Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍4
👍4
👍3
👍3
👍3
❤4
ပရီးမီးယားလိဂ် - ပဲလေ့စ်ကို အနိုင်ယူပြီး အဆင့် ၃ ရောက်လာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၂-၁ ခရစ္စတယ်ပဲလေ့စ်
ဘရူနိုဖာနန်ဒက်စ် ၅၇’ (P) ⚽️ လာခရွိုက်စ် ၄’၊ ၅၆’ 🟥
ဆက်စ်ကို ၆၅’

ယူနိုတက်တို့ဟာ တယောက်လျော့ ပဲလေ့စ်ကို အနိုင်ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာကို တက်လှမ်းလာခဲ့ပါတယ်။ မိုက်ကယ်ကာရစ်ကတော့ ယူနိုက်တက်နည်းပြအဖြစ် ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကို ဆက်ထိန်းထားပါတယ်။

တခြားပွဲရလဒ်များ
ဖူလ်ဟမ် ၂-၁ စပါး
ဘရိုက်တန် ၂-၁ နော်တင်ဟမ်
(Photos: EPA/EPL)
❤6👍3
👍2
👍2
👍2
👍2
👍2
👍2
👍2
👍2
ပရီးမီးယားလိဂ် - လန်ဒန်ဒါဘီမှာ ချယ်လ်ဆီးကို အနိုင်ရတဲ့ အာဆင်နယ်

အာဆင်နယ် ၂-၁ ချယ်လ်ဆီး
ဆာလီဘာ ၂၁’ ⚽️ ဟင်မ်ကာပီ ၄၅+၂’ (OG)၊ နက်တို ၇၀’ 🟥
တင်ဘာ ၆၆’

တည်ကန်ဘော (Set-piece) တွေကနေ ရရှိခဲ့တဲ့ ဂိုးနှစ်ဂိုးက အာဆင်နယ်အတွက် အဖိုးတန် အမှတ်တွေကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ဇယားထိပ်က အသင်းအတွက်တော့ အလွန်အရေးကြီးတဲ့ နိုင်ပွဲတပွဲပါ။

အာဆင်နယ်ဟာ မန်စီးတီးထက် တပွဲ ပိုကစားထားရပေမဲ့ ဇယားထိပ်မှာ ငါးမှတ်ဖြတ်ပြီး ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
(Photos: EPA/EPL)
👍5
"ဒါဟာ တကယ့်ကို စိုးရိမ်စရာဖြစ်ပြီး အခြေအနေတွေ ပိုမိုဆိုးရွားလာနေပါတယ်။ အီရန်ရဲ့ ခွဲခြားမှုမရှိ ရမ်းသန်းလက်တုံ့ပြန်တိုက်ခိုက်မှုတွေ ပိုတိုးလာနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဥပမာတွေပြောရမယ်ဆိုရင် မနေ့က အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာခံခဲ့ရတဲ့ ဘာရိန်းအခြေစိုက်စခန်းမှာ ကျွန်တော်တို့ ဗြိတိန်တပ်ဖွဲ့ဝင် ၃၀၀ ရှိနေခဲ့ပါတယ်။ အချို့ဆိုရင် ဒုံးကျည်ကျတဲ့နေရာနဲ့ ကိုက်အနည်းငယ်အကွာမှာပဲ ရှိနေခဲ့တာပါ။" ဟု ဂျွန်ဟေလီက Sunday Morning With Trevor Phillips ရုပ်မြင်သံကြားအစီအစဉ်တွင် ပြောသည်။

"ဆိုက်ပရပ်စ်ဘက်မှာလည်း ဒုံးကျည်နှစ်စင်း ပစ်ခတ်တာ ခံခဲ့ရပါတယ်။ ဒါဟာ ဆိုက်ပရပ်စ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ကျွန်တော်တို့ မယူဆပါဘူး။ ဒါပေမဲ့ ဒေသတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်နေတဲ့ အစိုးရတရပ်ဆီကနေ တကယ့်ခြိမ်းခြောက်မှု မြင့်တက်လာနေတယ်ဆိုတာကို ပြသနေတဲ့ ဥပမာတခုဖြစ်ပြီး အဲဒါကို ကျွန်တော်တို့ အရေးယူလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။" ဟု ဂျွန်ဟေလီက ပြောကြားခဲ့သည်။ Read more: https://bur.mizzima.com/2026/03/02/83436
👍6❤3
“သူတို့က ဆွေးနွေးချင်နေကြတယ်။ ကျွန်တော်လည်း ဆွေးနွေးဖို့ သဘောတူလိုက်ပြီ။ ဒါကြောင့် သူတို့နဲ့ ကျွန်တော် ဆွေးနွေးဖြစ်ပါလိမ့်မယ်။ သူတို့ ဒီထက်စောပြီး လုပ်ခဲ့သင့်တာ။ လက်တွေ့ကျပြီး လုပ်ရလွယ်ကူတဲ့ အရာတွေကို သူတို့ အစောကြီးကတည်းက လုပ်သင့်တာပါ။ သူတို့ အကြာကြီး အချိန်ဆွဲနေခဲ့တယ်” ဟု ထရမ့်က နံနက် ၉ နာရီခွဲမတိုင်မီတွင် မာ-အာ-လာဂို အိမ်တော်မှ ပြောကြားခဲ့သည်။

အီရန်အပေါ် တိုက်ခိုက်မှုနှင့်ပတ်သက်၍ မြို့ကြီးအချို့တွင် အစိုးရအပြောင်းအလဲအတွက် အောင်ပွဲခံမှုများ ရှိသကဲ့သို့၊ အချို့နေရာများတွင် စစ်ဆင်ရေး ဆန့်ကျင်သည့် ဆန္ဒပြမှုကြီးများလည်း ရှိနေသည်။
ယခုအချိန်အထိ အီရန်ပြည်သူများ၏ တုံ့ပြန်မှုအပေါ် ကျေနပ်ကြောင်းလည်း ထရမ့်က ပြောသည်။

ထရမ့်က အီရန်အား တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး “လူတွေက ဒါကိုလုပ်ဖို့ နှစ်ပေါင်း ၄၇ နှစ်လုံးလုံး စောင့်မျှော်ခဲ့ကြတာ။ သူတို့ (အီရန်အစိုးရ) က ၄၇ နှစ်လုံးလုံး လူတွေကို သတ်ခဲ့တာလေ၊ အခုတော့ အဲဒါက သူတို့ဘက် ပြန်လှည့်သွားပြီပေါ့။” ဟု ထရမ့်က ဆိုသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/02/83439

#အီရန်
#ထရမ့်
#ဆွေးနွေးမှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9❤1😁1