Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep12 seg - 2 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)

Watch more detail - https://youtu.be/JINeQji9GV0

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍9🤮1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၀ ဖေဖော်ဝါရီ ၂၀၂၃ )

ကရင်နီပြည်နယ်တွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ပိုမိုအားကောင်းလာပြီး နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များကို ထိန်းချုပ်ထားနိုင်သည့်အထိ စစ်ရေးစွမ်းရည်မြင့်မားလာသည်။ ဒေသခံကာကွယ် ရေးတပ်များ လက်နက်ခဲယမ်း လုံလောက်သည့် အချိန်တွင် ကရင်နီဒေသကို စစ်ကောင်စီတပ်များ လက်လွှတ်ရဖွယ်ရှိနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤7🔥1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်ထုတ်လွှင့်မှုများ

https://youtu.be/-lBsJUQD4Tc
#PVTV
#MizzimaTV

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14❤3😁1🤮1
နနွင်းရဲ့အကျိုးကျေးဇူးများ
==========

-နနွင်းက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-နနွင်းမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-နနွင်းမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/tNHtsuDktUY

#Nature
#NatureArticle
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😱1🤮1
​​ယူကရိန်းအရေးတွင် ရုရှားအား အကူအညီပေးမှုအပေါ် တရုတ်ကို အမေရိကန် သတိပေး
======================

တရုတ်နိုင်ငံအနေဖြင့် ရုရှားကို ပစ္စည်းများ ပံ့ပိုးပေးပါက နောက်ဆက်တွဲ အကျိုးဆက်များနှင့် ကြုံတွေ့ရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်န်က တရုတ်သံတမန် ဝမ်ယိကို သတိပေးထားကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ပြောကြားလိုက်သည်။

 မြူးနစ်လုံခြုံရေး နှစ်ပတ်လည်ညီလာခံနှင့် ပူးတွဲကျင်းပသည့်အစည်းအဝေးတွင် ဘလင်ကင်န်သည် ဝမ်ယိနှင့် တွေ့ဆုံပြီး ယူကရိန်းတွင် ရုရှား၏ အထူးစစ်ဆင်ရေးအတွက် တရုတ်က အထောက်အပံ့ပစ္စည်းများ ပေးပါက နောက်ဆက်တွဲ အကျိုးဆက်များကို ကြုံတွေ့ရမည်ဟု ပြောကြားခဲ့သည်။

"ရုရှားက ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဆင်နွှဲတဲ့စစ်ပွဲမှာ တရုတ်က ရုရှားကို ပစ္စည်းအထောက်အပံ့ ပေးတာဖြစ်စေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လက်တစ်လုံးခြား ရှောင်လွှဲဖို့ ကူညီမယ်ဆိုရင် နောက်ဆက်တွဲ အကျိုးဆက်တွေကြုံရမယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီးက သတိပေးခဲ့ပါတယ်" ဟု နက်ပရိုက်စ်က ပြောကြားခဲ့သည်။
👍13❤3😁2
​​တရုတ်တွင် ထိပ်တန်းနည်းပညာလုပ်ငန်းရှင်ကြီး ဘောင်ဖန် ပျောက်ဆုံးနေ
====================

တရုတ်နည်းပညာကုမ္ပဏီကြီးများဖြစ်ကြသော ဒီဒီ (Didi) နှင့် မေတွမ် (Meituan) တို့ပါဝင်သည့် ကုမ္ပဏီလုပ်ငန်းစုများကို ကြီးကြပ်သော တရုတ်နိုင်ငံ၏ အထင်ရှားဆုံး ရင်းနှီးမြုပ်နှံမှု ဘဏ်လုပ်ငန်းရှင်များအနက် တစ်ဦးဖြစ်သူ ဘောင်ဖန်မှာ ပျောက်ဆုံးလျက်ရှိကြောင်း ၎င်းတည်ထောင်ထားသည့် ရင်းနှီးမြှုပ်နှံမှုဘဏ်က ပြောကြားသည်။ 

အဆိုပါ ဘီလျံနာသူဋ္ဌေး ရင်းနှီးမြုပ်နှံမှုဘဏ်လုပ်ငန်းရှင်နှင့် အဆက်အသွယ်မရတော့ကြောင်း China Renaissance Holdings Ltd က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဟောင်ကောင်စတော့အိတ်ချိန်းသို့ အကြောင်းကြားခဲ့သည်။

" ဘောင်ဖန်အား ဆက်သွယ်၍ မရခြင်းသည် ပုံမှန်အတိုင်း လုပ်ဆောင်နေသော အဖွဲ့၏ လုပ်ငန်း သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆက်စပ်နေသည် သို့မဟုတ် ဆပ်စပ်နေနိုင်သည်ဟူသော သဲလွန်စကို ဘုတ်အဖွဲ့အနေဖြင့် မတွေ့ရကြောင်း” ဘောင်ဖန်က ရှယ်ယာ ၅၀ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်ထားသည့် China Renaissance ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၃ | VOA on Mizzima
=======================

ယူကရိန်းဒုက္ခသည်တွေအတွက် အခမဲ့ ရထား အကြောင်း နဲ့ နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အနေနဲ့ ယူကရိန်း လိုအပ်တဲ့ လက်နက်ခဲယမ်း၊ လောင်စာနဲ့ အပိုပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်နေတဲ့သတင်းအပါအဝင် စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/G3vqTb5dPs0

#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5😁2
​​ထိုင်ဝမ်သို့ လက်နက်ရောင်းချသည့် အမေရိကန်ကုမ္ပဏီ Lockheed Martin နှင့် Raytheon တို့ကို တရုတ် ဒဏ်ခတ်ပိတ်ဆို့
========================

တရုတ်သည် အမေရိကန်ကုမ္ပဏီများအား နောက်ဆုံး ပိတ်ဆို့အရေးယူမှုအဖြစ် Lockheed Martin ကုမ္ပဏီနှင့် Raytheon Technologies ၏ ကုမ္ပဏီခွဲတစ်ခုတို့အား ထိုင်ဝမ်သို့ လက်နက်များရောင်းချမှုနှင့်ပတ်သက်၍ အမည်ပျက်စာရင်းသွင်းကာ တရုတ်နိုင်ငံနှင့် ၎င်းကုမ္ပဏီများအကြား တင်သွင်းမှုနှင့်တင်ပို့မှုများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစကာ ပိတ်ပင်လိုက်သည်။

အမေရိကန်စစ်တပ်က တရုတ်သူလျှိုမိုးပျံပူဖောင်းအား ပစ်ချပြီးနောက် ဆက်ဆံရေးတင်းမာမှု မြင့်တက်နေချိန် တရုတ်က အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်စေသည့် သက်ဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများကို တန်ပြန်စီမံချက်များလုပ်ဆောင်မည်ဟု သတိပေးပြီးနောက် ၁ ရက်အကြာတွင် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

Lockheed Martin Corp နှင့် Raytheon Technologies Corp ၏ လက်အောက်ခံ Raytheon Missile and Defence Corp တို့ကို တရုတ်နိုင်ငံနှင့် ဆက်စပ်သော သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမှ တားမြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
😁10👏3👍1
​​ထိုင်ဝမ်ရေတပ်က ပြည်တွင်းထုတ် တတိယမြောက် ဒုံးကျည်တပ်စစ်သင်္ဘောကို ရေချ
======================

ထိုင်ဝမ်ရေတပ်သည် ပြည်တွင်း၌ တည်ဆောက်ခဲ့သော တတိယမြောက် Tuo Chiang အမျိုးအစား ဒုံးကျည်တပ် စစ်သင်္ဘောကို ယီလန်ကောင်တီတွင် ဖေဖော်ဝါရီလ ၁၆ ရက်က ရေချအခမ်းအနား ပြုလုပ်ခဲ့ပြီး ကီလန်းမြို့ရှိမြစ်အမည် ဆုချန်း (Hsu Chiang ) ဟု အမည်ပေးထားသည်။

Tuo Chiang အမျိုးအစား အဆိုပါ ဒုံးကျည်တပ်စစ်သင်္ဘောကို ထိုင်ဝမ်က ဒီဇိုင်းထုတ်လုပ်၍ Lungteh Shipbuilding Co. မှ ထိုင်ဝမ်ရေတပ်အတွက် တည်ဆောက်ထားကာ မြန်ဆန်ပြီး ရေဒါဖြင့်မဖမ်းနိုင်သော ဘက်စုံသုံး စစ်သင်္ဘောဖြစ်သည်။

Tuo Chiang (PGG-618) ဟု အမည်ရသော ပုံစံတူသင်္ဘောသည် ၂၀၁၅ ခုနှစ်တွင် ပထမဆုံး တပ်တော်ဝင်ခဲ့သည်။ Tuo Chiang အမျိုးအစားဒုံးကျည်တပ်စစ်သင်္ဘော၏ ပထမမြောက်သင်္ဘော Ta Chiang ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း ဒုတိယမြောက် Fu Chiang ကို ယမန်နှစ် စက်တင်ဘာလတွင် လည်းကောင်း ရေချခဲ့သည်။
❤6👍5🔥1
ဖေဖော်ဝါရီလ ၂၁ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
======================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကျောက်မဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၅ ဦးကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ အတူ

နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို ထောက်ခံကြောင်း ပညာရေးအဖွဲ့တွေ သဘောထားထုတ်ပြန်တဲ့ သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ Mizzima Editorial Talk ဆွေးနွေးခန်း အစီအစဉ်ကိုလည်း နားဆင်ရဖို့ ရှိပါမယ်။

https://youtu.be/91bjkpCV5OI

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2😁1🤮1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_22 Seg_2 | တို့ဟူးနွေ

Watch more detail - https://youtu.be/kyev2VkXv3U

#thecookingguy #mizzimatv #reels #shorts #cooking
👍1💩1
​​ထိုင်ဝမ်ကမ်းလွန်ကျွန်းငယ်ပေါ်တွင် တရုတ်မိုးလေဝသပူဖောင်း အပျက်အစီးများ တွေ့ရှိ 
=======================

ထိုင်ဝမ်စစ်တပ်သည် တရုတ်နိုင်ငံအနီး ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းငယ်တစ်ခုပေါ်တွင် တရုတ်မိုးလေဝသပူဖောင်းအပျက်အစီးဟု ယူဆရသည့်အရာကို ဖေဖော်ဝါရီလ ၁၆ ရက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုင်ဝမ် လီယန်ချန်းကောင်တီအုပ်ချုပ်မှုအောက်ရှိ မာ့ဆုကျွန်းစု၏ အစိတ်အပိုင်းဖြစ်သော ဒုန်ယင်ကျွန်းငယ်အား စောင့်ကြပ်နေသည့် ထိုင်ဝမ်စစ်တပ်ဒုန်ယင်နယ်မြေကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများက တရုတ်မှ လွှင့်တင်လိုက်သည်ဟု ယူဆရသည့် မိုးလေဝသပူဖောင်း၏ အပျက်အစီးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှ ကီလိုမီတာ ၄၀ ခန့်အကွာတွင်ရှိသော အဆိုပါ ကျွန်းငယ်သည် တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး ထိုင်ဝမ်ထိန်းချုပ်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။
🔥1🤬1
​​ပါကစ္စတန်၏ လက်ရှိအကျပ်အတည်းနှင့် အကြမ်းဖက်မှုများက အစိုးရမူဝါဒအားနည်းချက်ကြောင့်ဟု လုံခြုံရေးဖိုရမ် ထောက်ပြ
===================

ပါကစ္စတန်တွင် အဆင်မ်မူနား စစ်ဦးစီးချုပ်ဖြစ်လာပြီးနောက် နိုင်ငံအတွင်း တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများသည် အဆိုးရွားဆုံးသောစီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းကိုရင်ဆိုင်နေရသည့် ပါကစ္စတန်အတွက် အဓိက ပြဿနာကြီးဖြစ်လာပြီး ထိုသို့ဖြစ်ရခြင်းမှာ မူဝါဒဖွဲ့စည်းပုံတွင် လစ်ဟာမှုများရှိခြင်းနှင့် အာဏာရှိသူများက အကြမ်းဖက်မှုကို အထောက်အပံ့ပြုနေခြင်းကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လုံခြုံရေးဖိုရမ် (IFFRAS) မှ ဖော်ပြထားသည်။ 

တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) နှင့် ၎င်း၏အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၃ လအတွင်း တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၆၀ ပြုလုပ်ခဲ့ကာ လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့သလို ၎င်းဖြစ်ရပ်များက အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ဆောင်မည့် နိုင်ငံကာကွယ်ရေးစနစ်၏ အားနည်းချက်များကို ပြသနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပါ့ရှ်ဝါရဲစခန်းဝင်းအတွင်းရှိ ဗလီတွင် ဝတ်ပြုနေကြစဉ်အတွင်း အသေခံ ဗုံးခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀၃ ဦး သေဆုံး၍ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ကို ကိုးကား၍ တိုရွန်တိုအခြေစိုက် အကျိုးအမြတ်မယူသော လွတ်လပ်သည့် အကြံပေးအဖွဲ့ IFFRAS က ဖော်ပြခဲ့သည်။
👍3👏1😁1
ယူကရိန်းဒုက္ခသည်တွေအတွက် အခမဲ့ ရထားခရီးစဉ် | VOA on Mizzima
=====================

ယူကရိန်းစစ်ပွဲ အစောပိုင်းကာလတွေအတွင်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ဥရောပတစ်ခွင် အခမဲ့ခရီးသွားလာခွင့်ရခဲ့ပါတယ်။ စစ်ပွဲ တနှစ်ကြာလာတဲ့အခုချိန်ထိ နိုင်ငံတွင်းက ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ရှိနေသေးသလို စေတနာ့ဝန်ထမ်းတွေပြေးဆွဲပေးနေတဲ့ ပိုလန်-ဂျာမနီ အခမဲ့ ရထားခရီးစဉ်တွေလည်း ဆက်ရှိနေတာပါ။ Henry Ridgwell သတင်းပေးပို့ထားပါတယ်။

https://youtu.be/-NFjy4rwEEg

#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁2
ယူကရိန်းလက်နက်ထပ်ပေးဖို့ ၅၄ နိုင်ငံပြင်ဆင် | VOA on Mizzima
=======================

ရုရှားတပ်တွေကို ယူကရိန်းတပ်တွေက နွေဦးပေါက်လောက်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားလိုက်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အနေနဲ့ ယူကရိန်း လိုအပ်တဲ့ လက်နက်ခဲယမ်း၊ လောင်စာနဲ့ အပိုပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်နေပါတယ်။ ဗီအိုအေ သံတမန်ရေးရာသတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ဆက်ထားပါတယ်။

https://youtu.be/BJqgPMN5UWM

#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4❤1🤮1
စွန့်ပစ်စစ်လက်နက်ကနေ ပြောင်းလဲထားတဲ့ ပရိဘောဂများ | VOA on Mizzima
=======================

တနှစ်နီးပါး စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံက စွန့်ပစ် စစ်မြေပြင်သုံးပစ္စည်းတွေကို ပရိဘောဂအဖြစ် ပြောင်းလဲဖန်တီးထားပါတယ်။ ဒီပစ္စည်းတွေရောင်းရငွေကို ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် ရန်ပုံငွေအဖြစ် ထောက်ပံ့မှာ ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။

https://youtu.be/7dlbrvYnfIQ

#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
--------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍1🔥1
နျူးကလီးယားလက်နက် START စာချုပ်သစ်နဲ့ ရုရှားလုပ်ရပ် | VOA on Mizzima
========================

အမေရိကန်ပြည်ထောင်စုနဲ့ ရုရှား နှစ်နိုင်ငံကြား နောက်ဆုံး ကျန်နေသေးတဲ့ နျူကလီးယား လက်နက်ဆိုင်ရာ သဘောတူညီချက် START စာချုပ်သစ်ကို ရုရှားဘက်က ချိုးဖောက်နေတယ်လို့ အမေရိကန်အစိုးရက ပြောဆိုထားပါတယ်။ START သဘောတူညီချက်အရ လိုက်နာဆောင်ရွက်ရမယ့် နျူကလီးယား စက်ရုံ စစ်ဆေးမှုတွေကို ရုရှားက ပြီးခဲ့တဲ့သြဂုတ်လက စပြီး ရပ်ဆိုင်းခဲ့တာပါ။ ဗွီအိုအေ အကြီးတန်း သံတမန် သတင်းထောက် Cindy Saine ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

https://youtu.be/50CvcAlegz0

#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1
စစ်ကောင်စီကို လှည့်စားနိုင်တဲ့ ပြည်တွင်းထောက်ပို့တွေ (ဆောင်းပါး)
======================

နွေဦးတော်လှန်ရေး နှစ်နှစ်ကျော် ကာလမှာ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီကို ဖြုတ်ချလိုတဲ့ ဆန္ဒတွေ ပြင်းပြနေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း အင်တိုက်အားတိုက် ရှာဖွေနေတာ ကမ္ဘာကတောင် အံ့သြ ချီးကျူးရတဲ့ အထိပါပဲ။တော်လှန်ရေးရန်ပုံငွေကို နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေတာ မြန်မာတစ်နိုင်ငံတည်း တွေ့ဖူးသေးကြောင်းကို အမေရိကန်နိုင်ငံက တော်လှန်ရေးရန်ပုံငွေ ရှာဖွေရေး သုတေသနပြုသူ ပါမောက္ခတစ်ဦးက ပြောခဲ့ဖူးပါတယ်။အဲဒီလို တော်လှန်ရေးရန်ပုံငွေ ရှာဖွေကြရမှာ ပြည်ပရောက်မြန်မာတွေရဲ့ အားက မသေးလှပါဘူး။ ဈေးရောင်းပွဲ၊ လေလံတင်ပွဲ အစရှိတဲ့ ပွဲတွေလုပ်ပြီး ရှာဖွေကြသလို ဖျော်ဖြေပွဲတွေကျင်းပပြီး ရန်ပုံငွေရှာဖွေတာတွေလည်း ရှိပါတယ်။ထူးထူးခြားခြားပုံစံမျိုးတွေနဲ့ ရန်ပုံငွေရှာတာတွေလည်း တွေ့ရပါတယ်။ နွေဦးထီရောင်းတာ၊ ပြည်တွင်းက စစ်ကောင်စီသိမ်းထားတဲ့ မြေကွက်တွေ ရောင်းတာ၊ ကွန်ဒိုတွေ ကြိုရောင်းတာမျိုး၊ PDF ဂိမ်းတီထွင်ပြီး အဲဒီကနေရှာတာ၊ ကလစ်ရုံနဲ့ ငွေရတာ စတဲ့ ရန်ပုံငွေ ရှာဖွေတဲ့ နည်းလမ်းပေါင်းစုံ သုံးပြီး တော်လှန်ရေး အတွက် ရန်ပုံငွေကို ရှာကြပါတယ်။

https://youtu.be/oHB0R1Vf9J0

#newsfeature
#politics
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18❤3😁1
မြေအောက် သတင်းသမား
==============

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်မှာ သတင်းလွတ်လပ်ခွင့် ပျောက်ဆုံးသွားပါတယ်။

သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ သတင်းလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းမိခဲ့ရင် အသက်သေတဲ့အထိ နှိပ်စက် ညှင်းပန်းကြပါတယ်။ မသေခဲ့ရင်လည်း ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့်စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အသက်နဲ့ဘဝကို ရင်းပြီး လျှို့ဝှက်လုပ်ကိုင်နေကြရတဲ့ ပြည်တွင်းက သတင်းသမားတွေရဲ့အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး ၂နှစ်အတွင်း ရုန်းကန်ရှင်သန်နေရတဲ့ အခြေနေတွေကို အခုမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/7EVSe5wULkA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤12👍1🥴1