Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထိုင်ဝမ်အရေး အရေးပေါ်အခြေအနေတခု၌ ပေကျင်း၏ အဓိကစိုးရိမ်ပူပန်ချက်က အမေရိကန်၏ ကြားဝင်စွက်ဖက်မှု ဖြစ်သည် ဆိုသော်လည်း ၎င်းတို့၏ အစီအစဉ်ဆွဲမှုများက ထိုမျှနှင့် ရပ်တန့်သွားမည် မဟုတ်ပေ။ တရုတ်သည် အမေရိကန်ကို အာရုံစိုက်နေစဉ်မှာပင် သြစတြေးလျအပါအဝင် အမေရိကန်၏ အဓိကမဟာမိတ်များကိုလည်း ဖိအားပေးနိုင်စွမ်း ရှိသည်။

ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိရေးက သြစတြေးလျ၏ အဓိက အမျိုးသားအကျိုးစီးပွား ဖြစ်သည်။ သြစတြေးလျသည် ထိုင်ဝမ်ရေလက်ကြား အကျပ်အတည်းတခု၏ ရလဒ်ကို တဦးတည်း မဆုံးဖြတ်နိုင်သော်ငြား ထိုဖြစ်စဉ်အပေါ် တိုက်ရိုက်သက်ဆိုင်မှုရှိနေပြီး သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးတုံ့ပြန်မှုများမှတဆင့် ပေကျင်း၏ လုပ်ဆောင်ချက်များကို ခက်ခဲရှုပ်ထွေးအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/09/84367

#ထိုင်ဝမ်ရေလက်ကြား
#တရုတ်
#သြစတြေးလျ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥7👍4
မကြာသေးမီက ChatGPT နှင့် အခြားသော ဘာသာစကားအခြေပြု AI (LLM) များထံမှ စိတ်ကျန်းမာရေး ဆိုင်ရာ အကြံဉာဏ်များ တောင်းခံလာသူ ပိုမိုများပြားလာသော်လည်း၊ ယင်း AI Chatbot များသည် စိတ်ကျန်းမာရေးနယ်ပယ်အတွက် အသင့်မဖြစ်သေးကြောင်း သုတေသနအသစ်များက ထောက်ပြနေ သည်။

ဘရောင်းတက္ကသိုလ်မှ သုတေသီများသည် စိတ်ကျန်းမာရေး ပညာရှင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခဲ့ပြီး AI chatbot များတွင် ထပ်တလဲလဲ ဖြစ်ပွားနေသော ပြဿနာရှိသည့် အပြုအမူပုံစံများကို ဖော်ထုတ်နိုင်ခဲ့သည်။

စမ်းသပ်စစ်ဆေးမှုများအရ Chatbot များသည် အကျပ်အတည်းဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် မှားယွင်းမှုများရှိနေကြောင်း တွေ့ရှိခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84370

#ChatGPT
#AI
#စိတ်ကျန်းမာရေးအကြံပေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🔥2
လက်ရှိ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းက အိန္ဒိယနိုင်ငံ၊ အာမက်ဒါဘတ်မြို့က အံ့မခန်းဖွယ် နာရင်ဒရာမိုဒီကွင်းပါ။ ဒါပေမဲ့ ဒါက ဆက်ပြီး ဖြစ်နေတော့မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ ဗီယက်နမ်နိုင်ငံက ဒီအံ့မခန်း ခရစ်ကတ်ကွင်းကြီးကို ကျော်တက်ဖို့ စီစဉ်နေလို့ ဖြစ်ပါတယ်။

ဟနွိုင်းမြို့မှာ ဆောက်မယ့် The Trong Dong လို့အမည်ရတဲ့ ဒီကွင်းကြီးဟာ ပရိသတ်ပေါင်း ၁၃၅,၀၀၀ ဆံ့မှာဖြစ်ပြီး နာရင်ဒရာမိုဒီကွင်းထက် အနည်းငယ် ပိုများသွားမှာပါ။

နာရင်ဒရာမိုဒီကွင်းက ပရိသတ် ၁၃၂,၀၀၀ ဆံ့တာမို့ မကြာခင်မှာ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။

ဗီယက်နမ်မြို့တော်မှာ ဆောက်မယ့် ဒီ Trong Dong ကွင်းကို ရှေးဟောင်း ဗီယက်နမ်ယဉ်ကျေးမှုမှာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ Dong Son ကြေးစည်ကြီးတွေရဲ့ ပုံစံအတိုင်း ပုံဖော်ထားတာပါ။

ဒီကွင်းကို ခေါက်သိမ်းလို့ရတဲ့ အမိုး (Retractable roof) စနစ်နဲ့ ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး အားကစားတခုတည်းအတွက်ပဲ မဟုတ်ပါဘူး။ Read more: https://bur.mizzima.com/2026/03/09/84373
👍9🔥1
🔥4👎2😢1
🔥4👎1😢1
ကျောက်ကြီးတွင် စစ်ကော်မရှင်က ကလေးများ အပါ အရပ်သား ၃၀ ကို အုပ်စုလိုက်သတ်ဖြတ် >> https://bur.mizzima.com/2026/03/09/84377
🤬8🔥2😢2
🔥3👎2😁1🤬1
🔥3🤬3👎1😁1
🔥5❤2👎1😁1🤬1
🔥4🤬3👎2😁1
တရုတ်၏ သယံဇာတ အာမခံချက် ရှိမှ ကြွေးမြီ ထုတ်ပေးသောပုံစံသည် သယံဇာတကြွယ်ဝသော်လည်း ငွေကြေးချို့တဲ့သော အာဖရိက ဖွံ့ဖြိုးဆဲနိုင်ငံများက ချေးငွေ ထုတ်ယူနိုင်ရန်အတွက် အနာဂတ် ကုန်စည် ပို့ကုန်များ (ရေနံ၊ ကြေးနီ၊ ကိုဘော့) ကို အကြွေး ပြန်ဆပ်ရန် အာမခံအဖြစ် ထားရှိရခြင်း ဖြစ်သည်။တရုတ်၏ သယံဇာတ အာမခံချက် ရှိမှ ကြွေးမြီ ထုတ်ပေးသောပုံစံသည် သယံဇာတကြွယ်ဝသော်လည်း ငွေကြေးချို့တဲ့သော အာဖရိက ဖွံ့ဖြိုးဆဲနိုင်ငံများက ချေးငွေ ထုတ်ယူနိုင်ရန်အတွက် အနာဂတ် ကုန်စည် ပို့ကုန်များ (ရေနံ၊ ကြေးနီ၊ ကိုဘော့) ကို အကြွေး ပြန်ဆပ်ရန် အာမခံအဖြစ် ထားရှိရခြင်း ဖြစ်သည်။

ထို ပုံစံမျိုးဖြင့် ချေးငွေ ချထားခြင်းကိုပင် တရုတ်က ရေရှည် မျှော်မှန်းချက်ဖြင့် ဘေးအန္တရာယ် စွန့်စားကာ ငွေကြေး ထုတ်ပေးသည့် "သည်းခံနိုင်သော အရင်းအနှီး ပေးသူ" (Patient Capital Provider) အဖြစ် ပုံဖော်နေပြန်သည်။ သို့သော်လည်း ကျွမ်းကျင်သူအများအပြားက ၎င်းတို့၏ ချေးငွေလုပ်ထုံးလုပ်နည်းများရှိ ချို့ယွင်းချက်များကို ထောက်ပြလာကြသဖြင့် "သည်းခံနိုင်သော ငွေချေးသူ" ဆိုသည့် ပုံရိပ်မှာ တဖြည်းဖြည်း မှုန်ဝါးလာပြီဖြစ်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/09/84388
🥴9❤2🔥2👎1
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အခြေစိုက် တပ်ရင်း (၂၀) (ရိုးမရာဇာ) တွင် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်တဦးအပေါ် တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ကာ လူမဆန်စွာညှဉ်းပန်းနှိပ်စက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ထိရောက်စွာအရေးယူပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၄၉ ဖွဲ့က တောင်းဆိုလိုက်သည်။

ယနေ့ (မတ်လ ၉) တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်၍ နစ်နာသူ အမျိုးသမီးရဲဘော်အား တပ်ရင်းတာဝန်ရှိသူများက မတရားဖမ်းဆီးကာ ကျေးရွာလူထုရှေ့တွင် ရိုက်နှက်ခြင်း၊ အချုပ်ခန်းအတွင်း လက်ပြန်ကြိုးတုတ် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နစ်နာသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဖြင့် နာမည်နှင့် တပ်ရင်းနံပါတ်များအား အဓမ္မ ရေးထွင်းခြင်း စသည့်ရက်စက်ကြမ်းကြုတ်သည့်… Read more: https://bur.mizzima.com/2026/03/09/84391
🤬6👍3😁2🤣1