Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မသမာသော ရည်ရွယ်ချက်ဖြင့် စာချုပ်ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော ပြင်ပမှ အကြံပေးအဖွဲ့ကို ခန့်အပ်ခဲ့သကဲ့သို့ နီပေါလေကြောင်းဦးစီးဌာန (CAAN) ၏ သီးခြားဘတ်ဂျက်မှတဆင့် ငွေပေးချေမှုများ ပြုလုပ်ခဲ့သည်ဟု စွဲချက်တွင် ဖော်ပြထားသည်။

စာချုပ်ကို ဖောက်ဖျက်ကာ ထိုအကြံပေးအဖွဲ့၏ အကြံပြုချက်နှင့် ပါဝင်မှုတို့ဖြင့် ပစ္စည်းစာရင်းနှင့် ကုန်ကျစရိတ်ခန့်မှန်းချက် (BOQ) အသစ်ကို ပြင်ဆင်ခဲ့ကြောင်းလည်း စွဲဆိုထားသည်။ BOQ ဆိုသည်မှာ ဆောက်လုပ်ရေး စီမံ ကိန်းများတွင် အသုံးပြုသည့် ပစ္စည်း၊ လုပ်အားနှင့် ဆက်စပ် ကုန်ကျစရိတ်များကို အသေးစိတ် စာရင်းပြုစုထားသော စာရွက်စာတမ်း ဖြစ်သည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#နီပေါ
#တရုတ်
#ငွေကြေးထောက်ပံ့
#ပိုခါရာလေဆိပ်
#အဂတိမှုဖြင့်
#စွဲချက်တင်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
👍9❤2🔥2
ခလရ (၁၄၈) နှင့် တွင်းငယ်လမ်းပိုင်းကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

ယမင်းဖူးပွင့်အောင်

မဇ္စျိမ။ ။ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၊ ကျောက်လှည်းဘီးကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်၏ ခြေလျင် တပ်ရင်း ခလရ (၁၄၈) ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားပြီဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ်မှ မိုးကုတ်မြို့သို့သွားသည့် လမ်းပိုင်းတွင် တည်ရှိသည့် ခလရ(၁၄၈) တပ်ရင်းအပြင် တွင်းငယ်-မိုးမိတ်လမ်းပိုင်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဆုတ်ခွာပေးခဲ့ရသည်ဟု တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) နှင့်နီးစပ်သူ သတင်းရင်းမြစ်တဦးက မဇ္ဈိမသို့ ပြောသည်။

“မိုးကုတ်တက်တဲ့လမ်းမှာ (၁၄၈) တပ်ရင်း ရှိတယ်။ (၁၄၈) ကို စစ်ကောင်စီကထိန်းသွားပြီ။ တွင်းငယ်သွားတဲ့လမ်းဘက်မှာ စစ်ကောင်စီက စိုးမိုးသွားပြီ။ အဲ့ပေါ်မှာ အဓိက လှုပ်ရှားနေတဲ့ KPDF ရယ်၊ KIA ရယ် ABSDF ရယ် ပြီးတော့ မိုးကုတ်ဗျူဟာရယ်က ဆုတ်သွားပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့သည့် နယ်မြေများကို (TNLA) နှင့် မြန်မာအမျို…
👎8😁3❤1👍1
အလှအပရေးရာဆရာဝန် ဒေါက်တာကြည်ချမ်းကိုအား ဂျပန်အာဏာပိုင်များ တရားစွဲ

ကီရာ

မဇ္ဈိမ ။ ။ ဂျပန်နိုင်ငံ တိုကျိုမြို့ ကိုဂါနဲအိနှင့် မူဆာရှီနိုမြို့နယ်ရှိ အဆောက်အဦတခုတွင် ဆရာဝန်လိုင်စင်မရှိဘဲ ဆေးကုသခွဲစိတ်မှုများပြုလုပ်ခဲ့သည့်အတွက်ဟုဆိုကာ အလှအပရေးရာ မြန်မာဆရာဝန် ဒေါက်တာကြည်ချမ်းကိုအား အမှုဖွင့် တရားစွဲဆိုလိုက်ပြီး ကျန်တဦးဖြစ်သည့် စောဝင်းနိုင်ကို တရားစွဲဆိုမှု မလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်သတင်းဌာနက (မတ်လ၂၅ ရက်) က ဖော်ပြထားသည်။

အသက် ၄၁ နှစ်အရွယ် ဒေါက်တာ ကြည်ချမ်းကို နှင့် အသက် ၃၀ ကျော်အရွယ် စောဝင်းနိုင် တို့နှစ်ဦးသည် ၂၀၂၅ မေလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ ဆရာဝန်လိုင်စင်မရှိဘဲ မြန်မာလူမျိုးအသက်၃၀ကျော်အရွယ်အမျိုးသမီးသုံးဦးကို အပေါ်မျက်ခုံးခွဲစိတ်ခြင်း၊ နှစ်ထပ်မျက်ခုံးခွဲစိတ်မှုအပါအဝင် ဆေးဘက်ဆိုင်ရာလုပ်ဆောင်ချက်ကို ငါးကြိမ်တိုင်ပြုလုပ်ခဲ့သည်ဟုသံသယရှိခြင်းကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်ဇွန်လတွင် ခွဲစိတ်မှုခံယူခဲ့သည့် အသက်၃၀ အရွယ် မြန်မာအမျိုးသမီးတဦးက ခွဲစိတ်ပြီးနောက် မျက်လုံးဖွင့်ရခက်ခဲသည်ဟုတိုင်ကြားရာမှ အမှုပေါ်ပေါက်လာခြင်းဖြ‌စ်ကြောင်း ဂျပန်သတင်းဌာန၏…
❤7👍5🔥2😱2
ထို မဟာဗျူဟာမှာ မိတ်ဖက်နိုင်ငံများ ကျယ်ပြန့်စုံလင်အောင် ထားရှိခြင်းဖြင့် တရုတ်နိုင်ငံအပေါ်တွင် စီးပွားရေးအရ ဟန်ချက်ညီအောင် လုပ်ဆောင်ရေး ဖြစ်သည်။ တိုးတက်မှုနှုန်း မြန်ဆန်သော မဟာ မိတ် ဗီယက်နမ်ထံမှ ရင်းနှီးမြှုပ်နှံမှုများကို လာအိုက ပိုမိုရှာဖွေလာပြီး ရုရှားနှင့်လည်း ဆက်ဆံရေး ပြန်လည် အသက်သွင်းလျက်ရှိရာ၊ မော်စကိုတွင် ကျယ်ပြန့်သော သဘောတူညီချက် ခုနစ်ခုနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

လာအိုအနေဖြင့် ထို မူဘောင်ချမှတ် ချည်းကပ်မှုများအားဖြင့် တရုတ်နှင့် အမှန်တကယ် လမ်းခွဲနိုင်ခြင်း ရှိ၊ မရှိက မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ၂၀၂၄ ခုနှစ်တွင် လာအိုသို့ ဝင်ရောက်သော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၆၆ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံမှပဲ ဖြစ်၍ စီးပွားရေးအရ တရုတ်အပေါ် မှီခိုရမှု ပိုမို နက်ရှိုင်းစေကာ ပိုမို ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိသော အုပ်ချုပ်မှုစနစ်သို့ ပြုပြင်ပြောင်းလဲလိုသည့် LPRP အတွက် ပို၍ စိန်ခေါ်မှု ဖြစ်စေသည်။

လက်တွေ့ကျသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ဆိုရှယ်လစ်မူဝါဒများနှင့် ပေါင်းစပ်ထားသည့် လာအို၏…
👍5🔥5❤1
ခွဲစိတ်မှုကြေညာပြီးနောက် စစ်ခေါင်းဆောင် အစည်းအဝေးတက်ကြောင်း ထပ်မံထုတ်ပြန်လာ

ယမင်းဖူးပွင့်အောင်

မဇ္စျိမ ။ ။မကြာသေးမီက ခွဲစိတ်မှုခံယူထားရသည့် စစ်ခေါင်းဆောင်ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာသည်ဟု စစ်ဘက်ဆိုင်ရာနီးစပ်သူများက သုံးသပ်ပြောဆိုသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်တွင် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ဝေဒနာခံစားရသဖြင့် အိန္ဒိယပါရဂူများနှင့် စစ်ကော်မရှင် ဆေးအဖွဲ့တို့ပူးပေါင်းကာ နှစ်နာရီကြာ ခွဲစိတ်မှုခံယူခဲ့ရသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး တာဝန်များကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိကာ ယမန်နေ့ (မတ်လ ၂၄ ရက်နေ့) က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် စက်သုံးဆီဆိုင်ရာ အစည်းအဝေးကိုပါ တက်ရောက်အမှာစကားပြောကြားခဲ့သည်ဟု ထပ်မံထုတ်ပြန်လာသည်။

စစ်ခေါင်းဆောင်သည် လာမည့်ရက်ပိုင်းအတွင်း ကျရောက်မည့် တပ်မတော်နေ့အခမ်းအနားနှင့် ဒုသမ္မတရွေးပွဲအတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းဖြစ်သည်ဟု အကြမ်…
👎7❤4💩2🔥1
စစ်ခေါင်းဆောင်မိသားစု ထိုင်းတွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူမှု JFM ဖော်ထုတ်

001

မဇ္ဈိမ။ ။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာ တလုံး ဝယ်ယူခဲ့မှုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း Justice for Myanmar (JFM)က ယနေ့ (မတ် ၂၅) တွင် ထုတ်ပြန်သည်။

စစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်လာသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင်၏ သားနှင့်ချွေးမဖြစ်သူတို့သည် ဘန်ကောက်မြို့ရှိ တန်ဖိုးကြီးဇိမ်ခံအိမ်ရာတခုကို ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

ယင်းဝယ်ယူမှုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရခြင်းမရှိသေးသည့် စစ်ခေါင်းဆောင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း JFM က ပြောသည်။

ထိုအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်သော…
👍9🤬4❤3
မြန်မာသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက်ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ၏ လေးပုံတပုံဖြစ်သော လူပေါင်း ၁၂ ဒသမ ၄ သန်းမှာ စားနပ်ရိက္ခာရရှိရေးအတွက် ရုန်းကန်နေရကြောင်း ကုလ သမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဆိုသည်။

"မြေသြဇာဈေးနှုန်း မြင့်တက်လာတာနဲ့ စက်ယန္တရားတွေအတွက် စက်သုံးဆီရရှိမှု ကန့်သတ်ချက်တွေက ရှေ့လာမယ့် စိုက်ပျိုးရာသီကို ခြိမ်းခြောက်နေပါတယ်" ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ် ဒန်းဖို့ဒ်က ပြောကြားခဲ့သည်။

"မတည်မငြိမ်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ထုတ်လုပ်မှုစရိတ်တွေက နှစ်ဆလောက်အထိ မြင့်တက် လာနိုင်ပါတယ်။" ဟု ၎င်းက ပြောသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အီရန်စစ်ပွဲက
#လောင်စာဆီပြတ်လပ်
#မြန်မာတောင်သူများ
#ဒီဇယ်ဆီရရှိရန်
#ရုန်းကန်နေရ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
------------------------------------------
😭7❤6👍2😢1
https://www.youtube.com/watch?v=Xo1xLmLhJ2w
March 25 [ 7 PM ] The Mizzima Primetime
👍2🤮2
https://www.youtube.com/watch?v=0UaqykXQqZ8
Defying Israeli bombs, Lebanese hold out in southern city of Tyre
👍2🤮2❤1
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၅ မတ် ၂၀၂၆ )

စစ်ကိုင်းတိုင်း ၊ ကလေးမြို့မှ ချင်းပြည်နယ် ၊ ဖလမ်းမြို့ဖက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁၀ ဦးခန့်သေဆုံးကြောင်း CDF CDM – Siyin တပ်ဖွဲ့ ထံကသိရသည်။

♦ သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ကလေး
#ဖလမ်းလမ်း
#CDF_CDM_Siyin
#ချင်းပြည်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
#နေ့စဉ်မှတ်စု
------------------------------------------
👍6😁2❤1🤮1