Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
မြန်မာ့အရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီး အစီရင်ခံစာကို စစ်ကောင်စီကန့်ကွက်

#PoliticalNews
#reels
#shorts
#MizzimaTV
😁13🔥1
နေအိမ်နှင့်စပါးကျီများ မီးရှို့ခံရသည့် မတူပီဒေသခံများကို ငွေကြေးထောက်ပံ့
👍10🔥1
နေအိမ်နှင့်စပါးကျီများ မီးရှို့ခံရသည့် မတူပီဒေသခံများကို ငွေကြေးထောက်ပံ့
=========================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်တောင်းပိုင်း၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က နေအိမ်နှင့် စပါးကျီများကို မီးရှို့ဖျက်ဆီးခံရာ မီးဘေးသင့်အိမ်ထောင်စုများအတွက် ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မတူပီမြို့နယ်အတွင်းမှ နေအိမ်မီးရှို့ခံရသော အိမ်ထောင်စု ၅၅စုအတွက် တအိမ်ထောင်လျှင် ကျပ်ငွေ ၁၃၀,၀၀၀ စီနှင့် စပါးကျီမီးရှို့ခံရသော အိမ်ထောင်စု လေးစုအတွင် တအိမ်ထောင်လျှင် ကျပ်ငွေ ၁၀၀,၀၀၀ နှုန်းဖြင့် ငွေကြေးစုစုပေါင်း ၇၅၀,၀၀၀ ကျပ်ကို သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ထောက်ပံ့ပေးခဲ့သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးမှူး ဆလိုင်းပါထောင်းမှ မဇ္စျိမအားပြောသည်။

“အခုကူညီပေးခဲ့တာကတော့ ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်အတွင်းမှာ စကစရဲ့ မီးရှို့ ခံထားတဲ့ အိမ်ထောင်စုတွေပါ။ သူတို့က ပြည်တွင်းမှာနေတဲ့ စစ်ဘေးရှောင်တွေပေါ့ ။ ကျွန်တော်တို့ ပြည်ပရောက်နေတဲ့ မတူပီအသိုင်းဝိုင်းကနေ ပို့ပေးတာကို ပြည်သူ့အုပ်ချုပ်ရေးမှတဆင့် ပြန်ပြီးတော့ ထောက်ပံ့ပေးတာပဲရှိတယ်။” ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးမှူး ဆလိုင်းပါထောင်းက ဆိုသည်။

ထိုမီးဘေးသင့် မတူပီဒေသခံများအား ပြည်ပရောက်နေသော မတူပီအဖွဲ့အစည်းများဖြစ်သည့် Indiana Matu Families & Friends၊ Chin Youth Organization - South Korea၊ Grace Myanmar Church- Florida တို့မှ ပံ့ပိုးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလှူရှင်များအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်းလည်း ၎င်းသတင်းနှင့် ပြန်ကြားရေးမှူးမှ ပြောသည်။

မတူပီမြို့နယ် ဝလံပီကျေးရွာတွင် စပါးကျီ တလုံး၊ ဝလံတဲကျေးရွာတွင် လူနေအိမ် ၁၄လုံး၊ စပါးကျီနှစ်လုံး၊ ကလားကျေးရွာတွင် လူနေအိမ် ၃၁လုံး၊ ငလိုင်ကျေးရွာတွင် နေအိမ် သုံးလုံး၊ ခွါငန်းကျေးရွာတွင် စပါးကျီ တလုံး၊ အမ်လိုင်ကျေးရွာတွင် လူနေအိမ် တလုံး၊ ရဲန်ခဲန်းကျေးရွာတွင် လူနေအိမ် သုံးလုံး၊ မွှန်တုန်ကျေးရွာတွင် လူနေအိမ် တလုံးနှင့် ရမ်တိန်းကျေးရွာတွင်လူနေအိမ် နှစ်လုံး စုစုပေါင်း လူနေအိမ်နှင့် စပါးကျီ ၅၉လုံးတို့ကို ၂၀၂၂ခုနှစ်၊ ၂၀၂၃ခုနှစ်တွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ခြင်းခဲ့သည်ဟု ဆိုသည်။

ယခုလက်ရှိတွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားသော မတူပီဒေသခံများသည် စစ်ကောင်တပ်စစ်ကြောင်း ငြိမ်နေ၍ ၎င်းတို့အိမ်နေရာအဟောင်းတွင်ပင် မိုးကာတဲလေးများထိုးပြီးပြန်နေကြကာ တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုကြကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မီးဘေးသင့်အိမ်ထောင်စုများအတွက် မိုးကာတာလပတ်များဝယ်နိုင်ရန် ငွေကြေးများဖြင့် ထောက်ပံ့ပေးခဲ့သေးကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မတူပီမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး မတူပီမြို့နယ်ဒေသခံ ၈,၀၀၀ ကျော်သည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)
ဓာတ်ပုံ။ ။ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုံအညွှန်း။ ။ နေအိမ်နှင့် စပါးကျီမီးရှို့ခံခဲ့ရသော မတူပီဒေသခံများ

#mizzima
#မတူပီမြို့နယ်
#မီးရှို့ဖျက်ဆီး
#မီဇိုရမ်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥1
​​ဘုရားကုန်းတွင် စစ်ကောင်စီတပ်က အကာအကွယ်ယူကာ စစ်စခန်းအသစ်ပြုလုပ်နေ
=======================

သွင်ထူးဈာန်(ကော်သူးလေ)
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအနီးရှိ ဇီးဖြူကုန်းဘုရားကုန်းတွင် စက်တင်ဘာ လ၂၀ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့က စစ်စခန်းအသစ် ပြုလုပ်နေကြောင်း နဂါးနီစစ်ကြောင်း၏ တာဝန်ရှိသူထံက သိရသည်။
အာဏာသိမ်းပြီးနောက် တံခွန်တိုင်ကျေးရွာရှိ ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်နေရာယူခဲ့ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များနှင့် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဆိုသည်။

"သူတို့ ရည်ရွယ်ချက်က တံခွန်တိုင်စခန်းမကျဖို့အရေးပါ ။ ဘာကြောင့်လဲဆိုတော့ အခုက သူ့အင်အားနည်းတဲ့အတွက် ထိုးစစ်မလုပ်နိုင်ဘူး ခံစစ်ကို အသေအလဲပြင်ဆင်နေကြတယ် အဲ့သဘောပါပဲ ။ဘုရားကုန်းကိုသူတို့ အခု စစ်စခန်းအခိုင်အမာ ဆောက်နေတယ် ဆက်သွယ်ရေးမြောင်းတွေပါ တူးပြီးကုန်ပြီ"ဟု နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးကိုဟိန်းကမဇ္ဈိမကို ပြောသည်။

ခံတပ်အဖြစ် ပြုလုပ်ထားသည့်ရဲစခန်း မကျဆုံးရန်အတွက် ဇီးဖြူကုန်းဘုရားကုန်းတွင် စခန်းသစ်တခု ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းစခန်းသစ်တွင် တပ်မ(၄၄)နှင့် တပ်မ(၂၂) လက်အောက်ခံတပ်များ အခြေစိုက်နေထိုင်နေပြီး အင်အား ၁၀၀ ကျော် ရှိကြောင်း သိရသည်။

စခန်းသစ်ဆောက်လုပ်ရန်အတွက် လိုအပ်သည်များကို တောင်ကလေးကျေးရွာမှ သစ်ကားများ၊ဝါးကားများဖြင့် သယ်ဆောင်လာပြီး တောင်ကလေးကျေးရွာမှ ခလယ်ရွာကျေးရွာအထိ လမ်းတလျှောက်တွင် BGFက လုံခြုံရေးကင်းယူပေးနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

"ဇီးဖြူကုန်းမှာ စစ်စခန်းထိုင်မယ်ဆိုရင် လက်နက်ကြီးဒဏ်က ဒေသခံပြည်သူလူထုတွေအတွက် စိန်ခေါ်မှု ပိုရှိလာနိုင်ပါတယ် ။ အခုလက်ရှိအနေအထားမှာ အဘစ်ရွာ အမတ(၃၁၈)ကနေပြီးတော့ ၁၂၂ မမ ဟောင်ဝစ်ဇာနဲ့တောင် နေ့စဉ်နေ့တိုင်း ကျေးရွာတွေထဲကို ပစ်ထည့်နေတာပါ ။ ဒါတွေက ရိုးသွားလို့ သတင်းတွေ မတက်တာပါ။ ဒီဘက်ဒေသခံတွေကတော့ လက်နက်ကြီးဒဏ်ကို ခံစားနေရတာ အတော်ကြာခဲ့ပါပြီ ။ ပြီးတော့ ဘာသာရေးအဆောက်အအုံကို ခြေကုပ်ယူပြီး စစ်စခန်းထိုင်တယ်ဆိုတော့ အဲ့ဒီကသံဃာတွေပါ မောင်းထုတ်တဲ့သဘောပါပဲ"ဟု နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူးကိုဟိန်းက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခလယ်ရွာကြီး၊ ခလယ်ရွာလေး၊ ပုလိန်၊ မြို့ဟောင်း၊ တံခွန်တိုင်၊ နန်းသိုင်းထွန်၊ နောင်းဒေ့ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်စခန်းထိုင်ထားသည့် တံခွန်တိုင်ကျေးရွာမှ ဒေသခံ ၇၀ရာခိုင်နှုန်း စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးခဲ့သည့် ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေရပြီး နေရပ်ပြန်လာသည့် အရပ်သားအချို့ကို စစ်ကောင်စီတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး နှိပ်စက်ခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတဝန်းရှိ ဘာသာရေးအဆောက်အအုံများနှင့် စေတီပုထိုးအချို့တွင် စစ်စခန်းများ အခိုင်အမာတည်ဆောက်၍ ခုခံစစ် ပြင်ဆင်လျက်ရှိသည်။
စစ်ကောင်စီတပ်သည် ကရင်ပြည်နယ် ၊မြဝတီမြို့အနီးရှိ လက်ခတ်တောင်ဘုရားကုန်းကို အကာအကွယ်ယူကာ စစ်စခန်းပြုလုပ်ခဲ့သည့်ဖြစ်စဥ် ရှိခဲ့ဖူးသည်။

ကြာအင်းဆိပ်ကြီးဒေသတွင် စစ်ကောင်စီတပ်၊BGF ပူး‌ပေါင်းတပ်ဖွဲ့ နှင့် နဂါးနီစစ်ကြောင်း၊ SOF၊Cloud Wings Drone၊ KNLAတပ်ရင်း(၁၆)တို့ စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

#ကရင်ပြည်နယ်
#ကြာအင်းဆိပ်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤3🤬3
ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
=======================

တရုတ်-မြန်မာ နယ်စပ် မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော်ခန့်ဟာ နယ်စပ်တစ်လျှောက်နဲ့ တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေအထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့နယ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ ကွတ်ခိုင်မြို့နယ်အကြား နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးအနီး ခိုမုန်းကျေးရွာကနေသုံးမိုင်ကျော်သာ ကွာဝေးတဲ့ တောင်ကုန်းတစ်ခုမှာ တည်ရှိတဲ့  TNLA တပ်စခန်းတစ်ခုကို ယခုလဆန်းကတည်းက စစ်တပ်က အကြိမ်ကြိမ်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၂ ရက ်နံနက်ပိုင်းက တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက တိုက်ပွဲဖြစ်ရာနေရာအနီးကို နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့သလို အဝေးထိန်းဒရုန်းတွေမှာ ၆၀ မမ ဗုံးသီး ပစ်ချ တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။

မူဆယ်-နမ့်ခမ်းလမ်းပိုင်းက စယ်လန့်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ ယာဉ်တန်းကို TNLA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ အခုအချိန်အထိ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ တာပါ။

တိုက်ပွဲတွေကြောင့် မူဆယ်မြို့နယ်အတွင်း နှစ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ နမ့်ကတ်နဲ့ စယ်လန့်ကျေးရွာတွေ အပါအဝင် ရွာခုနစ်ရွာက ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေကြရတာလို့ နမ့်ကတ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား ၂၀၂၂ ဒီဇင်ဘာလအတွင်းက နမ့်ဆန်းမြို့နယ် ကုန်းသာကျေးရွာမှာ တိုက်ပွဲကြီးကြီးမားမား တစ်ကြိမ်ဖြစ်ခဲ့တာကလွဲလို့ ထိတွေ့တိုက်ပွဲတွေ နည်းခဲ့ပါတယ်။

 ပြီးခဲ့တဲ့ ဇူလိုင်လနောက်ဆုံးပတ်ကစလို့ ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်၊ လားရှိုးနဲ့ မိုးကုတ်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်လိုလို ပြန်ဖြစ်လာနေတာပါ။

စစ်ကောင်စီလေတပ်က ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ TNLA စခန်းတွေကို ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် (TNLA) စခန်းနဲ့ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေချိန်မှာ TNLA ပါဝင်တဲ့ ပူးပေါင်းတပ်ကလည်း မန္တလေးတိုင်းရှိ စစ်ကောင်စီယာယီစခန်းတစ်ခုကို ဝင်တိုက်ခဲ့ပါတယ်။

TNLA တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ကနေ စက်တင်ဘာလ ၂၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။

https://youtu.be/fhfG4Vh4A7k?si=b_jjIMgyg6V-IX-c
 
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11🔥1😢1
​​ရုပ်ရှင်ဇာတ်ဝင်ခန်းမှ ဓာတ်ပုံဖြင့် KIA ၊ PDF စခန်း ဗုံးကြဲခံရဟု သတင်းမှားဖြန့်
=====================

JC
(မဇ္ဈိမ)။ ။ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့၏စခန်း ဗုံး ကြဲခံရသဖြင့် အကျအဆုံးများသည်ဆိုသော သတင်းနှင့်ဓာတ်ပုံများ လူမှုကွန်ရက်တွင်ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ ရုပ်ရှင်ဇာတ်ကားတခု၏ ဇာတ်ဝင်ခန်းတခုပုံနှင့် အခြားဓာတ်ပုံများဖြစ်ပြီး အကြောင်းအရာ လည်း မှန်ကန်မှု မရှိပေ။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် Truth Media တယ်လီဂရမ်ချန်နယ်မှ “KIA PDF အကြမ်းဖက်စခန်း ပေါင် 500 ဗုံးသီးထိမှန် KIA PDF အကြမ်းဖက်များစွာ သေဆုံး” (မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ တူညီသည့် ပုံနှစ်ပုံအပါအဝင် ဓါတ်ပုံလေးပုံဖြင့် ဖြန့်ဝေထားသည်။ ယင်းအကြောင်းအရာနှင့် ပုံများအား အခြား တယ်လီဂရမ်ချန်နယ် ၁၉ ခုတွင် ပြန်လည်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၃၅,၀၀၀ ကျော် ရှိနေ ပြီဖြစ်သည်။

ထိုပုံများဖြင့် “ဝဠာထက်က စစ်ဖိုက်တာ” “မျိုးချစ်နတ်သမီး” စသည့် ဖေ့စ်ဘုတ်အကောင့်များမှလည်း ပြန်လည်ဖော်ပြထားကြပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ် မဟာဗျူဟာလမ်းပိုင်းရှိ စစ်ကောင်စီ၏ ဒရုခတပ် စခန်းကို KIA ၊ PDF ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ပြန်လည်တိုက်ခိုက်ရာ ပေါင် ၅၀၀ ဗုံးသီးထိမှန်ပြီး KIA ၊ PDF တပ်သားများ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖြန့်ဝေထားသည်။ ထိုပို့စ်နှစ်ခုအား ကြိုက်နှစ်သက်ကြောင်းပြုလုပ်သူ ၃၀၀ ကျော်ရှိပြီး ပြန်လည် ဖြန့်ဝေမှု ၁၀၀ နီးပါးရှိသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများက ထိုအကြောင်းအရာနှင့် ဓာတ်ပုံများအား အချက်အလက်စစ် ဆေးခဲ့ရာတွင် မှားယွင်းနေကြောင်း တွေ့ရသည်။

သတင်းတွင် ဖော်ပြထားသည့် ပထမဆုံးဓာတ်ပုံသည် အမေရိကန်နိုင်ငံ ဟောလီးဝုဒ်အခြေစိုက်ကုမ္မဏီ တခုမှ ၂၀၁၉ ခုနှစ်တွင်ဖြန့်ချိခဲ့သော “Triple Threat” ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သည့် ဇာတ်ဝင်ခန်း တခု မှပုံဖြစ်သည်။

ဤအကြောင်းကို “Movie Coverage” ယူကျုချန်နယ်တွင် ဖော်ပြထားသည့် ဇာတ်ကားနမူနာ ရုပ်သံ၏ ၅၃ စက္ကန့်တွင် မြင်တွေ့နိုင်သည်။

လင့် https://www.youtube.com/watch?v=jGCUeSrQXu4
အလားတူ ယင်းအကြောင်းကို အချက်အလက်စစ်ဆေးသောအဖွဲ့တခုဖြစ်သည့် BOOM Myanmar မှ လည်း အချက်အလက် စစ်ဆေးထားသည်။

လင့် - https://shorturl.at/lCEW6
တတိယပုံတွင် ဖော်ပြထားသည့် လက်မောင်းတံဆိပ်များသည်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့၏ အမှတ်တံဆိပ်များ မဟုတ်ပေ။ ယခင် သတင်းဌာနများ တွင် ဖော်ပြထားဖူးသည့် KIA အရာရှိများ၏ ဘက်တံဆိပ်များနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

KIA/KIO အရာရှိများ၏ ပခုံးပေါ်ရှိ ရာထူးတွင်ပါဝင်သည့်ကြယ်သည် ထောင့်ငါးထောင့်ရှိပြီး သတင်းမှား တွင်ဖော်ပြထားသည့် ကြယ်တွင် ထောင့်ခုနစ်ထောင့်ပါဝင်နေသည်။ ထို့အပြင် KIA/KIO ၏ ရာထူးတံဆိပ် သည် ကချင်အမျိုးသားများ၏အမှတ်တံဆိပ်ဖြစ်သည့် ဓါးနှစ်လက် ရောယှက်ထားခြင်းဖြစ်ပြီး သတင်းမှား တွင် အသုံးပြုထားသည့် ပုံတွင်ပါသည့် ရာထူးတံဆိပ်သည် ဓါးပုံမဟုတ်ပေ။

လင့် https://shorturl.at/jmqBU
လင့် https://shorturl.at/zJTZ1
ဒုတိယပုံတွင်ပါဝင်သည့် ဒဏ်ရာရ တပ်သားနှစ်ဦး၏ မူရင်းဓါတ်ပုံကိုမူ ရှာမတွေ့ခဲ့ပေ။

ယခုအခါ မူရင်းပို့စ်ကိုပြန်ပြင်ထားသည်ကိုတွေ့ရပြီး ရုပ်ရှင်ဇာတ်ဝင်းခန်ဓာတ်ပုံသာ တွေ့ရတော့သည်။

မဇ္ဈိမ၏သတင်းအချက်စစ်ဆေးအနေဖြင့် စစ်ကောင်စီ၏ ဒရုခတပ်စခန်းအားသိမ်းပိုက်ပြီးနောက် လေ ကြောင်းမှ တိုက်ခိုက်ခံရမှု ရှိမရှိကို KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ထိုနေ့က ဆွမ်ပရာဘွမ်ဘက်၌လေကြောင်းတိုက်ခိုက်မှုမှရှိဘဲ မြစ်ကြီးနားနှင့်ဗန်းမော်ကြားရှိ နန့်ဆန်ယန် တွင်သာ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ပြောသည်။
“လေယာဉ်နဲ့ ဗုံးကြဲတာတော့ ကျနော်မကြားမိဘူးဗျ။ ဗုံးကြဲတာကတော့ မြစ်ကြီးနားနဲ့ ဗန်းမော်ကြားမှာရှိ တဲ့ နန့်ဆန်ယန်မှာပဲ ဗုံးလာကြဲတာ ရှိပါတယ်။ ကျန်တဲ့နေရာမှာ အခုတလောတော့ ဗုံးလာကြဲတာ မရှိဘူး ခင်ဗျ။ ကျနော့်တို့ဆီမှာတော့ အထိအခိုက်မရှိပါဘူး။ ဆွမ်ပရာဘွမ်မှာကျတော့ ကျနော်မကြားဘူး။ စခန်း သိမ်းတာကတော့ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားက လမ်းပေါ်မှာရှိတဲ့ ဒရုခစခန်းတွေသိမ်းတာကတော့ ရှိပါတယ်။ ဒါပေမယ့် လေယာဉ်ပျံနဲ့ ဗုံးလာကြဲတာကတော့ မရှိဘူးခင်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူကမဇ္ဈိမ ကိုပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့က ဆွမ်ပရာဘွမ်ရှိ စစ်ကောင်စီတပ်စခန်းတခုအား KPDF, KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းဆည်းရမိခဲ့ကြောင်း DVB သတင်းဌာနမှ သတင်းဖော်ပြထားသည်။ စခန်း သိမ်းပြီးနောက် KIA ၊ PDF စခန်း ဗုံးကြဲခံရသည်ဟု သတင်းဖော်ပြထားခြင်း မရှိပေ။

လင့် https://www.dvb.no/post/615964
ထို့ကြောင့် ဆွမ်ပရာဘွန်ရှိ KIA၊ PDF စခန်း ဗုံးကြဲခံရပြီး တပ်သားအများအပြားသေဆုံးသည်ဆိုသော သတင်းမှာ ရုပ်ရှင်ဇာတ်ဝင်ခန်းမှပုံနှင့် အခြားမသက်ဆိုင်သည့်ပုံများကို ပူးတွဲဖော်ပြထားသည့် သတင်း မှားသာဖြစ်သည်။
😁8👍4
​​ဗဟန်းရွှေတောင်ကြားရပ်ကွက် နေအိမ်မီးလောင်မှု အမျိုးသမီး ၂ဦးသေဆုံး
=====================

ဂန္ဒမာ၊ ရွှေနွယ်
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြာ (၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းရှိ နေအိမ်တလုံး ယနေ့ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ အိမ်အတွင်းရှိ အမျိုးသမီး နှစ်ဦးသေဆုံးသွားသည်ဟု မီးသတ်တပ်ဖွဲ့ဝင်တဦး ပြောသည်။

“မီးလောင်မှု စဖြစ်တဲ့နေရာက သုံးမိနစ်အိုး ရေခမ်းပြီး မီးလောင်တာပါ။ သေဆုံးသူရှိပါတယ်။ အမျိုးသမီး နှစ်ဦးပါ” ဟု ၎င်းကပြောသည်။

မီးလောင်မှုမှာ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အဆိုပါ အိမ်အတွင်းမှ အသက် (၇၉) နှစ်နှင့် အသက် (၅၀)အရွယ်အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်းသိရပြီး
ယင်းအမျိုးသမီးနှစ်ဦးနှင့်ပတ်သက်၍အသေးစိတ်ကို မသိရသေးပေ။

" မီးလောင်ပြင် အပေါ်ထပ်မှာ အဘွားတယောက် Deadbody(ရုပ်အလောင်း)တွေ့ ။ နောက်ထပ် Body(ရုပ်အလောင်း)တယောက်ထပ်တွေ့"ဟု ကူညီကယ်ဆယ်ရာတွင်ပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင်တဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။
မီးလောင်မှုကို အနောက်ပိုင်းခရိုင် မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ်၊လှိုင်မြို့နယ် ၊ အလုံမြို့နယ်နှင့် ကမာရွတ်မြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်ခုနစ်စီးဖြင့် ငြှိမ်းသတ်ရာ နံနက် ၁၀ နာရီ ၃၃ မိနစ်တွင် မီးထိန်းနိုင်ပြီး ၁၀ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ် ၂၃ သိန်းရှိသည်ဟု မီးသတ်တပ်ဖွဲ့ဝင်က ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ အေးချမ်း
ပုံအညွှန်း - ရွှေတောင်ကြားလမ်းရှိ မီးလောင်နေသော နေအိမ်ပုံ
ဓာတ်ပုံ - ရဲသူရိန် ရဲသူရိန် FB

#ရန်ကုန်တိုင်း
#ဗဟန်းမြို့နယ်
#ရွှေတောင်ကြားရပ်ကွက်
#‌နေအိမ်မီးလောင်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍3😁1
Media is too big
VIEW IN TELEGRAM
ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

#PoliticalNews
#reels
#shorts
#MizzimaTV
😢7😁1
အာရှတလွှားအွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမြန်မာနိုင်ငံမှာပိုမိုအခြေစိုက်လာနေ|Business Round Up(29.9.2023)
===================

- ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ထားသည့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်နှင့်ခြံဝန်းကို ဖျက်ဆီးရန် ကြိုးစားသူများကို အရေးယူမည်ဟု NUG ကြေညာ

- အာရှတလွှား အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေ မြန်မာနိုင်ငံမှာ ပိုမိုအခြေစိုက်လာနေ
 
- ထိုင်းမှာ တစ်နှစ်အတွင်း ဖမ်းဆီးခံရသူ မြန်မာ ၂ ထောင်ခန့်ရှိ

- အောက်တိုဘာလတွင် မိုးရွာသွန်းမှုပိုနိုင်ပြီး အယ်လ်နီညိုအားအကောင်းဆုံးဖြစ်တဲ့ နွေရာသီမှာ ရေကန်များ ခန်း‌ခြောက်နိုင်ဟုဆို

https://youtu.be/jvKVrrYRK9E?si=PU2qKhdW0tz66RLs
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
​​လက်ဝှေ့အကျော်အမော် မိုက်တိုင်ဆန်သေဆုံးသည်ဆိုသော သတင်းအမှား
=====================

ZZ
(မဇ္ဈိမ)။ ။ကမ္ဘာကျော်လက်ဝှေ့ချန်ပီယံဟောင်း မိုက်တိုင်ဆန်သေဆုံးသည်ဆိုသော သတင်းတခု ပျံ့နှံလျက် ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“Yoruba singles and single parents Club” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဩဂုတ်လ ၂၂ ရက်နေ့ က “20 minutes ago/ Goodbye legendary Mike Tyson/ Mike Tyson he now has been confirm as...” ဟုဆိုကာ မိုက်တိုင်ဆန်သေဆုံးကြောင်းရေးထားသည့်ပို့စ်တခု ပျံ့နှံလျက်ရှိသည်။

အဆိုပါပို့စ်အား နှစ်သက်ကြောင်းပြုလုပ်သူ ၃၀၀ နီးပါးနှင့် မှတ်ချက်ပေးသူ ၂၀၀ ကျော်ရှိခဲ့ပြီး ဖေ့စ်ဘုတ် တွင် ပျံ့နှံနေဆဲသတင်းတခု ဖြစ်သည်။

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများအနေဖြင့် မိုက်တိုင်ဆန်သေဆုံးခြင်း ရှိ၊ မရှိ အချက်အလက်စစ် ဆေးခဲ့ရာတွင် ၎င်းတိုဖြန့်ဝေထားသည့်ပို့စ်မှ မိုက်တိုင်ဆန်ဆေးရုံတက်နေရသည့်ပုံအား စစ်ဆေးကြည့်ခဲ့ ရာ ၁၉၉၈ ခုနှစ်ကထုတ်ဝေခဲ့သည့် The Onion Newsletter ဝက်ဘ်ဆိုက်ရှိ ဆောင်းပါးတပုဒ်မှ ပုံဖြစ်နေ သည်ကို တွေ့ရသည်။ ယင်းပုံကို မိုက်တိုင်ဆန်၏မျက်နှာဖြင့် ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။ လင့် - https://shorturl.at/BGOS3
ထို့ပြင် မိုက်တိုင်ဆန် မသေဆုံးကြောင်း CooPWB ဝက်ဘ်ဆိုက်မှ အချက်အလက် စစ်ဆေးထားသည်ကို လည်းတွေ့ရသည်။ လင့် - https://shorturl.at/fhjpV
ထိုကြောင့် မိုက်တိုင်ဆန်သေဆုံးပြီဟု ဖြန့်ဝေနေသည့်သတင်းများမှာ သတင်းအမှားဖြစ်သလို ဓာတ်ပုံမှာ လည်း ပြုပြင်ထားသောပုံသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5
Media is too big
VIEW IN TELEGRAM
ဂီတသံတမန်ရေးရာတွန်းအားပေးမှုအဖြစ် ဘလင်ကင်ကိုယ်တိုင် တီးခတ်သီဆိုတင်ဆက်

#InternationalNews #reels #shorts
❤7👍3🔥1😁1
စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ဓါးပြတိုက်တဲ့ အဆင့်ဖြစ်နေပြီ
===========================

MTO - အညာဒေသမှာ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းနိုင်ဖို့ ကျေးရွာတွေထဲကို စစ်ကြောင်းနဲ့ ဝင်ရောက်ရှာဖွေတာတွေကနေ လုယက်ဓားပြတိုက်တဲ့အဆင့် ဖြစ်နေပြီလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်ကြောင်းရန်ကိုကြောက်တဲ့ ဒေသခံပြည်သူတွေဟာ အိုးအိမ်တွေကို ဒီအတိုင်းထားခဲ့ပြီး ဘေးလွတ်ရာကို ထွက်ပြေးကြရချ်ိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ သူတို့ရဲ့လက်ပါးစေ ပျူစောထီးတွေဟာ ပြည်သူပိုင် အိမ်တွေထဲက ပစ္စည်းတွေကို စိတ်ကြိုက်ယူဆောင်ကြတာပါ။

တည်းဖြတ်၊တင်ဆက် - MTO

https://youtu.be/8IiwnDEceKo?si=Y6_h8LTb8hmCM0Sk

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11🤬3❤1
စက်တင်ဘာလ( ၂၉ )ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:58-ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရတဲ့သတင်း

03:20-စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် AA ဗိုလ်ကြီး ၁ ဦး ကျဆုံး၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေ မစိုးရိမ်ရဘူးလို့ AA ပြောတဲ့သတင်း

-ဂီတသံတမန်ရေးရာတွန်းအားပေးမှုအဖြစ် ဘလင်ကင်ကိုယ်တိုင် တီးခတ်သီဆိုတင်ဆက်တဲ့သတင်း

-ဂရိမှာမုန်တိုင်းဝင်ရောက်မှုအတွင်း လူရာပေါင်းများစွာကို ကယ်ဆယ်နိုင်ခဲ့တဲ့သတင်းတွေ အပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/IhJa7kln0xw?si=kZbvXlKOYTofApnv

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​မြန်မာစစ်ဘေးရှောင်များ ဇီဝမှတ်တမ်းကောက်ယူမှု ရပ်ဆိုင်းကြောင်းကြေညာ
========================

ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ ခိုလှုံနေကြသော မြန်မာနိုင်ငံသား စစ်ဘေးရှောင်များ၏ ဇီဝမှတ်တမ်းများကောက်ယူနေမှု ပြုလုပ်တော့မည်မဟုတ်ကြောင်း မီဇိုရမ်အစိုးရ သတင်းနှင့်ပြည်သူ့ဆက်ဆံရေးဝန်ကြီး ပူးလားရွပ်ကီးမား က စက်တင်ဘာလ ၂၇ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းကို All India Radio News ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။

အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဌာနမှ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ် ဘေးရှောင်များနှင့် ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံလာသူများကို ဖိအားပေး၍ ဇီဝမှတ်တမ်းများကို ကောက်ယူစေခဲ့ကြောင်းဆိုသည်။

ခိုလှုံလာသူများမှာ နယ်နိမိတ်စည်းခြားထားသော်လည်း သွေးချင်းညီအကိုများဖြစ်ပြီး မလိုလားအပ်သော နောက်ဆက်တွဲ အခက်အခဲဖြစ်နိုင်ပြီး မှတ်သား ခွဲခြား ဆက်ဆံမှုမျိုး လက်မခံနိုင်သောကြောင့် ဇီဝအချက်များဆက်လက်မကောက်ခံတော့ရန် ၎င်းတို့အစိုးရမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။

အိန္ဒိယနိုင်ငံသည် ဒုက္ခသည်များဆိုင်ရာကွန်ဗင်းရှင်း (၁၉၅၁ ခုနှစ်) သဘောတူညီချက်နှင့် နောက်ဆက်တွဲ ပရိုတိုကော (၁၉၆၇ ခုနှစ်) များကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် ခိုလှုံလာသူများအရေးနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်အရ စည်းနှောင်ထားခြင်းမရှိသောကြောင့် ဒုက္ခသည်အဆင့်အတန်း ပေးပိုင်ခွင့်မရှိကြောင်း ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

၎င်းအပြင် စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်ရန်အတွက် ဗဟိုအစိုးရသို့ ရန်ပုံငွေတောင်းခံရာတွင်လည်း အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း ၎င်းတို့ ပြည်နယ် အစိုးရအနေဖြင့် အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ကတော့ ဒီကိစ္စတင်မကဘဲ ကဏ္ဍပေါင်းစုံမှာ မီဇိုရမ်အစိုးရအနေနဲ့ အမြဲတမ်းကူညီခဲ့တာရှိတယ် ၊ မြန်မာ့အရေးမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အရေးပါတဲ့ ပြည်နယ်တခုအဖြစ်ရှိနေတဲ့အတွက် လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်၊ အပြုသဘောဆောင်တဲ့ ကူညီမှုတွေအမြဲတမ်း လုပ်ဆောင်ပေးဘို့ ဒီထက် အတွင်းကျကျ ပါဝင်လာနိုင်ဖို့ တောင်းဆိုချင်ပါတယ်” ဟု India For Myanmar လှုပ်ရှားမှု ဦးဆောင်သူ ဆလိုင်းဒိုခါရ် က မဇ္စျိမ ကိုပြောသည်။

ဗဟိုအစိုးရ၏ လုပ်ဆောင်ချက်က လက်တွေ့မကျကြောင်း အခြေခံယူဆချက် နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ တောင်းဆိုချက်များကို နားထောင်ကာ ဇီဝ မှတ်တမ်းကောက်ယူနေမှုကို ရုပ်သိမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်းဆိုသည်။

၎င်းအပြင် ကောက်ခံရရှိလာသော ဇီဝမှတ်တမ်းအချက်အလက်များကို မည်သည့်နေရာတွင် အသုံးပြုမည်ဆိုသည့် အချက်အလက်ခိုင်မာမှုမရှိခြင်း ၊ လုံခြုံမှုကို အာမ မခံနိုင်ခြင်းနှင့် အနာဂါတ် မြန်မာပြည်နှင့်ဆက်ဆံရေးများအပေါ် ထည့်သွင်းသုံးသပ်ကာ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်များတွင် ခိုလှုံနေသော မြန်မာနိုင်ငံသားများကို ဇီဝမှတ်တမ်းများကောက်ယူရန် ဗဟိုအစိုးရက ညွှန်ကြားခဲ့ပြီးနောက် ယခုနှစ် ဇူလိုင်လအကုန်ပိုင်းတွင် စတင်ကောက်ခံခဲ့ခြင်းဖြစ်သည်။

ခိုလှုံနေသော မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ဇီဝအချက်အလက်များ စစ်ကောင်စီထံ ရောက်သွားနိုင်သဖြင့် လုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုများဖြစ်ခဲ့ပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ စစ်ဘေးရှောင်စန်း သုံးခုနှင့် အိုက်ဇောလ်မြို့တွင် ဇီဝမှတ်တမ်းစမ်းသပ် ကောက်ခံခြင်းမျိုးရှိခဲ့သော်လည်း ယခုတွင် ၎င်းလုပ်ငန်းရပ် ဆိုင်းသွားပြီဖြစ်ကြောင်း မြန်မာစစ်ဘေးရှောင်များကို ကူညီနေသည့် Network for Unity Association Mizoram (NUA) တာဝန်ရှိသူထံက သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ တိုင်းပြည်အာဏာကိုလုယူပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၆၀,၀၀၀ (ခြောက်သောင်း) ခန့် ဝင်ရောက် ခိုလှုံလျက်ရှိကြောင်း သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUA
#သတင်းစာရှင်းလင်းပွဲ
#မီဇိုရမ်ပြည်နယ်
#မြန်မာစစ်ဘေးရှောင်

ပုံအညွှန်း - မီဇိုရမ်ပြည်နယ် သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး (ဓါတ်ပုံ - All India Radio News)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
This media is not supported in your browser
VIEW IN TELEGRAM
September - 29 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍3🖕2❤1
This media is not supported in your browser
VIEW IN TELEGRAM
ဂရိမှာမုန်တိုင်းဝင်ရောက်မှုအတွင်း လူရာပေါင်းများစွာကို ကယ်ဆယ်နိုင်ခဲ့

#InternationalNews #reels #shorts
👍7🔥1