ကာ့ဒ်အုပ်စု ငါးစုက "အီရန်ကာ့ဒ်ဒစ္စတန် နိုင်ငံရေးအင်အားစုများ မဟာမိတ်အဖွဲ့" ကို ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာပြီး "အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို ဖြုတ်ချရန်၊ ကာ့ဒ်လူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန်နှင့် အီရန်ကာ့ဒ်ဒစ္စတန်ရှိ ကာ့ဒ်လူမျိုးများ၏ နိုင်ငံရေးဆန္ဒအပေါ် အခြေခံသော အမျိုးသားရေးနှင့် ဒီမိုကရေစီယန္တရားတရပ် တည်ထောင်ရန်" ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကာ့ဒ်အုပ်စုများက ၎င်းတို့၏ မဟာမိတ်ညွန့်ပေါင်းအဖွဲ့ကို ကြေညာပြီးနောက် ပါလဗီက "မကြာသေးတဲ့ ရက်ပိုင်းမှာ ခွဲထွက်ရေးအုပ်စုတွေ၊ အချို့က ခိုမေနီရော ဆဒမ်ဟူစိန်နှင့်ပါ ပူးပေါင်းခဲ့ကြသူတွေအဖြစ် မှတ်တမ်းရှိသူတွေဟာ အီရန်ရဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသား ညီညွတ်ရေးကို ထိခိုက်စေတဲ့ အခြေအမြစ်မရှိ စက်ဆုပ်ဖွယ် အပြောတွေ ပြောဆိုလာကြတယ်" ဟု X (တွစ်တာ) တွင် ရေးသားခဲ့သည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/28/83294
#အီရန်
#ကာ့ဒ်အုပ်စုများ
#တင်းမာမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

👍7❤2
မဇ္ဈိမ ။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့သည် ဒေသအခြေပြုကာကွယ်ရေးမူဝါဒများ၊ စစ်ဆင်ရေးနှင့် နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ ကိစ္စရပ်များကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၇ ရက်) တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း နှစ်ဖက်စလုံးက ထုတ်ပြန်လာသည်။
အဆိုပါ တွေ့ဆုံပွဲသို့ NUG ဘက်မှ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ကြပြီး၊ SRA ဘက်မှလည်း ဦးဆောင်ကော်မတီဝင်များနှင့် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း ဆိုသည်။
"ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Read more: https://bur.mizzima.com/2026/02/28/83297

👍9❤3
မြန်မာတွင် ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင်သည့် ခိုင်မာသော ဒီမိုကရေစီလမ်းကြောင်းကို အမြန် ဆုံးဖော်ဆောင်ရန် ဥရောပသမဂ္ဂ ဖေဖော်ဝါရီလ ၂၇ရက်တွင် တောင်းဆိုလိုက်သည်။
လွတ်လပ်၍ တရားမျှတမှုမရှိသော၊ ဒီမိုကရေစီစံနှုန်းနှင့် မညီဘဲ စစ်တပ်ကို တရားဝင်မှုပေးရန်ရည်ရွယ် သည့် မည်သည့်ရွေးကောက်ပွဲကိုမဆို လက်မခံဘဲ ပယ်ချကြောင်း၊ ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင် သည့် ခိုင်မာသော ဒီမိုကရေစီလမ်းကြောင်းကို အမြန်ဆုံးဖော်ဆောင်ရန်ကုလသမဂ္ဂနှင့် အာဆီယံ၏ ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ဒုက္ခသည်စခန်းများ ရှိ ရိုဟင်ဂျာများအပါအဝင် အရပ်သားများကို စစ်ရေးအရ အသုံးချလာခြင်းအပေါ် များစွာစိုးရိမ်မိကြောင်း ဥရောပသမဂ္ဂ၏ ဖေဖော်ဝါရီလ ၂၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
♦️ သတင်းအပြည့်အစုံ- https://bur.mizzima.com/2026/02/28/83300
#မြန်မာ
#ဒီမိုကရေစီလမ်းကြောင်း
#ဥရောပသမဂ္ဂ

👍10❤3
ဇွန်လက ၁၂ ရက်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်ခြင်း ခံခဲ့ရသည့် နျူကလီးယားအဆောက်အအုံများသို့ ကုလသမဂ္ဂနျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ကို အီရန်က ဝင်ရောက်ခွင့်မပြုကြောင်း အဖွဲ့ဝင်နိုင်ငံများထံ ဖြန့်ဝေခဲ့သည့် လျှို့ဝှက်အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
အီရန်တွင် တရားဝင် ကြေညာထားသော နျူကလီးယားသန့်စင်စခန်း လေးခုရှိသော်လည်း ဝင်ရောက် စစ်ဆေးခွင့် မရရှိသည့်အတွက် အီရန်ရှိ သန့်စင်ပြီး ယူရေနီယံသိုလှောင်မှုပမာဏ၊ ပါဝင်မှုအချိုးအစား (သို့မဟုတ်) တည်နေရာများနှင့် ပတ်သက်၍ မည်သည့်အချက်အလက်ကိုမျှ မပေးနိုင်ကြောင်း အစီရင်ခံစာက သတိပေးထားသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/28/83303
#အီရန်
#နျူကလီးယား
#ယူရေနီယံသန့်စင်မှု

👍8🔥2❤1
https://www.youtube.com/watch?v=KGbWqvL_-bo
Your World This Week – Top AFP Videos
Your World This Week – Top AFP Videos
YouTube
Your World This Week – Top AFP Videos
From deadly flooding in Brazil to US-Iran talks in Geneva, AFP looks back on the top stories from around the world in the last seven days.
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။…

👍2👏1
တရုတ်က စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းများ ဂျပန်သို့ တင်ပို့မှုကို ပိတ်ပင်လိုက်ပြီးနောက် ကာကွယ်ရေးပစ္စည်းများအတွက် “တရုတ် မပါသော” ထောက်ပံ့ရေးကွင်းဆက်တခု တည်ဆောက်ရန် ဂျပန်နိုင်ငံအနေဖြင့် စဉ်းစားသင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်းဂျီရို ကိုအိဇုမိက သောကြာနေ့ (ဖေဖော်ဝါရီ ၂၇) တွင် ပြောသည်။
ကာကွယ်ရေးကဏ္ဍတွင် ထိပ်တန်းကန်ထရိုက်တာကြီးများသာမက လုပ်ငန်းသစ်များပါ ဝင်ရောက်နိုင်စေရန်နှင့် ကာကွယ်ရေးပစ္စည်းနှင့် နည်းပညာများကို မြန်ဆန်စွာ မိတ်ဆက်နိုင်ရန် “အမြန် ဝယ်ယူရေး” အစီအစဉ်တခုကိုလည်း ကိအိဇုမိက ထုတ်ဖော်ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် အထူးသဖြင့် မြေရှားသတ္တုများအတွက် ထောက်ပံ့ရေးကွင်းဆက် များစေရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်။ ဥပမာအားဖြင့် Sojitz ကုမ္ပဏီသည် ၂၀၂၇ ခုနှစ်လယ်တွင် သြစတြေးလျမှ အလယ်အလတ်နှင့် အလေးစား မြေရှားသတ္တု နှစ်မျိုးမှ ခြောက်မျိုးအထိ တိုးမြှင့်တင်သွင်းသွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/28/83306
#ဂျပန်
#တရုတ်
#ကာကွယ်ရေးပစ္စည်း

👍10💊1
အချို့သူများအတွက်မူ၊ အမေရိကန်၏ စစ်ရေး ခြိမ်းခြောက်မှုများ ရှေ့မှောက်တွင် တရုတ်၏ ဟန်ပြကြားနေမှုနှင့် ထိန်းသိမ်းစောင့်ကြည့်သည့် ဘက်ကို အလေးပေးမှုတို့က အီရန်ကို စွန့်ပစ်လိုက်သယောင် ထင်မြင်စေပြီး တရုတ်က အီရန်အတွက် ယုံကြည်ရသော မိတ်ဖက် မဟုတ်ဟုဆိုသော အမြင်ကို ပိုမို ခိုင်မာစေသည်။ တရုတ်၏ အရင်းနှီးဆုံး မိတ်ဆွေ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို ကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားပြီး တရုတ်၏ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံထားသည့် ဗင်နီဇွဲလား ရေနံကဏ္ဍကို ထိန်းချုပ်လိုက်ချိန်ကလည်း တရုတ်က ဘာမျှ မလုပ်ဘဲ နေခဲ့သည့်နောက် အီရန်အပေါ် ယခုကဲ့သို့ ရပ်တည်နေခြင်းလည်း ဖြစ်သည်။ Read more: https://bur.mizzima.com/2026/02/28/83309
🔥8👍2👏1
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ခွန်ကန်ပြည်နယ်မှ အသက် ၃၃ နှစ်အရွယ် ချူဒါမန်းမာအမည်ရှိ အမျိုးသမီးတဦးသည် ကောင်တာ၌ ငွေသားထုတ်ယူနေသည်ကို တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့က ငွေသား ဘတ် ၃၀၀,၀၀၀၊ ဘဏ်စာအုပ် တအုပ်၊ ATM ကတ်တခုနှင့် လက်ကိုင်ဖုန်းတလုံးတို့ကို သိမ်းဆည်းခဲ့သည်။ သူမသည် အဆိုပါအကောင့်ကို ဖွင့်ရန်နှင့် ငွေထုတ်ယူရန် ခိုင်းစေခြင်းခံရကြောင်း၊ အဆိုပါငွေများသည် သူမ၏ငွေများမဟုတ်ကြောင်း ဝန်ခံခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောသည်။
စုံစမ်းချက်များအရ ငွေထုတ်ယူမှုကို အနီးအနားမှ စောင့်ကြည့်ညွှန်ကြားနေသည့် ကြံရာပါ သုံးဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့မှာ ညှိနှိုင်းဆောင်ရွက်ပေးသူအဖြစ် ဖော်ပြထားသည့် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အားဝေ၊ နိုင်ငံမဲ့များအတွက်ထုတ်ပေးသည့် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူ အသက် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသား ပီပေါ့ ခေါ် ဆန်းနှင့် မှတ်ပုံတင်မရှိသူ အသက် ၂၅ နှစ်အရွယ် ဂျောင်ဖူ ခေါ် အာဖူ တို့ ဖြစ်ကြသည်။
♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/28/83313
#ချင်းမိုင်
#မြန်မာနိုင်ငံသား
#ငွေလိမ်ဂိုဏ်း

👍12❤3
AI နှင့် စက်ရုပ်နည်းပညာများ လျင်မြန်စွာတိုးတက်လာနေပြီး ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်ကို သိသိသာသာ ပြောင်းလဲနေချိန်တွင်၊ ကမ္ဘာကြီးသည် စံချိန်တင် အလွန်အမင်းမရေရာသည့်ခေတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
လာမည့် ဆယ်စုနှစ်အတွင်း ကမ္ဘာတဝန်းရှိ လူဦးရေ ၁ ဒသမ ၂ ဘီလီယံသည် အလုပ်သမားစျေးကွက် ထဲသို့ ဝင်ရောက်လာရန် ရှိသော်လည်း ခန့်မှန်းချက်များအရ အလုပ်အကိုင်ပေါင်း သန်း ၄၀၀ သာ ရှိမည်ဖြစ်သည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/28/83312
#အလုပ်အကိုင်
#သန်း_၄၀၀
#လူဦးရေ
#ယှဉ်ပြိုင်ရနိုင်
#ကမ္ဘာ့ဘဏ်
#သတိပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------

👍12
ကုမ္ပဏီအများအပြားက AI agents များကို ပိုမိုအသုံးပြုလာခြင်းနှင့် ကုန်ကျစရိတ်များကို ဆက် တိုက် လျှော့ချလာခြင်းကြောင့် ဆယ်စုနှစ်အနည်းငယ်အတွင်း AI စက်ရုပ်အရေအတွက်သည် အလုပ်လုပ်ကိုင် သူလူဦးရေကို ကျော်လွန်သွားလိမ့်မည်ဖြစ်ကြောင်း Citi ဘဏ်အမှုဆောင်ဟောင်းတဦးက တနင်္လာနေ့ တွင် သတိပေးလိုက်သည်။
ခေါင်းဆောင်များသည် အမြတ်အစွန်းကိုသာ ဦးစားပေးနေကြသဖြင့် လူသားအလုပ်သမားများမှာ နောက် ကောက်ကျကျန်ရစ်တော့မည်ဖြစ်ကြောင်း CNBC ၏ “Squawk Box Europe” အစီအစဉ်တွင် Citi Global Insights ၏ တီထွင်ဆန်းသစ်မှု၊ နည်းပညာနှင့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အကြီးအကဲ ဟောင်း ရောဘတ် ဂါးလစ်က ပြောကြားခဲ့သည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/28/83318
#ဆယ်စုနှစ်
#အနည်းငယ်အတွင်း
#AI_စက်ရုပ်
#အလုပ်သမားဦးရေ
#ကျော်လွန်သွားနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
ခေါင်းဆောင်များသည် အမြတ်အစွန်းကိုသာ ဦးစားပေးနေကြသဖြင့် လူသားအလုပ်သမားများမှာ နောက် ကောက်ကျကျန်ရစ်တော့မည်ဖြစ်ကြောင်း CNBC ၏ “Squawk Box Europe” အစီအစဉ်တွင် Citi Global Insights ၏ တီထွင်ဆန်းသစ်မှု၊ နည်းပညာနှင့် အနာဂတ်အလုပ်အကိုင်ဆိုင်ရာ အကြီးအကဲ ဟောင်း ရောဘတ် ဂါးလစ်က ပြောကြားခဲ့သည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/28/83318
#ဆယ်စုနှစ်
#အနည်းငယ်အတွင်း
#AI_စက်ရုပ်
#အလုပ်သမားဦးရေ
#ကျော်လွန်သွားနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------
👍11🔥2
https://www.youtube.com/watch?v=y0Mm8hFh9JA
မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုအတွင်းရှိ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များနှင့် ယုံကြည်မှုပျက်ယွင...

မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုအတွင်းရှိ ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များနှင့် ယုံကြည်မှုပျက်ယွင်းခြင်းများကို ခွဲခြမ်းစိတ်ဖြာခြင်း (https://open.substack.com/pub/mizzimadailynews/p/thai-myanmar-business-event-in-chiang?utm_campaign=post-expanded-share&utm_medium=web)…
👍7❤1
https://www.youtube.com/watch?v=Rku6YZXCIxQ
Mizzima Weekly Sports အစီအစဉ် I 28 February 2026

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ်ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ .....
- စပိန်ဒုတိယတန်းကလပ် အယ်လ်မာရီးယားအသင်း ရှယ်ယာများကို ရော်နယ်ဒို ဝယ်ယူ
- မန်ယူနိုက်တက် အမြတ်ပြပေမဲ့…

👍6
https://www.youtube.com/watch?v=vM6PJFttB-0
ဗိုလ်နဂါးရဲ့ လမ်းခွဲမှုနဲ့ အညာစစ်မျက်နှာ အနာဂတ် I ချစ်သောအညာမြေ Ep- 84

နွေဦးတော်လှန်ရေးမှာ လူသိများတဲ့ တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ဗိုလ်နဂါးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းစစ်တပ်နဲ ပူးပေါင်းသွားပါတယ်။ ဗိုလ်နဂါးတပ်ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက ပုလဲမြို့နယ်မှာ အခြေစိုက်တာဆိုပေမယ့် မကွေးတိုင်းထဲက ရေစကြိုနဲ့ …
👍6🔥1😁1
အမေရိကန်စစ်တပ်က အီရန်တွင် “အဓိက တိုက်ခိုက်ရေးစစ်ဆင်ရေးများ” စတင်လိုက်ပြီဖြစ် ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၈ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ရှင်းပါတယ်။ အင်မတန်မှ ဆိုးသွမ်းရက်စက်တဲ့ အီရန်အုပ်စိုးသူ တွေဆီကနေ ကျရောက်လာတော့မယ့် အန္တရာယ်တွေကို အမြစ်ဖြတ်ချေမှုန်းပြီး အမေရိကန်ပြည်သူတွေ ကို ကာကွယ်ဖို့ပါပဲ။”ဟု ထရမ့်က ၎င်း၏ Truth Social အကောင့်ရှိ ဗီဒီယိုသတင်းစကားတွင် ပြောကြား ခဲ့သည်။
အမေရိကန်တပ်ဖွဲ့ဝင်များသည် အီရန်ကို လေကြောင်းနှင့် ရေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း အဆင့်မြင့် အရာရှိတဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက အစောပိုင်းတွင် အတည် ပြုခဲ့ သည်။
အီရန်မြို့တော် တီဟီရမ်တောင်ဘက်ပိုင်းရှိ ဝန်ကြီးဌာနအချို့ တိုက်ခိုက်ခံခဲ့ရကြောင်း အမည်မဖော်လိုသူ အီရန်အရာရှိတဦးက ပြောကြားခဲ့သည်။
♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/02/28/83321
#အီရန်
#အမေရိကန်
#အဓိက
#စစ်ဆင်ရေးများ
#စတင်ပြီ
#ထရမ့်

👍12❤3🔥1😁1
မဇ္ဈိမ။ ။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆောင်ရွက်ခဲ့ကြသူများကို “သစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်း”ဟု အာဏာသိမ်း စစ်ကော်မရှင်၏ ဒုတိယ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်စောက်၊ကလော၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တွေ့ဆုံရာ၌ ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။
CDM ဝန်ထမ်းများကို နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဟု ဒုစစ်ခေါင်းဆောင်က အပြစ်တင်ပြီး စစ်ကော်မရှင်လက်အောက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကိုမူ သစ္စာရှိ နိုင်ငံ့ဝန်ထမ်းကောင်းများဟု သူက ပြောသည်။
Read more: https://bur.mizzima.com/2026/02/28/83331

🤬11🤣3👍1👎1💩1
ရှေးဟောင်းစေတီပုထိုးများစွာ တည်ရှိသည့် ပုဂံ၊ ညောင်ဦးမြို့နယ်တွင် လူပျောက်၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် မြို့ပြင်နေရာများကို သတိဖြင့်သွားလာရန် လိုအပ်ကြောင်း မြို့ခံများကပြောသည်။
“ပုဂံကိုလာမယ်ဆိုရင် ဧည့်သည်တွေအနေနဲ့ မြို့ထဲမှာတော့ လုံခြုံမှုတော့ရှိသေးတယ်။ ဒါပေမယ့် သွားမယ်လာမယ်ဆိုရင် ပုဂံကနေ အရှေ့ဘက်အရပ် ပုခုက္ကူ-မြင်းခြံဘက်ထွက်မယ်ဆိုရင် ထွက်လို့မကောင်းဘူး။ သွားမယ်ဆိုရင်တောင် ဂိတ်ဆုံး ကျောက်ဂူဥမင်တောင်မသွားသင့်ဘူး။ အနောက်အရပ်ဆိုရင် လောကနန္ဒာဘုရားကို အစွန်ဆုံးထားပြီးမထွက်သင့်ဘူး။ စေတနာကြီးပုထိုးကစပြီးတော့ လုံခြုံမှုမရှိတော့ဘူး။ အဲ့ဘက်တွေမှာ စကစ ဂိတ်တွေရှိတယ်။ တောင်ဘက်မှာတော့ ကျောက်ပန်းတောင်းလမ်းပဲပွင့်တော့တယ်။ အဲ့ဘက်တလျှောက်လည်း စကစ ဂိတ်တွေပဲများတယ်။ အဓိကလက်ရှိဖြစ်နေတာတော့ အဲ့ဒီပုပ္ပါးဘက်သွားတဲ့ဝန်းကျင်မှာသတင်းပိုထွက်တယ်” ဟု ပုဂံမြို့ဒေသခံတဦးက ပြောသည်။
Read more: https://bur.mizzima.com/2026/02/28/83337

👍13🔥1🥴1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂၈ ဖေဖော်ဝါရီ ၂၀၂၆ )
မကွေးတိုင်း၊အထက်မင်းလှမြို့နယ်က စစ်တပ်၏ ရေနံချက်စက်ရုံ နှင့် အမှတ် ၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ ၂) ကို တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက် တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS)က ယနေ့ ထုတ်ပြန်သည်။ Read more: https://bur.mizzima.com/2026/02/28/83340
#ရေနံချက်စက်ရုံ
#SOS
#ကပစ_၂
#မကွေးတိုင်း
#အမျိုးသားညီညွတ်ရေးအစိုးရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု

👍10❤1🥴1
https://www.youtube.com/watch?v=J_Oc5UPQgrs
DKBA အကာအကွယ်အောက်က နေ့စဉ် ပိုမိုကြီးထွားလာတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း ခြံဝင်းအသစ်များ အပိုင်း (၂)

ဟန်ထူးဇော်
မဇ္ဈိမ။ ။ ဘုရားသုံးဆူလို့ လူသိများတဲ့ ထိုင်း-မြန်မာနယ်စပ်က မြို့လေးတမြို့မှာ တရုတ်မာဖီးယားဂိုဏ်းတွေရဲ့ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဘယ်လိုရှိနေပါသလဲ။ ဒီလုပ်ငန်းတွေကို DKBAတပ်ဖွဲ့က ဘယ်လိုလုပ်ကိုင်နေပါသလဲ။
လက်နက်ကိုင်တွေ များပြားလှတဲ့…

🔥6👎2😁1💩1
https://www.youtube.com/watch?v=cTxCIpl6oe0
ဖေဖော်ဝါရီလ ၂၈ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

ဒီကနေ့နားဆင်ရမယ့်အစီအစဉ်တွေကတော့ ကာကွယ်ရေးမူဝါဒ၊ စစ်ဆင်ရေးနှင့် နိုင်ငံရေးဦးဆောင်မှုကိစ္စရပ်များ NUG နှင့် SRA တပ်ပေါင်းစုဆွေးနွေးတဲ့ သတင်းနဲ့အတူ အောင်ဇမ္ဗူဇာတ် ပြန်လည်ကပြခွင့်ရရေး ကူညီဆောင်ရွက်နေဟု သဘင်အစည်းအရုံး ထုတ်ပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေနဲ့…
👍6😁1