Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖလူးတွင် စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး လေကြောင်းဒဏ်ကြောင့် စစ်ဘေးရှောင်များ ထပ်မံ နေရာရွေ့ပြောင်း

YT

မဇ္ဈိမ။ ။ မြဝတီမြို့နယ် တောင်ဘက်ခြမ်း၊ ထိုင်း- မြန်မာနယ်စပ်အနီးရှိ မင်းလက်ပံ၊ ဖလူး ဒေသတဝိုက်၌ စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်များ နေရာထပ်မံ ပြောင်းရွှေ့နေရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ဖလူး ကျွန်းတောနှင့် ဘုရားကုန်းအနီးတဝိုက်၌ ယမန်နေ့ မတ်လ ၂၁ ရက် မွန်းလွဲပိုင်းအထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“ မနက် ၄ နာရီလောက်ကတည်းက ဖြစ်တာ။ ပြီးတော့ နေ့လယ်စာစားပြီးလောက်ကျတော့ လေယာဉ်သုံးခေါက်ဝဲပြီးတော့ ကျွန်းတောဂိတ် ဗိုလ်ကလနဘက် အဲ့ဒီစစ်ဘေးရှောင်တွေဘက်နဲ့ ရသေ့ဂူနားက ဖိုးငြိမ်းဘုရားဘက်ကို ကြဲသွားတယ်။ ဘုရားနှစ်ဆူ ပြိုသွားတယ်။ ဒီနေ့ကတော့ အခြေအနေ နည်းနည်းအေးဆေးပါတယ်” ဟု မင်းလက်ပံသတင်းရင်းမြစ်က ပြောသည်။

မြဝတီမြို့နယ် တောင်ဘက်ခြမ်းအား အပြည့်အဝ…
👎9🔥3🤬2
အရပ်သားများကို ဗုံးကြဲရန် ၃ လအတွင်း တိုက်လေယာဥ်ဆီ ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး စစ်ကော်မရှင် သုံးစွဲဟု BMC ပြော

001

မဇ္ဈိမ။ ။ အရပ်သားများကို လေကြောင်းမှ ဗုံးကြဲ သတ်ဖြတ်ရန် စစ်ကော်မရှင်က သုံးလအတွင်း အမေရိကန်ဒေါ်လာ ၄,၀၀၀,၀၀၀ ကျော်တန်ဖိုးရှိ လေယာဥ်ဆီများ သုံးစွဲခဲ့ကြောင်း သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

သွေးစွန်းငွေ လှုပ်ရှားမှု အဖွဲ့၏ ၂၀၂၅ ဇွန် ၁၆ မှ စက်တင်ဘာ ၁၆ ထိ လေ့လာတွေ့ရှိချက်အရ သုံးလအတွင်း တိုက်လေယာဉ်အုပ်စုတစုတည်းအတွက် လေယာဉ်ဆီ အင်ပီယီရယ်ဂါလံ (IG) ၁ ဒသမ ၉၄ သန်းကျော် သုံးစွဲခဲ့ပြီး ကုန်ကျငွေပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၆ သန်းကျော်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

လေယာဥ်ဆီ ၁ အင်ပီယီရယ်ဂါလံ (1 IG) တွင် လီတာအားဖြင့် လေးလီတာခွဲကျော် ရှိသည်။

"လေယာဉ်ဆီသုံးစွဲမှု အရေအတွက်တွေဟာ မှတ်တမ်းတင်ထားတဲ့ ပျံသန်းမှုတွေအပေါ် အခြေခံထားတာဖြစ်ပြီး လေယာဉ်မှာ တပ်ဆင်သယ်ဆောင်တဲ့ အလေးချိန်ပေါ်မူတည်ပြီး လေယာဉ်ဆီက ပိုမိုအသုံးပြုရပါသေးတယ်"ဟု BMC က ထုတ်ပြန်ချက်တွင် ပြောသည်။

စစ်ကော်မရှင်၏ တိုက်လေယာဥ်များထဲတွင် ဆီအသုံး အများဆုံးသည်…
👎7🤬6❤3🔥2
ဟော်မုဇ်ရေလက်ကြားကို "အီရန်၏ ရန်သူများ"နှင့် ဆက်နွှယ်နေသည့် သင်္ဘောများမှလွဲ၍ ကျန်သင်္ဘော အားလုံးအတွက် ဖွင့်လှစ်ထားကြောင်း မတ်လ ၂၂ ရက်တွင် အီရန်၏ ကုလသမဂ္ဂရေကြောင်း အေဂျင်စီ ဆိုင်ရာကိုယ်စားလှယ်က ပြောကြားခဲ့ကြောင်း အီရန်သတင်းမီဒီယာများက ဖော်ပြလိုက်သည်။

ထို့ပြင် အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်အပေါ် တိုက်ခိုက်မှုများက ဟော်မုဇ်ရေလက်ကြား၏ လက်ရှိအခြေအနေကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆို ခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်
#ဟော်မုဇ်ရေလက်ကြား
#ဖြတ်သန်းခွင့်ပေးထား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍5🔥4🤬3❤2👎2
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် TNLA နှင့် MNDAA တို့ကြား လောက်ကိုင်မြို့ဆွေးနွေးပွဲအပြီး အပစ်ရပ်ရေး သဘောတူညီချက်ရသည့် အပေါ် NUGက ကြိုဆိုပြီး နှစ်ဖက်ငြိမ်းချမ်းရေး ဆက်လက် ထိန်းသိမ်းကြရန် NUCC က တိုက်တွန်းလိုက်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နွေဦးတော်လှန်ရေး
#နေ့စဉ်မှတ်စု
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
👍11🤮1
ထားဝယ်တွင် တော်လှန်ရေးနှင့် ဆက်နွှယ်သူများအား နှိပ်စက်သည့် ရဲတပ်ကြပ်ကို DNLA ဖမ်းဆီး၊ ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံးဟုဆို

YT

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း တော်လှန်ရေးနှင့် ဆက်စပ်သူများ၊ နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်လေ့ရှိသည့် ရဲတပ်ကြပ်အား ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ဖမ်းဆီးထားစဉ် ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရသည်။

ထားဝယ်ခရိုင်ရဲတပ်ဖွဲ့၊ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ်ဝေယံ (ဒေသတွင်း၌ နဘုလယ်ဝေယံဟု လူသိများသူ)ကို DNLA က မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းစဉ် ထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ ထို မတ်လ ၁၉ ရက် ညပိုင်း၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“ သူ့ကို ကျွန်တော်တို့ ၁၉ ရက်နေ့မှာ ထားဝယ်မြို့အနားက ရွာတရွာ အာဆီယံ(မူးယစ်စေသော အရည်တမျိုး) သောက်နေတုန်း ကျွန်တော်တို့ DNLA ဒူရကစစ်ကြောင်းက ရဲဘော်တွေဖမ်းလာတာပါ။ ဖမ်းလာပြီးချင်း သက်ဆိုင်ရာ ဌာနတွေကိုအကြောင်းကြားပြီး စစ်မေးနေတဲ့ အချိန် ကာလပေါ့။ အဲကာလ နားနေတဲ့အချိန် ရဲဘော်တွေကို အပေါ့သွားချင်တယ်ပြောပြီး ထွက်ပြေးလို့…
👍18❤6👏2🤣2
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေး ဝန်ထမ်းများ ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ အလုပ်လုပ်ရန် စစ်ကော်မရှင် ညွှန်ကြား

001

မဇ္ဈိမ။ ။ စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအနေဖြင့် ရုံးမတက်ဘဲ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ကြရန် စစ်ကော်မရှင်က ယနေ့ (မတ် ၂၂ ရက် ) ညပိုင်းတွင် ထုတ်ပြန်သည်။

အဆိုပါ အစီအစဉ်ကို လာမည့် မတ်လ ၂၅ ရက်မှ စတင်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်သွားကြရန် သတ်မှတ်ကြောင်း စစ်ကော်မရှင်က ဆိုသည်။

“ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီ ချွေတာရန်ဖြစ်သည့် အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှု မပြုကြရန်ဖြစ်ပါသည်” ဟု စစ်ကော်မရှင်က ထုတ်ပြန်ချက်တွင် ပြောသည်။

ထို့ပြင် ပုဂ္ဂလိက အလုပ်ဌာနများအနေဖြင့်လည်း စစ်ကော်မရှင်လက်အောက်ခံ ရုံးဌာနများနည်းတူ နေအိမ်မှ အလုပ်လုပ်ခြင်း (Work from Home) ကဲ့သို့ လုပ်ဆောင်မှုမျိုး အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြရန်ဟုလည်း ဖော်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် အတူ စစ်ကော်မရှင်လက်အောက်ခံ…
🔥13❤3👍3💩2🤔1
👍4❤1
👍3
👍4
👍3
👍4
🥰2👍1
👍3
🥰2👍1
👍1
👍1
👍1