Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ ၄ ဦး ဖမ်းဆီးခံရ၊ ၁ ဦး စစ်ကြောရေးတွင် သေဆုံး
============================
ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် စစ်ကောင်စီတပ်က NLD ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်သူ လေးဦးကို ဖမ်းဆီးခဲ့ရာ စစ်ကြောရေးတွင် ညှင်းပန်း နှိပ်စက်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“ဖမ်းဆီး ခံလိုက်ရတာက ကဝမြို့နယ် NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းထွန်း အပါအဝင် ငါးဦးပါ။ ကိုဇာနည်လင်း ဆိုတဲ့ အမျိုးသား ကတော့ မတ်လ ၇ ရက်နေ့က ပဲခူး စစ်ကြောရေးမှာ စစ်ဆေးရင်း သေဆုံး သွားတယ်လို့ သိရတယ်။ သူက အရင်ကတော့ NLD ပါတီဝင်။ အာဏာ သိမ်းပြီးတဲ့ နောက် နိုင်ငံရေးမှာ ပါဝင် ပတ်သက်မှု မရှိဘဲ သူ့အလုပ်သူ လုပ်နေတဲ့ အရပ်သား တစ်ယောက်ပါ” ဟု သတင်းရင်းမြစ်က ပြောသည်။

မတ်လ ၄ ရက်နေ့က အေးရွာသစ်အနီး စစ်ကောင်စီ သတင်းပေး နှစ်ဦး အသတ်ခံရ ပြီးနောက် မတ်လ ၅ ရက်နေ့တွင် မမောက်ကျေးရွာမှ ကိုဇာနည်လင်းကို ဖမ်းဆီးခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် ဘင်ဘန်းကန်ကျေးရွာ တွင် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းထွန်း၊ ရစ်ကန်ဘူတာမှ တစ်ဦးနှင့် နေရပ်လိပ်စာ မသိရသေးသူ နှစ်ဦး ထပ်မံ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အသက် ၃၅ ဝန်းကျင် အရွယ် ကိုဇာနည်လင်း သည် မတ်လ ၇ ရက်နေ့ ညနေ ၃ နာရီတွင် ပဲခူး စစ်ကြောရေး၌ ညှင်းပန်း နှိပ်စက် ခံခဲ့ရကာ သေဆုံးခဲ့ပြီး ၎င်းတွင် ဇနီးနှင့် လူမမယ် ကလေးငယ် တစ်ဦး ကျန်ရှိကြောင်း ဒေသခံများထံက သိရသည်။

“အပြစ်မဲ့ ပြည်သူတွေကို ဖမ်းပြီး ပြည်သူတွေကို အကြောက်တရား သွင်းတာ၊ က၀ PDF အပေါ် ပြည်သူတွေ အထင်အမြင်တွေ လွဲလာအောင် လုပ်နေတယ်လို့ဘဲ ယူဆတယ်။ အခုလို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်တဲ့ အတွက် ကဝမြို့နယ် ပြည်သူတွေက စစ်ကောင်စီရဲ့ မတရားမှု အပေါ် ပိုမိုမုန်းတီး စက်ဆုပ်မှုတွေ ဖြစ်လာမှာပါ” ဟု ဒေသခံက ဆိုသည်။

လက်ရှိ စစ်ကောင်စီတပ်က ကဝမြို့နယ်အတွင်း အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးမှုများကြောင့် ရစ်ကန်ကြီးကျေးရွာနှင့် မမောက်ကျေးရွာနေ ပြည်သူအချို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့က ရစ်ကန်ကြီးကျေးရွာနေ ကိုဆန်းဝင်း(ခ) ပေါင်တိုနှင့် မက်မောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုမောင်ဇော် ဆိုသူတို့ကို အေးရွာသစ်ကျေးရွာ အနီး ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) က စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီ သတင်းပေး ပျူစောထီးများ အားလုံး မတ်လ ၁၅ ရက်နေ့ နောက်ဆုံး လုပ်ရပ်များ ရပ်တန့် နုတ်ထွက်ရန် နောက်ဆုံး အကြိမ် သတိပေးထားပြီး လိုက်နာခြင်း မရှိပါက စစ်ရေး ပစ်မှတ်အဖြစ် ပြင်းပြင်းထန်ထန် တိုက်ခိုက် ချေမှုန်းမည်ဟု သတိပေး ထုတ်ပြန်ထားသည်။

#Mizzima
#ကဝမြို့နယ်
#အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
#စစ်ကြောရေး
#KPDF
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
Follow the link : https://bit.ly/2VhJ12U
👍3🤬3👏2
ရွှေကူမြို့နယ်အတွင်း ရွှေတူးဖော်နေသူများ ၂၄ နာရီအတွင်း ထွက်ခွာသွားရန် မြို့လှကာကွယ်ရေးတပ်ထုတ်ပြန်
===================

ကချင်လေး

ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်နေကြသူများ ၂၄ နာရီအတွင်း ထွက်ခွာသွားရန် မြို့လှပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက အမိန့်ပေးလိုက်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ဦးဆောင်မှုအောက်ရှိ မြို့လှ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)က ဧရာဝတီမြစ်ရိုးတစ်လျှောက် လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များကို တားမြစ်လိုက်ခြင်းဖြစ်သည်။

ရွှေဖောင်များကြောင့် သဘာဝပတ်ဝန်းကျင်က ဆိုးရွားစွာ ထိခိုက်ပျက်စီးလျက်ရှိနေသည်ကို ဒေသခံပြည်သူ များမှ စိုးရိမ်တကြီးတင်ပြအကူအညီ တောင်းခံလာခြင်းကြောင့် တားမြစ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

သတိပေးထုတ်ပြန်ချက် ထုတ်ပြန်မှုအပြီး ၂၄နာရီအတွင်း ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ရွှေဖောင်များရုတ်သိမ်းရမှာဖြစ်ပြီး၊ သတိပေးထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှုမရှိသည့် ရွှေဖောင်လုပ်ဆောင်နေသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း အလေးအနက်ထား အသိပေးထားသည်ဟု ဆိုသည်။

လက်ရှိ ရွှေကူမြို့နယ် ဧရာဝတီမြစ် (ဒုတိယမြစ်ကျဥ်းအောက်)ကြောင်းတစ်လျှောက်မှာ ရွှေဖောင်များက အစီး ၂၀၀ ထက်မနည်းရှိသည်။

#Mizzima
#ရွှေကူမြို့နယ်
#ရွှေဖောင်
#KPDF
#ဧရာ၀တီမြစ်
=====================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို ဖိတ်ခေါ်ပါတယ်။ 
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
Follow the link : https://bit.ly/2VhJ12U
👍8👏1
​​ရွှေကူမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုရှိ၊ ၄၀ မမ ကျည်များ သိမ်းဆည်းရမိ

ဝေယံမိုး
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းအား H-22 လက်လုပ် ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် မြို့လှ KPDF အရံတပ်ဖွဲ့မှ တိုက်ခိုက်လိုက်ကြောင်းသိရသည်။
ယနေ့ မေလ ၂၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ရွှေကူမြို့နယ် သင်္ဘောအင်းရွာမှ မိုးစစ်ရွာဘက်သို့ ခြေလျင်လာသည့် သင်္ဘောလုံခြုံရေးတပ်ဖြန့်လာသည့် စစ်ကောင်စီအင်အား ၄၀ ခန့်အား တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
"စကစ(စစ်ကောင်စီ) ဘက်က ၄၀ မှာ ၂၀ လောက်ထိခိုက်သေဆုံးမယ်လို့ ခန့်မှန်ရတယ်ဗျ။ သူတို့ ရေကြောင်းကနေ မော်တော်နဲ့သယ်သွားတယ်ဗျ ။ သေဆုံးသူနဲ့ ဒဏ်ရာရသူရောပေါ့ ။ သူတို့တက်လာတဲ့အင်အားရော မိုင်းဆွဲပြီးချိန် လှုပ်ရှားမှုရော အကုန်သတင်းရပြီးသားပါခင်ဗျာ” ဟု မြို့လှ KPDF ပြန်ကြားရေးတာဝန်ခံကပြောသည်။
Mytel တာဝါတိုင်မှ ရရှိသည့် ပစ္စည်းများဖြင့်ပြုလုပ်ထားသည့် H-22 ဟုအမည်ပေးထားသော လက်လုပ် ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“မိုင်တဲတာဝါတိုင်က ရတဲ့ဟာနဲ့ လုပ်ထားတာခင်ဗျ။ H-22 က ကျွန်တော်တို့ နာမည်ပေးထားတာပါ။ မီတာ ၅၀ ကနေ ၇၀ ဝန်းကျင်ထိအောင် ထိရောက်မှုရှိတယ်ဗျ ။ ရှေ့ထွက်ချိန်မှာ ငါးဖမ်းတဲ့ကွန်သဖွယ် ဖြန့်ထွက်သွားတာ လူတန်းကျဲကျဲလျောက်လာရင်လည်း အတော်အသင့် ပြေးမလွတ်ဘူးဗျ” ဟု မြို့လှ KPDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ထိုသို့မိုင်းဆွဲတိုက်ခိုက်ပြီးချိန်တွင် အထိနာသည့် စစ်ကောင်စီတပ်ဘက်မှ ခဏကြာပြန်လည်ပစ်ခတ်အပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းရွာဦးမှတဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွား မြို့လှ KPDFကထုတ်ပြန်ထားသည်။
တိုက်ပွဲအပြီး အရံတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရာတွင် ကာလတန်ဖိုး ၁၀ သိန်းကျော်တန်ဖိုးရှိိသည့် ၄၀ မမ ၁၃ လုံးသိမ်းဆည်းရမိကြောင်းမြို့လှ KPDFထုတ်ပြန်ချက်အရ သိရသည်။
"အရံကာကွယ်ရေးတပ်ဆိုတာ ကျွန်တော်တို့ မြို့လှတပ်ရင်းနယ်အတွင်း KIA ထိန်းချုပ်ရာ နယ်မြေဒေသမှာ အရပ်ဘက် ပကဖ တပ်ဖွဲ့ခွင့်မရှိထားပါဘူး ။ ဒါကြောင့် မြို့လှတပ်ရင်း လက်အောက်ခံအနေနဲ့ အရံတပ်ရင်းအဖြစ်နဲ့ ဖွဲ့စည်ထားတဲ့ အဖွဲ့ပါ” ဟု မြို့လှ KPDF ပြန်ကြားရေးတာဝန်ခံကဆိုသည်။

#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#KPDF
#Mytelတာဝါတိုင်
#စစ်ကောင်စီတပ်ဖွဲ့
#တိုက်ပွဲဖြစ်ပွါး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4👍4
မိုးညင်းတွင် စစ်ကောင်စီထောက်တိုင်များကို သတ်ဖြတ်သူဟုဆိုကာ KPDF တပ်ဖွဲ့ဝင်၏ဓာတ်ပုံကို ထုတ် ပြန်ထား

အဂမ်
မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ နမ္မားမြို့မှ ရာအိမ်မှူးနှင့် မိုးညှင်းမြို့မှ စစ်ကောင်စီသတင်းပေးဆိုသူတို့ကို သတ် ဖြတ်သူဟုဆိုကာ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)ဝင် လူငယ်တစ်ဦး၏ပုံအား စစ်ကောင်စီက မိုးညင်းမြို့အတွင်းရှိ လူသွားလူလာများသည့်နေရာများတွင် ချိတ်ဆွဲကာ ဝရမ်းထုတ်ထားကြောင်း ဒေသခံ များထံမှ သိရသည်။
နမ္မားမြို့မှ ရာအိမ်မှူးဦးတင်ညွှန့်နှင့် မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်မှ ဆိုင်ကယ်ပြင်သူ စိုင်းစောလင်း အောင်တို့ကို သတ်ဖြတ်သွားသည့်တရားခံ၏ပုံဟုဆိုကာ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး၏ပုံကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် များက မိုးညှင်းမြို့ရှိ လူစည်ကားရာနေရာများတွင် ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“နမ္မားမြို့က ရာအိမ်မှူး ဦးတင်ညွှန့်နဲ့ မိုးညှင်းမြို့က ဆိုင်ကယ်ပြင်တဲ့ စိုင်းစောလင်းအောင်တို့ကိုသတ် သွားတဲ့တရားခံဆိုတဲ့ဆိုင်းဘုတ်ကို မြဝတီဘဏ်နားမှာ ဝရမ်းထုတ်ထားတဲ့ပုံကြီးကို တွေ့ခဲ့ရတယ်။ နေရာ တကာ စစ်သားတွေကလည်းရှိနေတာဆိုတော့ သေချာတောင် မကြည့်ခဲ့ရဘူး”ဟု ဆိုင်းဘုတ်ကို တွေ့ရှိခဲ့ သည့် မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဓါတ်ပုံကို မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ အင်းဝဘဏ်၊ မြို့မစျေးထောင့်၊ အုတ်ကျင်းရပ်ကွက်နှင့် နားခါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတို့တွင် ချိတ်ဆွဲထားသည်ဟု ဒေသခံများက ဆိုကြသည်။
စစ်ကောင်စီတပ်ဖွဲ့ မြို့အတွင်း၌ ထောင်ထားသည့်ဆိုင်းဘုတ်တွင် KPDF ပြောက်ကျားဝတ်စုံ ဝတ်ဆင် ထားသည့် အသက် ၂၀ ခန့်အရွယ် လူငယ်တစ်ဦး၏ ပုံဖြစ်ပြီး အဆိုပါပုံတွင် အမည်ဖော်ပြထားခြင်း မရှိဟု ဆိုသည်။
ဓာတ်ပုံတွင်ပါရှိသည့် လူငယ်အမျိုးသား၏အမည်ကို မဇ္ဈိမအနေဖြင့်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။
နမ္မားမြို့မှ ရာအိမ်မှူးဦးတင်ညွှန့်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက လက်ဖက်ရည် ဆိုင်၌ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ဦးတင်ညွှန့်မှာ ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၇)တွင် ရှမ်းနီတိုင်းလျှန် သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူလည်း ဖြစ်သည်။
စစ်ကောင်စီသတင်းပေးဆိုသည့် ဆိုင်ကယ်ပြင်သူ စိုင်းစောလင်းအောင်သည် ၂၀၂၂ ခုနှစ် ဩဂုတ် လ ၃၁ ရက်နေ့ ညနေပိုင်းတွင် မိုးညှင်းမြို့ အ.ထ.က (၃) အနီး၌ ဆိုင်ကယ်စီးလာစဉ် လူငယ်နှစ်ဦးကအနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့သူဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင်းမှ လမ်းထောင့်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်စွာ ချထားကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကချင်ပြည်နယ်
#နမ်းမားမြို့
#မိုးညှင်းမြို့
#KPDF
😁5👍4
ဖားကန့်တွင် တော်လှန်သင်္ကြန် သံချပ်ထိုးပွဲ KPDF ကျင်းပ
=================

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဧပြီ ၁၂ ရက်၌ KPDF တပ်ဖွဲ့ဝင်များက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် သင်္ကြန် သံချပ် နှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။

KPDF တပ်ဖွဲ့ဝင်များက စစ်အာဏာရှင် လက်အောက်တွင် ကျင်းပသော သွေးစွန်း သင်္ကြန် တွင် ပြည်သူများ မပါဝင်ဘဲ သပိတ်မှောက်ကြရန် နှိုးဆော်ခဲ့ကြပြီး တော်လှန် သင်္ကြန် သံချပ် ထိုးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြသည်။

KPDF တပ်ဖွဲ့ဝင်များက ပြည်သူများ သွေးစွန်းသင်္ကြန် တွင် မပါဝင်ကြရန်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် သွေးမအေးသွားကြဘဲ တော်လှန်ရေး အောင်မြင်သည့် အထိ ပြည်သူတစ်ရပ်လုံးအင်တိုက်အားတိုက်ပူးပေါင်းပါဝင်ပေးကြရန် နှိုးဆော်ခဲ့ကြပြီး စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ တွင် စစ်ကောင်စီ တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသည့် ပြည်သူ များ အတွက် ဝမ်းနည်းခြင်း အခမ်းအနားလည်းပြုလုပ်ခဲ့ကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#တော်လှန်သင်္ကြန် သံချပ်ထိုးပွဲ
#KPDF
👍15❤3🔥1
ရွှေကူမြို့နယ် ရွာ ၅ ရွာထက်မနည်းကို စစ်ကောင်စီတပ် မီးထပ်ရှို့
==================

KMN
(မဇ္ဈိမ) ။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကျေးရွာ ငါးရွာထက်မနည်းအား ဧပြီလ ၁၀၊ ၁၁ရက်အတွင်း စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့ခဲ့ကြောင်း ရွှေကူဒေသခံတွေထံမှ သိရသည်။

ဧပြီ ၁၀ ရက်နေ့မှာ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိသည့် စီသောင်၊ မံခါးနှင့် စီမော်ရွာများ၏ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးထပ်ရှို့ခဲ့ပြီး နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာကိုဧပြီ ၁၁ ရက်နေ့မှာ ထပ်မံ မီးရှိုခဲ့ကြောင်း သိရသည်။

"မနေ့က မနက်အစောကြီး နန့်လန်ရွာနဲ့ နောင်လတ်ကြီးကျေးရွာဘက်ကိုစစ်တပ် ဝင်လာတာကြားတယ်၊ ခပ်လှမ်းလှမ်းကနေ မီးခိုးတွေတွေ့ရတယ်" ဟုကျေးရွာခံတစ်ဦးကကပြောသည်။

နန့်လန်ကျေးရွာနှင့် နောင်လတ်ကြီးကျေးရွာဘုန်းကြီးကျောင်းများ၌ ရွာခံတချို့အား စစ်ကောင်စီတပ်မှဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးသလို ရွှေကူ KPF အဖွဲ့အားလည်း ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စီသာတိုက်နယ် ကျေးရွာများကို စစ်ကောင်စီတပ်တွေက ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

စီသာတိုက်နယ်အား မတ်လ ၂၅ ရက်နေ့၊ မတ်လ ၃၀ ရက်နေ့နှင့် ဧပြီလ ၅ ရက်၊ ၆ ရက်နေ့များတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရွှေကူ KPF မှ ထုတ်ပြန်ထားသည်။

ရွှေကူမြို့၊စီသာတိုက်နယ်တွင် ကျေးရွာ ၁၂ ရွာဝန်းကျင်ရှိပြီး စီမူလေး၊ စီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ ဝင်ဝ၊ စီသာ၊ မံနား၊ မံခါး အစရှိသည့် ရွာ ၁၂ ရွာက ထောင်နှင့်ချီသည့်ဒေသခံများမှာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွှေကူ KPDF ပြန်ကြားရေးတာဝန်ခံက ဧပြီလဆန်းမှာ မဇ္ဈိမကိုပြောကြားထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ရွှေကူမြို့နယ်
#KPDF
#စစ်ကောင်စီတပ်
#မီးရှို့
Photo - Shwegu PDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢6👍4❤1🔥1
​​ဖမ်းဆီးစစ်ဆေးစဉ် ထွက်ပြေးသည့် နယ်ထိန်းရဲတပ်ကြပ် ပစ်ခတ်ခံရပြီး သေဆုံး
====================

အဂမ်
(မဇ္ဈိမ)။ ။ဖမ်းဆီးစစ်ဆေးနေစဉ် ထွက်ပြေးသည့် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်ကြပ်အား ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ဟိုပင်အခြေစိုက် KPDF အဖွဲ့ထံမှ သိရသည်။
ဇွန်လ ၃ ရက်နေ့က ကချင်ပြည်နယ်၊ ဟိုပင်မြို့ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကိုဆိုသူမှာ အခွန် ကောက်ပြီးပြန်လာစဥ် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဟိုပင်အခြေစိုက် KIA/PDF ၏ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ဆေးမှုပြုလုပ်နေစဥ် ထွက်ပြေးခဲ့ရာမှ KPDF အဖွဲ့က ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ ဦးခေါင်းကိုထိမှန်ခဲ့သည့်အတွက် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသည့် နယ်ထိန်းရဲတပ်ကြပ်ဝင်းကိုကိုမှာ နာမည်ဆိုးဖြင့်ကျော်ကြားနေသူဖြစ်ပြီး ဟိုပင်မြို့မှ နှစ်လုံးထီရောင်းသူများ၊ အရက်ရောင်းသူများ၊ အနှိပ်ခန်းဖွင့်သူများထံမှ လစဥ်ကြေးပုံမှန်ရယူပြီး အထက် အရာရှိအဆင့်ဆင့်ကိုပေးကမ်းနေသူဖြစ်သလို နွေဦးတော်လှန်ရေးတွင်ပါဝင်ပတ်သက်နေသူများကို စုံစမ်း နေသူဖြစ်၍ အထက်အရာရှိများ၏ မျက်နှာသာပေးခြင်းခံရသည့် နယ်ထိန်းရဲတစ်ဦးဖြစ်ကြောင်း သိရ သည်။

၎င်းဦးဆောင်ကာဖမ်းဆီးခဲ့သည့် ဟိုပင်မြို့မှလူငယ်များစွာမှာ ခလရ (၄၀) စစ်ကြောရေး၌ စစ်ဆေးခံနေ ရသလို လူငယ်အချို့ကျဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
သေဆုံးသွားသော နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကို၏အလောင်းကို တောစပ်တနေရာတွင်မြှုပ်နှံခဲ့ကြောင်း KPDF အဖွဲ့က အတည်ပြုပြောကြားသည်။

Photo - ဟိုပင်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ်ဝင်းကိုကို
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကချင်ပြည်နယ်
#ဟိုပင်မြို့နယ်
#နယ်ထိန်းရဲတပ်ကြပ်
#KPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21👏4❤2🔥1🥴1
​​ရွှေကူ KPDF အမှတ်(၁၂)တပ်ရင်းနယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့် မပြု
================

အဂမ်
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် KPDF အမှတ်(၁၂)နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခွင့်ပြုမည်မဟုတ်ကြောင်း အမှတ်(၁၂) KPDF တပ်ရင်းဌာနချုပ်က ယနေ့ ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အမှတ်(၁၂) KPDF တပ်ရင်းနယ်မြေတွင် တိုက်ပွဲများကျယ်ပြန်လာသလို ကလေးများ၏အနာဂတ်ပညာ ရေးအတွက် ယခုကဲ့သို့ သတိပေးထုတ်ပြန်စာထုတ်ပြန်ရခြင်းဖြစ်နိုင်ကြောင်း KPDF နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။

“ကျနော်တို့ဘက်မှာက ဒီနှစ်ပိုင်းတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ပြီးခဲ့တဲ့ရက်တွေအထိတောင်ဖြစ် နေတာလေ။ နောက်ပြီး အချိန်တိုလေးမှာဘာမှမသင်ဘဲ ကလေးတွေအတန်းတွေ ဇွတ်တင်ပေးလိုက်မှာ ကို ကျနော်တို့ မကြိုက်ဘူး။ ဒါကြောင့် စစ်ရေးနဲ့လည်း ထိခိုက်လာမှာစိုးလို့ ကျောင်းတွေမဖွင့်ဖို့ စာထုတ် လိုက်တာဖြစ်နိုင်တယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

သတိပေးထုတ်ပြန်စာတွင် စစ်ကောင်စီလက်အောက်ခံ Non - CDM ဝန်ထမ်းများနှင့် စစ်ကောင်စီကို အား ပေးအားမြှောက်လုပ်သူများကိုလည်း ထိုက်သင့်သောပြစ်ဒဏ်များဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းပါ ရှိသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကချင်ပြည်နယ်
#ရွှေကူမြို့နယ်
#KPDF
#အမှတ်(၁၂)တပ်ရင်းနယ်မြေ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤3😁2👏1
​​မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို KIA နှင့် KPDF တို့ ပူးပေါင်းတိုက်ခိုက်မှု ၃ ဦးသေဆုံး
========================

MTO
(မဇ္ဈိမ)။ ။မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့အား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မိုင်းမိတ်ခရိုင် KPDF ပူးပေါင်းတပ်ဖွဲ့များမှ ၁၂ ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးခဲ့ ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၂ ရက် နံနက် ၄ နာရီ ၂၃ မိနစ်တွင် မိုးကုတ်မြို့ အနောက်ပိုင်းကျပ်ပြင်ရဲစခန်းကို KIA နှင့် KPDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဇူလိုင်လ ၁၂ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသော မိုးကုတ်မြို့နယ်၊ ဗန်မွန် ကျေးရွာမှ မဏိသာရဘုန်းကြီးကျောင်းကို ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မိုးမိတ် ခရိုင်တပ်ရင်း KPDF က ထုတ်ပြန်ထားသည်။

ထို့အတူ ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကင်းတောရဘုန်းကြီးကျောင်း ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကိုသွားရောက်တိုက်ခဲ့ရာ၌ တဦးသေဆုံးကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး ဇူလိုင်လ ၂၃ ရက်နေ့ ညနေပိုင်း၌ မိုးကုတ်မြို့ အနောက်ပိုင်းရှိဂွေးပင်တပ်ကို ပူးပေါင်း တပ်ဖွဲ့များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ၌ စစ်ကောင်စီဘက်မှတဦးသေဆုံးပြီး နှစ်ဦးထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်း မိုးမိတ်ခရိုင် KPDF ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

၁၂ ရက်တာကာလအတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် မိုးမိတ်ခရိုင် KPDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း မိုးမိတ်ခရိုင် KPDF အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏သေဆုံးမှုများနှင့်ပတ်သတ်၍ မဇ္ဈိမအနေဖြင့် အတည်ပြုချက်ရရှိရန် ဒေသတွင်း အဖွဲ့များအား ဆက်သွယ်နေဆဲဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တ‌လေးတိုင်း
#မိုးကုတ်မြို့နယ်
#KIA
#KPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍31❤11👏3🔥1😁1
​​လက်နက်နှင့် ပိုက်ဆံသယ်လာသော စစ်ကောင်စီတပ်ကား တိုက်ခိုက်ခံရ ၂ဦးသေ
=====================

ခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်-ကသာလမ်းပိုင်းတွင် လက်နက်ပစ္စည်းများနှင့် ပိုက်ဆံများသယ်လာသော စစ်ကောင်စီတပ်ကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစီးပျက်စီးပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း Indaw Revolution-IR ထံမှ သိရသည်။

အင်းတော်ရှိ တပ်မ(၈၈)လက်အောက်ခံ စစ်ကောင်စီတပ်များနှင့် တပ်မ(၇၇)လက်အောက်ခံ စစ်ကောင်စီတပ် စုစုပေါင်း အင်အား ၁၄၀ခန့်ပါ စစ်ကားနှစ်စီးသည် ကသာမြို့သို့ လက်နက်ပစ္စည်းများနှင့် ပိုက်ဆံများသွားထုတ်စဉ် အင်းတော်သို့အပြန် ယမန်နေ့ သြဂုတ်လ ၁၄ရက် နံနက် ၁နာရီခန့်အချိန် ကသာနှင့် အင်းတော်ကြား ဒေသအခေါ် ကိုးမိုင်ကျောက်ခွဲစက်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ယင်းအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

“မိုင်းသုံးလုံးအရင်ဆွဲတာ ကားပျက်စီးသွားတဲ့အချိန်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်ကမရှိဘူး သူတို့ဘက်ကတော့ အထိအခိုက်များတယ်။မျက်မြင်ပြည်သူတွေ ပြောပြတာက ကားတစီးဆွဲတုန်းက မြင်လိုက်တာက ဒဏ်ရာရတာလည်းအများကြီးပဲလို့ပြောတယ်။ နောက်ပြီး အင်းတော်ပညာရေးမှူးရုံးနားမှာ မြန်မာနိုင်ငံတော်အလံအုပ်ထားတဲ့ အလောင်းနှစ်လောင်းတွေ့တယ်လို့ပြောတယ်။ ကားကတော့ လုံးဝနှိုးလို့မရအောင်ပျက်စီးသွားပါတယ်။ အဲ့တာကြောင့် သူတို့က အခြားကားတစီးနဲ့ အင်းတော်မြို့ဘက်ကို ဆွဲသွားရပါတယ်။” ဟု Indaw Revolution-IRမှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

ထိုသို့ ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ကားတစ်စီးပျက်သွားပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ အများအပြား အထိအခိုက်ဒဏ်ရာများ ရရှိနိုင်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သိီးခြားအတည်မပြုနိုင်သေးပေ။
ယမန်နေ့ နေ့လယ်တွင် ပျက်စီးသွားသော ၁၂ဘီးကားတစီးအား အင်းတော်ရဲစခန်းထဲသို့ ဆွဲသွားကာ လက်နက်အပြည့်သယ်လာသောကားမှာ စစ်တပ်ကုန်းသို့ ဝင်သွားသည်ဟုလည်း တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KIA၊ KPDF၊ ABSDF ပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့တွင်လည်း အင်းတော်-နဘား လမ်းဆုံတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခရီးသွားကားတစီး ပစ်ခတ်ခံရ၍ ယာဉ်မောင်း သေဆုံးခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KIA
#KPDF
#ABSDF
#ပူးပေါင်းအဖွဲ့
#ကသာခရိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7👍4😁3
​​ဗမာလူမျိုးများပါဝင်လာသဖြင့် တော်လှန်ရေး လုံးဝအောင်မြင်မည်ဟု KA စစ်ဦးစီးချုပ်ပြော
======================

002
(မဇ္ဈိမ)။ ။ဗမာလူမျိုးများပါဝင်လာသဖြင့် တော်လှန်ရေး လုံးဝအောင်မြင်မည်ဟု ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ၇၅ နှစ်မြောက် ကရင်နီတပ်မတော်နေ့ မိန့်ခွန်းတွင် ပြောသည်။

" မြန်မာပြည်မှာ ဗမာလူမျိုးအများစုမှာ တော်လှန်ရေးတွင် ပါဝင်တော်လှန်လာကြပြီဖြစ်သောကြောင့် တော်လှန်ရေးအင်အား ကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ ရောက်ရှိမည်ဟု လုံးဝ ယုံကြည်သည်" ဟု KA စစ်ဦးစီးချုပ်က ပြောသည်။

တော်လှန်ရေးမအောင်မြင်ပါက သားစဉ်မျိုးဆက်ခုနစ်ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမည်ကို အတတ်ပြောရဲကြောင်း၊ ယင်းကြောင့် ကိုယ်ကျိုးအတ္တများကို ဥပေက္ခာပြုပြီး တပ်မှုးများက ဦးဆောင် လမ်းပြရန်နှင့် စည်းလုံးညီညွတ်ကြရန် ၎င်းက သတိပေးသည်။
" မိမိတို့တပ်သည် ကြေးစားတပ်မဟုတ်ပါ၊ မျိုးချစ်တပ်ဖြစ်သည်နှင့်အညီ ကြေးစားတပ်များထက် စည်းကမ်းရှိရမည်။ ဥပဒေကို လေးစားပါ၊ အမိန့်နာခံကြပါ၊ စည်းကမ်းရှိကြပါ၊ လူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးကြပါ" ဟု KA စစ်ဦးစီးချုပ်က မှာကြားသည်။

တော်လှန်ရေးမှာ အောင်မြင်မှုကို ရရှိတော့မည်ဖြစ်သည့်အချိန်တွင် ရန်သူကို အထင်မသေးရန်နှင့် အထင်မကြီးရန် လိုအပ်ကြောင်း၊ အောင်မြင်တော့မည်ဟုဆိုကာ ဘဝင်မြင့်ပြီး အောက်ခြေမလွတ်ရန် ကရင်နီလူမျိုးများကို KA စစ်ဦးစီးချုပ်က တိုက်တွန်းသည်။

" တော်လှန်ရေးဆိုသည်မှာ သတ်သင့်သောလူကို သတ်ရမှာပဲ၊ သေသင့်သောလူလည်း သေရမှာပဲ၊ တော်လှန်ရေး၏နိယာမသဘော တရားဖြစ်သည်။ ထို့ကြောင့် ရန်ငါသိရမည်၊ သို့မှသာ ရန်ငါပြတ်နိုင်မှာ တပ်မှူးများမတွေဝေပါနှင့်။ မြန်မာစကားပုံတစ်ခု၏ လူ့အလိုကို နတ်မလိုက်နိုင်ပါ။ ရန်သူ၏ အခြေအနေမကောင်းတော့သည်ကို မြေပြင်တွင်ရှိနေသော တပ်မှူး တပ်သားများ ပိုတွေ့မြင်ရမည်ဖြစ်သည်" ဟု KA စစ်ဦးစီးချုပ်က ပြောသည်။

တော်လှန်ရေးတွင် လူထုကို မှန်မှန်ကန်ကန်ဦးဆောင်ရမည်ဖြစ်ပြီး လူ့အခွင့်အရေးများကိုလည်း လေးစားကြရန် အထူးမှာကြားလိုသည်ဟု စစ်ဦးစီးချုပ်က ပြောသည်။

ကျဆုံးသွားသည့် သွေးသောက်ရဲဘော်ရဲဘက်၏ ဝိညာဉ်နှင့် အသက်ပေးကြသော ပြည်သူပြည်သားများ၏ မျက်နှာများကို ထောက်ရှုကြပါရန်၊ မြို့ပျက်ရွာပျက် အိမ်ပျက် ဘဝပျက်သွားသော လူထုမျက်နှာ ငဲ့ကြည့်ကြပါရန်၊ နိုင်ငံရေးအချောင်သမားများ၊ ဘာသာရေးအချောင်သမားများအား မယုံကြရန် အထူးမှာကြားလိုပါသည်" ဟု KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။

ကရင်နီပြည်နယ်၏ တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် KA၊ KNDF၊ KPDF တို့ကို စေတနာအပြည့်ဖြင့် ကူညီထောက်ပံ့ပေးကြသည့် ရဟန်းရှင်လူပြည်သူများ၊ အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ကြောင်း စစ်ဦးစီးချုပ်က ဆိုသည်။

ကရင်နီတပ်မတော် KA ကို ၁၉၄၈ ခုနှစ် သြဂုတ် ၁၇ ရက်တွင် တပ်မှူး ခုနစ်ဦး ရဲဘော်ခုနစ်ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KA
#KNDF
#KPDF
#ကရင်နီတပ်မတော်နေ့

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍30❤11👏2😁1🤮1
​​စစ်ကောင်စီ၏ "ဒရူခ" ခြေကုပ်စခန်းကို KIA နှင့် KPDF တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်မှ ၁၀ ဦး ကျဆုံး
====================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့တောင်ဘက်ရှိ "ဒရူခ" စစ်ကောင်စီတပ် စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကောင်စီတပ်ထံမှ မော်တာကျည်ကဲ့သို့သော လက်နက်ခဲယမ်းသေတ္တာ ၁၂ လုံး အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို KIA နှင့် KPDF တို့က ရရှိခဲ့ကြောင်း ရုပ်သံနှင့် ဓာတ်ပုံ မှတ်တမ်းများလည်း တွေ့ရသည်။

ဆွမ်ပရာဘွမ်မြို့တောင်ဘက် ၂၈ မိုင်အကွာရှိ ဒရူးခရွာအနီး ချောင်းကူးတံတားထိပ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ထိုင်သော တပ်စခန်းကို KIA တပ်မဟာ (၁) လက် အောက်ခံတပ်ဖွဲ့ဝင်များနှင့် KPDF များက စက်တင်ဘာ ၂၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးရုံး သတင်းရင်းမြစ်က ပြောသည်။

အမည်မဖော်လိုသည့် KIA စစ်ရေးရုံးသတင်းရင်းမြစ်က “ကျနော်တို့က ဒရူးခ(ရွာ)လို့လည်း ပြောတယ်။ ဒရူးယားလို့လည်း ပြောတယ်။ အဲဒီ တံတားထိပ်က တပ်စခန်းဂိတ်ကို ဝင်သိမ်းတာ ဟုတ်တယ်။ တိုက်ပွဲက မနက်မိုးမလင်းခင်ကနေ နေ့လယ်လောက်အထိ တိုက်တယ်ဆိုတဲ့သတင်းတော့ ရပါတယ်” ဟု ပြောသည်။

ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းမထိုင်ဘဲ ပြန်ဆုတ်ခဲ့သည့် ဟု KIA စစ်ရေးရုံးမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီ တပ်စခန်းကို ဦးစီးသူ အရာခံဗိုလ်အဆင့်ရှိသူတဦးကိုလည်း ဖမ်း ဆီးထားကြောင်း KIA/KPF ဘက်က သတင်းရင်းမြစ်က ပြောသည်။

၎င်းက “ထိခိုက်ကျဆုံးမှုတွေကို အသေးစိတ်မသိပါဘူး။ အရာခံဗိုလ်တယောက် ဖမ်းမိတယ်ဆိုတာတော့ ပြောကြတယ်” ဟု ဆိုသည်။
တိုက်ပွဲအတွင်း KIA/KPDF ဘက်က CDM တပ်သား တဦး သေဆုံးပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် အဆိုပါနေရာတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပျံဝဲခဲ့သော်လည်း မိုးသည်းထန်စွာရွာနေ၍ ပစ်ခတ်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
ကချင်နိုင်ငံရေး လေ့လာသုတေသီတစ်ဦးကတော့ " အခြေအနေတခုမှာ KIA တို့က မြစ်ကြီးနား ၊ ပူတာအို လမ်းပိုင်း ကို ထိန်းချုပ်မှု ချဲ့ထွင်ခြင်းဖြစ်နိင်ကြောင်း ပါ" လို့ ဆိုထားသည်။
လက်ရှိတွင် ထိုဒေသ၌ စစ်ရေးအခြေအနေ ပြန်လည်ငြိမ်သက်နေကြောင်း ဒေသခံများက ဆိုကြသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KIA
#KPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19❤2🔥1🖕1
စစ်ကောင်စီ၏ "ဒရူခ" ခြေကုပ်စခန်းကို KIA နှင့် KPDF တိုက်ခိုက်သိမ်းပိုက်၊စစ်ကောင်စီဘက်မှ ၁၀ ဦးကျဆုံး
========================

အဂမ် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့တောင်ဘက်ရှိ "ဒရူခ" စစ်ကောင်စီတပ် စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကောင်စီတပ်ထံမှ မော်တာကျည်ကဲ့သို့သော လက်နက်ခဲယမ်းသေတ္တာ ၁၂ လုံး အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို KIA နှင့် KPDF တို့က ရရှိခဲ့ကြောင်း ရုပ်သံနှင့် ဓာတ်ပုံ မှတ်တမ်းများလည်း တွေ့ရသည်။

ဆွမ်ပရာဘွမ်မြို့တောင်ဘက် ၂၈ မိုင်အကွာရှိ ဒရူးခရွာအနီး ချောင်းကူးတံတားထိပ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ထိုင်သော တပ်စခန်းကို KIA တပ်မဟာ (၁) လက် အောက်ခံတပ်ဖွဲ့ဝင်များနှင့် KPDF များက စက်တင်ဘာ ၂၀ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးရုံး သတင်းရင်းမြစ်က ပြောသည်။

အမည်မဖော်လိုသည့် KIA စစ်ရေးရုံးသတင်းရင်းမြစ်က “ကျနော်တို့က ဒရူးခ(ရွာ)လို့လည်း ပြောတယ်။ ဒရူးယားလို့လည်း ပြောတယ်။ အဲဒီ တံတားထိပ်က တပ်စခန်းဂိတ်ကို ဝင်သိမ်းတာ ဟုတ်တယ်။ တိုက်ပွဲက မနက်မိုးမလင်းခင်ကနေ နေ့လယ်လောက်အထိ တိုက်တယ်ဆိုတဲ့သတင်းတော့ ရပါတယ်” ဟု ပြောသည်။

ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ စခန်းကို သိမ်းပိုက်ပြီးနောက် စခန်းမထိုင်ဘဲ ပြန်ဆုတ်ခဲ့သည့် ဟု KIA စစ်ရေးရုံးမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီ တပ်စခန်းကို ဦးစီးသူ အရာခံဗိုလ်အဆင့်ရှိသူတဦးကိုလည်း ဖမ်း ဆီးထားကြောင်း KIA/KPF ဘက်က သတင်းရင်းမြစ်က ပြောသည်။

၎င်းက “ထိခိုက်ကျဆုံးမှုတွေကို အသေးစိတ်မသိပါဘူး။ အရာခံဗိုလ်တယောက် ဖမ်းမိတယ်ဆိုတာတော့ ပြောကြတယ်” ဟု ဆိုသည်။

တိုက်ပွဲအတွင်း KIA/KPDF ဘက်က CDM တပ်သား တဦး သေဆုံးပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် အဆိုပါနေရာတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ပျံဝဲခဲ့သော်လည်း မိုးသည်းထန်စွာရွာနေ၍ ပစ်ခတ်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါတပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

ကချင်နိုင်ငံရေး လေ့လာသုတေသီတစ်ဦးကတော့ " အခြေအနေတခုမှာ KIA တို့က မြစ်ကြီးနား ၊ ပူတာအို လမ်းပိုင်း ကို ထိန်းချုပ်မှု ချဲ့ထွင်ခြင်းဖြစ်နိင်ကြောင်း ပါ" လို့ ဆိုထားသည်။

လက်ရှိတွင် ထိုဒေသ၌ စစ်ရေးအခြေအနေ ပြန်လည်ငြိမ်သက်နေကြောင်း ဒေသခံများက ဆိုကြသည်။

https://youtube.com/shorts/wH3Mjy2YKQk?si=YlcjYTwmTD4FPvSJ

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KIA
#KPDF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤14👍5🔥1