"ကျွန်တော်တို့ ကျွန်းကို လုံးဝကို ဖျက်ဆီးပစ်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့သိတဲ့အတိုင်း စွမ်းအင်အဆောက်အအုံတွေနဲ့ ပတ်သက်တာကိုတော့ ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါတွေကို ပြန်တည်ဆောက်ဖို့က နှစ်နဲ့ချီပြီး ကြာနိုင်လို့ပဲ။" ဟု ထရမ့်က ပြောသည်။
ထရမ့်သည် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အခြားနိုင်ငံများ ပါဝင်ကူညီကြရန် စနေနေ့ အစောပိုင်းက ထပ်မံတိုက်တွန်းခဲ့ပြီး၊ အီရန်စစ်ပွဲအတွင်း အဆိုပါနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အီရန်
#ခါ့ဂ်ကျွန်း
#ထရမ့်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

🤣5👍3
အမေရိကန်-အစ္စရေးနှင့် အီရန် စစ်ပွဲကြောင့် အီရန်နှင့် ပင်လယ်ကွေ့နိုင်ငံများအကြား ဆက်ဆံရေးကို "အလေးအနက် ပြန်လည်သုံးသပ်ရန်" လိုလိမ့်မည် ဖြစ်ကြောင်းနှင့် ဒေသ သာယာဝပြောလာစေရန် ပြင်ပအင်အားစုများ၏ သြဇာကို ကန့်သတ်ရမည်ဖြစ်ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံဆိုင်ရာ အီရန်သံအမတ်က ရိုက်တာသတင်းဌာနကို မတ်လ ၁၅ ရက်တွင် ပြောသည်။
စစ်ပွဲကြောင့် ဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်ပူပန်သလားဆိုပြီး မေးမြန်းမှုကို အီရန်သံအမတ် အလီရီဇာ အန်ယာတီက ဖြေကြားရာတွင် "ဒါက မေးသင့်တဲ့ မေးခွန်းတခုပါ။ အဖြေကလည်း ရိုးရိုးရှင်းရှင်းပဲ ဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ဟာ အိမ်နီးချင်းတွေဖြစ်လို့ တဦးကို တဦး ပစ်ပယ်ထားလို့ မရပါဘူး။ ကျွန်တော်တို့အနေနဲ့ အလေးအနက် ပြန်လည်သုံးသပ်မှုတွေ လိုပါလိမ့်မယ်" ဟု ပြောသည်။
ဆော်ဒီ အရှေ့ဘက်ကမ်းရိုးတန်းရှိ Ras Tanura ရေနံချက်စက်ရုံနှင့် ယူအေအီး နယ်စပ်အနီး သဲကန္တာရထဲရှိ Shaybah ရေနံမြေကို ဒရုန်းများဖြင့် ဒါဇင်နှင့်ချီ တိုက်ခိုက်ရန် ကြိုးပမ်းမှုများအပါအဝင် ဆော်ဒီ၏ ရေနံအခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများအတွက် အီရန်တွင် တာဝန်ရှိသည်ဆိုခြင်းကို အလီရီဇာ အန်ယာတီက ငြင်းဆိုသည်။
♦ သတင်းအပြည့်အစုံကို…

❤6🔥1🤣1
"ဒီ ရေလက်ကြားကနေ အကျိုးအမြတ် ရနေတဲ့သူတွေအနေနဲ့ အဲဒီမှာ ဆိုးဆိုးရွားရွား ဘာမှမဖြစ်အောင် ကူညီလုပ်ဆောင်ပေးဖို့က သင့်တော်တဲ့ ကိစ္စပါ" ဟု ထရမ့်က တနင်္ဂနွေနေ့တွင် Financial Times သတင်းစာကို ပြောသည်။ အမေရိကန်နှင့်မတူဘဲ ဥရောပနှင့် တရုတ်တို့က ရေနံတင်သွင်းနိုင်ရန် ပင်လယ်ကွေ့ဒေသအပေါ် အလွန်အမင်း မှီခိုနေရခြင်းဖြစ်သည်။
သူ့ တောင်းဆိုချက်အပေါ် တုံ့ပြန်မှု မရှိခြင်း သို့မဟုတ် ငြင်းဆိုခြင်းက "နေတိုးအဖွဲ့ အနာဂတ်အတွက် အလွန် ဆိုးရွားလိမ့်မယ်" ဟုလည်း ထရမ့်က သတိပေးသည်။ ထို့ပြင် ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရန် တရုတ်က မကူညီပါက ယခုလ နှောင်းပိုင်းတွင် ပြုလုပ်မည့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ထိပ်သီး ဆွေးနွေးပွဲကို ရွှေ့ဆိုင်းရမည်ဟု ထရမ့်က ခြိမ်းခြောက်သည်
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#တရုတ်
#ဟော်မုဇ်ရေလက်ကြား

👍8❤1🤣1
ခါမေနီက မိုဂျ်တာဘာအား သိပ်ထက်မြက်သူမဟုတ်ဟု ယူဆထားပြီး ခေါင်းဆောင်တဦးဖြစ်ရန် အရည်အချင်းမပြည့်မီသူဟုလည်း ရှုမြင်ထားသည့်အတွက် မိုဂျ်တာဘာအာဏာရရှိလာမည့်အပေါ် စိုးရိမ်နေခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
မိုဂျ်တာဘာ ခါမေနီနှင့်ပတ်သက်၍ ရရှိထားသော သတင်းအချက်အလက်များသည် အရေးကြီးသည်ဟု မထင်ကြောင်း ထရမ့်က ၎င်းနှင့်နီးစပ်သူများကို ပြောခဲ့သည်။ မိုဂျ်တာဘာ သေဆုံးသွားပြီးဖြစ်နိုင်သဖြင့် လောလောဆယ်တွင် အီရန်၌ ခေါင်းဆောင်မဲ့နေပြီဟု ထရမ့်က ယူဆနေသည်။
"သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေ မရှိတော့ဘူး။ ဒုတိယတန်းစား ခေါင်းဆောင်တွေလည်း မရှိတော့ဘူး။ အခု သူတို့ရဲ့ တတိယမြောက် ခေါင်းဆောင်ကလည်း ဒုက္ခရောက်နေပြီ။ သူ့ဖခင်ကိုယ်တိုင်ကတောင် ခေါင်းဆောင်အဖြစ် လက်မခံချင်ခဲ့တဲ့သူမျိုးပါပဲ" ဟု ထရမ့်က Fox News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#မိုဂျ်တာဘာ
#ထောက်လှမ်းရေးသတင်းများ
#ခါမေနီ

👍9🤣3
https://www.youtube.com/watch?v=xmv_-k920x4
ဖေဖော်ဝါရီလ သတင်းတုစစ်တမ်း
ဖေဖော်ဝါရီလ သတင်းတုစစ်တမ်း
YouTube
ဖေဖော်ဝါရီလ သတင်းတုစစ်တမ်း
Zee Tee
မဇ္ဈိမ ။ ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းတု၊ သတင်းမှားတွေကို ပြန်ကြည့်လိုက်ရင် နည်းပညာကို အသုံးချပြီး စနစ်တကျ လုပ်ကြံဖန်တီးထားတဲ့ ဖြစ်စဉ်တွေ သိသိသာသာ များလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဗီဒီယိုတွေ၊ ပုံတွေကို…

👍4🔥4
မြင်းခြံမှ ရန်ကုန်သို့သွားသည့် အဝေးပြေးခရီးသည်တင်ယာဉ် ဓားပြတိုက်ခံရ
ဓာတု
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ သွားသည့် အဝေးပြေးယာဉ်(Express) ပေါ်မှ ခရီးသည်များသည် မြင်းခြံ-တောင်သာ အစပ် ကားလမ်းမပေါ်၌ ဓားပြတိုက်ခံရကြောင်း ကြုံတွေ့ခဲ့ရသူများထံက သိရသည်။
ယမန်နေ့( မတ်လ ၁၅ ရက် ) နံနက် ၇ နာရီ၌ ဓားပြတိုက်ခံရခြင်းဖြစ်ပြီး ထိုယာဥ်ပေါ်တွင် ခရီးသည် ဆယ်နှင့်ချီ၍ စီးနှင်းလိုက်ပါလာကြောင်း၊ ဓားပြတိုက်ခံရသည့် နေရာသည် စစ်ကော်မရှင်တပ် အထိုင်ချတပ်စွဲထားသည့် နန်းမြင့်တောင် (ယခင်က စစ်ကော်မရှင်၏ တိုးဂိတ်) အနီးတွင်ဖြစ်ကြောင်း ကားပေါ်ပါခရီးသည်က ဆိုသည်။
“မျက်နှာဖုံးစွပ် အရပ်ဝတ်နဲ့ ခြောက်ယောက်လောက်ပဲ ချုံတွေထဲက ထွက်လာပြီး ကားကိုအနီးကပ် လက်နက်ငယ်တွေနဲ့ချိန်တယ်။ ချိန်ပြီးရပ်ခိုင်းတယ်။ ကျန်တဲ့သူတွေက ချုံတွေထဲ ကင်းပုန်းဝပ်နေကြတယ်။ ကားသမားက မရပ်ရင် ပစ်မယ့်ပုံစံ။ ကားပေါ်က ပါလာတဲ့လူတွေကို ပိုက်ဆံတွေလည်း ယူတယ်။ ဖုန်းတွေလည်း အကုန်ယူတယ်။ ဓားပြတိုက်ပြီးကားကို ပြန်လွှတ်ပေးတယ်။ အဖိုးတန်တယ်ထင်တဲ့ ပစ္စည်းမှန်သမျှ အကုန်ယူသွားတယ်။ နောက်ထပ်လာတဲ့ တစီးလည်း တိုက်ခံရတယ်ကြားတယ်”ဟု…

👎8🤬4🔥3❤2😢1