Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထရမ့်သည် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင်ရန်နှင့် အမေရိကန်-တရုတ် ကုန်သွယ်မှု ယာယီသဘောတူညီချက် သက်တမ်းတိုးရန်အတွက် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်နေ့အထိ ပေကျင်းမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း အီရန်ပဋိပက္ခကြောင့် ထိုခရီးစဉ်မှာ ပျက်ပြားသွားခဲ့ရသည်။

"စစ်ပွဲဖြစ်နေတဲ့အတွက် ကျွန်တော် ဒီမှာပဲ ရှိနေချင်တယ်၊ ရှိနေရမယ်လို့လည်း တွေးမိတယ်။ ဒါကြောင့် ခရီးစဉ်ကို တလလောက် ရွှေ့ဆိုင်းဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်" ဟု ထရမ့်က အိမ်ဖြူတော်တွင် တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များအား ဖြေကြားခဲ့သည်။

ထရမ့်က တရုတ်နှင့် ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်းနိုင်ခြေရှိကြောင်း တနင်္ဂနွေနေ့က Financial Times နှင့် အင်တာဗျူးတွင် ပထမဆုံး အရိပ်အမြွက် ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်သည် ဟော်မုဇ် ရေလက်ကြားပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်က ကူညီခြင်း ရှိ၊ မရှိ အပေါ်တွင် မူတည်နိုင်ကြောင်း ပြောသည်။

♦️ သတင်းအပြည့်အစုံကို - https://bur.mizzima.com/2026/03/17/85198

#အရှေ့အလယ်ပိုင်းစစ်ပွဲ
#ယာယီသဘောတူညီချက်
#ဒေါ်နယ်ထရမ့်
#ဟော်မုဇ်ရေလက်ကြား
#ရှီကျင့်ဖျင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍12🔥2❤1
အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အစ္စလာမ္မစ်နိုင်ငံများသည် အီရန်ကို ပစ်ပယ်ထားကြသည်ဟု အီရန်နိုင်ငံ၏ ထိပ်တန်းလုံခြုံရေးအရာရှိ အလီ လာရီဂျာနီက မတ်လ ၁၆ ရက်တွင် စွပ်စွဲပြောကြားလိုက်သည်။ အထူးသဖြင့် ပိုင်နက်အတွင်း တိုက်ခိုက်ခံရမှုများ ရှိလာပြီးနောက် တီဟီရန်ကို ရန်သူအဖြစ် သတ်မှတ်ဖော်ပြခဲ့သည့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကို ၎င်းက အဓိကရွေးထုတ် ဝေဖန်ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလနှောင်းပိုင်းတွင် စခဲ့သော အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများအပေါ် မွတ်စလင်အစိုးရများ၏ တုံ့ပြန်ပုံကို လာရီဂျာနီက ကမ္ဘာတဝန်းရှိ အစ္စလာမ်ဘာသာဝင်များနှင့် အစ္စလာမ္မစ်နိုင်ငံ အစိုးရများထံသို့ ထုတ်ပြန်သော ကြေညာချက်တခုတွင် ပြင်းပြင်းထန်ထန် ဝေဖန်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85204

#အစ္စလာမ္မစ်နိုင်ငံများ
#လာရီဂျာနီ
#တီဟီရန်
#တော်လှန်ရေးအင်အားစု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🤣9👎4🔥1
ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် သမ္မတ မီဂဲလ်ဒီအားကာနေး (Miguel Diaz-Canel) ကလည်း “ကြာမြင့်စွာ မီးပြတ်တောက်မှုများကြောင့် ကျွန်ုပ်တို့ပြည်သူများ မကျေနပ်မှုများဖြစ်ပေါ်နေပါသည်” ဟု လူမှုကွန်ရက် X ပေါ်တွင်ဝန်ခံပြောကြားထားပြီး အကြမ်းဖက်မှုကို “မည်သည့်အခါမျှ နားလည်ပေးနိုင်မည်မဟုတ်၊ တရား သည်ဟုပြောမည်လည်းမဟုတ် သို့မဟုတ် ခွင့်ပြုမည်လည်းမဟုတ်” ဟု သတိပေးသွားသည်။

အမေရိကန်၏ရေနံပိတ်ဆို့ဒဏ်ခတ်မှုနှင့်ဆက်စပ်နေသည့် နောက်ဆုံးဖြစ်ပေါ်ခဲ့သော လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ကွန်မြူနစ်ကျွန်းမှာအမှောင်ထုအတွင်းကျရောက်နေချိန်တွင် ထရမ့်က သူ့အနေနှင့် ကျူးဘားကို “ရယူမည်” ဟု တနင်္လာနေ့က ကတိပြုပြောကြားလိုက်သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85207

#ကျူးဘား
#ကွန်မြူနစ်ပါတီရုံးခန်း
#တိုက်ခိုက်မှု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
🔥8👍1
“သိသာထင်ရှားသော အစ္စရေး၏မြေပြင်ထိုးစစ်သည် ဖျက်ဆီးနိုင်စွမ်းအားကြီးမားသော လူသားဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်ပြီး ရေရှည်ပဋိပက္ခသို့ ဦးတည်သွားနိုင်သည်” ဟု ကနေဒါ၊ ပြင် သစ်၊ ဂျာမဏီ၊ အီတလီ နှင့် ယူကေနိုင်ငံတို့က ခေါင်းဆောင်များက ပူးတွဲကြေညာချက်ထုတ်ပြန်ပြောကြား လိုက်ကြသည်။

လက်ဘနွန်တောင်ပိုင်းရှိ ဟက်ဇ်ဘိုလာအဖွဲ့ကို “အကန့်အသတ်ရှိသော” မြေပြင်ထိုးစစ်တရပ်စတင်ဆင်နွှဲနေ ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က တနင်္လာနေ့အစောပိုင်းကပြောထားသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85210

#လက်ဘနွန်
#အစ္စရေး
#မြေပြင်ထိုးစစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍9🤣3🔥1
အိန္ဒိယနိုင်ငံအား ဆန့်ကျင်သည့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှု စွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံသားတဦး အပါအဝင် နိုင်ငံခြားသား ခုနစ်ဦးကို အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ဖမ်းဆီးလိုက်ကြောင်း The Print သတင်းဌာနက ဖော်ပြသည်။

ဖမ်းဆီးခံရသူများတွင် အမေရိကန်နိုင်ငံသားတဦးနှင့် ယူကရိန်းနိုင်ငံသား ခြောက်ဦးတို့ ပါဝင်ပြီး ၎င်းတို့အား ၁၉၆၇ ခုနှစ် ဥပဒေနှင့်မညီသောလုပ်ရပ်များ ကာကွယ်တားဆီးရေးအက်ဥပဒေ (UAPA) ပုဒ်မ ၁၈ အပါအဝင် သက်ဆိုင်ရာ စွဲချက်များဖြင့် ပြီးခဲ့သည့် သောကြာနေ့က ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း အမှုအခြေအနေကို သိရှိသည့် သတင်းရင်းမြစ်များက ဆိုသည်။

Read more: https://bur.mizzima.com/2026/03/17/85213
👎5🤬4👍1🔥1
စင်ကာပူက အလှပြင်ဆိုင်တခုမှာ အလုပ်ရမယ်လို့ ယုံကြည်ပြီး မေရီဟာ အလုပ်အကိုင်ရရှိဖို့အတွက် အေးဂျင့်ကို အကျိုးဆောင်ခ စင်ကာပူဒေါ်လာ ၅,၈၀၀ (အမေရိကန်ဒေါ်လာ ၄,၅၀၀) ကျော် ပေးခဲ့ရပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ မေရီတယောက် စင်ကာပူကို ရောက်တဲ့ အခါမှာတော့ အလှပြင်ဆိုင်က ယာယီပိတ်ထားလို့ အလုပ်ရှင်ရဲ့ အနှိပ်ခန်းမှာပဲ အလုပ်လုပ်ရမယ်လို့ အေးဂျင့်က ပြောပါတယ်။

အဲဒီနေရာမှာ သူဟာ တရားမဝင် အနှိပ်လုပ်ငန်းတွေ လုပ်ဖို့ ဖိအားပေးခံခဲ့ရတယ်လို့ CNA ကို ပြောပြပါတယ်။ အမျိုးသားဧည့်သည်တဦးကို လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် သူ အလုပ်ထုတ်ခံခဲ့ရပါတယ်။

♦️ ဆောင်းပါး အပြည့်အစုံ - https://bur.mizzima.com/2026/03/17/85216

#မြန်မာလုပ်သား
#ခေါင်းပုံဖြတ်ခံနေရ
#စင်ကာပူ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👎5😢5❤1🔥1
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) သည် တနင်္ဂနွေနေ့တွင် အစ္စရေးရှိ ပစ်မှတ်များကို ဒုံးကျည်များဖြင့် အသစ်တဖန် ထပ်မံတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် အမေရိကန်-အစ္စရေး စစ်ပွဲအတွင်း အီရန်အစိုးရက ဆပ်ဂျေးလ်-၂ ဒုံးကျည်များကို ပထမဆုံးအကြိမ်အဖြစ် စတင်ပစ်ခတ်ခဲ့သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/03/17/85220
🔥6❤3👍1👎1
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤6👍3🤮1
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤4👍3🤮1
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤5👍3🥰1🤮1
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤3👍1🤮1
ဓာတ်ပုံ -ဖားကန့်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် မြင်ကွင်း ( ဒေသခံ)
❤3👍2😍1
Artificial intelligence (AI) ဉာဏ်ရည်တုနည်းပညာကို အလုပ်အကိုင်များ အလိုအလျောက် လုပ်ဆောင်ပေးရန်နှင့် လူသားတို့၏ လုပ်အားနေရာတွင် အစားထိုးနိုင်စေရန် စီစဉ်ဖန်တီးထားသည့် နည်းပညာတခုအဖြစ် အများအားဖြင့် ရှုမြင်ကြသည်။ သို့သော် ဆွမ်ဆီးတက္ကသိုလ်မှ သုတေသနအသစ်က မတူကွဲပြားသော အမြင်တခုကို ထုတ်ဖော်သည်။

AI သည် စူးစမ်းရှာဖွေမှု၊ ပါဝင်ပတ်သက်မှုနှင့် စိတ်ကူးစိတ်သန်းများကို အားပေးသည့် ထိုးထွင်းဖန်တီးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖက်တခု အဖြစ်လည်း လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိချက်များက ဆိုသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#AI
#သိပ္ပံပညာရှင်များ
#ထောက်ကူပေးနိုင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍6🤮1
နတ်တလင်းတွင် အမျိုးသမီး အပါ သက်ကြီးပိုင်းဒေသခံ ၃ ဦးကို စစ်ကော်မရှင်တပ် ပစ်သတ်

MTO

မဇ္ဈိမ ။ ။ ပဲခူတိုင်း၊ နတ်တလင်းမြို့နယ် အနောက်ခြမ်းရှိ ဖလံပင်ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့ က စစ်ကြောင်းထိုးဝင်ရောက်ပြီး ဖလံပင်ရွာခံ သုံးဦးကို ပစ်သတ်ပြီးနောက် ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းသည် မတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ဖလံပင်ရွာကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။

၎င်းက “စစ်ကြောင်းထိုးလာတဲ့အချိန် တိုက်ပွဲ ဖြစ်သေးတယ်။ ပြီးမှဖလံပင်ရွာထဲ ဝင်လာပြီး ဒေသခံတွေကို သတ်သွားတာ၊ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်" ဟု ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့သည် ဖလံပင်ရွာခံများဖြစ်သည့် ဦးဌေးအောင် (၄၈နှစ်)၊ ဦးချစ်ထွန်း (၆၅နှစ်) နှင့် ဒေါ်ခင်ရီ (၆၅နှစ်) တို့အား ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအပြင် ဦးဖိုးကုန်း မိသားစုဝင် လေးဦး နှင့် သေဆုံးသွားသူ ဦးဌေးအောင် ၏ ဇနီး ဒေါ်ကေသီ (၄၀နှစ်) တို့ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံအဖွဲ့ အစည်းများထံမှ သိရသည်။

စစ်ကော်ရှင်တပ်စစ်ကြောင်းသည် မတ်လ ၁၆…
😢9🤬7🔥4👎2❤1
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခစစ်ပွဲကြောင့် ထိုင်းနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် အခွင့်အလမ်းသစ်တရပ် စတင်ပေါ် ပေါက်လာနေပြီး ထိုဒေသမှ ချမ်းသာကြွယ်ဝသူများသည် ထိုင်းနိုင်ငံရှိ အထူးဇိမ်ခံအိမ်ရာများနှင့် ကွန်ဒိုမီနီယံများကို ပိုမို စိတ်ဝင်စားလာကြသည်။

ကမ္ဘာလုံးဆိုင်ရာ မသေချာ၊ မရေရာမှုများနှင့် ရှည်ကြာနေသော ဒေသတွင်း တင်းမာမှုများအကြား ဘေးကင်းလုံခြုံမှု၊ တည်ငြိမ်မှုနှင့် မြင့်မားသော လူနေမှုဘဝကို ရှာဖွေကြသည့် နိုင်ငံခြားသားများအတွက် ထိုင်းနိုင်ငံသည် ရေရှည်နေထိုင်ရန် ဘေးကင်းလုံခြုံသော နေရာတခုအဖြစ် ပိုမိုရှုမြင်ခံလာရကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ယုံကြည်လျက် ရှိသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အရှေ့အလယ်ပိုင်း
#အကျပ်အတည်း
#ထိုင်း
#ဇိမ်ခံအိမ်များ
#ဝယ်လိုအား
#မြင့်တက်လာ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍9❤3🔥1🤣1
အာရှတွင် စွမ်းအင်သိုလှောင်မှု အနည်းဆုံးနိုင်ငံများထဲမှ တနိုင်ငံဖြစ်သည့် ဗီယက်နမ်တွင် ရေနံလက် ကျန်က ရက် ၂၀ စာပင် မလုံလောက်တော့ဟု ခန့်မှန်းရသည်။ ပါကစ္စတန်နှင့် အင်ဒိုနီးရှားတွင်လည်း ရက် ၂၀ ခန့်၊ အိန္ဒိယ၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့တွင် နှစ်လစာခန့်ပဲ အရန်ရေနံ သိုလှောင်မှု ရှိသည်။

ကမ္ဘာ့အချမ်းသာဆုံး အမေရိကန်နိုင်ငံက ဖော်ဆောင်သော စစ်ပွဲသည် အဆင်းရဲဆုံး နိုင်ငံများကို အထိခိုက်ဆုံးဖြစ်စေလိမ့်မည်ဟု စီးပွားရေးပညာရှင်များက ဆိုကြသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက "ကျွန်တော်တို့ ကိုယ်တိုင် ရွေးချယ်တာလည်း မဟုတ်ဘဲ မလိုလားအပ်တဲ့ စစ်ပွဲရဲ့ သားကောင်တွေ ဖြစ်နေရတယ်" ဟု ပြောသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထရမ့်
#အီရန်စစ်
#အာရှ
#စီးပွားရေးအပေါ်
#အရေးကြီးလဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
👍10🤣4
အောင်လံ ကပစ (၁၅) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်တောသာကျေးရွာရှိ နေအိမ်များမီးလောင်

MTO

မဇ္ဈိမ။ ။ မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ စစ်ကော်မရှင်တပ်၏ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၅) မှ လက်နက်ကြီးပစ်ခတ်ခဲ့ရာ အင်တောသာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်များ မီးလောင်ခဲ့ကြောင်း သတင်းရရှိ သည်။

ကပစ (၁၅) အတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ သည် ယနေ့ (မတ်လ ၁၇ ရက်) တွင် ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ် တဦးက ပြောသည်။

“ကပစ ဂိတ်ထိပ်က ရွာမထုံးဆိုတဲ့ရွာမှာ ဟောင်ဝှစ်ဇာအထိုင်ချပြီး ထုနေတာ၊ အင်တောသာရွာမြောက်ပိုင်းကတော့ ကုန်ပါပြီဗျာ။ ခုလည်းတောင်ပိုင်းထိ မီးကကူးနေပြီ၊ စစ်ရှောင်နေရတော့ ငြိမ်းမယ့်သူမရှိဘူးလေ" ဟု ၎င်းက ပြောသည်။

ယမန်နေ့ကလည်း စစ်ကော်မရှင်တပ်ဖွဲ့ က အင်တောသာကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူထိခိုက်မှု မရှိခဲ့သော်လည်း အိမ်မွေးတိရစ္ဆာန်များသေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။

စစ်ကော်မရှင်တပ်ဖွဲ့ သည် မတ်လ အစောပိုင်းမှ စတင်၍ အောင်လံမြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများဖက်သို့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး…
❤5🤬5🔥2👎1😭1
စစ်တိုင်းမှူးပြောင်းလဲပြီးနောက် ရန်ကုန်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှု ပိုများလာ

ရောင်နီ

မဇ္ဈိမ။ ။အာဏာသိမ်းစစ်ကော်မရှင်က စစ်တိုင်းမှူး အပြောင်းအလဲလုပ်ခဲ့သည့် ရန်ကုန်မြို့တွင် ဧည့်စာရင်းစစ်ဆေးမှုနှင့် ပေါ်တာဆွဲဖမ်းဆီးမှု ပိုများလာကြောင်း ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြနေသည့် Rangoon Scout Network (RSN) တာဝန်ရှိသူထံက သိရသည်။

စစ်တိုင်းမှူးမပြောင်းခင် ဖေဖော်ဝါရီလအတွင်းက ပေါ်တာဆွဲခံရမှုနှင့် ဧည့်စာရင်း စစ်ဆေးဖမ်းဆီးခံရမှု စုစုပေါင်း ဖြစ်စဉ် ၅၂ ခုဖြစ်ပွားခဲ့ပြီး စစ်တိုင်းမှူးပြောင်းလဲပြီးနောက် ယခု မတ်လ နှစ်ပတ်အတွင်း အဖမ်းအဆီးဖြစ်စဥ် ၈၅ ခုအထိ ဖြစ်ပွားခဲ့ကြောင်း RSM ၏ စာရင်းအရသိရသည်။

“စစ်တိုင်းမှူးနေရာဆို ခုမတ်လ အစမှာပဲ လူလဲထားတာပါ။ အဲ့လူသစ်ရောက်လာပြီးနောက်မှာ အဖမ်းအဆီး အစစ်အဆေးတွေ ပြန်များလာတာ သတိထားမိပါတယ်” ဟု RSN တာဝန်ရှိသူက ပြောသည်။

သာကေတ ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ အလုံ၊ လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း နှင့် စမ်းချောင်းမြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များကို မတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း ကောက်ယူထားခြင်းဖြစ်သည်။

“လမ်းပေါ်သွားလာနေတုန်း…
🤬11❤3👎1🔥1