စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================
https://youtu.be/HN0l3l2TzR0?si=-LSgnq8etdOviPZI
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

👍2🔥2
ကိုးကန့် MNDAAက ဗိုလ်မှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ "ဝ" ပြည်နယ်သို့ ချစ်ကြည်ရေးခရီးသွားရောက်
=====================
မိုးသောက်။ ။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA က ဗိုလ်မှူးချုပ် Peng Kun ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ "ဝ" ပြည်နယ်ကို ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၆ရက်နေ့မှာလာရောက်ခဲ့တာဖြစ်ပြီး ဆောင်းဦးရာသီ ပွဲတော်အချိန်ကာလ ချစ်ကြည်ရေးခရီးစဉ်သက်သက်သာဖြစ်တယ်လို့ UWSA- လားရှိုးမြို့ဆက်ဆံရေးရုံး၊ တာဝန်ခံ ဦးညီရမ်းက မဇ္ဈိမကိုပြောပါတယ်။
ကိုးကန့် ကိုယ်စားလှယ်အဖွဲ့ကို "၀" ပြည်နယ် အစိုးရနဲ့ ဝ တပ်မတော်တို့ကကြိုဆိုခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတဲ့ချစ်ကြည်ရေးခရီးမှာ ဆွေးနွေးပွဲတွေလည်းပြုလုပ်ခဲ့ကြပြီးတော့ “တော်လှန်ရေးခရီးတွင် မျိုးဆက်ဟောင်း များထံမှ အမွေဆက်ခံခဲ့သော တော်လှန် ရေးချစ်ကြည်ရင်းနှီးမှုသည် မျိုးဆက် သစ် လူငယ်များထံ ဆက်လက် လက်ဆင့်ကမ်း သွားမယ်လို့ “ ပြောကြားခဲ့ကြတာရှိတယ်လို့ ကိုးကန့်သတင်းမှာဖော်ပြပါတယ်။
https://youtu.be/DnuK1V9yKfc?si=UkFDLs8rGFRhsRKw
တည်းဖြတ်/တင်ဆက်- မိုးသောက်
#Mizzima
#UWSA
#MNDAA

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

စက်တင်ဘာလ ၂၆ရက်နေ့မှာလာရောက်ခဲ့တာဖြစ်ပြီး ဆောင်းဦးရာသီ ပွဲတော်အချိန်ကာလ…

👍14❤3🔥1😁1
အင်းလေးဖောင်တော်ဦးဘုရားပွဲ၌ စစ်တပ်နှင့်ဆက်နွယ်သည့်ဟိုတယ်များတွင် မတည်းရန် တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ
❤11😁2
အင်းလေးဖောင်တော်ဦးဘုရားပွဲ၌ စစ်တပ်နှင့်ဆက်နွယ်သည့်ဟိုတယ်များတွင် မတည်းရန် တော်လှန်ရေးအင်အားစုများ မေတ္တာရပ်ခံ
=====================
ရောင်နီ
(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စစ်ကောင်စီက မကြာမှီကျင်းပမည့် ဖောင်တော်ဦးဘုရားပွဲသို့ လာရောက်မည့်သူများအနေဖြင့် စစ်တပ်နှင့်ဆက်နွယ်သည့် ဟိုတယ်များတွင် မတည်းခိုကြရန် အင်းလေးဒေသတော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံသည်။
ကိုဗစ်ကပ်ရောဂါကာလနှင့် စစ်အာဏာသိမ်းမှုကြောင့် သုံးနှစ်ကြာရပ်ဆိုင်းခဲ့ရသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲကို လာမည့် အောက်တိုဘာလတွင် စစ်ကောင်စီက ပြန်လည်ကျင်းပရန် ပြင်ဆင်နေသည်။ပြည်သူများအနေဖြင့် အဆိုပါဘုရားပွဲကို မပူးပေါင်းရန်နှင့် အကယ်၍ လာရောက်ပါကလည်း စစ်တပ်မိသားစုပိုင်နှင့် စစ်တပ်ထောက်ခံသူများပိုင်ဟိုတယ်များတွင် မတည်းခိုခြင်းဖြင့် သွေးစွန်းငွေဖြတ်တောက်ကြရန် အင်းလေးလူထုလှုပ်ရှားမှုကော်မတီက ယမန်နေ့ စက်တင်ဘာလ ၂၈ရက်က တိုက်တွန်းသည်။
ဧည်သည်များထံမှ ရရှိမည့် ဟိုတယ်ခ၊ ၀န်ဆောင်ခများသည် လူသတ်လက်နက်နှင့် ကျည်ဆန်များ ဝယ်ယူရန် စစ်ကောင်စီထံ ပြန်လည်စီးဆင်းမည့် သွေးစွန်းငွေများ ဖြစ်သည့်အတွက် စစ်တပ်နှင့် ဆက်နွယ်သည့် ဟိုတယ်များကို ရှောင်ရှားကာ အခြားဟိုတယ်များတွင်သာ တည်းခိုကြရန် မေတ္တာရပ်ခံသည်။
ယင်းအပြင် စစ်တပ်အသိုင်းအဝိုင်းနှင့် ဆက်နွယ်သည်ဆိုသော ဟိုတယ်(၁၇) ခု၏ အမည်စာရင်းကို အင်းလေးလူထုလှုပ်ရှားမှု ကော်မတီက ၄င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ယနေ့ စက်တင်ဘာလ ၂၉ရက်တွင် ထုတ်ပြန်သည်။
အဆိုပါ ဟိုတယ်များမှာ Ananta Inlay, Paramount Inle Resort, Hotel Amazing Naung Shwe, KME INLE Hotel, Royal Nyaung Shwe Hotel, Aureum Palace Hotel & Resort Inle, Amazing Innlay Resort, Shwe Inn Tha Floating Resort, Ann Heritage Lodge,Pristine Lotus Resort Inle, Ostello Bello Nyaung Shwe - Inle Lake Hostel, Myanmar Treasure Resort Inle Lake,
Golden Island Cottages - Nampan Hotel,
Golden Island Cottages - Thale U Hotel,
81 Hotel Inlay , Myat Mingalar Hotel Inle နှင့်
Inle Garden Hotel တို့ ဖြစ်သည်။
" အမှန်တကယ် စစ်တပ်ဘက်ကိုထောက်ခံတဲ့ စစ်အုပ်စုပိုင်တဲ့ ဟိုတယ်တွေကို သေချာစုံစမ်းပြီးတော့မှ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်” ဟု အင်းလေးအမျိုးသမီးသမဂ္ဂ အတွင်းရေးမှူးက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် အင်းလေးကန်အတွင်းတွင် ဟိုတယ်၊ မိုတယ် စုစုပေါင်း အလုံး ၁၀၀ ကျော်ရှိသည်ဟုသိရသည်။
အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်သည် ထင်ရှားကျော်ကြားသည့် မြန်မာ့ရိုးရာပွဲအခမ်းအနားဖြစ်သည့်အတွက် စစ်ကောင်စီက ဘုရားပွဲပြန်လည်ကျင်းပကာ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း အင်းလေးဒေသရှိတော်လှန်ရေးအင်အားစုများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ ပွဲတော်ကို အောက်တိုဘာ ၁၅ ရက်နေ့မှ နို၀င်ဘာလ ၁ ရက်နေ့အထိ ၁၈ ရက်ကြာ ကျင်းပမည်ဟု စစ်ကောင်စီက ကြေညာထားသည်။ဘုရားပွဲစည်းကားစေရန်အတွက် ပူးပေါင်းပါ၀င်ဆင်နွှဲကြရန် စစ်ကောင်စီက ဖိအားပေးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
Justice Movement for Community-Innlay အဖွဲ့ကလည်း စစ်ကောင်စီက ပြန်လည်ကျင်းပမည့် အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် မပူးပေါင်း မပါ၀င်ခြင်းဖြင့် တော်လှန်ကြရန် အင်းလေးဒေသခံများနှင့် ပြည်သူများကို တိုက်တွန်းထားသည်။
" မြန်မာတနိုင်ငံလုံးစစ်ဘေးကြောင့်ဒုက္ခ ရောက်နေချိန်မှာ ယခုလို ပျော်ပွဲ၊ရွှင်ပွဲတွေကျင်းပမနေသင့်ပါဘူး"ဟု အင်းလေးအမျိုးသမီးသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်မှတဆင့်ပြောထားသည်။
စာတည်း - အေးချမ်း
#mizzima
#ညောင်ရွှေမြို့နယ်
#အင်းလေးဖောင်တော်ဦးဘုရားပွဲတော်
#စစ်တပ်နှင့်ဆက်နွယ်သည့်ဟိုတယ်များ
#သွေးစွန်းငွေဖြတ်တောက်ရေး
#တော်လှန်ရေးအင်အားစုများ
ပုံအညွှန်း - စစ်ကောင်စီကျင်းပသည့် အင်းလေးဖော်တော်ဦးဘုရားပွဲတွင် အသုံးပြုရန် ဘုရားဆွဲ
လှေများ ပြင်ဆင်နေကြစဥ်။ (ပုံ - JMC-Innlay)
------------------------

❤14😁3
ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေအတွက် ရိက္ခာနဲ့ကူညီထောက်ပံ့မှုတွေလိုအပ်(ရုပ်၊သံ)
===============
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင် ၂,ဝဝဝ ကျော်အတွက် ရိက္ခာနဲ့ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဟာ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာဝန်းကျင်ကို စက်တင်ဘာလ ၂၅ ရက်မှာ စစ်ကြောင်းထိုးခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၂၆ ရက်နေ့မှာ မုံရွာ နမခ က တက်လာတဲ့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစီးဟာ ဒီပဲယင်းနယ် အရှေ့ခြမ်းက ညောင်လှ၊ မူးခံတွင်း ၊ လက်ယက်ကုန်း နဲ့ သစ်တုံကျေးရွာတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် လက်ယက်ကုန်းကျေးရွာ အနီးအနားမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရတာပါ။
အဲ့ဒီအထဲက နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၂,ဝဝဝ ကျော်အတွက် ဆန်၊ ဆီ ၊ ရိက္ခာတွေ ကူညီထောက်ပံ့ဖို့ နေ့စဉ်လိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်က ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
https://youtu.be/caRShsAwLME?si=3i2ua9_E0J4UqxIg
#စစ်ကိုင်းတိုင်း
#စစ်ဘေးရှောင်
#စာနပ်ရိက္ခာ

KMN (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင် ၂,ဝဝဝ ကျော်အတွက် ရိက္ခာနဲ့ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဟာ…

👍11❤1🔥1
Mizzima needs your support!
မဇ္ဈိမသတင်းများ ဆက်လက်တင်ဆက်နိုင်ဖို့
သင့်ရဲ့ ပံ့ပိုးမှုလိုအပ်နေပါတယ်.
ဖော်ပြပါလင့်တွင် မဇ္ဈိမကိုကူညီပံ့ပိုးမှု စတင်လိုက်ပါ
👉 https://bit.ly/2VhJ12U
For more information- https://donate.mizzima.com/mm/
#supportmizzima

👍4🔥1
Balochistan ရှိ ဗလီအနီး ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၅၂ ဦး သေဆုံး
=============
(Photo News)၂၀၂၃၊ စက်တင်ဘာ ၂၉ ရက်နေ့က ပါကစ္စတန်နိုင်ငံ၊ Balochistan ပြည်နယ်၊ Mastung ရှိ ဗလီတခုမှာ အသေခံဗုံးခွဲမှုတရပ် ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို ပြည်နယ်မြို့တော် ကွက်တာရှိ ဆေးရုံဆီ ပို့ဆောင်ခဲ့ကြပါတယ်။ တမန်တော် မုဟမ္မဒ် ဖွားမြင်ခြင်းကို ဂုဏ်ပြုတဲ့ Eid-e-Miladun Nabi ပွဲတော်ကို ချီတက်ဆင်နွှဲနေစဉ် စက်တင်ဘာ ၂၉ ရက်က Mastung မှာ အသေခံ ဗုံးခွဲမှု တခုအတွင်း အနည်းဆုံး လူ ၅၂ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Mastung ရှိ ရဲစခန်းတာဝန်ခံ Mohammad Javed Lehri ရဲ့ ပြောဆိုအရ သိရပါတယ်။ ကဘူးလ်ကျဆုံးပြီး အာဖဂန် တာလီဘန်လက်ထဲ ရောက်ရှိပြီးနောက် အစ္စလမ္မစ်များကြား ဂိုဏ်းဂဏအကြမ်းဖက်မှုတွေအပါအဝင် အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တဲ့ ဖြစ်ရပ်တွေမှာ ပါကစ္စတန်မှာ မြင့်တက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။
(ဓာတ်ပုံ - EFE-EPA/AFP)

👍6🔥1👏1😢1
၂ နှစ်ခွဲကျော်အတွင်း စစ်ကောင်စီဝင် ၇ ဦး နှင့် ပြည်ထောင်စုဝန်ကြီး ၃ ဦးသာ နေရာ မပြောင်းမလဲ ကျန်ရှိ
==================
001
(မဇ္စျိမ) ။ ။ အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီနှင့် စစ်ကောင်စီအစိုးရအဖွဲ့ကို အကြိမ်ကြိမ်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် စတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သည့် စစ်ကောင်စီဝင် ခုနစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီး သုံးဦးသာလျှင် လက်ရှိတွင် နေရာမပြောင်းမလဲ ကျန်ရှိခဲ့သည်ကို တွေ့ရသည်။
လက်ရှိတွင် စစ်ကောင်စီအဖွဲ့၌ ၁၈ ဦးအထိ ရှိနေပြီဖြစ်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မန်းငြိမ်းမောင်တို့သာ အပြောင်းအလဲမရှိ ဆက်လက်ကျန်ရှိနေခြင်းဖြစ်သည်။ စစ်ကောင်စီအစိုးရအဖွဲ့တွင် ပညာရေး ဝန်ကြီး ဦးညွန့်ဖေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီတို့သာလျှင် အပြောင်းအလဲမရှိ ဆက်လက်ခန့်အပ်ခံထားရသည်ကို တွေ့ရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်ကောင်စီ စတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သည့် အခြားသူများသည် ရာထူးနေရာ ထုတ်ပယ်ခြင်းနှင့် အပြောင်းအရွှေ့ပြုလုပ်ခြင်းများကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ခြောက်လတကြိမ် အရေးပေါ်ကာလ သက်တမ်းတိုးမှု ပြုလုပ်တိုင်း စစ်ကောင်စီနှင့် စစ်ကောင်စီအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလေ့ရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အရေးပေါ်ကာလသက်တမ်းတိုးမှုနှင့် မသက်ဆိုင်ဘဲ စစ်ကောင်စီအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်း ပြုလုပ်ခဲ့သည်။
အဆိုပါ ပြန်လည်ဖွဲ့စည်းမှုတွင် စစ်ကောင်စီစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖယ်ရှားခံလိုက်ရသည်ကို တွေ့ရသည်။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအနေဖြင့် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်နှစ်နှစ်ခွဲကျော်ပါဝင်ခဲ့ရပြီးနောက် ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။
ကုန်စျေးနှုန်းများ ကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ရာဂဏန်းနီးပါးကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ဒေါ်လာ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် အရေးပါသည့် ကော်မတီ သုံးခု၏ ဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စီးပွား၊ ကူးသန်း ဒုတိယဝန်ကြီး ဦးညွှန့်အောင်တို့ လာဘ်စားမှုဖြင့် စစ်ဆေး ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
စစ်ကောင်စီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများဖြစ်ကြသည့် မြထွန်းဦး၊ တင်အောင်စန်း၊ မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အရပ်သားအဖွဲ့ဝင်များအဖြစ် မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေ စသည့် လူပုဂ္ဂိုလ် ၁၁ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
နောက်တစ်ရက်တွင် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့ကို အဖွဲ့ဝင်များအဖြစ် ဖြည့်စွက်ထည့်သွင်းခဲ့သည့် စုစုပေါင်း ၁၆ ဦး ဖြစ်လာသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ စစ်ကောင်စီပြန်လည်ဖွဲ့စည်းမှုတွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံရသည့် နောက်တဦးမှာ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဖြစ်ပြီး ၎င်းသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ( ၁ ) ပြည်ထောင်စုဝန်ကြီးအဖြစ်ပါ ဖယ်ရှားခံခဲ့ရသည်။
စစ်ကောင်စီက ၎င်းအား စစ်ဘက်မူလတာဝန်များ ပြန်လည်ပေးအပ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပေသော်လည်း ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းအား စစ်ဘက်တာဝန်ပြန်လည်ပေးအပ်ခြင်းရှိ၊ မရှိကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကာ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ကိုယ်ကျိုးစီးပွားပြုလုပ်မှုကြောင့် အဖွဲ့ဝင်အချို့ကို အနားပေးခဲ့ပြီး ထိရောက်သည့်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
-

😁18👍9❤4🖕4💩3