ထရမ့်၏ သောကြာနေ့က အဆုံးသတ်သော တရုတ်ဆီ နိုင်ငံတော် ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်က တရုတ်၏ နယ်မြေအဖြစ် အပိုင်ပြုဆိုထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီ ထိုင်ဝမ်ကျွန်းနိုင်ငံကို ထောက်ခံခြင်းမပြုရန် ထရမ့်အား ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်ဝမ်ဆီ အမေရိကန်၏ လက်နက်ရောင်းချမှုကိစ္စနှင့် ပတ်သက်ပြီး ရှီကျင့်ဖျင်နှင့် ဆွေးနွေးမည်ဟု ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ထရမ့်က ပြောခဲ့ခြင်းမှာ ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှု၌ တရုတ်နှင့် တိုင် ပင်ဆွေးနွေးမည်မဟုတ်ဟူသော အမေရိကန်၏ ယခင် ရပ်တည်ချက်မှ သွေဖည်ခြင်းပဲ ဖြစ် သည်။

👍6😁1😱1
"ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ လွတ်လပ်ရေး ရအောင် လုပ်ပေးဖို့ ကြိုးစားနေမှာ မဟုတ်ပါဘူး၊ ပြီးတော့ သိတဲ့အတိုင်း စစ်ပွဲတခုဆင်နွှဲဖို့ ကျွန်တော်တို့ မိုင်ပေါင်း ၉,၅၀၀ အကွာအဝေးအထိ သွားရမှာလေ၊ ကျွန်တော် အဲဒါမျိုးကို မလိုလားဘူး" ဟု ထရမ့်က ပြောပြီး၊ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးအနေဖြင့် "စိတ်အေးအေးထားကြရန်" လိုလားကြောင်း ထည့်သွင်းဆိုသည်။
အမေရိကန်၏ ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှု မှန်သမျှကို အစဉ်တစိုက် ဆန့်ကျင်လာခဲ့သည့် တရုတ်သို့ ခရီးစဉ် မသွားရောက်မီ၊ ထရမ့်အစိုးရအဖွဲ့က ထိုင်ဝမ်အား အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့် တန်ဖိုးရှိသော လက်နက်ရောင်းချမှု အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြထားသည်။

👍5💩2
မဇ္ဈိမ။ ။ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်ခြောက်ဦးနှင့် သေနတ် ၁၄ လက် ကို တမူးခရိုင် ကွပ်ကဲရေး တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့မှုအပေါ် NUG-MOD ထံ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ရှစ်လကြာသည်အထိ ထူးခြားမှု မရှိသေးကြောင်း ရွှေဘိုခရိုင် တပ်ရင်းမှူး ကိုလက်ျာက ပြောသည်။
ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ အဖွဲ့များ ဖြစ်သည်။ ရွှေဘိုခရိုင် အမှတ် (၉၇၀၆) တပ်ရင်းမှ လက်နက်များကို ပြုပြင်ရန် တမူးခရိုင်အတွင်းသို့ ယူဆောင်လာစဉ် ထိုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

👍6😁1
ပြည်ပရောက်နိုင်ငံသားများကို ငွေပြန်ပို့ရန် စစ်အုပ်စုက ဖိအားပေးသည့် စည်းမျဉ်းများချမှတ်ပြီးနောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ပြန်ပို့ငွေများသည် မြန်မာ၏ အကြီးမားဆုံးနိုင်ငံခြားငွေရင်းမြစ်တခု ဖြစ်လာခဲ့ကြောင်း Bloomberg သတင်းဌာနက မြင်တွေ့ခဲ့ရသည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက် အလက်များတွင် ဖော်ပြထားသည်။
အများပြည်သူသို့ ထုတ်ပြန်ထားခြင်းမရှိသော အချက်အလက်များတွင် ၂၀၂၅ ခုနှစ်တွင် လုပ်သားများ၏ လွှဲပို့ငွေသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံအထိ ရှိခဲ့ပြီး ယင်းမှာ နိုင်ငံခြားငွေစီးဝင် မှုစုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းခန့် ရှိသည်။

😁3👎1😢1
https://www.youtube.com/watch?v=sgedn82l9Ro
မေလ ၁၆ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

YouTube

ဒီကနေ့နားဆင်ရမယ့်အစီအစဉ်တွေကတော့ မြန်မာလက်နက်ပွဲစားကွန်ရက် ထိုင်းတွင် အစုရှယ်ယာဝယ်ရန် ကြိုးပမ်းမှု “ငွေကြေးခဝါချမှုနှင့် ဆက်စပ်သည့် စိုးရိမ်ဖွယ်ရာများ” ဖြစ်စေဟု JFM ပြောတဲ့ သတင်းနဲ့အတူ နေရွှေဝင်းစက်ရုံမှ အလုပ်ထုတ်ခံရသူ ၁၀၀ ကျော်အနက် ၂၀ ခန့်သာ အလုပ်ပြန်ဝင်ပြီး…
👍2
https://www.youtube.com/watch?v=RCiJp3Ug3VQ
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စု ဘာလို့ အခုထိ မလွှတ်သေးတာလဲ| ချစ်သောအညာမြေ Ep - 88

မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ ဒီနေ့အထိ အရေးပါဆဲ၊ လွှမ်းမိုးမှုရှိဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ဘာကြောင့် သူ့ကို အခုထိ ဆက်လက်ထိန်းသိမ်းထားတာလဲ၊ နိုင်ငံတကာ ဖိအားတွေကို ဘာကြောင့် လျစ်လျူရှုထားတာလဲ ဆိုတာက…
👍9🥰1😁1
https://www.youtube.com/watch?v=Wbm3SDMA0YE
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စု ဘာလို့ အခုထိ မလွှတ်သေးတာလဲ

#reels#shorts#ချစ်သောအညာမြေ#Mizzima-----------------------------------------လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတ...
🔥3👍1🥰1
https://www.youtube.com/watch?v=lV2IboN7xn0
Israel strikes Lebanon's Tyre one day after ceasefire is extended

Residents gather among debris in Lebanon's southern city of Tyre after overnight Israeli strikes, as a bulldozer clears rubble from damaged buildings. "They have destroyed the entire neighbourhood. It is complete destruction and harm to the residents," says…
👍6
https://www.youtube.com/watch?v=MPbeBEG9Q7k
မေလ ၁၇ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဥ်

ဒီကနေ့နားဆင်ရမယ့်အစီအစဉ်တွေကတော့ ညောင်ဦးတွင် တိုက်ခိုက်ခံရသည့် စစ်အုပ်စု စစ်ကြောင်းမှ ၄ ဦး သေဆုံးတဲ့ သတင်းနဲ့အတူ လက်နက်နှင့် တပ်ဖွဲ့ဝင်များ ထိန်းသိမ်းခံရမှု NUG-MOD ထံ တင်ပြထားသော်လည်း ၈ လကြာသည်အထိ မထူးခြားဟု ရွှေဘိုခရိုင် တပ်ရင်းမှူးဆိုတဲ့ သတင်းအပါအဝင် …
👍5❤1
https://www.youtube.com/watch?v=qnezwctQMCs
ကော့သောင်းတွင်စစ်အုပ်စုဒေါက်တိုင်အုပ်ချုပ်ရေးမှူးကိုဖမ်းဆီးရမိ၊ထွက်ပြေး၍ပစ်ခတ်ဖမ်းဆီးရာမှသေဆုံးဟုဆို

YT
မဇ္ဈိမ။ ။ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း စစ်အုပ်စုခန့်အပ်ထားပြီး စစ်အုပ်စုတပ်အတွက် အလုပ်လုပ်ပေးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တဦးအား ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်း၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း ကော့သောင်းမြို့နယ်(ပကဖ)က ယမန်နေ့…

👏6👍2
https://www.youtube.com/watch?v=DApk8jney6g
SCEF ဖွဲ့စည်းတည််ထောင်ခြင်း ထောက်ခံဆွေးနွေးပွဲ ဘရစ္စဘိန်းမြို့မှာ ပြုလုပ်

ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းခြင်းနဲ့ ရှေ့လုပ်ငန်းစဥ်များအပေါ် ထောက်ခံဆွေးနွေးပွဲကို ဩစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့ရှိ Gould Adams Park ခန်းမမှာ မေလ ၁၆ရက်နေ့က ကျင်း ပပြု လုပ်သွားပြီး၊ ကွင်းစလန်းပြည်နယ်ရောက် မြန်မာ…
👍7
https://www.youtube.com/watch?v=COQvWb1cP2g
တိုက်ပွဲဖြစ်ပွားခဲ့သည့် ကနေဒီတောင်အနီး လင်းတများ ထူးခြားစွာကျက်စားနေ

ရုပ်သံ - ကလေး - တီးတိန် ကားလမ်းမပေါ်တွင် အုပ်စုဖွဲ့ပျံသန်းနေသော လင်းတများ(တွန်ပူ လူမှုကွန်ရက်) ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့...
👍6😱2🔥1
မဇ္ဈိမ။ ။တနင်္သာရီတိုင်း မြိတ်မြို့နယ်၌ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၇ ရက်) နံနက် ၈ နာရီအချိန်ခန့်က မြိတ်မြို့နယ် ကလွင်စုံခေါင်းရပ်ကွက်၊ ဘိုးဘွားရိပ်သာလမ်းရှိ စက်သုံးဆီဆိုင် ဆီဂိုဒေါင်တွင် ဆီဘောက်ဆာကားသို့ ဆီဖြည့်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ဆီလာဖြည့်သူတဦးနှင့် ဆီဆိုင်မှ အလုပ်သမားနှစ်ဦး သေဆုံးကာ အခြားတဦး ထိခိုက်ဒဏ်ရာ ရထားခြင်းဟု သိရသည်။
“ ဆီကားထဲ ဆီကဲ့နေရင်းနဲ့ ဖြစ်တာလို့ကြားပါတယ်။ ထိတာက ပရဟိတအသင်းက တယောက်၊ ဆီဂိုဒေါင်အလုပ်သမား နှစ်ယောက်၊ ဆိုင်ကယ် ဆီလာဖြည့်တဲ့သူက တယောက်၊ စုစုပေါင်း လေးယောက်။ နှစ်ယောက်က နေရာမှာ သေတာ၊ တယောက်က ဆေးရုံရောက်မှသေတာ။ ကျန်တဲ့တယောက်က စောင့်ကြည့်လူနာပါ” ဟု မြိတ်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

😱4❤3👎1
ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုက အမေရိကန်-တရုတ် ဆက်ဆံရေးတွင် "အလွန်ကောင်းမွန်သော ညှိနှိုင်းရေးဖဲချပ်" တခုဖြစ်သည်ဆိုသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မကြာသေးမီက ပြောကြားချက်ကြောင့် (ပေကျင်းအစိုးရက ၎င်းတို့ပိုင်နက်အဖြစ် အခိုင်အမာပြောဆိုထားသည့်) ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော ထိုင်ဝမ်တွင် စိုးရိမ်ပူပန်မှုများကို ပိုမိုမြင့်တက်လာစေခဲ့သည်။
လများစွာကြာ ကြန့်ကြာနေခဲ့သည့် ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှု အစီအစဉ်ကို အတည်ပြုပေးမည်လားဟု မေးမြန်းရာတွင် ထရမ့်က ယင်းမှာ တရုတ်အပေါ်တွင် မူတည်ကြောင်း ဖြေကြားသည်။
"ကျွန်တော် အဲဒါကို ခေတ္တဆိုင်းငံ့ထားပါတယ်၊ ဒါက တရုတ်အပေါ်မှာပဲ မူတည်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက ကျွန်တော်တို့အတွက် အလွန်ကောင်းတဲ့ ညှိနှိုင်းရေးဖဲချပ်တခုပါပဲ။ လက်နက်တွေ အများကြီးလေ" ဟု ၎င်းက ပြောသည်။

👍5🔥1😁1
ရုရှားသမ္မတ ပူတင်က လာမည့်သီတင်းပတ်အတွင်း ပေကျင်းမြို့သို့ နှစ်ရက်ကြာ ခရီးစဉ်သွားရောက်ပြီး တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့က စနေနေ့တွင် ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်သို့ နိုင်ငံတော်အဆင့်ခရီးစဉ်သွားရောက်မှုပြီးဆုံးပြီးနောက် ၂၄ နာရီမပြည့်မီ ရုရှား၏ ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ထရမ့်သည် တရုတ်တွင် ရှီကျင့်ဖျင်နှင့်တွေ့ဆုံကာ ကုန်သွယ်ရေးကိစ္စရပ်များနှင့် အီရန်စစ်ပွဲအခြေအနေများကို ဆွေးနွေးခဲ့သည်။

🔥7
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်အပြီးတွင် အိမ်ဖြူတော်ဝန်ထမ်းများနှင့် ခရီးစဉ်အတူလိုက်ပါလာသည့် သတင်းထောက်များ အပါအဝင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Air Force One လေယာဉ်ပေါ်သို့ မတက်မီ တရုတ်အရာရှိများ ထုတ်ပေးထားသည့် ပစ္စည်းအားလုံးကို စွန့်ပစ်ခဲ့ကြသည်။
အဆိုပါ စွန့်ပစ်ခဲ့သည့် ပစ္စည်းများထဲတွင် ယာယီသုံးဖုန်းများ၊ သတင်းထောက်ကတ်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင် ရင်ထိုးတံဆိပ်များ၊ လက်ဆောင်များနှင့် အထိမ်းအမှတ် အမှတ်တရပစ္စည်းများ ပါဝင်သည်။ "တရုတ်နိုင်ငံမှ မည်သည့်ပစ္စည်းကိုမျှ" လေယာဉ်ပေါ်သို့ ယူဆောင်ခွင့်မပြုဆိုသော ညွှန်ကြားချက်နှင့်အတူ ထိုပစ္စည်းများကို စုပြီး လေယာဉ်လှေကားခြေရင်းရှိ အမှိုက်ပုံးတခုထဲသို့ ထည့်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
စောင့်ကြည့်ထောက်လှမ်းမှု အန္တရာယ်မြင့်မားသည်ဟု သတ်မှတ်ထားသော နိုင်ငံများသို့ သွားရောက်သည့် ခရီးစဉ်များအတွက် ယခုကဲ့သို့ စွန့်ပစ်ခြင်းမှာ ထောက်လှမ်းရေး တန်ပြန်ကာကွယ်ရေးဆိုင်ရာ စံလုပ်ထုံးလုပ်နည်း တစိတ်တပိုင်း ဖြစ်ကြောင်း အရာရှိများနှင့် လုံခြုံရေးကျွမ်းကျင်သူများက ပြောသည်။

👏8👍2🤣2
မဇ္ဈိမ။ ။ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာခြောက်ရွာအနက် ကျေးရွာ နှစ်ရွာရှိ မီးဘေးသင့်အိမ်ထောင်စု ၂၀၀ ဝန်းကျင်ကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ရပ်ကျေးကူညီရေးအဖွဲ့များက ဆန်၊ ငွေကြေးနှင့် အဝတ်အစားများ နှစ်ရက်ဆက်တိုက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း စလင်းမြို့နယ် (ပကဖ) ထံက သိရသည်။
“မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျေးရွာ နှစ်ရွာ ရှိ အပြစ်မဲ့ပြည်သူ အိမ်ထောင်စု ၂၀၀ ဝန်းကျင်အား တအိမ်ထောင်လျှင် ဆန် နှစ်ပြည်၊ငွေ ၁၀,၀၀၀ ကျပ်နှင့် အဝတ်အစားများအား ရပ်ကျေး(ပကဖ)ကူညီရေးတာဝန်ခံများ၏ ကူညီထောက်ပံ့မှု့ဖြင့် စလင်းမြို့နယ်(ပကဖ) တာဝန်ခံများနှင့် ရဲဘော်များမှ နှစ်ရက်ဆက်တိုက် သွားရောက်ကူညီထောက်ပံ့ ပေးခဲ့ပါတယ်ဗျ”ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စလင်းမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်းများသည် ပြီးခဲ့သည့် မေလ ၁ ရက်နှင့် ၄ ရက်နေ့များတွင် ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာ ခြောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

👍8❤2😁1
မြန်မာတွင် စစ်အုပ်စုက လွတ်လပ်သော သတင်းဌာနသုံးခု၏ လိုင်စင်များကို မကြာသေးမီက ထပ်မံ ရုပ်သိမ်းလိုက်ခြင်းကြောင့် သတင်းစာလွတ်လပ်ခွင့် ဆက်လက်ပိတ်ပင်ကန့်သတ်ခံနေရမှုအပေါ် စိုးရိမ် ပူပန်ကြောင်း ဂျီနီဗာအခြေစိုက်ကမ္ဘာ့မီဒီယာဘေးကင်းလုံခြုံရေးနှင့် အခွင့်အရေးဆိုင်ရာအဖွဲ့ ဖြစ်သော စာနယ်ဇင်းအထိမ်းအမှတ်လှုပ်ရှားမှုအဖွဲ့ (PEC) က ဖော်ပြလိုက်သည်။
စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနသည် မကြာသေးမီက ဥပဒေပုဒ်မအမျိုးမျိုးကို ကိုးကား၍ မြေလတ် အသံ၊ Red News Agency နှင့် Asia Citizens News Agency တို့၏ ထုတ်ဝေခွင့်များကို ပိတ်ပင်ခဲ့သည်။

👍7🔥2❤1👎1😁1
ဂျာမနီနိုင်ငံ ဂျူလစ်ချ် စူပါကွန်ပျူတာစင်တာ (Jülich Supercomputing Centre - JSC) မှ သုတေသီများနှင့် အမေရိကန် နည်းပညာကုမ္ပဏီ NVIDIA တို့သည် ၅၀-Qubit (Quantum Bit - ကွမ်တမ်ဘစ်) ရှိသော ယူနီဗာဆယ် ကွမ်တမ်ကွန်ပျူတာတခုကို ပထမဆုံးအကြိမ်အဖြစ် အပြည့်အဝ ပုံတူသရုပ်သကန် (Simulation) ဖန်တီးနိုင်ခဲ့ပြီး၊ ကွမ်တမ်ကွန်ပျူတာ နည်းပညာလောကတွင် ကြီးမားသော မှတ်တိုင်သစ်တခုကို စိုက်ထူနိုင်ခဲ့သည်။ ယင်းအောင်မြင်မှုကို ပြီးခဲ့သည့် စက်တင်ဘာလက ဂျာမနီနိုင်ငံ Forschungszentrum Jülich သုတေသနအင်စတီကျုတွင် တရားဝင်မိတ်ဆက်ခဲ့သည့် ဥရောပ၏ ပထမဆုံးသော Exascale စူပါကွန်ပျူတာ "JUPITER" ကို အသုံးပြု၍ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအောင်မြင်မှုသည် ၂၀၁၉ ခုနှစ်က ဂျပန်နိုင်ငံ၏ K ကွန်ပျူတာကို အသုံးပြု၍ ဂျူလစ်ချ် သိပ္ပံပညာရှင်များ ကိုယ်တိုင် တင်ရှိခဲ့သည့် ယခင် ၄၈-Qubit စံချိန်ကို ကျော်လွန်သွားခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ နည်းပညာဆိုင်ရာ အောင်မြင်မှုသည် စံအမှတ်သစ်တခု တင်ရှိနိုင်ခဲ့ရုံသာမက JUPITER စူပါကွန်ပျူတာ၏ ကြီးမားလှသော စွမ်းဆောင်ရည်ကိုပါ ပေါ်လွင်စေပြီး၊ အနာဂတ် ကွမ်တမ် အယ်လ်ဂိုရီသမ်များနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမြန်ဆန်လာစေနိုင်သည်။

👍8