Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အိန္ဒိယ၏ ပထမဆုံး အာကာသယာဉ် Aditya-L1 ကမ္ဘာပတ်လမ်းအတွင်းသို့ ၄ ကြိမ်မြောက် အောင်မြင်စွာ ရောက်ရှိ
=================

နေကို လေ့လာမည့် အိန္ဒိယ၏ ပထမဆုံး အာကာသအခြေစိုက် မစ်ရှင်ဖြစ်သည့် Aditya L1 အာကာသယာဉ် သည် စက်တင်ဘာ ၁၅ရက် နံနက်အစောပိုင်းတွင် ကမ္ဘာပတ်လမ်းအတွင်းသို့ ၄ ကြိမ်မြောက် အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း ISRO မှ ပြောကြားလိုက်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1
စက်တင်ဘာလ ၂၁ ရက်နေ့ ၊ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
==================

https://youtu.be/E51DQGtWFK4?si=yNDoByZ0Gvf_LmVd

————————————
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးကို ၆ ဆကျော် တိုးမြှင့်ကောက်ခံရန် စစ်ကောင်စီ စီစဉ်နေ|Business Round Up(21.9.2023)
===============

- စစ်ကောင်စီ ပိတ်သိမ်းသည့် နိုင်ငံခြားငွေကြေး ရောင်းချခွင့်ကုမ္ပဏီ ၁၆၀ ကျော်အထိရှိလာ

- စပါးတင်း ၁၀၀ ရည်ညွှန်းဈေး အများဆုံး ကျပ်သိန်း ၂၀ သတ်မှတ်ရန် ဆန်စပါးအသင်းချုပ်ထုတ်ပြန်

- ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးကို ၆ ဆကျော် တိုးမြှင့်ကောက်ခံရန် စစ်ကောင်စီ စီစဉ်နေ

- နိုင်ငံခြားခရီးသွားဧည့်သည်များ၏ မြန်မာပြည်တွင်းခရီးစဉ်များကို တစ်ပါတ်ကြိုတင်၍ ခွင့်ပြုချက်တောင်းနေရ

https://youtu.be/5zDguA-o0B4?si=x2YTncQeqBOUAF1d
 
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4😁1
​​မီဇိုရမ်ပြည်နယ်အတွင်းမှ မြန်မာစစ်ဘေးရှောင်များ ကျန်းမာရေးအကူအညီ လိုအပ်
==============

ပါခွီး

(မဇ္စျိမ)။  ။အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းခိုလှုံနေသော မြန်မာစစ်ဘေးရှောင်များအတွက် ကျန်းမာ ရေးအကူအညီများလိုအပ်နေကြောင်း Network for Unity Association (NUA), Mizoram တာဝန်ရှိသူ ထံမှသိရသည်။

“အဓိကတော့ သမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေမဟုတ်ဘဲ နာတာရှည်ရောဂါတွေအတွက် ကုသဖို့ အကူအညီတွေ အထူးလိုအပ်ပါတယ်။ စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်မှုများတဲ့အတွက် ရေရှည်အတွက်ဆိုရင် အတော်ခက်ခဲမဲ့ အခြေအနေမှာရှိတယ်”ဟု အကူအညီပေးရေးအဖွဲ့များစုဖွဲ့ထား သည့် NUA မှ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော တုတ်ကွေး၊ နှာစေးချောင်းဆိုး အစရှိသော ကျန်းမာရေးကိစ္စများအတွက် မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့၌ မြန်မာနိုင်ငံသားဆရာဝန်နှင့်သူနာပြုများဖွင့်လှစ်ထားသော Chin Health Organization ဆေးပေးခန်းနှင့် အစိုးရပြည်သူ့ဆေးရုံများတွင် အခမဲ့ကုသနိုင်ကြောင်း ဆိုသည်။

သို့သော် နာတာရှည်ရောဂါများဖြစ်သည့် ကင်ဆာ၊ အသည်းရောင် ဘီ၊ စီ နှင့် တီဘီ အစရှိသောဝေဒနာရှင် များအတွက် ကုသရန် ငွေရေးကြေးရေးအခက်အခဲ တွေ့ကြုံနေရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလှုံသူများတွင် နှစ်နှစ် ကျော်ကာလအတွင်း ယခင်ရောဂါအခံရှိသူများအပြင် အစားအသောက် အာဟာရမပြည့်ဝမှုနှင့် စိတ်ပိုင်း ရုပ်ပိုင်းထိခိုက်မှုများကြောင့် သက်ကြီးပိုင်းနာတာရှည်ဝေဒနာရှင်များ တွေ့ရှိလာမှု မြင့်တက်လာနေ ကြောင်း NUA တာဝန်ရှိသူက ဆက်ပြောသည်။

အကူအညီပေးရေးအဖွဲ့များအနေဖြင့် စစ်ဘေးရှောင်များ အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချိန်တွင် ကူညီ နိုင်ရေးအတွက်သာဆောင်ရွက်နိုင်ပြီး ရေရှည်ကျန်းမာရေးကုသစရိတ် ထောက်ပံ့ပေးနိုင်ခြင်း မရှိကြောင်း ဆိုသည်။

ထန်တလန်မြို့နယ်မှ စစ်ဘေးရှောင်လာသည့် အသက် ၁၄ နှစ်အရွယ် ဗန်ဒေါ့လျန်ဆန်းသည် စက်တင် ဘာလ ၂၀ ရက် ယမန်နေ့က ဦးနှောက်အကျိတ်ရောဂါကြောင့်ဆုံးပါးခဲ့ပြီး မီဇိုရမ်မှ ၎င်း၏ဇာတိမြေသို့ ရုပ် အလောင်းပြန်လည်သယ်ယူနိုင်ရန် မီဇိုလူငယ်အသင်း(YMA)ဗဟိုဌာနချုပ်က အကူအညီပေးခဲ့ကြောင်း သိရသည်။

လူငယ်အသင်း၏ရုံးတွင် ရုပ်အလောင်းထားရှိခဲ့ပြီး ပြန်လည်သယ်ယူနိုင်ရေးအတွက် ကားတစ်စီး စီစဥ်ပေး ပြီး ရူပီးငွေ ၁၀,၀၀၀ ကူညီခဲ့၍ မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့များမှလည်း ကူညီငွေများ ပေးအပ်ခဲ့ကြောင်း NUA တာဝန်ရှိသူက ပြောဆိုသည်။

ထို့အတူ စက်တင်ဘာလ ၂၀ ရက်နေ့ညက အိုက်ဇောလ်ခရိုင် Tuirial စခန်းတွင် နေထိုင်သည့် ၆၃ နှစ် အရွယ်အမျိုးသမီးကြီးတဦး ပုဂ္ဂလိကဆေးရုံတခု၌ အရေးပေါ်ကုသနေရသဖြင့် ဆေးကုသစရိတ် လိုအပ် နေ ကြောင်းသိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းသည် စားသောက်ရေးအတွက်ပင်အခက်အခဲရှိနေ၍ ဆေးကုသစရိတ်အတွက် စခန်းတာဝန်ရှိသူများက ပေးနိုင်ခြင်းမရှိကြောင်း ဆိုသည်။

အဆိုပါ အမျိုးသမီးကြီးအတွက် လိုအပ်သောဆေးကုသစရိတ် ကူညီလှူဒါန်းလိုသူများအနေဖြင့် Network for Unity Association (NUA), Mizoram မှတဆင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#အိန္ဒိယနိုင်ငံ
#မီဇိုရမ်ပြည်နယ်
#မြန်မာစစ်ဘေးရှောင်
#ကျန်းမာရေး

ပုံအညွှန်း - NUA က စစ်ဘေးရှောင်များကို အကူအညီများပေးအပ်နေစဥ် (ဓါတ်ပုံ - Network for Unity Association)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
MOD အမှတ်(၁)စစ်ဒေသ ထိန်းချုပ်နယ်မြေ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်
👍10❤3🔥1😁1
MOD အမှတ်(၁)စစ်ဒေသ ထိန်းချုပ်နယ်မြေ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ် 
=================

ရောင်နီ 

(မဇ္စျိမ)။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသမကွေးတိုင်းကွပ်ကဲရေးရုံးက နယ်မြေစိုးမိုးမှုထိန်းချုပ်ထားသည့် အမှတ်(၁)စစ်ဒေသ တနေရာ၌ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်သည်။

စစ်ပညာမွမ်းမံသင်တန်းအပတ်စဥ်(၁) သင်တန်းဆင်းပွဲကို စက်တင်ဘာလ(၁၉)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် MODက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

PDFရဲဘော်များလိုက်နာရမည့် စစ်ဖက်ဆိုင်ရာစည်းမျဥ်း စည်းကမ်းများ(Code of Conduct)များ သင်ကြားခြင်းနှင့် စစ်ရေးပြနှင့် လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်ခြင်းများသင်ကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သင်တန်းဆင်းပွဲသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မကွေးတိုင်း တာဝန်ခံနှင့်ခရိုင်ရေးထောက်တာဝန်ခံများ၊ တပ်ရင်းမှုး၊ ဒုတပ်ရင်းမှူးများတက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား သတိရအောက်မေ့ ငြိမ်သက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်း၊ ကဏ္ဍအလိုက်ထွန်းချွန်ဆုရသူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဒေသသုံးခုရှိပြီး အမှတ် (၁) စစ်ဒေသ၌ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများပါဝင်သည်။

အမှတ် (၂) စစ်ဒေသတွင် ကရင်၊ ကရင်နီနှင့် မွန်ပြည်နယ်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး တိုင်းတို့ ပါဝင်သည်။ အမှတ် (၃) စစ်ဒေသတွင်နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများပါဝင်သည်ဟု MOD က ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#MODအမှတ်(၁)စစ်ဒေသ
#စစ်ပညာမွမ်းမံသင်တန်း

MODက ထုတ်ပြန်ထားသည့် စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲမှတ်တမ်း (Photo - NUG/MOD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥1😁1
ပြည်သူတွေရဲ့ခုခံတော်လှန်စစ်ဟာ စာမတတ်မှုရဲ့အကျိုးဆက်လို့ စစ်ကောင်စီ ဒုခေါင်းဆောင်စွပ်စွဲ
==================

မိုးသောက်

(မဇ္ဈိမ)။  ။ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေဟာ စာမတတ်မှုရဲ့ အကျိုးဆက်တွေသာ ဖြစ်တယ်လို့ ပညာရေး၊ ကျန်းမာရေးနဲ့ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အာဏာသိမ်းစစ်တပ် ဒုကာကွယ်ရေးဦးစီးချုပ်စိုးဝင်းက စက်တင်ဘာလ ၁၉ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံက အသက် ၁၅ နှစ် အထက်စာမတတ်သူ ဦးရေ ၄.၁သန်း ရှိတဲ့ စာရင်းကို အခြေခံပြီး အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ် ။ အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယခေါင်းဆောင်က အခုလိုပြောဆိုမှုအပေါ် ကချင်ပြည်နယ်ကနေ CDMပြုလုပ်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ မူလတန်းပြ ဆရာမ မသဲစုပိုင်ကတော့ ငြင်းဆိုပါတယ်။

စစ်ကောင်စီရဲ့ပြောကြားချက်က ဝါဒဖြန့်တဲ့ စကားသာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ စစ်ကောင်စီရဲ့ ထိပ်တန်း ဝန်ကြီးတွေတက်ရောက်တဲ့ အစည်းအဝေးမှာ ဒုတိယစစ်ခေါင်းဆောင်က ဝါဒဖြန့်စကားတွေပြောဆိုနေတာဖြစ်ပါတယ်။

တင်ဆက်၊တည်းဖြတ်- မိုးသောက်

https://youtu.be/tF1M71chHko?si=v7z_Lrfj5tNv77x1

#Mizzima
# စာမတက်
#စစ်ခေါင်းဆောင် စိုးဝင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁5🤮5🖕2❤1
​​ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီကင်းပုန်းနေရာ ၃ ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့်တိုက်ခိုက်
==================

YT

(မဇ္ဈိမ)။      ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအတွင်း နေရာသုံးခုခွဲ၍ ကင်းပုန်းယူနေသည့် စစ်ကောင်စီတပ်သားများအား တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF) က သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီကျော်မှ နေ့လယ် ၁၁ နာရီ ၂၄ မိနစ်အတွင်း အလူးလေးကျေးရွာအတွင်းရှိ တာယာဆိုင်အနောက်၊ ခြင်္သေ့နှစ်ကောင်လမ်းဆုံနှင့် MK ဆီဆိုင်ရှေ့တို့တွင် အင်အား ၁၅ ဦးဝန်းကျင်စီဖြင့် ကင်းပုန်းယူနေသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးစီ ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်။

" ကင်းပုန်းနေရာ သုံးနေရာပါ။ မနက်က စကစ ယာဥ်တန်းလမ်းကြောင်းရှိလို့ ကာကင်းအနေနဲ့ ကင်းပုန်းဝပ်တဲ့သုံးနေရာကို တိုက်ခိုက်ခဲ့တာပါ။ကင်းပုန်းတဖွဲ့မှာ ၁၅ဦးစီလောက်ရှိပါတယ်။ ထိခိုက်သေဆုံးမှုတော့ အတည်ပြုလို့ မရနိုင်သေးပါဘူးခင်ဗျာ။ အရပ်ပြောစကား သုံးနေရာပေါင်း ရှစ်ဦးခန့်တော့ ထိခိုက်ဒါဏ်ရာရတယ်လို့ အတည်ပြုလို့မရနိုင်ဘဲ သိရှိရပါတယ်" ဟု KRF ဒု- တာဝန်ခံက မဇ္ဈိမကိုပြောသည်။ 

တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့​၏ ဒရုန်းမစ်ရှင်အတွင်း စစ်ကောင်စီဘက်က ပတ်ဝန်းကျင်သို့ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်မှုရှိပြီး ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ အထိအခိုက် အသေးစိတ်အား အတည်ပြုနေဆဲဖြစ်ကြောင်း KRF နှင့် PPDF- KDထံက သိရသည်။ 

" ကျနော်တို့သွားရောက်ပစ်ခတ်စဥ်မှာတော့ လက်နက်ငယ်တွေနဲ့ပဲ ပြန်လည်ရမ်းသန်းပစ်ခတ်တာပါ။ လက်နက်ကြီးမပစ်ပါဘူး။ ညကျရင်တော့ ပစ်မယ်လို့ ခန့်မှန်းရပါတယ်" ဟု KRF ဒု- တာဝန်ခံက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီကင်းပုန်းများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို တပ်မဟာ (၁) KNLA၊ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)၊ သူရိယစစ်ကြောင်း၊ ပအိုဝ်းပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး၊ သစ်ကွင်းလမ်းဆုံ တစ်ဝိုက်တွင် အင်အား ၁၀ ဦးကျော်ဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကိုလည်း တပ်မဟာ (၁) KNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် တောကျီးကန်းစစ်ကြောင်း တပ်ခွဲ (၂)က လက်နက်ကြီး၊ သေနတ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းရှိသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း၌လည်း စစ်ကောင်စီကင်းပုန်းဘက်မှ ပြန်လည်ပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ တနာရီနီးပါး ဖြစ်ပွားခဲ့ကာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီကင်းပုန်းဘက်တွင် ငါးဦးသေဆုံးခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြကြောင်း တောကျီးကန်းစစ်ကြောင်းထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ဘီးလင်းမြို့နယ်
#ဗုံးကြဲတိုက်ခိုက်

ပုံအညွှန်း- တော်လှန်ရေးအင်အားစုများ​၏ ဒရုန်းတစ်စင်း (ဓါတ်ပုံ- PPDF- KD)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2👏1
​​စင်္ကာပူ၏ အဆိုးရွားဆုံး ငွေကြေးခဝါချမှု အမှုကိစ္စတွင် ဒေါ်လာဘီလီယံချီတန်ဖိုးရှိ ငွေသားနှင့် ပိုင်ဆိုင်မှုပစ္စည်းများ သိမ်းဆည်းရမိ
===================

စင်္ကာပူတွင် အဆိုးရွားဆုံးသော ငွေကြေးခဝါချမှု ကိစ္စတွင် စင်္ကာပူဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ကျော်တန်ဖိုးရှိ ငွေသားနှင့် ပိုင်ဆိုင်မှုပစ္စည်းအဖိုးတန်များကို စင်္ကာပူရဲတပ်ဖွဲ့က သိမ်းဆည်းရမိပြီး ထိန်းချုပ်ထားခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2
စက်တင်ဘာလ ၂၁ ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
==================

-စစ်ကောင်စီအမိန့်နဲ့ ဈေးလျှော့ရောင်းနေတဲ့ဆီကို စားသုံးပြီးနောက် ရောဂါအချို့ခံစားနေရတဲ့သတင်း

-မြင်းခြံမှာ စစ်တပ်က အသက် ၇၀ အရွယ် အဘိုး၊ အဘွားတွေ အပါအဝင် ဒေသခံတွေကို ရိုက်နှက်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်း

-စစ်ကောင်စီစစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် ကချင်မြေရှားသတ္တုတူးဖော်မှု ယာယီရပ်နားလိုက်တဲ့သတင်း

- စစ်ကောင်စီ ပိတ်သိမ်းတဲ့ နိုင်ငံခြားငွေကြေး ရောင်းချခွင့်ကုမ္ပဏီ ၁၆၀ ကျော်အထိရှိလာတဲ့သတင်း

-စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဌ မိုးမြင့်ထွန်းနေရာမှာ ဗိုလ်ချုပ်မြထွန်းဦးနဲ့ အစားထိုးလိုက်တဲ့သတင်း
-တရုတ်နိုင်ငံကို လာလည်ဖို့ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း ပူတင်ပြောလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားပါမယ်။

https://www.youtube.com/live/MWO-UKIouZs?si=5r3IGSXN8pKgPmF6

 #7pmnews #themizzimaprimetime #MizzimaTV
👍7🍌1
​​'sportswashing' စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကျနော် ဂရုမစိုက်ဘူး - မိုဟာမက် ဘင်ဆယ်လ်မန်
===============

By PKThawn

ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်က 'sportswashing' ဆိုတဲ့ အားကစားနဲ့အတူ ပြန်လည်ဆေးကြောသန့်စင်ခြင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ ဂရုမစိုက်ကြောင်း ပြောပါတယ်။

ပင်လယ်ကွေ့နိုင်ငံဟာ ၎င်းရဲ့ နိုင်ငံတကာဂုဏ်သတင်းကို မြှင့်တင်ဖို့အတွက် အားကစားမှာ ရင်းနှီးမြုပ်နှံပြီး ကျော်ကြားတဲ့ ပြိုင်ပွဲတွေကို အသုံးပြုနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

ဆော်ဒီအာရေးဗီးယားရဲ့ လူထု ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်း Public Investment Fund (PIF)ဟာ ပြီးခဲ့တဲ့နှစ်မှာ နယူးကာဆယ်ယူနိုက်တက်ကို လက်လွှဲရယူပိုင်ဆိုင်ခဲ့ပြီး LIV Golf ကို စတင်ခဲ့ပါတယ်။

"sportswashing က ကျနော့် GDP ၁ ရာခိုင်နှုန်း တိုးလာမယ်ဆိုရင်တော့ ကျနော်တို့ sportswashing ကို ဆက်လက်လုပ်ဆောင်မှာပါ"လို့ ဘင်ဆယ်လ်မန်က ပြောပါတယ်။

"ကျနော် [sportswashing အသုံးအနှုန်းကို] ဂရုမစိုက်ပါဘူး။ ကျနော့်မှာ အားကစားကနေ GDP တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်း ရှိပြီး နောက်ထပ် ၁.၅ ရာခိုင်နှုန်းကို ကျနော် မျှော်လင့်နေပါတယ်။

"ခင်ဗျား ခေါ်ချင်သလို ခေါ်လိုက်ပါ၊ ကျုပ်တို့က အဲဒီ ၁.၅ ရာခိုင်နှုန်းကို ရပါလိမ့်မယ်။"လို့ သူက Fox News ပြောဆိုခဲ့ပါတယ်။

ဆော်ဒီအာရေးဗီးယာဟာ အရင်နှစ်က တစ်ရက်တည်းမှာ အမျိုးသား ၈၁ ဦးကို ကွပ်မျက်ခြင်းခံခဲ့ရပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တာ၊ လိင်တူဆက်ဆံတာကို ရာဇဝတ်မှု၊ လွတ်လပ်စွာပြောဆိုခွင့် ကန့်သတ်တာနဲ့ ယီမင်မှာ စစ်ပွဲဖြစ်တာတွေနဲ့အတူ ၎င်းရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရတာပါ။

အစိုးရကို ဝေဖန်တဲ့ ထင်ရှားတဲ့ ဝေဖန်ရေးသမားတစ်ဦးဖြစ်သူ အမေရိကန်အခြေစိုက် ဆော်ဒီသတင်းထောက် ဂျာမယ်လ် ခါရှော့ဂီ ၂၀၁၈ အသတ်ခံရမှုကြောင့် ၎င်းရဲ့နိုင်ငံတကာစင်မြင့်မှာ ဆိုးရွားစွာ ပုံပျက်ခဲ့ပါတယ်။

ဆော်ဒီအစိုးရဟာ ကာလကြာရှည် နာမည်ပျက်နေတဲ့ ပြဿနာတွေကနေ အာရုံပြောင်းစေဖို့ အားကစားကို အသုံးချနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒါပေမယ့် ဆော်ဒီအာဏာပိုင်တွေက ဒီစွပ်စွဲချက်တွေကို ပယ်ချပြီး အားကစားမှာ ရင်းနှီးမြှုပ်နှံတာဟာ 'Vision 2030' မဟာဗျူဟာရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောဆိုပါတယ်။

နိုင်ငံရဲ့ အချုပ်အခြာအာဏာ ကြွယ်ဝမှုရန်ပုံငွေမှာ ခန့်မှန်းခြေ ပိုင်ဆိုင်မှု ဒေါ်လာ ၆၂၀ ဘီလီယံ (ပေါင် ၅၅၀ ဘီလီယံ) ရှိပါတယ်။

နယူးကာဆယ်အသင်းဥက္ကဌ ယာဆာ အယ်လ်-ယူမေယန်ဟာ ဘင် ဆယ်လ်မန်က ချုပ်ကိုင်ထားတဲ့ PIF ရဲ့အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ အစိမ်းနဲ့ အဖြူပါ တတိယဝတ်စုံဟာ ဆော်ဒီအာရေးဗီးယားလက်ရွေးစင်အသင်းဝတ်စုံနဲ့ ဆင်တူပြီး အဲဒီဝတ်စုံထွက်လာချိန်မှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ဒါဟာ sportswashing ရဲ့ "ရှင်းလင်းတဲ့ သက်သေ အထောက်အထား"ဖြစ်ကြောင်း ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားဟာ ဒီဇင်ဘာမှာ ကလပ်ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ဖီဖာရဲ့ အဓိကပြိုင်ပွဲရပ်ကြီးကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။ သူတို့ဟာ ၂၀၃၀ ဒါမဟုတ် ၂၀၃၄ မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ မျှော်မှန်းထားပါတယ်။

ကာတာရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အငြင်းပွားဖွယ်ရာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဟာ လိင်တူ ဆက်ဆံတာတွေအပေါ် ၎င်းရဲ့ ရပ်တည်ချက်၊ ၎င်းရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဆက်ဆံပုံကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

PIF ဟာ ဆော်ဒီအာရေးဗီးယားထိပ်တန်းကလပ်လေးခုဖြစ်တဲ့ အယ်လ်-အဟီလီ၊ အယ်လ်-ဟီလာ, အယ်လ်-အီတီဟတ်နဲ့ အယ်လ်နာဆာတို့ကို ထိန်းချုပ်ထားပြီး ဒီအသင်းတွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဘလွန်းဒီအော်ဆုရှင် ကာရင် ဘန်ဇီမာတို့အပါအဝင် မကြာသေးခင် ရာသီတွေအတွင်း နာမည်ကြီး ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

၂၀၂၂ မှာ အကျိုးအမြတ်များတဲ့ LIV Golf စီးရီးကို စတင်တာဟာ အမျိုးသားပြိုင်ပွဲရဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ အယ်လ်-ယူမေယန်နဲ့အတူ တစ်နှစ်အကြာ အနှောက်အယှက်ဖြစ်ပြီးနောက် ဇွန်လမှာ PIF နဲ့ ပေါင်းစည်းဖို့ သဘောတူညီခဲ့တဲ့ PGA Tour နဲ့ DP World Tour တို့ကို ဦးဆောင်ခဲ့ပါတယ်။

ကာလရှည်သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် F1 အဖွင့်ပြိုင်ပွဲကို ဆော်ဒီအာရေးဗီးယားမှာ ၂၀၂၁ မှာ ကျင်းပဖို့ Formula 1 ရဲ့ဆုံးဖြတ်ချက်ကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။

ကမ္ဘာ့ချန်ပီယံ ၇ ကြိမ်ရ လူးဝစ် ဟာမီလ်တန်က ဆော်ဒီအာရေဗျမှာ ၎င်းရဲ့ လူ့အခွင့်အရေးစံချိန်ကို ၂၀၂၂ ဂရင်းပရီပြိုင်ပွဲမတိုင်ခင် တိုးတက်ဖို့ တောင်းဆိုခဲ့ပြီး သူ့အနေနဲ့ နိုင်ငံတွင်းမှာ ကားပြိုင်ပွဲက အဆင်မပြေကြောင်း ပြောဆိုခဲ့ပါတယ်။
❤6👍3😁1
လောင်းလုံးမြို့ ရဲစခန်းအနီး အထိုင်စကစတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်
=====================

ကိုရွှေမြိတ်

(မဇ္ဈိမ) ။  ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မ ရဲစခန်း အနီးရှိ အထက်တန်း စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ကို ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း DDT တပ်ခွဲ (၃) တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀ ကျော်ဖြင့် တပ်စွဲထားပြီး လမ်းသွား၊ လမ်းလာ ပြည်သူများကို စစ်ဆေးရန် ပြင်ဆင်နေစဉ် DDT တပ်ခွဲ (၃) နှင့် ထားဝယ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းပြီး အလစ်ငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ကို ၄၀ မမ လက်နက်ကြီးအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။

"ကျောင်းထဲမှာ တပ်စွဲထားတာ စစ်သားနဲ့ ပျူတွေ ၁၀ ဦး ကျော်လောက် ရှိတယ်၊ သူတို့ ထွက်လာ ချိန်ကို ကျွန်တော်တို့ ရဲဘော်တွေ စောင့်ပြီး ၄၀ မမ နဲ့ လက်နက်ငယ်တွေ သုံးပြုပြီး ပစ်ခတ် တိုက်ခဲ့တယ်”ဟု DDTတပ်ခွဲ (၃) မှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

နှစ်ဖက်အပြန်အလှန် ၁၀ မိနစ်ခန့် ကြာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး စစ်ကူလာ၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ဒေသအခြေပြု PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။ 

စကစ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးမှုအပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနေဆဲ ဖြစ်သည်။

ယင်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စာသင်ကျောင်း အနီးရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း လောင်းလုံးမြို့ (စရဖ) ရုံးမှ ဗိုလ်ကြီးတဦး လိုက်ပါသော အိမ်စီးကား အဖြူတစီးကို DDTတပ်ခွဲ (၃) နှင့် ထားဝယ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့သေးသည်။

ထိုတိုက်ခိုက်ခံရသောကားမှာ မောင်းပြေးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးခြင်း ရှိ၊ မရှိကို တိတိကျကျ မသိရပေ။ 

စာတည်း။ ။ နောင်နောင်

https://youtu.be/1smzCMQEH-I?si=W-KsykHSNWVVDYmY

#လောင်းလုံး
#စရဖ
#မြို့မရဲစခန်း
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏4🔥1😁1
စက်တင်ဘာလ (၂၁)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
===============

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို မ‌မေ့လျော့ဘဲ အကူအညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာကိုတောင်းဆိုလိုက်တဲ့ သတင်းနဲ့အတူ NLD လက်ထက် တိုင်းရင်းသားရေးရာဝန်ကြီး မွန်နိုင်ငံရေးသမား နိုင်သက်လွင်ကွယ်လွန်သွားတဲ့သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/6RobfCfANV8?si=EMqrCR2uGDoXWxmA

#Mizzimaradio 
#Eveningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤1🤮1
ကနီမြို့နယ် မဲဒင်ကျေးရွာအနီး၌ စစ်ရေယာဉ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်
=================

လွှမ်းမိုး

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းစုန်ဆင်းလာသည့် စစ်ရေယာဉ်အုပ်စုကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက မဲဒင်ကျေးရွာအနီးတွင် လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Burma Liberation Democratic Front - BLDF တပ် DEMO တပ်ခွဲမှ သိရသည်။

စစ်သင်္ဘောနှစ်စီးနှင့် ဖလက်ရေယာဉ် ၁၁ စီးပါဝင်သော စစ်ရေယာဉ်အုပ်စုသည် ကနီမြို့နယ်အတွင်းသို့ စက်တင်ဘာ ၂၀ ရက်နေ့ ညနေက ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကို ညနေ ၃ နာရီခွဲခန့်က ပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်း DEMO တပ်ခွဲ တပ်ရေးဗိုလ်ကြီး Demo က ပြောသည်။

“ ရေကြောင်းတိုက်ပွဲတိုက်ဖို့ နှစ်ရက်လောက် အချိန်ယူ ကြိုတင်ပြင်ဆင်ခဲ့ရတာပါ။ ရှေ့ထွက်ပြောင်းတိုက် လက်နက်ကြီး ၃၀ ကျော်ဆိုတော့ ယမ်းအတော်များများ သုံးလိုက်ရတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ် မှု မိနစ် ၄၀ လောက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရှေ့ထွက်ပြောင်းတိုက် ၃၀ ကျော်နှင့် လက်နက် ငယ်များအသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃၇ မမ အမြောက်များ၊ ၄၀ မမ ဗုံးပစ်လောင်ချာ များ၊ စက်လက်များဖြင့် အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း DEMO တပ်ခွဲမှ သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ရေယာဉ်အုပ်စုမှ ဖလက်ရေယာဉ်နှစ်စီး စက်ခန်းထိမှန်ပျက်စီးခဲ့ပြီး၊ စစ်သားသေ ဆုံးမှုရှိကြောင်း တပ်ရေးဗိုလ်ကြီး Demo က ပြောသည်။

“ စက်ခန်းမှန်သွားတဲ့ ဖလက်ခွံတွေကို ကနီရောက်မှ ပြန်ပြင်နေတယ်။ ဒဏ်ရာရသူတွေကို ကနီဆေးရုံမှာ ကုသမှုခံယူနေပြီး ဝင်ခွင့်ပိတ်ထားတဲ့အတွက် စစ်ကောင်စီတပ်သား သေဆုံးမှုအတိကျ မသိသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Burma Liberation Democratic Front - BLDF တပ်မှ DEMO တပ်ခွဲက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စနစ်တကျ ပြန်လည်ဆုတ်ခွဲနိုင်ခဲ့သည့်အတွက် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

စစ်ရေယာဉ်အုပ်စုသည် ဟုမ္မလင်းမြို့မှစုန်ဆင်းလာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်နေ့ညက မင်းကင်း မြို့နယ်၊ မောက္ကတော်ကျေးရွာအနီးတွင် ညအိပ်ရပ်နားခဲ့ပြီး ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်၌ ပြန်လည် ထွက်ခွာစဉ် ရေယာဉ်တစီးတိမ်းမှောက်ခဲ့သည်ဟု သိရသည်။ ထိုရေယာဉ်များ၌ ကျောက်စိမ်းများ သယ် ဆောင်လာပြီး မန္တလေးမြို့အထိသယ်ဆောင်မည်ဟု သတင်းရရှိထားကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF) စစ်ကြောင်းမှူးကပြောသည်။

https://youtu.be/ehigMJdxefU?si=cSNzHjnXwTXmxyrm

စာတည်း။ ။စောဖေ

#စစ်ကိုင်တိုင်း
#စစ်ရေယာဉ်အုပ်စု
#ချင်းတွင်းမြစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁4👏2❤1❤‍🔥1
​​The Good The Bad The Weird
=============

1930 ခုနှစ် မန်ချူးရီးယားကိုနောက်ခံထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး တကယ့်….

နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ ဆောင်ကန်ဟို(Parasite) လီဗြောင်ဟွန်း(Squid Game) ဂျောင်ဝူးဆောင်း(Hunt) တို့အပြင် မာဒုံးဆူကပါ ဇာတ်ရံအဖြစ်ပါဝင်ထားပါတယ်….

ရတနာမြေပုံတစ်ခုလို့ ယူဆရတဲ့ မြေပုံတစ်ခုကို အကြောင်းပြုပြီး အဲ့ဒီမြေပုံကိုခိုးလာတဲ့ သူခိုး.. မြေပုံနောက်ကိုလိုက်နေတဲ့ ဓားမြ ဝရမ်းထုတ်ထားတဲ့ တရားခံပြေးတွေကိုလိုက်ဖမ်းပြီး ဆုငွေယူတဲ့ မနုဿမုဆိုး သူတို့ ၃ ယောက်အပြင် ကြားထဲက မန်ချူးဓားမြတစ်ဖွဲ့ နဲ့ ဂျပန်စစ်တပ်တို့ ထိပ်တိုက်ရင်ဆိုင်ကြရင်း ဘာတွေဖြစ်ကြမလဲဆိုတာ ဆက်ပြီး အားပေးလိုက်ကြဦးနော်….

Mizzima+HD Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် -
http://onelink.to/jnuwak

ပြသမည့်ရက်။ ။ 21.9.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👎1🔥1
စစ်ကောင်စီစစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် ကချင်မြေရှားသတ္တုတူးဖော်မှု ယာယီရပ်နား
=====================

ကချင်ပြည်နယ် ချီဖွေ မြို့နယ်ထဲက ပန်ဝါဒေသမှာ မြေရှား မိုင်းတွင်းတွေကို စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေ စစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် စက်တင်ဘာလဆန်းကတည်းက ပိတ်သိမ်းထားတာ ပြန်လည် တူးဖော်ခွင့်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အဓိကကျတဲ့ မြေရှား သတ္တု အရင်းအမြစ်တွေ အများအပြားရှိနေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်မှာ မြေရှားဓာတ်သတ္တုတူးဖော်ခွင့်ကို ဒီလ အစောပိုင်းကတည်း ပိတ်သိမ်းထားကြောင်းနှင့် ဘယ်အချိန် လုပ်ငန်းတွေ ပြန်စနိုင်မလဲ ဆိုတာ မသိသေးကြောင်း ဒေသခံ သတ္တုတွင်းလုပ်ငန်းရှင်နဲ့ တရုတ်နိုင်ငံ လေ့လာသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လောလောဆယ်မှာ မြန်မာပြည်ကအလုပ်သမားတွေရော တရုတ်နိုင်ငံသားတွေပါ ပြန်လိုက်ရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံတစ်ယောက်က ပြောပါတယ်။

ကမ္ဘာမှာ Rare Earth မြေရှားသတ္တုအများဆုံးရောင်းနေတဲ့ တရုတ်နိုင်ငံဟာ သူ့နိုင်ငံထဲမှာတင်မကပဲ ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါဒေသမှာပါ တူးဖော်ပြီး တရုတ်ကို ပို့နေတာပါ။ မြေရှားသတ္တုထွက်တဲ့ဒေသမှာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီတပ်နဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ရှိပါတယ်။

အဲဒီဒေသမှာ လုပ်ကွက်ပေါင်း သုံးရာလောက်ရှိပြီး၊ အားပြင်းအက်စစ်သတ္တုရည် ကန်ပေါင်း ၂၇၀၀ ကျော်တွေ့ရတယ်လို့ ကမ္ဘာမှာ သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာ နေတဲ့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက် နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် စာရင်းအရ မြန်မာမျိုးကိုကို ကုမ္ပဏီနဲ့ ရွှေစပါး သတ္တုတူးဖော်ရေးကုမ္ပဏီတို့ကို ၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်အထိ ချီဖွေမြို့နယ်က မြေ ၂၈၁ ဧက၊ လုပ်ကွက် ၁၁ ခုမှာ မြေရှားသတ္တုတူးဖော်ဖို့ ခွင့်ပြုပေးခဲ့တာ တွေ့ရပါတယ်။

အခုနောက်ပိုင်းတော့ သတ္တုတူးတဲ့နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် ဘယ်ကုမ္ပဏီတွေက လုပ်ဆောင်နေသလဲဆိုတာသိဖို့ ခက်ခဲသွားတယ်လို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။

မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ယက် (MMWN) က ကွန်ရက်ချိတ်ဆက်မှုတာဝန်ခံ ပေါလ် (Paul) ကတော့ စစ်ကောင်စီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်ကနေ လာစစ်ဆေးတာ မဖြစ်နိုင်ဘဲ နိုင်ငံခြားငွေရနိုင်မလားဆိုတာ လာကြည့်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ခေတ်အဆက်ဆက် မြန်မာစစ်တပ်ဟာ သယံဇာတရောင်းလို့ရတဲ့ ဝင်ငွေကို အားထားခဲ့ပါတယ်။ ဒါကြောင့် သယံဇာတထွက်တဲ့နေရာတွေမှာ မြေယာတွေသိမ်းပြီး ရွာတွေပြောင်းခိုင်းတာလည်း ရှိပါတယ်။ ဒါကြောင့် အခုပန်ဝါဒေသမှာလည်း အဲဒီလိုဖြစ်ရပ်တွေကြုံလာမှာကို စိုးရိမ်နေကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်းမှာ မြန်မာနိုင်ငံကနေ တရုတ်ကို တင်သွင်းခဲ့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန် ဒေါ်လာ သန်း ကိုးရာနီးပါး ရှိခဲ့တယ်လို့ တရုတ်အကောက်အခွန်ဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

https://youtu.be/lU4nlYe2mxQ?si=ojWYMqJKQsAv480K

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10🔥1