Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကားဗုံးခွဲ လုပ်ကြံခံရ၍ ရုရှား ဗိုလ်ချုပ် သေဆုံး - BUR.MIZZIMA.COM
ဓာတ်ပုံ – ကားဗုံးခွဲခံရသည့် အခင်းဖြစ်ရပ်နှင့် သေဆုံးသူ ရုရှား ဗိုလ်ချုပ်။ AP ကားဗုံးခွဲ တိုက်ခိုက်ခံရသဖြင့် ...
https://ift.tt/jvBkUIE
👍16
ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်ရေး လေကြောင်း အစီအစဉ်၏ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်သည် F-35 ထက် ဝန်တင်နိုင်စွမ်း နှစ်ဆ ရှိမည်။

အမေရိကန်၏ F-47 ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်အတွက် ခန့်မှန်းထားသောတန်ဖိုး ဒေါ်လာ သန်း ၃၀၀ ထက် များစွာသက်သာသော ဈေးနှုန်းဖြင့် အဆိုပါ လေယာဉ်တစင်းချင်းစီကို ရောင်းချနိုင်ရန် မျှော်လင့်ထားသည်။ Read more: https://bur.mizzima.com/2025/04/26/54403
👍12
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အရှေ့တောင်အာရှနိုင်ငံများသို့ သွားရောက်ခဲ့သလို အခြားတာဝန်ရှိသူများကလည်း ထရမ့်၏ အခွန်စည်းကြပ်မှုကို ဆန့်ကျင်သည့်နိုင်ငံများနှင့် ပေါင်းစည်းရန် သံတမန်ရေးရာဖြန့်ကြက်မှုကို အရှိန်မြှင့်လာသည်။

တရုတ်က ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းရရန် ရည်မှန်းချက်ထားထားသော်လည်း အမေရိကန်၏ ကြီးလေးသော အခွန်စည်းကြပ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် အောင်မြင်ရန် ပိုမိုခက်ခဲနိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။ Read more: https://bur.mizzima.com/2025/04/26/54389
👍13😁3
တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေ တင်းမာနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်အရှေ့တောဒေသ၊ မောင်မရှောင်ရွာ၊ သရက်ချောင်းမြို့နယ်အောက်ပိုင်း၊ ရေဖြူမြို့နယ် မင်းသားရွာနှင့် အနီးတဝိုက်၊ မြိတ်ခရိုင် ပုလောမြို့နယ် ဆင်ထိုးကြီးရွာနှင့် အနီးတဝိုက်၊ တနင်္သာရီမြို့နယ် သိန်ခွန်းရွာနှင့် အနီးတဝိုက်တို့အပြင် မြိတ်- ထားဝယ် ပြည်ထောင်စုကားလမ်းပိုင်း၊ ထားဝယ်- ထီးခီးလမ်းပိုင်းနှင့် တနင်္သာရီ- မောတောင်လမ်းပိုင်းတို့တွင် စစ်ရေးအခြေအနေများ တင်းမာနေခြင်းဟု သိရသည်။ Read more: https://bur.mizzima.com/2025/04/26/54385
👍17🔥1👏1
“ဒီ သတ်ဖြတ်မှုမှာ ယူကရိန်း ထောက်လှမ်းရေး ပါဝင်နေတာကို ယုံကြည်ရတဲ့ အကြောင်းအချက်တွေ ရှိနေတယ်”

ဒုတိယမြောက် ရုရှား ထိပ်တန်း စစ်ဘက်အရာရှိတဦး လေးလအတွင်း တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ယူကရိန်းကို ရုရှားဘက်က အပြစ်တင်ထားသည်။ Read more: https://bur.mizzima.com/2025/04/26/54369
👍12🤔1
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာအနီးရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာရုံးအဆောက်အဦရှိရာ နေရာနှင့် သတ္တုမိုင်းတွင်းများဘက်သို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးသီးအလုံးရေ ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ Read more: https://bur.mizzima.com/2025/04/26/54447
👎11👍2🔥1😁1
စ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်သည် တလနီးပါးရှိနေပြီဖြစ်သော် လည်း ပြိုကျအဆောက်အဦနှင့် အပျက်အစီးရှင်လင်းရာတွင် စက်ပစ္စည်းမလုံလောက်သဖြင့် ကြန့်ကြာနေ ကြောင်း ကူညီကယ်ဆယ်ရေးသမားများနှင့် ငလျင်သင့်ဒေသခံများက ပြောသည်။

“အစွန်းထွက်လောက်ပဲ ရှင်းနိုင်ကြသေးတယ်။ တချို့ဟာတွေ ဘာမှမတို့မထိနိုင်သေးဘူး။ Dead body (ရုပ်အလောင်း)တွေလည်း ရှာနေဆဲပဲ။ ပျောက်နေတာတွေ အခုထိဖော်လို့ကိုမပြီးသေးတော့လေ။ မြို့ထဲ ပတ်ကြည့်တာ တချို့ရှင်းနေတာရှိသလို တော်တော်များများ ဘာမှမလုပ်နိုင်သေးတာလည်း ရှိတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။ Read more: https://bur.mizzima.com/2025/04/26/54426
👍9😡4
စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်သည် တလနီးပါးရှိနေပြီဖြစ်သော် လည်း ပြိုကျအဆောက်အဦနှင့် အပျက်အစီးရှင်လင်းရာတွင် စက်ပစ္စည်းမလုံလောက်သဖြင့် ကြန့်ကြာနေ ကြောင်း ကူညီကယ်ဆယ်ရေးသမားများနှင့် ငလျင်သင့်ဒေသခံများက ပြောသည်။

“အစွန်းထွက်လောက်ပဲ ရှင်းနိုင်ကြသေးတယ်။ တချို့ဟာတွေ ဘာမှမတို့မထိနိုင်သေးဘူး။ Dead body (ရုပ်အလောင်း)တွေလည်း ရှာနေဆဲပဲ။ ပျောက်နေတာတွေ အခုထိဖော်လို့ကိုမပြီးသေးတော့လေ။ မြို့ထဲ ပတ်ကြည့်တာ တချို့ရှင်းနေတာရှိသလို တော်တော်များများ ဘာမှမလုပ်နိုင်သေးတာလည်း ရှိတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။ Read more: https://bur.mizzima.com/2025/04/26/54426
😁12👍2