်၏ ဖောက်ထွင်းသိမ်းယူခြင်းခံနေရကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီဝင်က မဇ္ဈိမကိုပြောကြားသည်။

စက်တင်ဘာလ ၁ ရက်မှ ၄ ရက်နေ့အတွင်း စစ်ကောင်စီတပ်စခန်းများနှင့် အထိုင်တပ်ရင်းများ၏ လက် နက်ကြီးဖြင့်ပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် တပ်မဟာ(၃)နယ်မြေတွင် လေးဦးသေဆုံး၍ ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။စောဖေ

#KNUတပ်မဟာ(၃)နယ်မြေ
#ညောင်လေးပင်ခရိုင်
#စစ်ဘေးရှောင်

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ လက်နက်ကြီးကြောင့် ဒဏ်ရာရ ပြည်သူတစ်ဦး ( ဓါတ်ပုံ- KNU)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬7❤2
This media is not supported in your browser
VIEW IN TELEGRAM
ဆီးရီးယားအရှေ့ပိုင်းကမငြိမ်သက်မှုတွေကိုနှိမ်နင်းဖို့အတွက် ကာ့ဒ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေအင်အားတိုးမြှင့်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥3
စက်တင်ဘာလ( ၆ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=============================

-မြန်မာနိုင်ငံကို ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်မပြုဖို့ အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ခဲ့တဲ့သတင်း

-အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား မှတ်ပုံတင်ကြဖို့ ပြည်တွင်းပြည်ပ အလုပ်အကိုင်အေဂျင်စီတွေကို NUG တိုက်တွန်းတဲ့သတင်း

-ရဲနဲ့စစ်သား‌တွေ ပြည်သူနဲ့ပူးပေါင်းဖို့ ရန်ကုန်နဲ့မန္တလေး လူစည်ကားရာနေရာ‌ ၁၁ ခုမှာ လှုံ့ဆော်တောင်းဆိုတဲ့သတင်း

-ကရင်နီဒေသမှာ တစ်လအတွင်း တိုက်ပွဲပေါင်းအကြိမ် ၅၀ ဖြစ်ပွားခဲ့ကြောင်း KNDF ထုတ်ပြန်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/28OKcogyE8o?si=h7EPy4ixK9dkNBI7

#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2
This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျနဲ့ လုံခြုံရေးသဘောတူညီချက်ကို ပြန်လည်သုံးသပ်သွားမယ်လို့ ဗာနူအာတူနိုင်ငံဝန်ကြီးချုပ်အသစ်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥3👍1
နွေဦးခေါ်သံ
=============

မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍလာပါပြီ။ ဒီအစီအစဉ်က The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာ၊ ဆောင်းပါး စတဲ့ အနုပညာလက်ရာများကို The Call ဝိုင်းတော်သူ ဝိုင်းတော်သားတွေ ခံစား ရွတ်ဆို တင်ဆက်ထားတာ နားဆင်ကြရအောင်ပါရှင်။

ဒီတစ်ပတ်မှာတော့

- ကဗျာဆရာမောင်မိုးအေးရဲ့ စိတ်လိုလက်ရ ရိုက်သတ်ကြ ဆိုတဲ့ကဗျာ

- အတုအယောင်ရွေးကောက်ပွဲသည် မြန်မာပြည်တွင်းစစ်ကိုရှည်ကြာစေမည်သာ ဖြစ်သည် ဆိုတဲ့ ကျော်မိုးရဲ့ဘာသာပြန်ဆောင်းပါး

- ကဗျာဆရာဇာတိရဲ့ ပူနေတဲ့နှင်းတွေ ကဗျာကိုနားဆင်ကြရမှာပါ။

https://youtu.be/u5SlPPgmTHg?si=KrL6CoBr76iXbWx5

#နွေဦးခေါ်သံ
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤1🤮1
This media is not supported in your browser
VIEW IN TELEGRAM
September - 6 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍8😁1🍌1
​​လျော့ကျလာတဲ့ စပါးစိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ အတက်ဖက်သာ ဦးတည်နေတဲ့ ဆန်စျေး(ဆောင်းပါး)
==========================

မင်းထက်၊ MTO
(မဇ္ဈိမ)။ ။ အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေမတည်ငြိမ်မှုတွေကြားမှာ တောင်သူတွေရဲ့ စပါးစိုက်ပျိုးထုတ်လုပ်မှုက သိသိသာသာလျော့ကျလာနေပါတယ်။

စပါးအဓိကစိုက်ပျိုးကြတဲ့ လယ်သမားအများစုက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးနှိပ်စက်ဒဏ်ကို တိမ်းရှောင်နေကြရခြင်းက လယ်ယာလုပ်ငန်းခွင်ကို ခြေဦးမလှည့်နိုင်ကြတော့ပါဘူး။

လတ်တလော စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေလို့ ဒေသခံတွေက လယ်ကွက်ထဲ ကောက်စိုက်နေရင်း အရေးပေါ် တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ်လ ၃၁ ရက် နေ့လယ်ပိုင်းက စတင်ကာ ခင်ဦးမြို့နယ် တောင်ခြမ်းက ကျေးရွာတွေကို လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးနေချိန် ရုတ်တရက်စစ်ကြောင်းဝင်လာလို့ လယ်စိုက်နေရာက အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာကြရတာတွေလည်းရှိလို့ အခက်အခဲတွေဖြစ်နေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ကိုနေသူရ ဆိုပါတယ်။

“ရွာထဲကိုပစ်ခတ်ပြီး ဝင်လာတာပါ။ ကောက်စိုက် နေသူတွေ ပျိုးနုတ်နေသူတွေ ထွက်ပြေးကြရတာ။ မိသားစုတွေနဲ့လည်း တကွဲတပြားဖြစ်နေကြပါတယ်”လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက မဇ္ဈိမကိုပြောပါတယ်။

လက်ရှိစစ်ရှောင်နေကြသူတွေ တသောင်းနီးပါးရှိပြီး ထက်ဝက်က လယ်သမားတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ စပါးစိုက်ပျိုးဖို့အတွက် ရေခံမြေကောင်းတဲ့နေရာတွေဖြစ်လို့ စစ်ရှောင်နေရင်းကနေ စပါးစိုက်ပျိုးဖို့အတွက် ကြိုးစားကြတယ်လို့လည်း သိရပါတယ်။
လက်ရှိ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ ခမရ (၇၀၂ )နဲ့ (၇၀၈) ပူးပေါင်းစစ်ကြောင်းက ရွှေဘိုခရိုင်ထဲက ရွှေဘို ၊ ဒီပဲယင်း၊ ခင်ဦးမြို့နယ်အတွင်းကို လှည့်ပတ် စစ်ကြောင်းထိုးတာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကစလို့ ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၇၅ ရွာထက်မနည်း မီးရှို့ ခံထားရပြီး နေအိမ်အများဆုံးမီးရှို့ခံထားရတဲ့ မြို့နယ်တွေထဲက မြို့နယ်တခုလည်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက လယ်သမားတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း လယ်စိုက်တဲ့သူ ၂၅ ရာခိုင်နှုန်းခန့်ပဲ ရှိတော့တယ်လို့ ဝက်လက်မြို့နယ်က တောင်သူတဦး မဇ္ဈိမကိုပြောပါတယ်။

"အာဏာမသိမ်းခင်က ဧက ၁၀,၀၀၀ စိုက်ခဲ့တယ်ဆိုရင် အခု ဧက၂,၅၀၀ လောက်ပဲစိုက်နိုင်တော့တယ်။ ရိတ်သိမ်းချိန်ရောက်မှ စစ်ကြောင်းထိုးလာပြီး ထွက်ပြေးရလို့ ရိတ်သိမ်းချိန်ကျော်သွားတာတွေလည်းရှိတယ်"လို့ သူကပြောပြပါတယ်။

လက်ရှိ ဆန်စျေးနှုန်းတက်လာတဲ့အတွက် မိသားစုစားဝတ်နေရေး အကျပ်အတည်း သိသိသာသာခံစားလာနေရပြီလို့ ဆိုပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးဟာ ၂၀၂၁ ခုနှစ် အာ ဏာသိမ်းပြီးချိန်မှစကာ အလုံးစုံပျက်စီးသွားတာဖြစ်လို့ ဆန်ပြတ်လက်တဲ့ အခြေအနေတရပ် ဖြစ်လာနိုင်တယ်လို့ စစ်ကိုင်းတိုင်း NLD လွှတ်တော်ကိုယ်စားလှယ်တဦးက မဇ္ဈိမရဲ့မေးမြန်းတာကို ဖြေကြားထားပါတယ်။
😁7👍3🤬3
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ဂျာအာဏာသိမ်းစစ်တပ်က အနောက်အာဖရိကအစုအဖွဲ့နဲ့ သဘောတူညီချက်ရဖို့ မျှော်လင့်နေ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7❤1