Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ငါန်းဇွန်မြို့နယ် ဒရုန်းစစ်ဆင်ရေးများတွင် စစ်ကောင်စီဘက်မှ ၃၀ အထက်သေဆုံး
👍14🔥1
ငါန်းဇွန်မြို့နယ် ဒရုန်းစစ်ဆင်ရေးများတွင် စစ်ကောင်စီဘက်မှ ၃၀ အထက်သေဆုံး
=========================

ဓါတု
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်တွင် ယခု စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ဒရုန်းစစ်ဆင်ရေးများကြောင့်စစ်ကောင်စီတပ်သား ၃၀ ဦးအထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ဒရုန်းမစ်ရှင် ပြုလုပ်ခဲ့သည့် ပူးပေါင်းကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များကို မဇ္ဈိမက စုပေါင်း ဖော်ပြထားခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုများအတွင်း ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များဘက်မှထိခိုက်ကျဆုံးသူမရှိကြောင်း ထုတ်ပြန်ချက်များအရသိရသည်။
" ဒီနေ့တော့စစ်ကြောင်းမထိုးဘူး။ အထိုင်ချတပ်စွဲထားတဲ့ ကန်သာရွာမှာမရှိတော့ဘူး။ သူတို့(စစ်ကောင်စီ) အောင်သာရွာနဲ့ရေဇင်းရွာကိုရောက်သွားကြပြီ"ဟု Black Eagle Drone Force-MMU တာဝန်ခံကမဇ္စျိမကိုပြောသည်။

အဆိုပါမြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် ကျေးရွာတိုင်း နှင့် အထိုင်ချတပ်စွဲထားသည့် ကျေးရွာတိုင်းတွင် ဒရုန်းမစ်ရှင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ထားသည့်စာရင်းများအရ စက်တင်ဘာလ ၁ ရက်မှစ၍ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက်နေ့အထိ ဒရုန်းစစ်ဆင်ရေး ကိုးကြိမ်အထက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သားကျင်၊ဘေးဆောင်၊လက်ပံသာ(တလင်းကုန်း)၊ လင်္ကာဒီပ၊ငါန်းမြှာ၊ကျီကုန်း၊ကန်သာကျေးရွာ နှင့် ငါန်းဇွန်နယ်စပ်ရှိ မြောင်မြို့နယ်၊မြင်းမူမြို့နယ်ရှိ ရွာများတွင် ထိုမစ်ရှင်များ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများကို မဇ္ဈိမက သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
ဗုံးကြဲတိုက်ခိုက်ရာ၌ စစ်ဆင်‌ေရးတကြိမ်လျှင် ဗုံးသီးအနည်းဆုံး သုံးလုံးမှ အများဆုံး ရှစ်လုံးအထိ သုံးခဲ့ပြီး ယခုလစစ်ဆင်ရေးအတွင်း ဗုံးသီး ၂၆ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ထို့အပြင် ဒရုန်းစစ်ဆင်ရေးပြီးတိုင်း စစ်ကောင်စီတပ်ဘက်မှ ၆၀ မမလက်နက်ကြီး အပြင်လက်နက်ငယ်များဖြင့်လည်း ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

ယင်းစစ်ဆင်ရေးများကို Black Eagle Defence Force-MMU၊ Black Eagle Drone Force-MMU၊ မြင်းမူမြို့နယ် ပကဖ၊ TGR People's Defense Force-Myaung၊ TGR Women Drone Force-Myaung၊ ငါန်းဇွန်မြို့နယ် ပကဖ၊ ကျောက်ဆည်ခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃ နှင့် ငါန်းဇွန်မီးနဂါး စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ငါန်းဇွန်မြို့နယ်
#ဒရုန်းစစ်ဆင်ရေး

ပုံအညွှန်း- စက်တင်ဘာလအတွင်း ဒရုန်းမစ်ရှင်ပြုလုပ်ခဲ့သည့်နေရာများ(ဓာတ်ပုံ-ကာကွယ်ရေး ပူးပေါင်းတပ်များ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏9👍7🔥1
​​ကျိုက်ထို မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးတင်းကြပ်လာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့
===================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာ၊ မြဝတီ-ရန်ကုန်ကားလမ်းမပေါ်ရှိ မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်(ကွာလီဂိတ်)တွင် အစစ်ဆေးတင်းကြပ်လာသဖြင့် နေ့စဉ် ကားအစီးရေ ရာနှင့်ချီ ပိတ်ဆို့မှုဖြစ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

စက်တင်ဘာလ ပထမပတ်မှစ၍ မရမ်းချောင်စစ်ဆေးရေးဂိတ်(ကွာလီဂိတ်)တွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ရန်ကုန်သို့သွားမည့် အိမ်စီးကား၊ ကုန်တင်ကား၊ ခရီးသည်တင်ကား များအား လုံခြုံရေးအရဟုဆိုကာ အစစ်ဆေးတင်းကြပ်နေခြင်း ဖြစ်သည်။

“ရန်ကုန်ဘက်ကဆင်းလာတဲ့ကားတွေတော့ မပိတ်ဘူး။ မြဝတီတို့ မော်လမြိုင်ဘက်တို့က ကားတွေက ပိတ်နေတာ။ ကားကြီးရော ကားလေးတွေရော နေ့တိုင်းပဲ။ သူတို့ကတော့ တာဝန်အရစစ်ဆေးတာလို့ ပြောတာပဲ။ ညဘက်ဆို ဒီဂိတ်က ၁၀ နာရီဆိုရင် ပေးမဖြတ်တော့ဘူး။ သူတို့စစ်ဆေးနေပုံနဲ့ ဂိတ်ပိတ်ချိန်နဲ့ ခရီးကြန့်ကြာတာပေါ့” ဟု ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

အခွန်ဆောင်မထားသောကုန်ပစ္စည်း သယ်ဆောင်လာခြင်း ရှိ မရှိ၊ တော်လှန်ရေးအင်အားစုများနှင့် ဆက် နွှယ်နေသည့်ပစ္စည်းများ သယ်ယူလာခြင်း ရှိ မရှိတို့အပြင် ယာဉ်ပေါ်ပါလာသူများအား မှတ်ပုံတင်စစ်ခြင်း၊ မသင်္ကာပါက လက်ကိုင်ဖုန်းစစ်ဆေးခြင်းပါပြုလုပ်နေသဖြင့် ရန်ကုန်-မြဝတီကားလမ်း အင်္ဂဘိုကျေးရွာမှ မရမ်းချောင်ကျေးရွာအထိ နေ့စဉ် ယာဉ်အစီးရေ ရာနှင့်ချီ၍ ပိတ်ဆို့မှုဖြစ်ပေါ်နေခြင်းဖြစ်သည်။

ယာဉ်ပိတ်ဆို့မှုကြောင့် ယာဉ်မောင်းအချို့သည် မုပ္ပလင်-စွပ္ပနူး ကျေးရွာချင်းဆက်လမ်းကို အသုံးပြု၍ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းသွားကြသော်လည်း အဆိုပါလမ်း၌ပါ စစ်ကောင်စီ လက် အောက်ခံ ရဲ၊ စစ်သားနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စောင့်ကြိုဖမ်းဆီးစစ်ဆေးမှု ပြုလုပ်လာကြောင်း ဒေသခံတဦးထံမှ သိရသည်။

“ကျွန်တော် ကျိုက်ထိုမြို့ခံပါ ဝေါကိုသွားဖို့ အချိန်မရလို့ ရွာဘက်ကပတ်လာတာပါ ပြောလည်းမရဘူး။ ကားပေါ်က ဆင်းခိုင်းပြီး စစ်တာပဲ” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ဆိုသည်။

ထို့အတူ ရန်ကုန်- မြဝတီကားလမ်းပေါ်ရှိ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ်တွင်လည်း မှတ်ပုံတင် စစ်ဆေးခြင်း၊ အခွန်ဆောင်မထားသော ကုန်ပစ္စည်းများ၊ တော်လှန်ရေးဆက်နွှယ်နေသောပစ္စည်းများ သယ်ဆောင်လာခြင်းရှိမရှိကို နေ့စဉ်စစ်ဆေးလျက်ရှိပြီး ညောင်ခါးရှည် X-Ray ဂိတ်တွင်မူ အိမ်စီးကားများ အား စစ်ဆေးခြင်းမရှိတော့ကြောင်း သိရသည်။

“ဘားအံဂိတ်ကတော့ ပုံမှန်အတိုင်းပဲ စစ်တာ။ X- Ray မှာတော့ အိမ်စီးကားတွေဆို မဝင်ရတော့ဘူး။ လမ်း မပေါ်ကနေပဲပေးဖြတ်တော့တယ်။ ဘယ်သွားဖို့လဲဆိုတာလောက်တော့မေးတယ် ဒီလောက်ပဲ” ဟု ခရီး သွားအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က မရမ်းချောင်စစ်ဆေးရေးဂိတ်အား ရှောင်ကွင်း၍ မုပ္ပလင်-စွပ္ပနူးလမ်းမှ မောင်းနှင်လာသည့် ဒိုင်နာတစီးပေါ်မှ ဖောက်ခွဲရေးလုပ်ငန်းများတွင်အသုံးပြုသည့် ဒီတိုနေတာ အချောင်း ၃၀,၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြထားသည်။

ယာဉ်မောင်းမှာထွက်ပြေးသွားပြီး ဒီတိုနေတာများနှင့်အတူ ယာဥ်နောက်လိုက်နှင့် လမ်းပြနှစ်ဦးကို ကျိုက် ထို ရဲစခန်း၌ ဖမ်းဆီးထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#မရမ်းချောင်စစ်ဆေးရေးဂိတ်
#ရန်ကုန်-မြဝတီကားလမ်း

ဓါတ်ပုံ- လူမှုကွန်ယက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍3🔥1🤮1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍4🔥3
​​ဖယ်ခုံတွင် စစ်ကောင်စီတပ်သား ၃ ဦး လက်နက်များဖြင့် CDM ဝင်လာ
=======================

001
(မဇ္စျိမ)။ ။ ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်သား သုံးဦး လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာကြောင်း ဖယ်ခုံ PDF တပ်ရင်း(၁၀၀၆) က စက်တင်ဘာလ ၁၉ ရက်နေ့က အသိပေးထုတ်ပြန်ထားသည်။

လက်တလော နယ်မြေလုံခြုံရေးအခြေအနေများကြောင့် အဆိုပါတပ်သားသုံးဦးနှင့် ပတ်သက်ပြီး အသေး စိတ်ထုတ်ပြန်ရန် မရှိသေးကြောင်း ဖယ်ခုံ PDF တပ်ရင်း(၁၀၀၆)အဖွဲ့ဝင်တဦးက ပြောသည်။
ဖယ်ခုံမြို့နယ်တွင် ဩဂုတ်လအတွင်းကလည်း ဖယ်ခုံ PDF တပ်ရင်း ၁၀၀၂ ထံသို့ စစ်ကောင်စီတပ်သား တဦး CDM ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ရှမ်း-ကယားနယ်စပ်နှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီတပ်နှင့် PDF၊ ကရင်နီပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး ကရင်နီပူးပေါင်းအဖွဲ့ တပ်ရင်းများသို့ စစ်ကောင်စီတပ်သားများ ဆက်သွယ်ခိုလှုံလာမှုလည်း ရှိနေသည်။
ယခု စက်တင်ဘာလပထမပတ်အတွင်းကလည်း ကရင်နီပြည်နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀) တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတဦး သေနတ်နှစ်လက်နှင့် ကျည် ၂၀၀ ကျော် ယူ ဆောင်ပြီး ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၂) က ထုတ်ပြန် ခဲ့သည်။

ကရင်နီပြည်နယ်တဝှမ်းရှိ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပြောင်းခိုလှုံလိုပါက သို့မဟုတ် CDM ပြုလုပ်လိုပါက အမြန်ဆုံးဆက်သွယ်နိုင်ပြီး ခိုလှုံလာသူများအတွက် စခန်းများဖွင့်လှစ် ပြင်ဆင်ထားကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ဘက်ပြောင်းခိုလှုံလာသူများနှင့် CDM များ ကြီးကြပ်ရေးလုပ်ငန်းကော်မတီကလည်း ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ
#ကရင်နီပြည်နယ်
#ဖယ်ခုံမြို့နယ်
#CDMဝင်လာ

Photo - စစ်ကောင်စီတပ်သား ယူဆောင်လာသည့် လက်နက်အား တွေ့ရစဥ် (Pekhon PDF - 2 ၊ B 1006 )

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁5❤2
​​ဖိလစ်ပိုင်သမ္မတ မားကို့စ်က အတိုက်အခံများကို အကြောင်းရှာနှိပ်ကွပ်နေဟု တက်ကြွလှုပ်ရှားသူများ စွပ်စွဲ
========================

သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ အစိုးရသည် လူ့အခွင့်အရေး ခုခံကာကွယ်သူများအပေါ် အကြောင်းရှာ နှိပ်ကွပ်နေကြောင်း ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူများက စက်တင်ဘာ ၂၁ ရက်တွင် စွပ်စွဲပြောဆိုလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍4
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ စက်တင်ဘာ ၂၀၂၃)
======================

အာဏာလုစစ်တပ်ကို တစ်နိုင်ငံကဆန့်ကျင်တော်လှန်နေသည်မှာ ၃နှစ်နီးပါးရှိလာချိန်တွင် တော်လှန်ရေးအရှိန်ကောင်းလာသလို စစ်ကောင်စီသည် နယ်‌မြေများလက်လွှတ်လိုက်ရသလို ထိန်းချုပ်နယ်မြေများလည်း လျော့နည်းလာသည်။KNU ဆိုလျှင် စစ်ကောင်စီအုပ်ချုပ် နယ်မြေ များ မြို့များကိုပါ အုပ်ချုပ်လာနိုင်သည်ကိုတွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၂၁ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/my4G1XNqbac?si=Jwc1vn5Fa0VpaRLQ

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤮4😁1
​​အမှတ်(၁)စစ်ဒေသ၌ သြဂုတ်လအတွင်း တိုက်ပွဲ ၄,၀၀ ကျော်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀၀ ‌ကျော်သေဆုံးဟု MOD ထုတ်ပြန်
=====================

ရောင်နီ
(မဇ္စျိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၏ အမှတ် (၁) စစ်ဒေသတွင် သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၀င် ၃၃၀ ဦး သေဆုံးပြီး ၄၅၀ ခန့်ဒဏ်ရာရခဲ့ကြောင်း MODက ယနေ့ စက်တင်ဘာလ ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။

MOD အမှတ် (၁) စစ်ဒေသဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ ဖြစ်ပွားသောတိုက်ပွဲများအခြေအနေကို ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။

အဆိုပါ ဒေသများရှိ စစ်ကောင်စီတပ်နှင့် သြဂုတ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှု ၁၈၉ ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၅၆ ကြိမ်အပါအဝင် စုစုပေါင်း တိုက်ပွဲ ၄၃၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၃၃၀ ဦးသေဆုံးကာ ၄၅၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်မျိုးစုံ ရှစ်လက်၊ ဒရုန်း လေးစီး အပါအဝင် စစ်သုံးပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း MOD က ထုတ်ပြန် သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င် ရဲဘော် ၁၈ ဦးတော်လှန်ရေးအတွက် အသက်ပေးလှုခဲ့ကာ ၅၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆက်လက်ထုတ်ပြန် ထားသည်။

အဆိုပါ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် MOD၏ အမှတ်(၁)စစ်ဒေသအတွင်း မကွေးတိုင်း၊ယောဒေသ၊ ဂန်ဂေါမြို့နယ်၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေသည်။

စာတည်း - အေးချမ်း

#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#အမှတ်(၁)စစ်ဒေသ
#တိုက်ပွဲများ

ပုံအညွှန်း - သြဂုတ်လ ၁၅ ရက်နေ့က ပုသိမ် မုံရွာလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်နှစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၀င်များ။ (ပုံ - NUG -MOD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤3😁2🤮1
​​မုန်တိုင်းဒဏ်သင့် ရခိုင်က မြို့နယ်အချို့တွင် ကျန်းမာရေးဆိုင်ရာ အကူအညီများ လိုအပ်နေ
=========================

ရောင်နီ
(မဇ္စျိမ) ။ ။ မိုခါမုန်တိုင်း ဝင်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် မုန်တိုင်းတိုက်ခတ်ပြီး လေးလကျော်ကြာသည့်အချိန်အထိ ကျန်းမာရေးဆိုင်ရာ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပြောသည်။

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပြန်လည်ထူထောင်ရေးအတွက် လုံလောက်သည့် ထောက်ပံ့မှုများ မရရှိခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

“ လက်ရှိအချိန်အထိ အခြေခံ လက်လုပ်လက်စားတွေက အမိုးအကာအောက်ကို မရောက်ရှိသေးတာအများကြီး ရှိသေးတယ်၊ အဲ့လူတွေက ယာယီအဆောက်အဦးတွေမှာ နေရတော့ ရာသီဥတု ဒဏ်တွေကြောင့် ကျန်းမာရေးမကောင်းတာတွေ ဖြစ်တယ်၊ နေမကောင်းဖြစ်ကြတာတွေများတယ်၊ ကျောက်တော်မှာ အခုရက်ပိုင်း မိုးလည်း တအားများနေတယ်၊ အဲ့ဒီတော့ မိုးမိပြီး ဖျားနာတာတွေ ဆက်တိုက်ဖြစ်နေပါတယ်” ဟု ကျော်တော်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်း တာ၀န်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ယင်းသို့ ဖျားနာမှုဖြစ်ပွားရာတွင် လူလတ်တန်းစားများအနေဖြင့် နီးစပ်ရာ ဆေးခန်းများတွင် ဆေးကုသမှုများ လုပ်ဆောင်နိုင်သော်လည်း ငွေကြေးမတတ်နိုင်သည့် လက်လုပ်လက်စားများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ကျန်းမာရေးအဆောက်အဦးများကို ပြန်လည်ပြုပြင်ပြီး ဖြစ်သော်လည်း တိုက်နယ်ဆေးရုံတွင် ဆေးကုသမည့် ဆရာ၀န်မရှိသည့်အတွက် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် လိုအပ်ချက်များ ရှိနေကြောင်း ပေါက်တောမြို့ခံတဦးကလည်း ပြောသည်။

“ ပေါက်တောတမြို့လုံးမှာ တိုက်နယ်ဆေးရုံ တခုရှိတာတောင် ဆရာ၀န်မရှိဘူး။ နယ်ဘက်က လူတွေက ကျန်းမာရေးအတွက် အားကိုးစရာမရှိဖြစ်နေတယ်၊ ပြည်သူတွေအတွက် ဆေးကုရာမှာ အခက်အခဲတွေ ရှိတယ်၊ ဒါတွေကိုလည်း သက်ဆိုင်ရာက အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးစေချင်ပါတယ်“ ဟု ပေါက်တော ဒေသခံက ဆိုသည်။

ကျန်းမာရေးဆိုင်ရာအကူအညီများသည် ရခိုင်ပြည်နယ်ရှိ မြို့ပေါ်နေရာများထက် မုန်တိုင်းကြောင့် လမ်းများပျက်စီးကာ သွားလာရေးခက်ခဲနေသည့် ကျေးရွာများတွင် ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာ တာ၀န်ရှိသူများအနေဖြင့် ပြည်သူများကြုံတွေ့နေရသည့် ကျန်းမာရေးအခက်အခဲ လိုအပ်ချက်များကို ဖြေရှင်းပေးကြရန် ဒေသခံများက တိုက်တွန်းထားသည်။

မိုခါအလွန် လိုအပ်နေသော ကျန်းမာရေး သောင့်ရှောက်မှု အခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်ကို ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မုန်တိုင်းဒဏ်ဆိုးဝါးစွာခံစားခဲ့ရသည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပေါက်တော မြို့နယ်များတွင် ၀မ်းပျက်၀မ်းလျောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ဆေးရုံ၊ ဆေးခန်း အပါအ၀င် ကျန်းမာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦး ၇၅၂ ခု ပျက်စီးခဲ့သည်။

ထို့အပြင် နေအိမ် ၂ သိန်းကျော် ပျက်စီးကာ ဒေသခံ ၁ သန်းကျော် မုန်တိုင်းဒဏ်ကို ခံစားခဲ့ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မုန်တိုင်းကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လုံလောက်သည့် အထောက်အပံ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#မိုခါ
#ရခိုင်
#ကျန်းမာရေးလိုအပ်ချက်
#Mizzima

ပုံအညွှန်း - ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှံးခဲ့သည့် ပြည်သူများ။ (ပုံ-အဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥1😁1
UEFA ယူရိုပါလိဂ် အုပ်စုပွဲစဉ်များရလဒ်
============

Union Saint Gilloise ၁-၁ တူးလူး

LASK ၁-၃ လီဗာပူးလ်

ရန်းစ် ၃-၀ မက်ကာတီ ဟိုင်ဖာ

ပါနားဆီနေကော့စ် ၂-၀ ဗီလာရီးယဲလ်

ဆာဗက်တေ ဝ-၂ ဆလားဗီးယား ပရာဟာ

ရှာရစ်ဖ် ၁-၂ ရိုးမား

လေဗာကူဆင် ၄-၀ ဟက်ကန်

ကာရာဘတ် ၁-၀ မိုလ်ဒီ

Photos: UEL/Twitter

#UEL #Mizzima
👍5❤1