Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရေနက်ဆိပ်ကမ်းဇုန်အတွင်း စစ်ကောင်စီတပ်သားများတပ်စွဲထား၍ ရေဖြူစစ်ရှောင်များ နေရပ်မပြန်ရဲ
=================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ရေနက်ဆိပ်ကမ်းဇုန်အတွင်း စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့်အတွက် အနီးနားကျေးရွာများမှ စစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူများထံမှ သိရသည်။

“ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ အထူးစီးပွားရေးဇုန်ရှိပြီး ရေနက်ဆိပ်ကမ်းဇုန်တွေမှာ စစ်ကောင်စီ တပ်သားတွေ တပ်စခန်းချထားတဲ့နေရာတွေက ရွာတွေနဲ့နီးလို့ အိမ်မပြန်ရဲကြတာ”ဟု ဒေါနတနင်္သာရီ အဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ဩဂုတ်လတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာခြင်းကြောင့် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် စစ်ဘေးရှောင် ၃,၀၀၀ ခန့်မှာ နေရပ်မပြန်နိုင်သေး ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာအနီးတွင် ကာကွယ်ရေးတပ်ဖွဲ့များလည်း စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

နေရပ်ပြန်ရန် အခက်ခဲရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများ လိုအပ်နေသည်ဟု ဒေါန တနင်္သာရီ - စစ်ဘေးရှောင် အထောက်အကူ ပြုရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#ရေဖြူမြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬12🔥3👍2👀1
This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျတက္ကသိုလ်အတွင်း ဓားထိုးမှုဖြစ်ပွားပြီး သုံးဦးဒဏ်ရာရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥2
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း DPLF က စည်းရုံးရေးဆင်းကာ စစ်ရေးအတွက်လှုပ်ရှားလာ
👍8🤣4👏2
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း DPLF က စည်းရုံးရေးဆင်းကာ စစ်ရေးအတွက်လှုပ်ရှားလာ
===================

ရောင်နီ
(မဇ္စျိမ)။ ။ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(DPLF)က စည်းရုံးရေးဆင်းကာ စစ်ရေးအတွက်လှုပ်ရှားလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်က မဇ္စျိမကို ပြော သည်။

“မနေ့က ရပ်စောက်မြို့နယ်ထဲက ကောင်းဘို့ရွာကို၀င်လာတယ်။ ညအထိနေပြီး ရွာကလူတွေကို တော် လှန်ရေးနဲ့ပတ်သက်တဲ့ စည်းရုံးဟောပြောတာတွေ လုပ်သွားပါတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ ကောင်းဘို့ကျေးရွာသည် ရပ်စောက်-ပင်းတယ လမ်းပေါ် တွင်တည်ရှိသည့် ရွာကြီးတရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၀င်ဦးရေ ၅၀ ထက်မနည်းတပ်စွဲထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

သို့သော် ယမန်နေ့က DPLF တပ်ဖွဲ့ ကျေးရွာအတွင်းဝင်ရောက်လာစဥ် စစ်ကောင်စီတပ်ဖွဲ့ဘက်က လှုပ်ရှားမှုမရှိခဲ့ကြောင်း သိရသည်။
“အဲ့ဒီ့ရွာမှာက စစ်ကောင်စီတပ်စွဲထားတာ ပုံမှန်ရှိတယ်။ မနေ့က DPLF တပ်ဖွဲ့ကရဲဘော်တွေ ရွာထဲဝင် လာတာကို သိပေမယ့် မလာကြဘူး။ ပုန်းနေတဲ့သဘောပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ရန် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး - Danu People’s Liberation Front (DPLF) ကို ဖွဲ့စည်းကြောင်း ဇူလိုင်လ ၂၉ ရက်နေ့က ကြေ ညာခဲ့သည်။

ယင်းသို့ ကြေညာပြီးသည့်နောက်ပိုင်းမှစကာ DPLF က ဓနုဒေသအတွင်းရှိ ကျေးရွာများကို စည်းရုံးရေး ဆင်းကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်ရန် ပြင်ဆင်လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ကြသည်။

“DPLF က စည်းရုံးရေးလုပ်နေတာကြာပြီ။ ပင်းတယ၊ ရွာငံ၊ ရပ်စောက်နဲ့ နောင်ချိုမြို့နယ်တွေက ကျေးရွာ အချို့မှာလည်း စည်းရုံးရေးလုပ်ခဲ့ပြီးပြီလို့ ကြားသိရတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာများတွင် စည်းရုံးရေးဆင်းနေသည့်ကိစ္စနှင့်ပတ်သက် ပြီး အသေးစိတ်သိရှိနိုင်ရန် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLF)ထံ မဇ္စျိမက ဆက်သွယ်မေးမြန်းထား ဆဲဖြစ်သည်။

စစ်ကောင်စီတပ်ဘက်ကလည်း ဓနုဒေသအတွင်း DPLF စည်းရုံးရေးဆင်းခဲ့သည်ဟုယူဆသည့် ကျေးရွာ များကို စစ်ကြောင်းများဖြင့်၀င်ရောက်ကာ တန်ပြန်စည်းရုံးရေးဆင်းခြင်း၊ နယ်မြေရှင်းလင်းခြင်းများ လုပ် ဆောင်နေကြောင်း သိရသည်။

“စစ်ကောင်စီတပ်က ကျေးရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲပြီး ပြည်သူတွေကို အကာအကွယ် ယူပြီး သွားလာနေတာမျိုးတွေရှိနေတယ်။ DPLF စည်းရုံးရေးဆင်းခဲ့တယ်ထင်တဲ့ ရွာတွေမှာဆို ဘာသံမှ မကြားချင်ဘူး၊ တခုခုဖြစ်လာရင် တရွာလုံးကိုမီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်” ဟု ရပ်စောက်ဒေသခံတဦးက ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပင်းတယ၊ ရွာငံနှင့် ရပ်စောက်မြို့နယ်များ ပါ၀င်သည်။ အဆိုပါ မြို့ နယ်များရှိ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာဥက္ကဋ္ဌများကို စစ်ကောင်စီတပ်က အခွန်ကောက်ကာ လောင်း ကစားလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများလုပ်ကိုင်စေပြီး ပြည်သူများ တော်လှန်ရေးတွင် စိတ်ဝင် စားမှုမရှိစေရန် လုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။

“အုပ်ကြီးတွေကို လုပ်ပိုင်ခွင့်ထက်ပိုပြီးစည်းရုံးတာကြောင့် ဒေသတွင်းလူငယ်အများစုက ဆေးသမားဖြစ်၊ လူငယ်လူလတ်ပိုင်းတွေက လောင်းကစားသမားတွေ ဖြစ်လာကြတယ်။ ဒေသကာကွယ်ရေးတပ်တွေ အမြန်ဆုံးဝင်ရောက်လာပါစေလို့ပဲ မျှော်နေကြပါတယ်” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စာတည်း။ ။စောဖေ

#ရှမ်းပြည်နယ်
#ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
#DPLF

ပုံအညွှန်း - ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအတွင်း ဝင်ရောက်ကာ စည်းရုံးရေးလုပ်ဆောင်ခဲ့သည့် DPLF တပ်ဖွဲ့မှရဲဘော်များ။ (ပုံ - ကိုကိုထွန်းနိုင်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥1👏1
​​Mizzima needs your support!
ဖော်ပြပါလင့်ကိုနှိပ်၍ စတင်ကူညီလိုက်ပါ.

https://bit.ly/2VhJ12U

For more information:
https://donate.mizzima.com/mm/

#supportmizzima
👍5🔥1
Media is too big
VIEW IN TELEGRAM
ပြည်ပအဝယ်လိုက်နေတာကြောင့် မြန်မာ့ဆန်စပါး ဈေးတက်

Watch more detail - https://youtu.be/CZGIxPOMquI

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍4🔥1
​​ငါန်းဇွန်မြို့နယ် ဂျပန်ကျွန်းတွင် နေအိမ် ၁၁ လုံး ထပ်မံ မီးရှို့ခံရ
===================

ဓါတု
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် အနောက်ဘက်ခြမ်း ဂျပန်ကျွန်းရှိ အိမ်ခြေများအား စစ်ကောင်စီ တပ်က စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် လေးကြိမ်မြောက် မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရသည်။

အိမ်ခြေ ၁၈၀ ခန့်ရှိသည့် ဂျပန်ကျွန်းတွင် စစ်ကောင်စီတပ်မှ ယခင်မီးရှို့စဉ်ကမလောင်ဘဲ ကျန်ခဲ့သည့် လက်ကျန်နေအိမ် ၁၁ လုံးကို ထပ်မံရှို့ခဲ့ခြင်းဖြစ်ကြောင်း တိမ်းရှောင်နေသည့်ရွာခံတဦးက မဇ္စျိမကို ပြော သည်။

“အကြောင်းမဲ့ရှို့တာ၊ အဲဒီမှာက တောင်ယာလုပ်တဲ့သူတွေချည်းပဲ အထိုင်ချတဲ့ကျွန်းပါ၊ အခု သူတို့(စစ်‌ ကောင်စီတပ်)က ကျန်သေးတဲ့အိမ်တွေကိုရှာပြီး ပြာကျတဲ့အထိရှို့တာ၊ အဲ့ဒီကျွန်းပေါ်ကလူတွေအကုန် သူတို့လာတာနဲ့ ရှောင်ကုန်ကြပြီ” ဟု ရွာခံတဦးက မဇ္စျိမကို ပြောသည်။

အဆိုပါကျွန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ် မီးရှို့ခံခဲ့ရခြင်းဖြစ်ပြီး ဖေဖော် ဝါရီလ ၂၂ ရက်၊ ၂၃ ရက်နှင့် ယခု စက်တင်ဘာလ ၁၇ ရက်တွင် လေးကြိမ် မီးရှို့ခံရခြင်းဖြစ်ကြောင်း ရွာခံများက ပြောသည်။

အင်အား ၄၀ ခန့်ပါ စစ်ကြောင်းသည် ဂျပန်ကျွန်းကိုမီးရှို့ပြီးနောက် ၎င်းတို့အထိုင်ချ တပ်စွဲထားသည့် ကန်သာရွာသို့ဆုတ်ခွာသွားရာ အပြန်လမ်း၌ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက ဒရုန်းဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုတွင် အသေအပျောက်ရှိသော်လည်း အတိအကျမသိရသေးကြောင်း ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များနှင့်နီးစပ်သူတဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့ပတ်လည်နှင့် ဧရာဝတီမြစ်ကြောင်းအနီးတွင် အင်အား ၃၀၀ ဝန်းကျင်ဖြင့် ဖြန့်ကျက်ကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။
ယင်းအတွက်ကြောင့် ငါန်းဇွန်မြို့နယ်ရှိ အောင်သုခ၊ လင်္ကာဒီပ၊ ယက္ခဒီပ၊ အောင်သာရွာ၊ ကန်သာ၊ မြောက်ကျွန်း၊ လက်ပံသာ(တလင်းကုန်း)ကျေးရွာများမှဒေသခံ ၇၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ သည်။

အဆိုပါစစ်ဘေးရှောင်များသည် အဝတ်တထည်၊ ကိုယ်တခုဖြင့် ရုတ်တရက် တိမ်းရှောင်လာရခြင်းကြောင့် အစားအစာများနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ကူညီပေးနေသူများက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ဂျပန်ကျွန်း
#Mizzima
#ရွာမီးရှို့

ဓာတ်ပုံ- ဂျပန်ကျွန်း တတိယအကြိမ်ရှို့ခံရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍2❤1
Media is too big
VIEW IN TELEGRAM
နျူကလီးယား အဆင့်မြင့်နည်းပညာ အသုံးပြုနိုင်ရေး လေ့ကျင့်ပေးဖို့ တရုတ်ကို စစ်ကောင်စီတောင်းဆို

Watch more detail - https://youtu.be/CZGIxPOMquI

#reels
#shorts
#BusinessRoundUp
#MizzimaTV
🤮8👍4❤1🔥1😁1
​​နယ်စပ်တွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး ကမ္ဘောဒီးယားနှင့် ထိုင်း ဆွေးနွေး 
======================

ကမ္ဘောဒီးယား မိုင်းများဆိုင်ရာ အရေးယူဆောင်ရွက်မှုနှင့် သက်ရောက်သူများအား အကူအညီပေးရေး အာဏာပိုင်အဖွဲ့ (CMAA) က ထိုင်းဘုရင့်နိုင်ငံနှင့်အတူ အထူး သုတေသနတရပ်ကို လုပ်ဆောင်သွားမည် ဖြစ်ကာ နှစ်နိုင်ငံ၏ နယ်စပ်တလျှောက် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော ပစ္စည်းများ ရှင်းလင်းမည့် အစီအစဉ်များကို ချမှတ်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
Media is too big
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်တွေ အတွက် ဗြိတိန်ရဲ့အကူအညီများ လျော့နည်းလာ

#reels
#shorts
#BusinessRoundUp
#MizzimaTV
❤4👍2😢2
​​ကင်းလှည့်လေယာဉ်သစ် ၃ စင်းမြောက်ကို အမေရိကန်ထံမှ ဖိလစ်ပိုင် လက်ခံရရှိ 
=======================

မေရိကန်နိုင်ငံထံမှ သုံးစင်းမြောက်အဖြစ် ထောက်လှမ်းရေး၊ ကင်းထောက်မှုနှင့် စုံစမ်းစစ်ဆေးမှု Cessna-208B လေယာဉ်သစ်အား ဖိလစ်ပိုင်နိုင်ငံသည် အင်္ဂါနေ့တွင် လက်ခံရရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1🔥1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီ ဗဟိုဘဏ်က ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ကျော် ထုတ်ရောင်း

#reels #shorts #BusinessRoundUp #MizzimaTV
👍5❤1
​​ဆန်တင်ပို့မှု ကန့်သတ်ထားသည့် အိန္ဒိယနှင့် မလေးရှား ဆွေးနွေးမည်
=======================

ဆန်ဈေး မြင့်တက်ခြင်းနှင့် ဈေးကွက်အဝင် ပြတ်လပ်ခြင်းများ ဖြစ်နေသည့်ကြားတွင် တောင်အာရှနိုင်ငံ အိန္ဒိယ၏ ဆန်တင်ပို့မှု ကန့်သတ်ထားခြင်းနှင့်ပတ်သက်ပြီး “အကောင်းဆုံး ဖြေရှင်းနည်း” ရှာရန် မလေးရှားနိုင်ငံက အိန္ဒိယနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှား စိုက်ပျိုးရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
​​အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်သည့် ပထမဆုံးသော အာဆီယံ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်
========================

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အုပ်စုမှ စစ်တပ်များသည် စက်တင်ဘာ ၁၉ ရက်တွင် ၎င်းတို့၏ ပထမဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အင်ဒိုနီးရှားနိုင်ငံတွင် စတင်လုပ်ဆောင်သည်။ မြန်မာအာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်များကို အာဆီယံအုပ်စုက ပိတ်ပင်တားမြစ်မှု လုပ်ထားသော်လည်း ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲတွင် မြန်မာအာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်တဦးလည်း ပါဝင်တက်ရောက်ကြောင်း သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮10❤1