Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ကြူကုတ်(ပန်ဆိုင်း)ဒေသကို ထိန်းချုပ်ထားဆဲဖြစ်သည်ဟု MNDAA ပြော
============

ရွှေနွယ်

(မဇ္ဈိမ) ။   ။ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်(ပန်ဆိုင်း) ဒေသကို ယနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခြင်းမရှိဘဲ မြောက်ပိုင်းညီနောင်မဟာမိတ်များက ထိန်းချုပ်ထားဆဲဖြစ်သည်ဟု မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်( MNDAA )က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ကြူကုတ်(ပန်ဆိုင်း) ဒေသ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း MNDAA ၏ ပြောခွင့်ရသူ လီကျာဝင်းက ပြောသည်။

"စစ်ကောင်စီက လုံးဝပြန်ရခဲ့ပြီဆိုတဲ့အနေအထားမဟုတ်ဘူး။ တိုက်ပွဲဆက်တိုက်ဖြစ်နေဦးမှာပါ" ဟု ၎င်းက ပြောသည်။

ပန်ဆိုင်းမြို့ပေါ်တွင် မဟာမိတ်တပ်များရှိနေကြောင်းနှင့် စစ်ကောင်စီမှ ပြန်လည်သိမ်းယူနိုင်ခြင်းမရှိသေးကြောင်းကို ပန်ဆိုင်းမြို့ဒေသခံတဦးကလည်းပြောသည်။

"ဘယ်သူမှတော့ အပြင်သိပ်မထွက်ရဲသေးဘူး၊ ဘယ်ချိန်ထဖြစ်မလဲ မသိလို့လေ။ မြို့ပေါ်မှာ ငြိမ်နေတာသုံးရက်လောက်ရှိပြီ” ဟု ပန်ဆိုင်းမြို့ပေါ်ရပ်ကွက်နေ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ကြူကုတ်(ပန်ဆိုင်း) မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း စစ်ဆင်ရေး ၁၀၂၇ ၏ ခုနစ်ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၂ ရက်နေ့တွင် စစ်ဆင်ရေး ၁၀၂၇ ၏ သတင်းအချက်အလက်များအား ထုတ်ပြန်ပေးနေသည့် Operation 1027-3BHA စာမျက်နှာမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီ၏ အာဘော်များကို ဖြန့်ဝေရေးသားလေ့ရှိသည့် တယ်လီဂရမ်ချန်နယ်အများတွင် ကြူကုတ်(ပန်ဆိုင်း) ဒေသကို စစ်ကောင်စီ၏ တပ်မ (၉၉) မှ ပြန်လည်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု ယနေ့နိုဝင်ဘာလ ၄ ရက်တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရသည်။

လက်ရှိတွင် ကြူကုတ်(ပန်ဆိုင်း) ဒေသ၌ တယ်လီဖုန်းဆက်သွယ်ရေး လိုင်းအားလုံး ပြတ်တောက်လျက်ရှိပြီး တရုတ်ဖုန်းလိုင်းမှတဆင့် အင်တာနက် အသုံးပြုနေကြရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယနေ့ စစ်ဆင်ရေး ကိုးရက်မြောက်နေ့တွင်မူ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ရှိ ဂျာယန် ပြည်သူ့စစ်စခန်း နှင့် မိုင်းယန်း ပြည်သူ့စစ်စခန်း နှစ်ခုတို့ကို နံနက် ၅ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် တအာင်းတပ်မတော် (PSLF/TNLA) မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

စခန်းတာဝန်ရှိသူဖြစ်သည့် လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင်၊ ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ၊ ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင် နှင့် ဆေးမှူး ဗိုလ်ဦးတောင်ဂျုံ တို့အပါအဝင် ပြည်သူ့စစ် ၃၈ ဦးကို ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းအပြင် မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

#မြန်မာသတင်း
#ရှမ်းပြည်နယ်
#ကြူကုတ်မြို့

ပုံအညွှန်း− တိုက်ပွဲများအတွင်းမီးလောင်ခဲ့သည့်ပန်ဆိုင်းရဲစခန်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍9😁2
လောင်းလုံးမှာ အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီ‌အရေး လှုပ်ရှားမှ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FNfigNHEehas&h=AT1sXFb397r9QpTISueBl0nskwKoY-AEMdz8uzqOHEBCU8e6rp5kHZlZZGH2YXIa4jQI7IGJIG5mGe2h1HCQLH-uhmZJcwJ87A_KI31z_hpvWtWCxMTGeiNc5fLCpaTz&s=1
🔥2❤1😁1
နိုဝင်ဘာလ ၄ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့ စစ်ကိုင်း၊ မကွေး ဒေသရှိ စစ်ကောင်စီ စခန်းတွေကိုတစ်ပြိုင်နက် ၀င်တိုက်ရာ စခန်းအချို့ကို သိမ်း....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FGVBqFvWl5K8&h=AT0TxX-L018JB13WEBgygjApdkkeOI5UGd8LvgnW70m64lbNAzJZLqV8cVzrml5mU84q-3JbhT5Xoj5R4FRpik0DTdHF-LsSD_tUP22N8xj6rs4xuLkQ-fDPmY6zo_0C&s=1
👍5🔥1
ထိုင်းက သီရိလင်္ကာနည်းတူ အိန္ဒိယခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပေး
ထိုင်းနိုင်ငံသည် အိန္ဒိယခရီးသွားများကို နိုဝင်ဘာ ၁၀ ရက်မှစ၍ ၆ လကြာ ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဒေသ....
https://bit.ly/3QssrWq
👍5🔥1
အဝေးကွင်းမှာ ဘရူနိုရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

ဖူဟမ် ဝ - ၁ မန်ယူ (Full-time)

ဘရူနိုဖာနန်ဒက်စ် ၉၀+၁'

Photos: EPA

#PremierLeague #manchesterunited #fullham #MUFC || #FULMUN
👍12🔥2👏1
​​ထိုင်းက သီရိလင်္ကာနည်းတူ အိန္ဒိယခရီးသွားများကို ဗီဇာကင်းလွတ်ခွင့်ပေး 
====================

ထိုင်းနိုင်ငံသည် အိန္ဒိယခရီးသွားများကို နိုဝင်ဘာ ၁၀ ရက်မှစ၍ ၆ လကြာ ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ပြီးခဲ့သည့် သီတင်းပတ်က ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8