Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စပိန်ဘုရင့်ဖလားကို ၃၂ ကြိမ်မြောက် ဆွတ်ခူးသွားတဲ့ ဘာကာ
ဘာစီလိုနာ ၃-၂ ရီးယဲလ်မက်ဒရစ်

ပတ်ဒရီ ၂၈' ⚽️ အမ်ဘာပေ ၇၀'၊ ချူအာမီနီ ၇၇'
ဖာရန်တောရက်စ် ၈၄'
ကွန်ဒီ ၁၁၆'

ဘာစီလိုနာဟာ အချိန်ပို ဒုတိယပိုင်းမှာ နောက်ခံလူ ကွန်ဒီရဲ့ ဂိုးနဲ့ အနိုင်ရပြီး စပိန်ဘုရင့်ဖလားကို ၃၂ ကြိမ်မြောက် ဆွတ်ခူးသွာခဲ့သလို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းလည်းဖြစ်ပါတယ်။

ဒီရာသီမှာ ဖလားလေးလုံး ရယူဖို့ ရည်မှန်းထားတဲ့ ကာတာလန်အသင်းဟာ နည်းပြ ဟန်စီဖလစ်ရဲ့ လက်ထက်မှာ ပထမဆုံး အဓိကဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

(Photos: EPA)
👍19❤1
အယ်လ်နာဆာဟာ စနေနေ့မှာ ဂျပန်ရဲ့ ယိုကိုဟားမား အက်ဖ် မာရီနိုအသင်းကို ၄-၁ နဲ့ အနိုင်ခဲ့တဲ့နောက် အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်တဲ့ တတိယမြောက် ဆော်ဒီအာရေဗျအသင်း ဖြစ်လာခဲ့သလို ဒီပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း တဂိုးသွင်းယူခဲ့ပါတယ်။

အယ်လ်နာဆာအတွက် ဂိုးတွေကိုတော့ ဒူရန် ၂၇၊ ၄၉ မိနစ်၊ မာနေး ၃၁ မိနစ်နဲ့ ရော်နယ်လ်ဒို ၃၈ မိနစ်တို့မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
👍16
ဂျမူးနှင့်ကက်ရှ်မီးယားဒေသရှိ ပါဟာဂမ်မြို့တွင် ဧပြီ ၂၂ ရက်က အကြမ်းဖက်တိုက်ခိုက်မှုတခုအတွင်း ခရီးသွားဧည့်သည် ၂၅ ဦးနှင့် ဒေသခံတဦးသေဆုံးပြီးနောက် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ မှတ်ချက်ပြုလိုက်ခြင်းဖြစ်သည်။ ထရမ့်မှတ်ချက်မပေးမီ အမေရိကန်နိုင်ငံခြားရေးဌာနမှပြောရေးဆိုခွင့်ရှိသူတမ်မီဘရုစ်က အကြမ်းဖက်မှု လုပ်ရပ်အားလုံးကိုရှုတ်ချခဲ့ပြီး ၎င်းတို့နိုင်ငံအနေဖြင့် အိန္ဒိယနှင့်အတူရပ်တည်ကြောင်း ဧပြီ ၂၄ ရက်က ပြောကြားခဲ့သည်။ Read more: https://bur.mizzima.com/2025/04/27/54484
👍18
#China hits out at 'extreme selfishness' of #tariffs: https://eng.mizzima.com/2025/04/27/21730
👍9
“ရှေ့လျှောက်မှာ ကုန်သွယ်မှုမူဝါဒတွေနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းနဲ့ ကြိုတင်ခန့်မှန်းနိုင်မှုလိုအပ်တယ်။ နိုင်ငံတွေဟာ ခံနိုင်ရည်အားပြန်လည်တည်ဆောက်ဖို့နဲ့ တိုးတက်မှုအရှိန်ပြန်အသက်သွင်းဖို့ ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှုတွေကိုဖြေရှင်းသင့်တယ်" ဟု IMF မှ စီးပွားရေးပညာရှင်အကြီးအကဲ ဂိုပီနက်က ပြောသည်။

ကမ္ဘာ့စီးပွားရေးခန့်မှန်းချက်အစီရင်ခံစာတွင် အိန္ဒိယစီးပွားရေးကို ၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မည်ဟု အသီးသီးခန့်မှန်းထားကာ တရုတ်ထက် ၂ ရာခိုင်နှုန်းများသည်။ ကမ္ဘာ့စီးပွားရေးဒုတိယအဆင့်ရှိ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်မှာ ၂၀၂၅ ခုနှစ်အတွက် ၄ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်။ Read more: https://bur.mizzima.com/2025/04/27/54487
👍16
လက်ရှိတွင်၊ သမ္မတ ထရမ့်က အကောက်ခွန်နှုန်းထားကို ရာစုနှစ်တခုအတွင်း အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွလာနိုင်ပြီး တိုးတက်မှုကို နှေးကွေးစေနိုင်ကြောင်း လူအများက ယုံကြည်နေကြသည်။

စီးပွားရေးနှေးကွေးမှုသည် ဧပြီလကတည်းက စတင်နေပြီဖြစ်ကြောင်း Ernst & Young ကုမ္ပဏီမှ အကြီးတန်းစီးပွားရေးပညာရှင် ဂရီဂေါရီ ဒါကိုနှင့် အခြား စီးပွားရေး ပညာရှင်များက ပြောကြားသည်။ Read more: https://bur.mizzima.com/2025/04/27/54490
👍18
အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple က အမေရိကန်ဈေးကွက်အတွက် iPhone အားလုံး တပ်ဆင် ထုတ် လုပ်မှုကို အိန္ဒိယ၌ ပြောင်းရွှေ့ထုတ်လုပ်ရန် စီစဉ်နေသည်ဟု သိရပြီး ကုမ္ပဏီအနေဖြင့် ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်အကြား အဓိကထုတ်လုပ်မှုအခြေခံနေရာအဖြစ် တရုတ်အပေါ် မှီခိုရမှုကို လျှော့ချရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ဈေးကွက်တန်ကြေး ဒေါ်လာ သုံးထရီလီယံ (စတာလင်ပေါင် ၂ ဒသမ ၃ ထရီလီယံ) ရှိ နည်းပညာကုမ္ပဏီကြီးသည် အဆိုပါ အပြောင်းအလဲကို အစောဆုံးအားဖြင့် လာမည့်နှစ်တွင် လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း Financial Times က ဖော်ပြသည်။ Read more: ttps://bur.mizzima.com/2025/04/27/54493
❤23👍8👎4👏3
“ပူတင်က စစ်ပွဲကို ရပ်တန့်လိုစိတ်မရှိဘူး၊ မိမိကို ထိပ်ပုတ်ခေါင်းပုတ် လုပ်နေတာ။ ဘဏ်လုပ်ငန်း ဒါမှမဟုတ် သင့်တင့်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ နည်းလမ်းပြောင်းပြီး ကိုင်တွယ် ရမလားလို့ တွေးလာရပြီ။ လူအသေအပျောက်လည်း များလှပါပြီ” လို့ ထရမ့်က ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/27/54496
😁25👍7
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှ အမှတ်(၁) ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ)ကိုပေါက်စသည် ယနေ့ (ဧပြီ ၂၇ ရက်) နံနက်ပိုင်းတွင် လွတ်မြောက်နယ်မြေ တနေရာ၌ ကွယ်လွန်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

အသက် ၄၅ နှစ်အရွယ် ဦးနေလင်းအောင်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် နေမကောင်းစဖြစ်ပြီး ဆေးကုသနေရာမှ သက်သာလာခြင်းမရှိသောကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိဆေးရုံတရုံကို ပို့ဆောင်စဉ် လမ်းခုလတ်၌ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။ Read more: https://bur.mizzima.com/2025/04/27/54502
😢33👍6👎1👏1😁1
နှစ်ထောင်ပေါင်းများစွာကြာ စွမ်းအင် ထောက်ပံ့ပေးနိုင်စွမ်းရှိသော ကမ္ဘာ့ပထမဆုံး ကာဗွန်-၁၄ စိန် ဓာတ်ခဲကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

စိတ်ဓာတ်ခဲကို သမားရိုးကျ ဓာတ်ခဲများဖြင့် အစားထိုးရန် မလွယ်ကူသော အာကာသနှင့် ကမ္ဘာပေါ်ရှိ ခက်ခဲနက်နဲသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင်သာမက ဆေးပညာ ဆိုင်ရာ အစားထိုးကုသမှုများတွင် အသုံးပြုနိုင်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2025/04/27/54499

#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
#UKAEA
#ကာဗွန်_၁၄စိန်ဓာတ်ခဲ See less
👍28❤2