Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​23.9.2023 (Saturday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
====================

Highlight

Cele City (ညနေ- ၄ နာရီခွဲ)
၃၀ အရွယ် ချစ်ဖတ်စာ (ည- ၇ နာရီ)
Korea Movie -The point men(ည- ၁၀ နာရီခွဲ)

Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။

#mizzimatv
👍2🔥2
ဥရောပ ထိပ်တန်းလိဒ် ပွဲစဉ် ရလဒ်များ
==============

စပိန်လာလီဂါ ပွဲစဉ် (၆) ရလဒ်

Deportivo Alaves 0 - 2 Athletic Club
Williams 18'
Sancet 76'

ဂျာမန်ဘွန်ဒက်လီဂါ ပွဲစဉ် (၅) ရလဒ်

VfB Stuttgart 3 - 1 SV Darmstadt
Zagadou 17'(OG)
Millot 22'
Guirassy 32', 90+2'

အီတလီစီးရီးအေ ပွဲစဉ် (၅) ရလဒ်များ

Salernitana 1 - 1 Frosinone
Romagnoli 12'
Cabral 52'

Lecce 1 - 0 Genoa
Oudin 83'


ပြင်သစ်လီဂူး ပွဲစဉ် (၆) ရလဒ်

Monaco 0 - 1 Nice
Boga 90+1

#Footballnews

Photo - Twitter
🔥2👍1
​​NUG နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့ ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်းအချို့နှင့် ဆက်တိုက်တွေ့ဆုံ
=====================

002
NUG နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့ ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်းအချို့နှင့် ဆက်တိုက်တွေ့ဆုံလျက်ရှိသည်။ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် ‌ရောက်ရှိနေသော အမေရိကန်၊ တီမောလက်စ်သမ္မတနိုင်ငံ၊ လစ်သူရေးနီးယားနိုင်ငံ အစိုးရအဖွဲ့တို့နှင့်အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသည့် The Elders အဖွဲ့မှ တာ၀န်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၀ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများနှင့်နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအားဆွေးနွေးခဲ့သည်။
တီမောလက်စတေးနိုင်ငံ သမ္မတ Jose Ramos-Horta နှင့် နယူးယောက်မြို့တွင် စက်တင်ဘာ ၂၁ ရက်၌ တွေ့ဆုံခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ဆက်လက်ပူးပေါင်းလုပ်ဆောင်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တီမောသမ္မတသည် မြန်မာ့အရေးနှင့် မြန်မာပြည်သူများအတွက် ထိရောက်သည့် အကူညီများ အမြန်ဆုံး ရရှိစေရေး နိုင်ငံတကာသို့ တိုက်တွန်းပြောဆိုချက်များအား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ သည်။

စက်တင်ဘာ ၂၂ ရက်တွင် လစ်သူရေးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gabrielius Landsbergis နှင့် တွေ့ဆုံခဲ့ပြီး မြန်မာပြည်အတွင်းစစ်တပ် အုပ်စိုးတဲ့ နိုင်ငံရေးစနစ်ကို ရပ်တန့်ကာ ဒီမိုကရေစီ ပြန်လည်ဖော်‌ဆောင်ရေးသည် ဒေသတွင်းတည်ငြိမ်မှုနှင့် ‌ရေရှည်တည့်တန့် ခိုင်မြဲသည့် ဖွံ့ဖြိုးရေးအတွက်အရေးကြီးသကဲ့သို့ ကမ္ဘာတဝှမ်း ဒီမိုကရေစီ အကြပ်အတည်းဆိုက်နေမှုနှင့် ချိတ်ဆက်နေခြင်းဖြစ်ကြောင်း၊ဒီမိုကရက်တစ်နိုင်ငံငယ်များ၏ အခန်းကဏ္ဍအရေးပါမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

The Elders အဖွဲ့ဥက္ကဋ္ဌ နှင့် အိုင်ယာလန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison၊ မွန်ဂိုးလီးယားနိုင်ငံ၏ သမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ H.E. Mr Elbegdor Tsakhia၊ ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Mr Juan Manuel Santos အပါအဝင် The Elders မှ အခြားသော တာဝန်ရှိပုဂ္ဂိုလ်တို့အား စက်တင်ဘာ ၂၂ ရက်က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကိစ္စနှင့် ပတ်သက်၍ အမြင်များ ဖလှယ်ကာ ဆွေးနွေးခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူအခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အစရှိသူ တို့ ပါ၀င်သည်။

#NUG
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/
👍14🤮1
မင်းအောင်လှိုင်အတွင်းလူ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဇောရဲ
😁7
မင်းအောင်လှိုင်အတွင်းလူ ဝါဒဖြန့်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကျော်ဇောရဲ
=====================

(မဇ္ဈိမ)
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဝါဒဖြန့်လုပ်ငန်းများ၊ နိုင်ငံရေးအကောင်အထည်ဖော်မှုနှင့် လုံခြုံရေးဆိုင်ရာများလုပ်ကိုင်ရာတွင် အနီးကပ်ဆုံးသော လူယုံဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများထက်ပင် တန်ခိုးထွားနေသူမှာ ဗိုလ်မှူးကျော်ဇောရဲဖြစ်သည်ကို မဇ္ဈိမက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

ဗိုလ်မှူးကျော်ဇောရဲ သည် မင်းအောင်လှိုင်နှင့် ဒေါ်ကြူကြူလှတို့၏ အတွင်းလူယုံဖြစ်ကာ သူ့ဦးဆောင်သည့် ဝါဒဖြန့်အဖွဲ့မှာ အင်းတိုင်ရှိ တပ်မ (၁၁) မှာ အခြေစိုက်သည်။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်အပါအဝင် နိုင်ငံရေးဖြစ်စဉ်များအတွင်း သတင်းမှားထုတ်လွှင့်ခြင်း၊ သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးနယ်ပယ်က လူပုဂ္ဂိုလ်တို့ရဲ့ လူမှုကွန်ရက်တွေမှာ အပျက်သဘောဆောင်သော၊ မှားယွင်းသော ကွန်မင့်ပေးခြင်းကအစ အဆိုပါအဖွဲ့က လုပ်ကိုင်နေခဲ့သည်။

ဗိုလ်မှူးကျော်ဇော်ရဲကို အငြိမ်းစား သစ်တောဦးစီးမှူး ဦးသိန်းဇော်နဲ့ ဒေါ်တိုးတိုးတို့က ဗန်းမော်မြို့မှာ မွေးဖွားပြီး စစ်တက္ကသိုလ် DSA အပတ်စဉ်-၄၇ ဖြင့် ၂၀၀၄ ခုနှစ်မှာ သင်တန်းဆင်းခဲ့သူတဦးဖြစ်သည်။ သူသည် Information Computer Science ဘာသာရပ်ဖြင့် မဟာဘွဲ့ရရှိခဲ့ပြီး ရုရှားနိုင်ငံ မော်စကိုမြို့ရှိ National Research University of Electronic Technology (MIET) မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။

သူသည် ယခု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင်၏ သမီး မို့မို့မြင့်ကြိုင်နဲ့ အိမ်ထောင်ပြုခဲ့သည်။
ဦးမြင့်ကြိုင်သည် အလုပ်သင်ဗိုလ် အပတ်စဉ် (၅) ဆင်းဖြစ်ပြီး သမ္မတဦးဝင်းမြင့်လက်ထက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဖြစ်လာခဲ့သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အလုပ်သမားဝန်ကြီးဌာနနဲ့ လ၀ကဝန်ကြီးဌာနကိုခွဲလိုက်သည့်အခါ ဦးမြင့်ကြိုင်သည် အလုပ်သမားဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးဖြစ်သွားခဲ့သေးသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လထဲတွင်တော့ မင်းအောင်လှိုင်၏ နိုင်ငံရေးလမ်းကြောင်းတွင် အဓိကကျသော ဝန်ကြီးဌာနတခုဖြစ်လာသည့် လ၀က၏ ပြည်ထောင်စုဝန်ကြီးဖြစ်သွားသည်။

ဥိီးမြင့်ကြိုင်ရာထူးတိုးမှုတွင် ဗိုလ်မှူးကျော်ဇော်ရဲနှင့် မင်းအောင်လှိုင်တို့ဆက်နွယ်မှုကြောင့်ဟု ပြော၍ရသည်ည်။ ဗိုလ်မှူးကျော်ဇော်၏ညီ ဦးမျိုးသူဇော်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတယောက်ဖြစ်သည်။ ဦးမြင့်ကြိုင်မှာ အမေရိကန်နှင့် ဥရောပတို့ရဲ့ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုပြုခံရသူစာရင်းတွင်ပါဝင်သည်။

ဗိုလ်မှူးကျော်ဇောရဲသည် မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ လိုက်ပါရလေ့ရှိပြီး ရုရှားနဲ့ဆိုင်သော သုတေသနကိစ္စရပ်များလည်း လုပ်ဆောင်ရသလို မင်းအောင်လှိုင်နှင့် အရပ်ဘက်နိုင်ငံရေးနယ်ပယ်ကလူပုဂ္ဂိုလ်တွေအကြောင်းလေ့လာမှု၊ ဆက်ဆံရေးများအတွက်လည်း တရားမဝင် သုတေသီအကြံပေးတဦးလည်းဖြစ်သည်။ ထို့အပြင် မဘသအဖွဲ့၊ စစ်တပ်ထောက်ခံရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မှုတွေအတွက်လည်း နောက်ကွယ်က ကြိုးကိုင်မှုမှာ အခရာကျသူဖြစ်သည်။

သူသည်သီတဂူဆရာတော်ဘဒ္ဒန္တဉာဏိဿရနှင့်လည်း ရင်းနှီးသူဖြစ်လာပြီး စစ်တပ်၊ ရဟန်းသံဃာတို့ချိတ်ဆက်ပြီး လက်ယာစွန်း အမျိုးသားရေးဝါဒီ ထူထောင်ချိတ်ဆက်ကာ အနောက်တိုင်းဆန့်ကျင်ရေးတို့တွင်ဗိုလ်မှူးကျော်ဇောရဲကို မင်းအောင်လှိုင်က အသုံးပြုနေခဲ့သည်။

ဗိုလ်မှူးကျော်ဇောရဲသည်ရုရှားနိုင်ငံ မော်စကိုမြို့ ထေရဝါဒဗုဒ္ဓစင်တာတည်ထောင်ခြင်းအပါအဝင် ရုရှားမှာ ဘုရားတည်၊ ကျောင်းဆောက်လုပ်ဆောင်ဖို့အတွက် ဆက်စပ်အကောင်အထည်ဖော်ခဲ့သည်။

တရားဝင်ကိုယ်ရေးအရာရှိမဟုတ်သော်လည်း ဗိုလ်ချုပ်ကြီးအဆင့်ကပင် မင်းအောင်လှိုင်နှင့်တွေ့လိုလျှင် အရပ်ဝတ်ဖြင့်အနေများသော ဗိုလ်မှူးကျော်ဇောမှတဆင့် စိစစ်မှုခံရသည်။ ဗိုလ်ချုပ်ကြီးများပင် " ကြောက်နေရတယ်" ဟု စစ်ဘက်အရာရှိတဦးက မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ရာတွင် ဗိုလ်မှူးကျော်ဇောရဲသည်လည်း စီမံထူးချွန်တံဆိပ်(တတိယအဆင့်) ရရှိခဲ့သည်။ ထိုစဉ်က သူနှင့်အတူ တတိယအဆင့် စီမံထူးချွန်တံဆိပ်ရသူများတွင် တပ်မတော်ရေးရာ လုံခြုံရေးအရာရှိချုပ် (စရဖ)ရုံးမှ ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်ဗိုလ်မှူးချုပ် ကျော်ကျော်လွင်တို့လည်းပါဝင်ခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/
👍15❤3🤮3😁2
မုန်တိုင်းဒဏ်သင့် ရခိုင်က မြို့နယ်အချို့တွင် ကျန်းမာရေးဆိုင်ရာ အကူအညီများ လိုအပ်နေ
==========================

မိုခါမုန်တိုင်း ဝင်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် မုန်တိုင်းတိုက်ခတ်ပြီး လေးလကျော်ကြာသည့်အချိန်အထိ ကျန်းမာရေးဆိုင်ရာ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ပြောသည်။

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ပြန်လည်ထူထောင်ရေးအတွက် လုံလောက်သည့် ထောက်ပံ့မှုများ မရရှိခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

“ လက်ရှိအချိန်အထိ အခြေခံ လက်လုပ်လက်စားတွေက အမိုးအကာအောက်ကို မရောက်ရှိသေးတာအများကြီး ရှိသေးတယ်၊ အဲ့လူတွေက ယာယီအဆောက်အဦးတွေမှာ နေရတော့ ရာသီဥတု ဒဏ်တွေကြောင့် ကျန်းမာရေးမကောင်းတာတွေ ဖြစ်တယ်၊ နေမကောင်းဖြစ်ကြတာတွေများတယ်၊ ကျောက်တော်မှာ အခုရက်ပိုင်း မိုးလည်း တအားများနေတယ်၊ အဲ့ဒီတော့ မိုးမိပြီး ဖျားနာတာတွေ ဆက်တိုက်ဖြစ်နေပါတယ်” ဟု ကျော်တော်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်း တာ၀န်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ယင်းသို့ ဖျားနာမှုဖြစ်ပွားရာတွင် လူလတ်တန်းစားများအနေဖြင့် နီးစပ်ရာ ဆေးခန်းများတွင် ဆေးကုသမှုများ လုပ်ဆောင်နိုင်သော်လည်း ငွေကြေးမတတ်နိုင်သည့် လက်လုပ်လက်စားများအတွက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ကျန်းမာရေးအဆောက်အဦးများကို ပြန်လည်ပြုပြင်ပြီး ဖြစ်သော်လည်း တိုက်နယ်ဆေးရုံတွင် ဆေးကုသမည့် ဆရာ၀န်မရှိသည့်အတွက် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် လိုအပ်ချက်များ ရှိနေကြောင်း ပေါက်တောမြို့ခံတဦးကလည်း ပြောသည်။

“ ပေါက်တောတမြို့လုံးမှာ တိုက်နယ်ဆေးရုံ တခုရှိတာတောင် ဆရာ၀န်မရှိဘူး။ နယ်ဘက်က လူတွေက ကျန်းမာရေးအတွက် အားကိုးစရာမရှိဖြစ်နေတယ်၊ ပြည်သူတွေအတွက် ဆေးကုရာမှာ အခက်အခဲတွေ ရှိတယ်၊ ဒါတွေကိုလည်း သက်ဆိုင်ရာက အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးစေချင်ပါတယ်“ ဟု ပေါက်တော ဒေသခံက ဆိုသည်။

ကျန်းမာရေးဆိုင်ရာအကူအညီများသည် ရခိုင်ပြည်နယ်ရှိ မြို့ပေါ်နေရာများထက် မုန်တိုင်းကြောင့် လမ်းများပျက်စီးကာ သွားလာရေးခက်ခဲနေသည့် ကျေးရွာများတွင် ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာ တာ၀န်ရှိသူများအနေဖြင့် ပြည်သူများကြုံတွေ့နေရသည့် ကျန်းမာရေးအခက်အခဲ လိုအပ်ချက်များကို ဖြေရှင်းပေးကြရန် ဒေသခံများက တိုက်တွန်းထားသည်။

မိုခါအလွန် လိုအပ်နေသော ကျန်းမာရေး သောင့်ရှောက်မှု အခြေအနေများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဇော်အောင်ကို ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မုန်တိုင်းဒဏ်ဆိုးဝါးစွာခံစားခဲ့ရသည့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပေါက်တော မြို့နယ်များတွင် ၀မ်းပျက်၀မ်းလျောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် ဆေးရုံ၊ ဆေးခန်း အပါအ၀င် ကျန်းမာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦး ၇၅၂ ခု ပျက်စီးခဲ့သည်။

ထို့အပြင် နေအိမ် ၂ သိန်းကျော် ပျက်စီးကာ ဒေသခံ ၁ သန်းကျော် မုန်တိုင်းဒဏ်ကို ခံစားခဲ့ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မုန်တိုင်းကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လုံလောက်သည့် အထောက်အပံ့နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

https://youtu.be/A97I2zIJj_g?si=hzeHuzUkKcs8N1AH

#မိုခါ
#ရခိုင်
#ကျန်းမာရေးလိုအပ်ချက်
#Mizzima
#hardnews
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤1🔥1
​​Mizzima needs your support!

မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့ သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.

ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ

https://bit.ly/2VhJ12U

For more information- https://donate.mizzima.com/mm/

#supportmizzima
👍4🤮4
​​စစ်ကောင်စီ၏ "ဒရူခ" ခြေကုပ်စခန်းကို KIA နှင့် KPDF တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၁၀ ဦး ကျဆုံး
====================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့တောင်ဘက်ရှိ "ဒရူခ" စစ်ကောင်စီတပ် စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကောင်စီတပ်ထံမှ မော်တာကျည်ကဲ့သို့သော လက်နက်ခဲယမ်းသေတ္တာ ၁၂ လုံး အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို KIA နှင့် KPDF တို့က ရရှိခဲ့ကြောင်း ရုပ်သံနှင့် ဓာတ်ပုံ မှတ်တမ်းများလည်း တွေ့ရသည်။

ဆွမ်ပရာဘွမ်မြို့တောင်ဘက် ၂၈ မိုင်အကွာရှိ ဒရူးခရွာအနီး ချောင်းကူးတံတားထိပ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ထိုင်သော တပ်စခန်းကို KIA တပ်မဟာ (၁) လက် အောက်ခံတပ်ဖွဲ့ဝင်များနှင့် KPDF များက စက်တင်ဘာ ၂၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးရုံး သတင်းရင်းမြစ်က ပြောသည်။

အမည်မဖော်လိုသည့် KIA စစ်ရေးရုံးသတင်းရင်းမြစ်က “ကျနော်တို့က ဒရူးခ(ရွာ)လို့လည်း ပြောတယ်။ ဒရူးယားလို့လည်း ပြောတယ်။ အဲဒီ တံတားထိပ်က တပ်စခန်းဂိတ်ကို ဝင်သိမ်းတာ ဟုတ်တယ်။ တိုက်ပွဲက မနက်မိုးမလင်းခင်ကနေ နေ့လယ်လောက်အထိ တိုက်တယ်ဆိုတဲ့သတင်းတော့ ရပါတယ်” ဟု ပြောသည်။

ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းမထိုင်ဘဲ ပြန်ဆုတ်ခဲ့သည့် ဟု KIA စစ်ရေးရုံးမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီ တပ်စခန်းကို ဦးစီးသူ အရာခံဗိုလ်အဆင့်ရှိသူတဦးကိုလည်း ဖမ်း ဆီးထားကြောင်း KIA/KPF ဘက်က သတင်းရင်းမြစ်က ပြောသည်။

၎င်းက “ထိခိုက်ကျဆုံးမှုတွေကို အသေးစိတ်မသိပါဘူး။ အရာခံဗိုလ်တယောက် ဖမ်းမိတယ်ဆိုတာတော့ ပြောကြတယ်” ဟု ဆိုသည်။
တိုက်ပွဲအတွင်း KIA/KPDF ဘက်က CDM တပ်သား တဦး သေဆုံးပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် အဆိုပါနေရာတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပျံဝဲခဲ့သော်လည်း မိုးသည်းထန်စွာရွာနေ၍ ပစ်ခတ်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
ကချင်နိုင်ငံရေး လေ့လာသုတေသီတစ်ဦးကတော့ " အခြေအနေတခုမှာ KIA တို့က မြစ်ကြီးနား ၊ ပူတာအို လမ်းပိုင်း ကို ထိန်းချုပ်မှု ချဲ့ထွင်ခြင်းဖြစ်နိင်ကြောင်း ပါ" လို့ ဆိုထားသည်။
လက်ရှိတွင် ထိုဒေသ၌ စစ်ရေးအခြေအနေ ပြန်လည်ငြိမ်သက်နေကြောင်း ဒေသခံများက ဆိုကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KIA
#KPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤2🔥1🖕1
​​စစ်ကိုင်းက ပုဂ္ဂလိကကျောင်း စစ်ကောင်စီတပ်ချိပ်ပိတ် ပိုင်ရှင်ကိုဖမ်းဆီးထားဟုဆို
========================

007
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ စိန်ကုန်းတိုက်နယ် သာစည်ရပ်ကွက်ရှိ ရင်သွေးရတနာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းပိုင်ရှင်ဖြစ်သူကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး ကျောင်းကိုပါချိပ်ပိတ်သွားကြောင်း စစ်ကိုင်းဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
"ခဏလိုက်ခဲ့ဆိုပြီးခေါ်သွားတာ၊ အခုအထိဘာလို့ဖမ်းတာမှန်းမသိရသေးဘူး၊ လူကို မနက်ပိုင်းမှာဖမ်းပြီး ညဘက်မှာ ကျောင်းကိုလာသိမ်း(ချိပ်ပိတ်)သွားတာ၊ စီးပွားဘက်အချင်းချင်းချောက်တွန်းလို့ အဖမ်းခံရတာပါ" ဟု ကျောင်းပိုင်ရှင်မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ကျောင်းပိုင်ရှင်ဖြစ်သူ အသက် ၅၇ နှစ်အရွယ် ဒေါ်ထားထားဦး(ကျောင်းအုပ်ဆရာမကြီး)ကို စက်တင်ဘာလ ၂၁ ရက်နေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ နောက်တရက်ည ၈ နာရီခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့က ကျောင်းကိုပါ လာရောက်ချိပ်ပိတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“လုပ်ငန်းတူအချင်းချင်းရဲ့ လက်ထောက်ချခံရလို့ပါသွားတာပါ၊ စစ်လော်ဘီတွေက ဆရာမကြီးကိုဖမ်းဖို့၊ ချန်နယ်(Telegram)တွေကနေ ဝိုင်းတွန်းတယ်၊ နောက်ရက်မှာလာဖမ်းပြီး ကျောင်းကိုပါချိပ်ပိတ်တယ်၊ စစ်ကိုင်းမှာ အခု လုပ်ငန်းရှင်တွေကို PDF ထောက်ပံ့အကြောင်းပြချက်နဲ့၊ ဖမ်းဖို့ဆီးဖို့ လှုံ့ဆော်နေတာတွေရှိတယ်၊ ဟိုတရက်ကလည်း ဖုန်းဆိုင်ပါသွားပြီးပြီ" ဟု လုံခြုံရေးအရအမည်မဖော်ပြလိုသည့် စစ်ကိုင်းမြို့ခံ နိုင်ငံရေးအင်အားစုမှ တဦးကမှတ်ချက်ပြုသည်။

ကျောင်းပိုင်ရှင်ဖမ်းဆီးခံရပြီး၊ ကျောင်းချိပ်ပိတ်ခံရမှုနှင့်ပတ်သက်၍ စစ်အုပ်စုလော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ကျောင်းပိုင်ရှင်သည် NUG (အမျိုးသားညီညွတ်ရေးအစိုးရ)ကဖွင့်လှစ်သည့် Sagaing Federal School အွန်လိုင်းစာသင်ကျောင်းတွင် စာသင်ထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့်ဟု စွပ်စွဲထားပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက် မရှိသေးပေ။

လက်ရှိတွင် ကျောင်းပိုင်ရှင်ဒေါ်ထားထားဦးအား စစ်ကိုင်းမြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သည့်အသိုက်အ၀န်းမှ စုံစမ်းသိရသည်။

စစ်ကောင်စီသည် စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းမြို့ကနာမည်ကြီးဖုန်းဆိုင်(Hello Mobile)ပိုင်ရှင်ကိုဝေဖြိုးကို စစ်တပ်လော်ဘီများ၏ လက်ထောက်ချမှုကြောင့် ဖမ်းဆီးပြီး ဆိုင်ဖွင့်ထားသည့်နေအိမ်အဆောက်အအုံကိုလည်း ချိပ်ပိတ်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကိုင်း
#ပုဂ္ဂလိကကျောင်း
#စစ်ကောင်စီ
#ချိပ်ပိတ်
#hardnews

ပုံစာ -ချိပ်ပိတ်ခံရသည့် ရင်သွေးရတနာကိုယ်ပိုင်ကျောင်း
(Photo -ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤬4🔥1👏1
စစ်ကောင်စီ၏ "ဒရူခ" ခြေကုပ်စခန်းကို KIA နှင့် KPDF တိုက်ခိုက်သိမ်းပိုက်၊စစ်ကောင်စီဘက်မှ ၁၀ ဦးကျဆုံး
========================

အဂမ် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့တောင်ဘက်ရှိ "ဒရူခ" စစ်ကောင်စီတပ် စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကောင်စီတပ်ထံမှ မော်တာကျည်ကဲ့သို့သော လက်နက်ခဲယမ်းသေတ္တာ ၁၂ လုံး အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို KIA နှင့် KPDF တို့က ရရှိခဲ့ကြောင်း ရုပ်သံနှင့် ဓာတ်ပုံ မှတ်တမ်းများလည်း တွေ့ရသည်။

ဆွမ်ပရာဘွမ်မြို့တောင်ဘက် ၂၈ မိုင်အကွာရှိ ဒရူးခရွာအနီး ချောင်းကူးတံတားထိပ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ထိုင်သော တပ်စခန်းကို KIA တပ်မဟာ (၁) လက် အောက်ခံတပ်ဖွဲ့ဝင်များနှင့် KPDF များက စက်တင်ဘာ ၂၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးရုံး သတင်းရင်းမြစ်က ပြောသည်။

အမည်မဖော်လိုသည့် KIA စစ်ရေးရုံးသတင်းရင်းမြစ်က “ကျနော်တို့က ဒရူးခ(ရွာ)လို့လည်း ပြောတယ်။ ဒရူးယားလို့လည်း ပြောတယ်။ အဲဒီ တံတားထိပ်က တပ်စခန်းဂိတ်ကို ဝင်သိမ်းတာ ဟုတ်တယ်။ တိုက်ပွဲက မနက်မိုးမလင်းခင်ကနေ နေ့လယ်လောက်အထိ တိုက်တယ်ဆိုတဲ့သတင်းတော့ ရပါတယ်” ဟု ပြောသည်။

ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းမထိုင်ဘဲ ပြန်ဆုတ်ခဲ့သည့် ဟု KIA စစ်ရေးရုံးမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီ တပ်စခန်းကို ဦးစီးသူ အရာခံဗိုလ်အဆင့်ရှိသူတဦးကိုလည်း ဖမ်း ဆီးထားကြောင်း KIA/KPF ဘက်က သတင်းရင်းမြစ်က ပြောသည်။

၎င်းက “ထိခိုက်ကျဆုံးမှုတွေကို အသေးစိတ်မသိပါဘူး။ အရာခံဗိုလ်တယောက် ဖမ်းမိတယ်ဆိုတာတော့ ပြောကြတယ်” ဟု ဆိုသည်။

တိုက်ပွဲအတွင်း KIA/KPDF ဘက်က CDM တပ်သား တဦး သေဆုံးပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် အဆိုပါနေရာတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပျံဝဲခဲ့သော်လည်း မိုးသည်းထန်စွာရွာနေ၍ ပစ်ခတ်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ကချင်နိုင်ငံရေး လေ့လာသုတေသီတစ်ဦးကတော့ " အခြေအနေတခုမှာ KIA တို့က မြစ်ကြီးနား ၊ ပူတာအို လမ်းပိုင်း ကို ထိန်းချုပ်မှု ချဲ့ထွင်ခြင်းဖြစ်နိင်ကြောင်း ပါ" လို့ ဆိုထားသည်။

လက်ရှိတွင် ထိုဒေသ၌ စစ်ရေးအခြေအနေ ပြန်လည်ငြိမ်သက်နေကြောင်း ဒေသခံများက ဆိုကြသည်။

https://youtube.com/shorts/wH3Mjy2YKQk?si=YlcjYTwmTD4FPvSJ

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KIA
#KPDF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤14👍5🔥1