Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​အလင်းဝင်ရောက်ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက် စိတ်ဓာတ်စစ်ဆင်ရေးဟု CDF – Matupi ဆို

ပါခွီး
မဇ္စျိမ။ ။ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ မတူပီမြို့တွင် အလင်းဝင်ရောက် လာကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာမှဖော်ပြမှုသည် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)(CDF–Matupi)က ဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မတူပီအခြေချဗျူဟာမှ ပြစ်မှုကျူးလွန်ခြင်းမရှိသော CDF-အကြမ်းဖက် အဖွဲ့မှ အလင်းဝင်ရောက်လာသူများကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနားပြုလုပ် ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြ ထားခြင်းဖြစ်သည်။
“စစ်ကောင်စီရဲ့ သရုပ်ဆောင်နေတာကို အဟုတ်ထင်ပြီးမယုံမိဖို့ပါ။ အဓိက ကတော့ ကျနော်တို့ ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နေတာပါပဲ။ မိဘပြည်သူများအနေနဲ့ အရေးမစိုက်မိဖို့လိုမယ်” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းကမဇ္စျိမကိုပြောသည်။
၎င်းတို့ CDF – Matupi မှ ရဲဘော်များ စစ်ကောင်စီထံအလင်းဝင်ရောက်ခြင်းမရှိကြောင်းနှင့် နှစ်နှစ်ကျော် တော်လှန်ရေးလုပ်နေသော ကာကွယ်ရေးတပ်ဖွဲ့များမှ စိတ်ဓာတ်ကျ၍ အကြမ်းဖက်စစ်ကောင်စီနှင့်ပူး ပေါင်းရန် ဘယ်နည်းဘယ်ဟန်နှင့်မျှ မဖြစ်နိုင်ကြောင်း ဆိုသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့သည့် ပြည်သူနှင့်တသားတည်းဖြစ်နေသောကြောင့် အဓိကထောက်တိုင်ဖြစ် သည့် ပြည်သူကို စိတ်ဓာတ်ရေးရာအရ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ယခင်က ထက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကျစ်လစ်လျက်ရှိနေပြီး စစ်ရေးပိုင်းတွင် လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင် သွားကာ အရေးတော်ပုံအောင်မြင်သည်အထိတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
စစ်ကောင်စီ၏ သတင်းစာတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော စစ်ကိုင်းတိုင်း တမူး၊ ရွှေဘို၊ မကွေးတိုင်း ပခုက္ကူနှင့် ပေါက်၊ ချင်းပြည်နယ် မတူပီမြို့နယ်များမှ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးစေ၍ ထောက်ပံ့ပစ္စည်း များပေးအပ်ခဲ့ကာ မိဘအုပ်ထိန်သူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်းဖော်ပြထားသည်။
မတူပီမြို့နယ်မှ CDF အဖွဲ့ဝင်မည်မျှ အလင်းဝင်ရောက်ခဲ့ကြောင်းအား ဖော်ပြထားခြင်းမရှိပေ ။
စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံသို့ အဆိုပါသတင်းနှင့်ပတ်သက်ပြီး ဆက် သွယ်မေးမြန်ခဲ့ရာ တာဝန်ရှိသူတစ်ဦးမှ ၎င်းတိုတပ်ဖွဲ့ဝင်များ စစ်ကောင်စီတပ်ထံ အလင်းဝင်ရောက်ခဲ့ ခြင်းမရှိခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#CDF–Matupi
#အလင်းဝင်
#စိတ်ဓာတ်စစ်ဆင်ရေး
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁5🔥1
​​မြိုင် PDF သို့ လှူဒါန်းသည့်ပစ္စည်းများကို ဓါးပြတိုက်ရာမှရရှိသည်ဟု သတင်းမှားဖြင့် ပုံဖျက်တိုက်ခိုက်

TK
မဇ္ဈိမ ။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဗိုလ်မိုးကြိုးဦးဆောင်သည့် မြိုင် PDF အဖွဲ့က ပြည်သူများထံမှ ရွှေငွေနှင့်ရိက္ခာများ ဓါးပြတိုက်နေသည်ဟု သတင်းပျံ့လျက်ရှိနေသည်။ ယင်းအဆိုမှာ မှားယွင်းနေပြီး ထိုပစ္စည်းများမှာ ပြည်သူများ လှူဒါန်းထားခြင်းသာ ဖြစ်သည်။
သတင်းစောင့်ဖတ်သူ ၂၀,၀၀၀ ကျော်ရှိ “Banyut” တယ်လီဂရမ်မှ “၁၂ ရက်နေ့က ဗိုလ်မိုးကြိုး PDF အဖွဲ့ က ကျေးလက်နေပြည်သူတွေထံက ဆန်၊ ဆီ၊ ဆား ရိက္ခာရယူသွားသည့်အပြင် ရွှေဆွဲကြိုး ၁ ကုံး၊ နားကပ် ၂ ရံနဲ့ သိန်း ၁၈၀ ဓါးပြတိုက်ယူသွားကြောင်း သတင်းရရှိ၊ ၎င်းတို့ ဓားပြတိုက်မှု ဖုံးကွယ်ရန် သေနတ်တစ် လက်ဝယ်ဖို့လှူဒါန်းဟု သတင်းအမှားလွင့်၊ ဖုံးကွယ်ထားပါတယ်” ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။ ယင်းကို ဖတ်ရှုသူ ၁၄၅၀၀ ကျော်အထိရှိခဲ့ပြီး ဆက်စပ်တယ်လီဂရမ်ချန်နယ် ၁၂ ခုတွင်လည်း ပျံ့နှံ့ခဲ့သည်။
မဇ္ဈိမမှအချက်အလက်စစ်ဆေးချက်များအရ “Banyut” တယ်လီဂရမ်တွင်အသုံးပြုထားသည့် ဓာတ်ပုံများ သည် မြိုင်ဒေသအခြေစိုက် “ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့နှင့်မိုးကြိုး” အဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုးကြိုးကိုယ်တိုင် ၎င်း၏ ဖေ့စ်ဘုတ်အကောင့်တွင်ထားသည့် ဓာတ်ပုံများဖြစ်သည်။
“ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့နှင့်မိုးကြိုး(GOBA)တို့မှ မောင်းပြန်တစ်လက်ဝယ်ယူနိုင်ရန် ပြည်သူ များမှ ရွှေဆွဲကြိုး ၁ ကုံးနှင့် ရွှေနားကပ် ၂ ရံ အပါအဝင် ငွေကျပ် သိန်း ၁၈၀ လှူဒါန်းကြောင်း” ဟု ရေးသား ထားသည်။ ဓားပြတိုက်သည်ဟု ရေးသားဖော်ပြခြင်းမရှိဘဲ ဘေးရှိ ရွာသားများ၏ ပုံရိပ်သည် အေးချမ်းစွာ ရှိနေသည်။ လင့် - https://bit.ly/3xrAklX
မြိုင်ဒေသခံများမှ ပြည်သူ့အားမန်တပ်ဖွဲ့နဲ့ ဗိုလ်မိုးကြိုး(GOBA)တပ်ဖွဲ့တို့အတွက် ရွှေဆွဲကြိုး ၁ ကုံး၊ နား ကပ် ၂ ရံနှင့် ငွေကျပ် သိန်း ၁၈၀ ကျပ်လှူဒါန်းကြောင်း ခေတ်သစ်မီဒီယာက ဖေဖော်ဝါရီလ ၁၅ ရက် တွင် လည်း သတင်းဖော်ပြထားသည်။ လင့် - https://bit.ly/3k4S2Ja
မြိုင်ဒေသခံတစ်ဦးမှလည်း “ကျွန်မတို့မြိုင်ကလူတွေဘယ်လောက်တောင်စည်းရုံးလည်း သတင်းတွေမှာ ဖတ်ရပါလိမ့်မယ်၊ လှူစရာမရှိရင် ရှိတဲ့ပစ္စည်းလေးတွေဖြုတ်လှူကြတာပါ၊ ဗိုလ်မိုးကြိုးအဖွဲ့မှ မဟုတ်ပါဖူး၊ အခြားအဖွဲ့တွေအတွက်လည်း ပစ္စည်းတွေလေလံတင်လှူကြပါတယ်”ဟု မဇ္ဈိမသို့ ပြောကြားသည်။
ထို့ကြောင့် မြိုင် PDF မှ ပြည်သူများကိုဓားပြတိုက်ကာရသည့်ပစ္စည်းများကို လှူဒါန်းသည့်ပစ္စည်းဖြစ် သည်ဟုကြေညာသည်ဆိုသည်မှာ လုပ်ကြံပုံဖျက်ရေးသားထားသည့် သတင်းတစ်ပုဒ်သာဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#မြိုင်
#ဗိုလ်မိုးကြိုး
👍27😁9❤1🥰1
Mizzima pinned «​​မြိုင် PDF သို့ လှူဒါန်းသည့်ပစ္စည်းများကို ဓါးပြတိုက်ရာမှရရှိသည်ဟု သတင်းမှားဖြင့် ပုံဖျက်တိုက်ခိုက် TK မဇ္ဈိမ ။ ။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဗိုလ်မိုးကြိုးဦးဆောင်သည့် မြိုင် PDF အဖွဲ့က ပြည်သူများထံမှ ရွှေငွေနှင့်ရိက္ခာများ ဓါးပြတိုက်နေသည်ဟု သတင်းပ…»
​​စားနပ်ရိက္ခာအကူအညီ လျှော့ချခံရမည့်အရေးကြောင့် ရိုဟင်ဂျာဒုက္ခသည်များ စိတ်ပျက်အားငယ်

မကြာမီ ကြုံတွေ့ရမည့် စားနပ်ရိက္ခာအကူအညီ လျှော့ချမှုက ဘင်္ဂလားဒေ့ရှ်ရှိ ပြန့်ကျဲရှိနေသော ဒုက္ခသည်စခန်းများ၌ နေထိုင်ကြသည့် ရိုဟင်ဂျာ တစ်သန်းခန့်အတွက် “အကြီးအကျယ် ထိခိုက်စေသော” သက်ရောက်မှုတစ်ခု ရှိလာလိမ့်မည် ဖြစ်ကြောင်း အဆိုပါ နိုင်ငံမဲ့လူနည်းစုအသိုင်းအဝိုင်းမှ အစုအဖွဲ့ခေါင်းဆောင်များက ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤮2😁1
​​နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို ထောက်ခံကြောင်း ပညာရေးအဖွဲ့များ သဘောထားထုတ်ပြန်

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန် ထမ်း CDM မူဝါဒစာတမ်းပေါ်တွင် ပညာရေးဝန်ထမ်း CDM အင်အားစုများက ထောက်ခံမှုများပြသလျက် ရှိနေကြသည်။
လက်ရှိအချိန်ထိ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရွှေဘိုခရိုင်တို့မှ ပညာရေးဘုတ်အဖွဲ့များက အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေ ထွေသပိတ်ကော်မတီ(BEGSC)၏ ထုတ်ပြန်ချက်များအရ သိရသည်။
အခြေခံပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ(BEWU-SC)မှ ဗဟိုအလုပ်အမှုဆောင် ဆရာနောင်ချိုက “CDM မူဝါဒနဲ့ပတ်သက်ပြီး ကန့်ကွက်ကြတဲ့အစုအဖွဲ့တွေပေါ်လာကြတဲ့အခါမှာ CDM ထုရဲ့ မြေပြင်အသံကို ကန့်ကွက်တဲ့အဖွဲ့တွေ၊ တော်လှန်ရေးဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေကို သတိချပ် မိဖို့အတွက် ကျနော်တို့အနေနဲ့ ထုတ်ပြန်ကြေညာရတာဖြစ်ပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါသဘောထားများကို NUG CDM Success Committee ကို လိပ်မူပြီးပေးပို့ထား ပြီး နောက်ထပ်အင်အားစုများ၏ သဘောထားထုတ်ပြန်မှုများလည်း ရှိလာမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်း CDM မူဝါဒထွက်ပေါ်နိုင်ရန်အတွက် မြေပြင်ရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ CDM ဦး ဆောင်ကော်မတီများ၊ သက်ဆိုင်ရာအစုအဖွဲ့အသီးသီးမှ အကြံပြုချက်များပေးပို့ခဲ့ကြပြီးနောက်တွင် JCC -CDM မှရေးဆွဲခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ အဆိုပါမူဝါဒစာတမ်းကို ထုတ်ပြန်ပေးခဲ့ပြီး နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများအကြားတွင် ဝေဖန်မှုများဖြစ် ပေါ်ခဲ့သည့်။ အထူးသဖြင့် Non-CDMများကို အရေးယူခြင်းအပေါ်တွင် ဝေဖန်မှုများရှိလာခဲ့ခြင်းဖြစ်သည်။
“အပြင်မှာရှိတဲ့ ဝေဖန်မှုတွေအပေါ် CDM ဝန်ထမ်းထုကတော့ ကျနော်တို့က တရားမျှတမှုအတွက်လုပ် နေတဲ့အခါမှာ ဒီတရားမျှတမှုကို ကြားကာလမှာ မဖြစ်မနေပြန်လည်ရှာဖွေပေးဖို့လိုတယ်။ ဒီဝေဖန်ချက် တွေအပေါ်မှာ CDM ထုရဲ့ အသံကို အလေးအနက်ထားပြီး နားထောင်သင့်တယ်။
သဘောထားကို အလေး နက်ထားသင့်တယ်လို့ ရှုမြင်ပါတယ်” ဟု အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ် ကော်မတီ(BEGSC)မှ အတွင်းရေးမှူးအဖွဲ့ဝင် ဆရာကျော်ရဲလွင်က ဆိုသည်။
စစ်အာဏာရှင်ယန္တရားအောက်မှရုန်းထွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း CDM များသည် အကြမ်းဖက် စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်ခံရခြင်း ၊ လုံလောက်သော ထောက်ပံ့ကူညီမှုများမရရှိခြင်း ၊ ဘဝရပ် တည်ရေးများပျက်စီးဆုံးရှုံး၍ ပြည်သူများနှင့်တသွေးတည်းတသားတည်း ဒုက္ခအခက်အခဲပေါင်းများစွာ ကို နှစ်နှစ်တာအတွင်း ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြသည်ဟု CDM များ၏ ပြောပြချက်အရသိရသည်။
NUCC မှထုတ်ပြန်ကြေညာခဲ့သည့် အဆိုပါမူဝါဒစာတမ်းသည် လက်ရှိအချိန်တွင် မူဝါဒအဖြစ်သာရှိနေ သေးပြီး ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲရန်ကျန်ရှိနေသည်၊။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#CDMမူဝါဒစာတမ်း
#NUCC
#ပညာရေးဝန်ထမ်း
👍17🥰1😁1🤮1
❤4
ရွှေဘိုတွင် မြဝတီဘဏ်ရှေ့ကင်းစောင့်နေသော စစ်ကောင်စီတပ် ဗုံးဖြင့်တိုက်ခိုက်ခံရ

007
မဇ္စျိမ။ ။ရွှေဘိုမြို့တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ပိုင် မြဝတီဘဏ်ရှေ့တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများ ဗုံးဖြင့်တိုက်ခိုက်ခံရပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရသွား ကြောင်း သတင်းရရှိသည်။
“ဘဏ်ရှေ့မှာ ကင်းစောင့်တဲ့ အစောင့်စစ်သားတွေကို ဗုံးနဲ့ထုသွားတာပါ။ နှစ်ယောက်သုံးယောက် အပြင်း အထန် ဒဏ်ရာရတယ်လို့ ကြားတာပဲ။ ဆေးရုံကားနှစ်စီး ဝင်လာတာလည်း တွေ့တယ်၊ လူနာတင်ပြီး ပြန် ထွက်သွားတာလည်း တွေ့တယ်၊ သေ မသေတော့မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီခန့်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့ လမ်းမတော်လမ်း၊ မြဝတီဘဏ်ရှေ့ရှိ ဘန်ကာအတွင်းကင်းစောင့်နေသာ စစ်ကောင်စီတပ်သား ခုနစ်ယောက်ကို ပြည်သူ့ကာကွယ်ရေး ပြောက် ကျားတပ်ဖွဲ့နှစ်ခုဖြစ်သော Who Am I-Army နှင့် Ranger Army တို့ ပူးပေါင်းပြီး၊ လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Who Am I အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
“ဘန်ကာအတွင်းကင်းစောင့်နေသော စကစ ၇ ဦးခန့်အား၊ Who Am I-Army နှင့် Ranger Army ပူးပေါင်းတပ်ဖွဲ့များမှ K.R.L လက်ပစ်မိုင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှု ကြောင့်၊ စကစများ လက်နက်ငယ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး၊ K.R.L ဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိခဲ့ကာ စကစနှစ်ဦး ပြင်းထန်ဒဏ်ရာဖြင့် မြဝတီဘဏ်ရှေ့တွင် လူနာတင်ကားများခေါ်ယူခဲ့ရကြောင်းသိရသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Who Am I-Army နှင့် Ranger Army ပူးပေါင်းတပ်ဖွဲ့များသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၆ နာရီခွဲ ခန့်ကလည်း၊ ရွှေဘိုမြို့မရဲစခန်းအတွင်းရှိ မျှော်စင်ပေါ်ကင်းစောင့်နေသည့်ရဲများအား လက်ပစ်မိုင်း နှစ်လုံး ဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်တိုင်း
#ရွှေဘိုမြို့
#မြဝတီဘဏ်
#ဗုံးဖြင့်တိုက်ခိုက်
👍12❤2😁2
​​နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကွင်းကောက်မြို့ တောင်ဘက်ကမ်း အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်

မင်းထက်
မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊ တောင်ဘက်ကမ်းအုပ်ချုပ်ရေးမှူးရုံးကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဖေဖော်ဝါရီလ ၁၉ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်အချိန်က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း စွန်ရဲနီအဖွဲ့ခေါင်းဆောင်ကပြောသည်။
အဆိုပါ ဗုံးဖောက်ခွဲမှုကို စွန်ရဲနီနွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်းမှပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခိုင်ရေး ပါတီဝင်များစုပေါင်းကာ လောင်းကစားဝိုင်းနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်နေသည့်အတွက် နန်းထိုက်အောင် စစ်ဆင်ရေးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စွန်ရဲနီအဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်ကပြောသည်။
“ကြံ့ခိုင်ရေးတွေစုပြီး တေးဂီတပွဲနဲ့ နွားပြိုင်ပွဲ၊ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ ဇယ်ဝိုင်းတွေလုပ်နေတဲ့အနားက အုပ် ကြီးရုံးကို ဖောက်ခွဲတာပါ။ အဲ့ဒီပွဲကို စစ်ကောင်စီခန့် ဝန်ကြီးချုပ်လာမယ်ဆိုပြီး လုံခြုံရေးတွေအများကြီး ချထားတော့ ထိခိုက်မှုရှိ မရှိ မသိရသေးပါဘူး”ဟုဆိုသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ည ၉ နာရီကျော်ခန့်တွင် တေးဂီတပွဲနှင့် လောင်းကစားဝိုင်းများတွင်ရှိနေ သည့် ကြံခိုင်ရေးပါတီဝင်များနှင့် စစ်တပ်ထောက်ခံသူများအားလုံး အိမ်ပြန်သွားကြသည်ဟု ဗိုလ်သူရိန်က ပြောသည်။
ဗုံးပေါက်ကွဲမှုအပြီး ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲအချို့ ဗုံးပေါက်ကွဲရာနေရာသို့ လာရောက်စစ်ဆေးသွားကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဧရာ၀တီတိုင်း
#ကွင်းကောက်မြို့
#နန်းထိုက်အောင်စစ်ဆင်ရေး
#စွန်ရဲနီအဖွဲ့
👍11😁5❤2🥱1
​​အလုပ်အကိုင်လိမ်ညာခံရပြီး မြန်မာနိုင်ငံ၌ ပိတ်မိနေသော အိန္ဒိယနိုင်ငံသား ၉ ဦးကို ပြန်ကယ်ထုတ်

“မြန်မာနိုင်ငံမှာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းအဖွဲ့တွေရဲ့ အလုပ်အကိုင် လိမ်ညာကမ်းလှမ်းခေါ်ယူတာကို ခံခဲ့ကြရတဲ့ အိန္ဒိယနိုင်ငံသား ကိုးယောက်ကို ဒီနေ့မှာပဲ သံရုံးက မူလမိခင်နိုင်ငံကို ပြန်ပို့ပေးခဲ့တယ်။ သူတို့ဟာ ရန်ကုန်ကနေ ကိုးလ်ကတ္တားကို ထွက်ခွာပြီး အဲဒီနောက် သူတို့ရဲ့ သက်ဆိုင်ရာ နေရာတွေကို ဆက်သွားပါလိမ့်မယ်” ဟု အိန္ဒိယသံရုံးက တွစ်တာတွင် ရေးသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮2
👍5😁4
ကျောက်မျက်တောင်ပေါ်မှ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်များ သိမ်းပိုက်၊ လက်နက်များ သိမ်းဆည်းရရှိ

MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အကြားရှိ ကျောက်မျက်တောင်ပေါ် တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းတွင် ကာကွယ် ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ပြီးနောက် စခန်းနှင့်လက်နက်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း Dragon Brother Task Force- DBTF မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောသည်။
“အဲဒီစခန်းကို ဝင်တိုက်တာ တစ်နာရီခွဲလောက်ကြာတယ်။ သူတို့ဘက်မှာ ထိခိုက်ဒဏ်ရာရရှိတာတွေ တော့ရှိတယ်။ သူတို့က စခန်းကို စွန့်ပြီးထွက်ပြေးသွားကြတာ။ စခန်းကို သိမ်းလိုက်နိုင်တယ် ခဲယမ်းမီး ကျောက်တွေလည်း သိမ်းလိုက်နိုင်တယ်” ဟုပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် တစ်ဦးကျဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသေဆုံးမှု နှင့် ပတ်သက်၍ မျက်မြင်တွေ့ ရှိခဲ့ရခြင်းမရှိသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု များပြားနိုင်ကြောင်း ကိုဂျော်ဒန်က ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်စခန်းအတွင်း ရှိ M-14 နင်းမိုင်း အလုံး ၄၀၊ စနက်တံပါ MG-1 ပလပ်စတစ် လက်ပစ်ဗုံး အလုံး ၃၀၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀၊ Anti Drone Gun တစ်လက် သိမ်းဆည်းရမိခဲ့ ကြောင်း DBTF အဖွဲ့က ထုတ်ပြန်ထားသည်။
ကျောက်မျက်တောင်စခန်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့်နေရာတစ်ခုဖြစ်ပြီး ၎င်းတို့တပ်စွဲထားသည်မှာ ရက်သတ္တ သုံးပတ်ခန့် ရှိပြီဖြစ်ကြောင်း ကိုဂျော်ဒန်က ရှင်းပြသည်။
ယခုတိုက်ပွဲကို နဂါးညီနောင်အထူးတပ်ဖွဲ့(DBTF) နှင့်အတူ KLG တပ်မဟာ၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF ၊ B 21 PDF ၊ Double K တပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင် (LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Yinmarbin PDA ၊ Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ မဟာမိတ်တပ်ပေါင်းစုများနှင့် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ကျောက်မျက်တောင်
👍25❤4😁2