Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍2
👍2
❤2👍1
UEFA ကွန်ဖရင့်လိဂ် ရှုံးထွက် ၁၆ သင်းအဆင့် မဲခွဲအပြီး အခုလို ပွဲစဉ်အတွဲအဖက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

လက်ချ်ပိုဇနန် (ပိုလန်) vs ရှက်တာဒိုးနက် (ယူကရိန်း)
ခရစ္စတယ်ပဲလေ့စ် (အင်္ဂလန်) vs AEK လာနာကာ (ဆိုက်ပရပ်စ်)
ဆမ်ဆန်စပေါ် (တူရကီ) vs ဗယ်လီကာနို (စပိန်)
ဆစ်ဂ်မာ အိုလိုမော့ (ချက်) vs မိန့်ဇ် (ဂျာမနီ)
AZ အယ်လ်ခမာ (နယ်သာလန်) vs စပါတာပရပ်ဂ် (ချက်)
ဖီအိုရင်တီးနား (အီတလီ) vs ရာကော့ဗ် (ပိုလန်)
ဆဲလ်ရယ် (ဆလိုဗေးနီးယား) vs AEK အေသင် (ဂရိ)
ရီရယ်ကာ (ခရိုအေးရှား) vs စထရာဘိုး (ပြင်သစ်)
👍8
အာဖဂန်နစ္စတန်မှာ ပင်လယ်ထွက်ပေါက် မရှိသော နိုင်ငံဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများက ပါကစ္စတန်၊ အီရန်နှင့် ဗဟိုအာရှနိုင်ငံများမှတဆင့် ဖြစ်သည်။

ထို လမ်းကြောင်းများအနက် ပါကစ္စတန်ရှိ လမ်းကြောင်းမှာ အချက်အချာကျဆုံးဖြစ်ရာ အာဖဂန်အစိုးရတိုင်းက အိန္ဒိယ-အာဖဂန် ကုန်သွယ်မှုကို ပါကစ္စတန်၏ ဝါဂါနယ်စပ်မှတဆင့် လမ်းကြောင်းဖွင့်ပေးရန် လိုလားသော်လည်း ပါကစ္စတန်က အိန္ဒိယကုန်စည်နှင့် အကူအညီများ ဖြတ်သန်းခွင့်ကို ခေါင်းမာစွာ ငြင်းဆိုနေခြင်းကြောင့် အာဖဂန်အတွက် အခဲမကျေနိုင်စရာ ဖြစ်စေသည်။

ဆိုဗီယက်ကို တော်လှန်သည့် စစ်ပွဲအတွင်း အာဖဂန်ဒုက္ခသည်များနှင့် မူဂျာဟစ်ဒင်အဖွဲ့များကို ပါကစ္စတန်က လက်ခံကူညီပေးခဲ့ခြင်းကို စိတ်ထဲ စွဲမှတ်ထားသည်။ ၎င်းတို့သာ မကူညီပါက အာဖဂန်မှာ ဆိုဗီယက်လက်အောက် လုံးလုံးလျားလျား ရောက်သွားမည်ဟု ၎င်းတို့က ယူဆထားသည်။

အမေရိကန်ကို တာလီဘန်များ အနိုင်ရခြင်းတွင်လည်း ၎င်းတို့ အကူအညီကြောင့်ဟု ပါကစ္စတန်က ယူဆထားသဖြင့် အာဖဂန်အစိုးရနှင့် ပြည်သူများက ၎င်းတို့အပေါ် ကျေးဇူးတင်သင့်သည်ဟု စိတ်စွဲထားကြသည်။

အခြားတဖက်တွင်မူ အာဖဂန်များက ပါကစ္စတန်၌ ၎င်းတို့အပေါ် ဆက်ဆံပုံများကို နာကြည်းနေကြပြီး…
👍8❤1🔥1
Breaking News

ဦးမင်းကိုနိုင်၏ မိခင် ဒေါ်လှကြည် ကွယ်လွန် (Breaking News)

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ မိခင် ဒေါ်လှကြည်သည် မြောက်ဥက္ကလာပ ဆေးရုံတွင် ယနေ့( ဖေဖော်ဝါရီ ၂၇ ရက် ) ညနေပိုင်းက ကွယ်လွန်ကြောင်း မိသားစုနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

“ဆုံးသွားပြီ။ ဒီနေ့ (ဖေဖော်ဝါရီ ၂၇ရက်) ညနေ ၄ နာရီ မိနစ် ၂၀ အချိန်မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ဆုံးတယ် ”ဟု ၎င်းက ဆိုသည်။

သူသည် သေဆုံးချိန်တွင် အသက် ၉၀ကျော် အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားနေသည်မှာ ကြာမြင့်နေပြီဟု သတင်းရင်းမြစ်က ဆိုသည်။ မည်သည့်ရောဂါဖြင့် သေဆုံးကြောင်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။

ဒေါ်လှကြည်သည် ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ဦးပေါ်ဦးထွန်း(ခ) ဦးမင်းကိုနိုင်ကို ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဦးမင်းကိုနိုင်သည် ပန်းချီဆရာကြီး ဦးသက်ညွန့်နှင့် ဒေါ်လှကြည်တို့၏ တတိယမြောက်သားဖြစ်သည်။

ဦးသက်ညွန့် ( အသက် ၉၄ နှစ်) မှာ ၂၀၁၉ ခုနစ်၊ ဇူလိုင်လကလူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ Read more: https://bur.mizzima.com/2026/02/27/83275
😢25❤1
💩6
💩4
💩4
💩5
Breaking News

မင်းကိုနိုင်၏ မိခင် ဒေါ်လှကြည် ကွယ်လွန် (Breaking News)

မောင်ခက်နွေ

မဇ္ဈိမ ။ ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ မိခင် ဒေါ်လှကြည်သည် မြောက်ဥက္ကလာပ ဆေးရုံတွင် ယနေ့( ဖေဖော်ဝါရီ ၂၇ ရက် ) ညနေပိုင်းက ကွယ်လွန်ကြောင်း မိသားစုနှင့် ရင်းနှီးသည့် သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

“ဆုံးသွားပြီ။ ဒီနေ့ (ဖေဖော်ဝါရီ ၂၇ရက်) ညနေ ၄ နာရီ မိနစ် ၂၀ အချိန်မှာ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ ဆုံးတယ် ”ဟု ၎င်းက ဆိုသည်။

သူသည် သေဆုံးချိန်တွင် အသက် ၉၀ကျော် အရွယ်ရှိပြီဖြစ်ပြီး နှလုံးရောဂါဖြစ်ပွားနေသည်မှာ ကြာမြင့်နေပြီဟု သတင်းရင်းမြစ်က ဆိုသည်။ မည်သည့်ရောဂါဖြင့် သေဆုံးကြောင်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပါ။

ဒေါ်လှကြည်သည် ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ဦးပေါ်ဦးထွန်း(ခ) မင်းကိုနိုင်ကို ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မင်းကိုနိုင်သည် ပန်းချီဆရာကြီး ဦးသက်ညွန့်နှင့် ဒေါ်လှကြည်တို့၏ တတိယမြောက်သားဖြစ်သည်။

ဦးသက်ညွန့် ( အသက် ၉၄ နှစ်) မှာ ၂၀၁၉ ခုနစ်၊ ဇူလိုင်လကလူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဝေးကွာနေသည့် သားများနှင့် မိခင်များအကြောင်းရေးသားထားသည့်…
😢11❤2
ဟာသလုပ် ပြက်ရယ်ပြုခြင်း ခံရမည့်သူများ မဟုတ်ပါ (သတင်းဆောင်းပါး)

မဇ္ဈိမ နေ့စဥ် သတင်းစာတွင် ၂၀၁၅ ခုနှစ်က ဖော်ပြပြီး ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

အင်ကြင်းဖြူ ရေးသားသည်

အွန်လိုင်းပေါ်ရှိ ပေ့ချ်တခုမှ ဟာသကို ဖတ်လိုက်ရချိန်တွင် မအင်ကြင်းစိတ်ထဲ မီးတောင်တခု ပေါက်ကွဲသကဲ့သို့ ဒေါသများ ပေါက်ကွဲပွင့်ထွက်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ခံစားချက်တချို့ ရေးသားထားသည့် စာသားများနှင့် အတူ သူ၏ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွင် မျှဝေလိုက်သည်။

ခံစားချက်စာသားမှာ “ လက်တဖက်က သိမ်နေလို့ ၊ နား မကြားရလို့ ၊ မသန်စွမ်းသူ တယောက် ဖြစ်နေလို့ သနားစရာ လူတယောက် မဟုတ်ပါဘူး ။ ကျေးဇူးပြု၍ ဟာသမလုပ်ပါနဲ့ “ ဟူ၍ ဖြစ်သည်။

ဟာသမှာတော့ အောက်ပါအတိုင်းဖြစ်သည်။ (သတင်းဆောင်းပါး) >> https://bur.mizzima.com/2026/02/27/83289
👍10
တရုတ်စစ်ဘက်သုံး ဒရုန်းကြီးတစင်းသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်း တောင်တရုတ်ပင်လယ်ပေါ်တွင် ပုံမှန်ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ပျံသန်းရာတွင် ဒဏ်ခတ်ပိတ်ဆို့ခံထားရသော ဘီလာရုစ်နိုင်ငံပိုင် ကုန်တင်လေယာဉ်နှင့် ဗြိတိန်နိုင်ငံထုတ် Typhoon တိုက်လေယာဉ်များအပါအဝင် အခြားသော လေယာဉ်များဟု ထင်ယောင်ထင်မှားဖြစ်စေရန် လေကြောင်းအချက်ပြမှုအတုများကို ထုတ်လွှင့်ခဲ့သည်။

ထိုပျံသန်းမှုများသည် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ မီးခိုးရောင်ဇုန်နည်းဗျူဟာများတွင် အဆင့်သစ်တခုသို့ ကူးပြောင်းလာခြင်းကို ပြသနေဖြစ်ပြီး တရုတ်နိုင်ငံမှ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာပါက အသုံးပြုမည့် လှည့်စားစွမ်းရည်များကို စမ်းသပ်နေခြင်းဖြစ်နိုင်ကြောင်း အဆိုပါ စစ်ဆင်ရေးများကို စောင့်ကြည့်လေ့လာနေသည့် စစ်သံမှူးများနှင့် လုံခြုံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာသူများက သုံးသပ်ကြသည်။

သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/28/83264
👎6👍1