Mizzima
✔
48K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မကြာသေးမီက ChatGPT နှင့် အခြားသော ဘာသာစကားအခြေပြု AI (LLM) များထံမှ စိတ်ကျန်းမာရေး ဆိုင်ရာ အကြံဉာဏ်များ တောင်းခံလာသူ ပိုမိုများပြားလာသော်လည်း၊ ယင်း AI Chatbot များသည် စိတ်ကျန်းမာရေးနယ်ပယ်အတွက် အသင့်မဖြစ်သေးကြောင်း သုတေသနအသစ်များက ထောက်ပြနေ သည်။

ဘရောင်းတက္ကသိုလ်မှ သုတေသီများသည် စိတ်ကျန်းမာရေး ပညာရှင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခဲ့ပြီး AI chatbot များတွင် ထပ်တလဲလဲ ဖြစ်ပွားနေသော ပြဿနာရှိသည့် အပြုအမူပုံစံများကို ဖော်ထုတ်နိုင်ခဲ့သည်။

စမ်းသပ်စစ်ဆေးမှုများအရ Chatbot များသည် အကျပ်အတည်းဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် မှားယွင်းမှုများရှိနေကြောင်း တွေ့ရှိခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84370

#ChatGPT
#AI
#စိတ်ကျန်းမာရေးအကြံပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥2
အီရန်ရှိ ပစ်မှတ်များကို လေကြောင်းမှ တိကျစွာတိုက်ခိုက်နိုင်ရန် ဉာဏ်ရည် တု(AI) နည်းပညာများကို အမေရိကန်စစ်တပ်က တိုးမြှင့်အသုံးပြုလာသည်နှင့်အမျှ၊ လွှတ်တော်အမတ်များက ယင်းနည်းပညာကို စစ်ပွဲအတွင်း အသုံးပြုရာတွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများချမှတ်ရန်နှင့် ပိုမိုထိရောက်စွာ စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုနေကြသည်။

လက်ရှိတိုက်ခိုက်မှုများတွင် ပစ်မှတ်များကို ရှာဖွေဖော်ထုတ်ရန်အတွက် စစ်တပ်သည် Palantir အချက်အလက်စစ်ဆေးရေး ကုမ္ပဏီမှ AI စနစ်များကို အသုံးပြုနေကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ် နှစ်ဦးက ပြောကြားခဲ့သည်။

စစ်မြေပြင်တွင် AI ၏ အခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ၊ ထိုနည်းပညာကို ထိန်းကျပ်မည့် စည်းမျဉ်းများကို ပိုမိုအာရုံစိုက်ရန်နှင့် လူသားများ၏ ထိန်းချုပ်နိုင်စွမ်းကို မည်မျှအထိ AI ထံ လွှဲပြောင်း ပေးထားသည်ဆိုသည့်အပေါ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်အမတ်များက တောင်းဆိုနေကြသည်။

♦️ အပြည့်အစုံ - https://bur.mizzima.com/2026/03/12/84666

#အီရန်စစ်ဆင်ရေး
#AI
#လွှတ်တော်အမတ်များ
#အမေရိကန်စစ်တပ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🔥2
ထိုဗီဒီယိုအတွင်း မြို့ပြဧရိယာတခုပေါ်သို့ ဒုံးကျည်များ မိုးရွာသကဲ့သို့ ကျဆင်းနေသည်ကို တွေ့ရသော်လည်း နောက်ခံတွင် မြင်တွေ့ရသည့် အထပ်မြင့်အဆောက်အအုံများမှာ တဲလ်အဗစ်မြို့၏ မြို့ပြမြင်ကွင်းနှင့် ကိုက်ညီမှုမရှိကြောင်း Reuters သတင်းထောက်တဦးက ဆိုသည်။

Utrecht တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ အိန်ဂျလိုစ် ချတ်ဇမ်ပါမ်ပါ့စ်က ပုံပျက်နေသည့် အစ္စရေးအလံနှင့် ပုံသဏ္ဌာန်မမှန်သော ဆိုလာပြားများအပါအဝင် ချွတ်ယွင်းချက်များကို ထောက်ပြလျက် ထိုဗီဒီယိုမှာ “၁၀၀ ရာခိုင်နှုန်း အတုဖြစ်သည်” ဟု ပြောသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/12/84683

#အီရန်ဒုံးကျည်များ
#အစ္စရေးမြို့တော်
#AI
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍7❤1🔥1
Artificial intelligence (AI) ဉာဏ်ရည်တုနည်းပညာကို အလုပ်အကိုင်များ အလိုအလျောက် လုပ်ဆောင်ပေးရန်နှင့် လူသားတို့၏ လုပ်အားနေရာတွင် အစားထိုးနိုင်စေရန် စီစဉ်ဖန်တီးထားသည့် နည်းပညာတခုအဖြစ် အများအားဖြင့် ရှုမြင်ကြသည်။ သို့သော် ဆွမ်ဆီးတက္ကသိုလ်မှ သုတေသနအသစ်က မတူကွဲပြားသော အမြင်တခုကို ထုတ်ဖော်သည်။

AI သည် စူးစမ်းရှာဖွေမှု၊ ပါဝင်ပတ်သက်မှုနှင့် စိတ်ကူးစိတ်သန်းများကို အားပေးသည့် ထိုးထွင်းဖန်တီးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖက်တခု အဖြစ်လည်း လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိချက်များက ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#AI
#သိပ္ပံပညာရှင်များ
#ထောက်ကူပေးနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🤮1
https://www.youtube.com/watch?v=G0vzQg8pTxU
#AI bosses sign “morally binding” pledge to self-regulate
👍7