Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၄ နိုဝင်ဘာ၂၀၂၃)
==============

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်က အမှတ် ၁ စစ်ဒေသအတွင်းရှိ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ တမူး မြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ် နှင့် မကွေး တိုင်း၊ ဂန့်ဂေါမြို့နယ် အပါအဝင် စုစုပေါင်းမြို့နယ် ၈ ခုရှိ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ နှင့် အကျဉ်းစခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကာကွယ် ရေး ဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။

ကြားအင်းဆိပ်ကြီးမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများ အခြေစိုက်ရာ စစ်တပ်၊ ဗျူဟာ၊ တပ်ရင်း၊ နောက်တန်းဌာနချုပ်များအား တော်လှန်ရေးမဟာမိတ် ပူးပေါင်း တပ်ဖွဲ့က အောက်တိုဘာ(၂၅) ရက်နေ့ကစတင်ပြီးတိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်း တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကော်မတီက ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်များအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) လုပ်ငန်းလမ်းညွှန်နှင့် ပတ်သက်သည့် ရှင်းလင်းမျှဝေသော အစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ၊ ဖောင်းပြင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ ၁၆၇၆ ဦး အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဖောင်းပြင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေး စစ်ရေးပါ တော်လှန်ရေးကာလတလျောက်လုံး ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ ဖြစ်ပြီး စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက အဓိက တာဝန်ယူထားကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေည့် တိုက်ပွဲများအတွင်း ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို စစ်စခန်းများ၌ လူသာဒိုင်း အဖြစ်အသုံးပြု နေကြောင်း Thai PBS သတင်းဌာနမှာ ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် စာသင်ကျောင်းရှိရာနေရာကို ယနေ့ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းအချိန်တွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားသည်ဟု ဒေသခံထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းမကြီးပိုင်းရှိ မြပုလဲစစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်းကနီနှင့် ယင်းမာပင်နယ်စပ်၌ လနှင့်ချီ၍တပ်စွဲထားသော အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းသည် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရုတ်တရက် ပြန်ဝင်သွား ပြီး ရှမ်းမြောက်ဒေသသို့ စစ်ကူ‌ စေလွှတ်သွားရကြောင်းသတင်းရရှိသည်။

ယင်းမာပင်-ဆားလင်းကြီး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်း ထန် နေပြီး တပတ်အတွင်း ကလေးငယ် နှစ်ဦးနှင့် အမျိုးသမီး ငါးဦးအပါအဝင် အရပ်သား ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းထံမှ သိရသည်။

မကွေးတိုင်း ကျောက်ထုမြို့နယ်တွင် စစ်ကြောင်းထိုး ဒေသခံများ​၏ ပစ္စည်းများလုယူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဂန့်ဂေါခရိုင်အမှတ် - (၁၈)တပ်ရင်း သတင်းထုတ်ပြန်သည်။

ဂန့်ဂေါမြို့ရှိ မင်းရွာရဲစခန်းက်ို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့တွင်သိမ်းပိုက် ခဲ့ပြီးနောက် ဒေသတွင်းရှိ တောင်ခင်ရမ်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်းစုံစမ်းသိရသည်။

မကွေးတိုင်း၊ ပခုက္ကူမှ မြိုင်မြို့နယ်သို့လာသော စစ်ကောင်စီယာဉ် လေးစီးအား မိုင်းဆွဲတိုက်ခိုက်ရာ အထိနာ၍ ၎င်းတို့က စီလောင်ရွာအား မီးရှို့ဖျက်ဆီးရာ အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းနှင့် စစ်ကူလာသည့် ယာဉ်တန်းတို့ကို တိုက်ခိုက် ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
👍18❤3😁2🔥1
​​Double XL 
========

ဒီဇာတ်ကားလေးထဲမှာတော့ ဆိုင်ရာနဲ့ ရာရှရီဆိုတဲ့ အဓိက မိန်းကလေး သရုပ်ဆောင် နှစ်ဦးပါဝင်ပြီး နှစ်ဦးစလုံးဟာ သူတို့ရဲ့ အလုပ်အကိုင်အတွက် အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ 

ဒါပေမဲ့ သူတို့ဟာ မော်ဒယ်တွေလို ခန္ဓာကိုယ် သေးသွယ်မနေဘဲ ဖွံ့ဖြိုးထွားကျိုင်းသူတွေ ဖြစ်နေတာကြောင့် သူတို့ရဲ့ အလုပ်မှာရော အချစ်ရေးမှာပါ အဆင်မပြေခြင်းတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ 

တနေ့မှာတော့ တမြို့စီမှာနေထိုင်ကြတဲ့ သူတို့နှစ်ဦးဟာ တနေရာတည်းမှာ ဆုံမိကြပြီး တစ်ယောက်ရဲ့အိပ်မက်ကို တစ်ယောက်က ဖြည့်ဆည်းကူညီပေးနိုင်မဲ့ သူငယ်ချင်းတွေ ဖြစ်လာပါတော့တယ်။ 

နောက်ဆုံးမှာ သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလား သူတို့ကို စိတ်ရင်းနဲ့ မေတ္တာရှိနိုင်မဲ့ လက်တွဲဖော်ကိုရော ရှာတွေ့နိုင်ပါ့မလား ဆိုတာကို ပေါ့ပေါ့ပါးပါးလေးနဲ့ အပန်းဖြေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 

ရယ်ရတဲ့ ဟာသလေးတွေပါပြီး plus size ခန္ဓာကိုယ်ပိုင်ရှင်လေးတွေအတွက် motivated လည်း ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ခုပါ။

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။ 

#New ပြသမည့်ရက်။ ။ 4.11.2023  
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ

ပြန်လည်ပြသမည့်ရက်။ ။ 5.11.2023  
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ 

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍10🔥1
​​ရွှေဘိုမြို့တွင် ဓားပြမှုကျူးလွန်သည့် ပျူအဖွဲ့ဝင်ဆိုသူများကို ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီး
==============

MTO

(မဇ္ဈိမ)။   ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဓားပြမှုကျူးလွန်သည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူ နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ကျတော်တို့ မြို့ထဲထိ စွန့်စားဝင်ရောက်ပြီး လုံးထွေးသတ်ပုတ်ပြီး ဖမ်းခဲ့ရတာ သူတို့က လက်ပစ်ဗုံးနဲ့ ပစ်ပြီး ခုခံဖို့လုပ်ပေမယ့် ကျတော်တို့ လက်ဦးမှု ရယူဖမ်းဆီးနိုင်ခဲ့တယ်” ဟု ရွှေဘိုအားမာန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့က မင်းကုန်းကျေးရွာ အနောက်ဘက် ရွှေဘို-ဆိပ်ခွန် ကားလမ်းမဘေးရှိ ဓာတ်ဆီအရောင်းဆိုင် နှစ်ဆိုင်ကို ဓါးပြတိုက်သွားသည့် ပျူစောထီးအဖွဲ့ ဝင်ဆိုသူများကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွှေဘို-ဆိပ်ခွန် ကားလမ်းဘေး အောင်ချမ်းသာကျောင်း အနောက်ဘက် “ခွန်အားသစ်”ထမင်းဆိုင်အရှေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသည့် ပျူစောထီးအဖွဲ့ဝင် ဆိုသူများမှာ ဇီးကုန်းလေးကျေးရွာတွင် နေထိုင်ကြသည့် အသက် ၅၀အရွယ် ရန်ကုန်တင်ဝင်းနှင့် အသက် ၃၄နှစ်အရွယ် မကွေးမင်းမင်းတို့ဖြစ်ပြီး ဓားပြမှုကို ၎င်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။

“သူတို့ ဓားပြတိုက်ယူသွားတဲ့ ပိုက်ဆံတွေကိုတော့ ပြန်မရတော့ဘူး။ တရားခံတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်လိုက်ပီ “ဟု ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဓားပြမှုကျူးလွန်သူနှစ်ဦးကို ရွှေဘိုအားမာန်မြို့ပြပျောက်ကျား War Lord Defence Force၊ ဗိုလ်မိကျောင်းအဖွဲ့ မဟာမိတ်ဖြစ်သော ဘီလူးညီနောင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း ။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

#မြန်မာသတင်း
#စစ်ကိုင်းတိုင်း
‌#ရွှေဘိုမြို့နယ်
#ဖမ်းဆီးမှု

ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားသူများ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14👏6😁1🥴1
​​ချောင်းဦးတွင် မြို့အ၀င်စစ်တပ်ဂိတ်ကို PDF က ၀င်တိုက်၊ မြို့ကိုစီးနင်းထားဟုဆို
============

007

(မဇ္စျိမ)။   ။စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦးကားလမ်းဘေးရှိ စစ်ကောင်စီ၏ဂိတ်စခန်းတစ်ခုကို၊ ယနေ့နံနက်ပိုင်းတွင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးပြီး၊ မြို့ကိုလည်း ၀င်ရောက်စီးနင်းထားကြောင်း ဒေသခံများထံကသိရသည်။

“မနက်စောစောစီးစီး အုန်းဒိုင်းသံတွေကြားရပြီး၊ PDF တွေမြို့ထဲ၀င်လာတာလို့ပြောတယ်၊ အခုညနေပိုင်းအထိ ပစ်ခတ်သံတွေကြားနေရတုန်းပဲ၊ အင်တာနက်အခက်အခဲကြောင့် လတ်တလောဒီလောက်ပဲ သိရသေးတယ်” ဟု မုံရွာဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့အ၀င်၊ မုံရွာ-ချောင်းဦးကားလမ်းဘေးရှိ၊ စစ်ကောင်စီ၏မြပုလဲဂိတ်စခန်းကို ယနေ့ နို၀င်ဘာလ ၄ ရက်နေ့၊ နံနက် ၅ နာရီခန့်တွင်၊ တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ပြီး၊ တဆက်တည်းဆိုသလို ချောင်းဦးမြို့ကိုလည်း ၀င်ရောက်စီးနင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဘောလုံးကွင်းနားက စကစဂိတ်စခန်းဗျ၊ အဲဒါကို PDF တွေ၀င်တိုက်တာ၊ စခန်းကျတယ်၊ PDF တွေက စခန်းကို မီးရှို့ပြီး၊ မြို့ကို၀င်စီးထားတာပါ၊ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်” ဟု မုံရွာမြို့ဘက်စစ်ဘေးရှောင်လာ သူများ၏ပြောပြချက်အပေါ်ကိုးကားပြီး အမည်မဖော်လိုသူ ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

ယနေ့ညနေ ၄ နာရီခန့်အထိ၊ ချောင်းဦးမြို့ဘက်ကနေ ပစ်ခတ်တိုက်ခိုက်သံများကြားနေရပြီး၊ အင်တာနက် အခက်အခဲကြောင့် သတင်းဆက်လက်ရရှိနိုင်ရန် အခက်အခဲဖြစ်နေကြောင်းလည်း ဒေသခံများကဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍၊ ချောင်းဦးမြို့နယ်ပြည်သူ့သတင်းအဖွဲ့ကလည်း၊ ဖြစ်စဉ်မှန်ကန်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က ရဲဘော်ငါးဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သတင်းဖော်ပြထားသည်။

စစ်အုပ်စုဘက်က သတင်းများတွင်မူ၊ PDF များက ဂိတ်စခန်းအနီးရှိတံံတားတစင်းအား ဖောက်ခွဲဖျက်ဆီးပြီး၊ ချောင်းဦးမြို့ထဲအထိ ၀င်ရောက်တိုက်ခိုက်နေကြောင်း ဆိုသည်။

ဖြစ်စဉ်အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဒေသအဖွဲ့အစည်းများနှင့်ဆက်သွယ်နေသော်လည်း၊ အဆက်အသွယ်မရသေးပေ။

စစ်ကိုင်းတိုင်းအတွင်း၊ ယနေ့နံနက် ၈ နာရီခန့်တွင်လည်း၊ တမူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခါမ်းပါတ်တပ်စခန်းနှင့် ဝိတုတ်တပ်စခန်းတို့ကို၊ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး၊ ဝိတုတ်ကျေးရွာကို ထိန်းချုပ်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံကသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ဆက်တိုက်ဆင်နွှဲနေချိန်၊ စစ်ကိုင်းတိုင်းအပါအ၀င် တနိုင်ငံလုံးနေရာအနှံ့အပြားနီးပါးရှိ ပြည်သူ့ကာကွယ်ရေး တပ်များကလည်း စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေကြခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြောက်ပိုင်းညီနောင်
#မြန်မာသတင်း
#၁၀၂၇စစ်ဆင်ရေး
#ချောင်းဦးမြို့နယ်

ပုံစာ- ချောင်းဦးမြို့အ၀င် ဆိုင်းဘုတ်။
Photo CJ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22❤4👏1😁1🤣1
​​Ditto
=======

ဟိုးအရင် စမတ်ဖုန်းတွေ အင်တာနက်တွေ မရှိခင်ကာလတုန်းက အချစ်ဇာတ်လမ်းလေးကို ဒီနေ့ခေတ်နဲ့ ဆက်နွယ်ပြီး ချပြထားတဲ့ ထူးထူးခြားခြားအချစ်ဒရာမာ ဇာတ်လမ်းလေးပေါ့ .. 

ဇာတ်လမ်းအကျဉ်းကတော့ ...
ကင်ယုံဆိုတာက ရိုးရိုးအေးအေး စက်မှုအင်ဂျင်နီယာ တက္ကသိုလ်ကျောင်းသားလေးပေါ့ တစ်နေ့တော့ ယောင်္ကျားလေးဦးရေများတဲ့ အင်ဂျင်နီယာကျောင်းကို ကျောင်းသူ အသစ် ၁၇ ယောက်ရောက်လာတဲ့အထဲမှာမှ ဆိုဟန်ဆိုးဆိုတဲ့ ကျောင်းသူအသစ်ကလေးကို မြင်မြင်ချင်းသဘောကျမိသွားတယ် ... စီနီယာဖြစ်တဲ့သူက ကျောင်းသူအသစ် ဆိုဟန်ဆိုးကို ကျောင်းထဲလိုက်ပြရင်း သူတို့ချင်းပိုပြီး ရင်းနှီးသွားသလို ဆိုဟန်ဆိုးက Ham ရေဒီယိုအသုံးပြုရတာကို စိတ်ဝင်စားတယ်ဆိုတာ သိသွားတော့ သူငယ်ချင်းဖြစ်တဲ့ အွန်ဆောင်းဆီက Ham ရေဒီယိုကို ငှားပြီး အသုံးပြုတတ်အောင် လေ့ကျင့်တယ် .. 

တစ်နေ့ကျတော့ ရေဒီယိုသုံးနေရင်း မူနီးဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး စကားပြောကြရာက Ham ရေဒီယိုကို ဝါသနာပါသူချင်းအတူတူ ပိုပြီးရင်းနှီးသွားခဲ့တယ် .. 

တစ်ဖက်မှာ မူနီးကလည်း ကျောင်းကပေးတဲ့ Assignment အရ လူတစ်ယောက်ကို အင်တာဗျူးဖို့ ရှိနေတာကြောင့် ကင်ယုံ့ကို အကူအညီတောင်းတော့ အပြင်မှာတွေ့ဖို့ ချန်းဖြစ်သွားကြတယ် .. ဒါပေမယ့် ချိန်းတဲ့နေ့မှာ နှစ်ယောက်စလုံးက သွားစောင့်နေပေမယ့် သူတို့နှစ်ယောက် မဆုံခဲ့ကြဘူး .. 

ဒီလိုနဲ့ ညရောက်တော့ ရေဒီယိုကနေ ပြန်ပြီး စကားပြောကြရာက သူတို့နှစ်ယောက် ရောက်နေတဲ့ ခေတ် ၂ ခေတ်ဟာ မတူဘဲ တစ်ချိန်စီ ဖြစ်နေတာကို သိလိုက်ရတယ် ... အစကတော့ မယုံကြပေမယ့် နောက်ပိုင်း တိုက်ဆိုင်မှုတွေကြုံလာရတဲ့အခါ လက်ခံလိုက်ကြပြီး ပိုပြီး ရင်းနှီးသွားကြတယ် .. 

တစ်နေ့မှာတော့ မူနီးရဲ့ မိခင်ဖြစ်သူက ကင်ယုံတစ်ဖက်သတ်ကြိုက်နေတဲ့ ဟန်ဆိုးဖြစ်နေပြီး ဖခင်ဖြစ်သူကတော့ သူမျှော်လင့်မထားတဲ့သူတစ်ယောက်ဆိုတာ ကင်ယုံတစ်ယောက် သိလိုက်ရတဲ့အခါ .....

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် 
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ 4 November 2023 
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ 

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍8🔥1
Weekend News Roundup | 4 November 2023
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်း...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DJdioyROYqq8&h=AT3Te4QydU7621VZ85GbUcXTZ4GUkz8DBEDaB8mZXc-DU0f7y26jrZjBOrZHdFmaT6fTK9n_6v3JAiGWc0putq2_fRC3J88Y5r9OuBmtMlZm8PraFGSoXrYWT96cT06L&s=1
👍2🔥1
ရွှေဘိုမြို့တွင် ဓားပြမှုကျူးလွန်သည့် ပျူအဖွဲ့ဝင်ဆိုသူများကို ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဓားပြမှုကျူးလွန်သည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူ နှစ်ဦးကို ကာကွယ်ရေးတပ်....
https://ift.tt/5D9mnHQ
👍7😁2
ချောင်းဦးတွင် မြို့အ၀င်စစ်တပ်ဂိတ်ကို PDF က ၀င်တိုက်၊ မြို့ကိုစီးနင်းထားဟုဆို
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦးကားလမ်းဘေးရှိ စစ်ကောင်စီ၏ဂိတ်စခန်းတစ်ခုကို၊ ယနေ့နံနက....
https://ift.tt/8ZpVrH3
❤7👍2😁2
ကြူကုတ်(ပန်ဆိုင်း)ဒေသကို ထိန်းချုပ်ထားဆဲဖြစ်သည်ဟု MNDAA ပြော
ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်(ပန်ဆိုင်း) ဒေသကို ယနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ စစ်ကောင်စီက ပြန်လည်သိမ်းယူနို.....
https://ift.tt/I5koMdN
❤5👍4🥴2
Weekend News Roundup | 4 November 2023
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်း...
https://l.facebook.com/l.php?u=https%3A%2F%2Fwww.youtube.com%2Fwatch%3Fv%3DJdioyROYqq8&h=AT343zl1kd4vjodFQT28m9G_d0pNyJ-7M3LCjCNpZRqIAyvkZVhBbhFYJlp0ruvZbIP6zrBGHcajoxzdFl8Ya-sUH_kaNJTa7bfI2UJxn4vLhvroa90xbtykU6cRePgz&s=1
👍6🔥1
ရွှေဘိုမြို့တွင် ဓားပြမှုကျူးလွန်သည့် ပျူအဖွဲ့ဝင်ဆိုသူများကို ကာကွယ်ရေးတပ်ဖွဲ့ ဖမ်းဆီး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဓားပြမှုကျူးလွန်သည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူ နှစ်ဦးကို ကာကွယ်ရေးတပ်....
https://bit.ly/49jqPXU
👍6😁2
ချောင်းဦးတွင် မြို့အ၀င်စစ်တပ်ဂိတ်ကို PDF က ၀င်တိုက်၊ မြို့ကိုစီးနင်းထားဟုဆို
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦးကားလမ်းဘေးရှိ စစ်ကောင်စီ၏ဂိတ်စခန်းတစ်ခုကို၊ ယနေ့နံနက....
https://bit.ly/3u0WsW2
❤7👍3😁2🥰1
ကြူကုတ်(ပန်ဆိုင်း)ဒေသကို ထိန်းချုပ်ထားဆဲဖြစ်သည်ဟု MNDAA ပြော
ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်(ပန်ဆိုင်း) ဒေသကို ယနေ့ နိုဝင်ဘာ ၄ ရက်နေ့အထိ စစ်ကောင်စီက ပြန်လည်သိမ်းယူနို.....
https://bit.ly/49A34er
❤8😁2👏1
လောင်းလုံးမှာ အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီ‌အရေး လှုပ်ရှားမှ.....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FNfigNHEehas&h=AT31TtpRl61L5ho26BOmTFEoNTRTzzKvEsLDGrmpfqWynTiavVJAj8DapY-R5Tje6XEz_JSSr85-eDJP8KarlySZUWG8fuRMiMnBazFU3eQS9Wnj_4OfGrWvjcapEzXg&s=1
❤9🔥1
နိုဝင်ဘာလ ၄ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့ စစ်ကိုင်း၊ မကွေး ဒေသရှိ စစ်ကောင်စီ စခန်းတွေကိုတစ်ပြိုင်နက် ၀င်တိုက်ရာ စခန်းအချို့ကို သိမ်း....
https://l.facebook.com/l.php?u=https%3A%2F%2Fyoutu.be%2FGVBqFvWl5K8&h=AT3uEtEQhh6Ixu6T25VU8wPe1MQJWA-1waWd_Cr_BX3bXF0mxXL95zxmKm3TyIpM4OkGBX5koCSn0N9ZLC8crFYttyp_wQHMbpyEFhxzqSlOhtFJH4McRZYXB3hp_kNK&s=1
❤5👍4🔥1