Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖေ​ဖော်ဝါရီလ 21 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
​​Non CDM များ CNO/CNDF ထိန်းချုပ်နယ်မြေထဲမှ အမြန်ထွက်ကြဖို့ သတိပေးစာထုတ်
========================

ယောလင်းထန်း
မဇ္ဈိမ ။ ။ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDFထိန်းချုပ်နယ်မြေအတွင်းရှိ Non-CDM များကို အရေးယူတော့မှာဖြစ်သည့်အတွက် ယခုလ ဖေဖော်ဝါရီမကုန်ခင် CNO/CNDF ထိန်းချုပ်နယ်မြေထဲကနေ ထွက်ခွာကြဖို့ CNO/CNDF က ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတိပေးစာထုတ်ပြန်ထား ရှိကြောင်းသိရသည်။

‘’Non-CDM တွေကို အရေးယူတော့မှာမို့ အခုလဖေဖော်ဝါရီမကုန်ခင် CNO/CNDF ထိန်းချုပ်နယ်မြေထဲကနေ ထွက်ကြဖို့ CNO/CNDF ကသတိပေးစာထုတ်ပြန်ထားရှိပြီးဖြစ်တယ်။ အကယ်၍CNO ထိန်းချုပ်နယ်မြေကနေ မထွက်ရင်တော့ ဖမ်းမယ်။ ပြီးရင် တရားရေးဘက်မှာ ပို့မှာပေါ့။ ကျန်တာတော့ Judiciary Department ရဲ့ လက်ထဲမှာပေါ့။’’ဟု ချင်းအမျိုးသားအဖွဲ့ချုပ် မှအထွေထွေအတွင်းရေးမှူးဆလိုင်းဝီလီယံချင်း ကပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ရက်မှ ၉ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် CNDF Conference တွင်လည်း ‘’အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအား ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း ပြုလုပ်ခြင်းမရှိရန် CNO/CNDF မှ လုံးဝတားမြစ်သည်။

တားမြစ်သည့်ကြားမှ ထိုရွေးကောက်ပွဲ အထမြောက်အောင် ကူညီမည့် မည်သည့်ပုဂ္ဂိုလ်မျိုးမဆို CNO/CNDF မှ ပြင်းထန်စွာ အရေးယူသွားမည် ‘’ဟုလည်း ညီလာခံအစည်းအဝေး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားရှိသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ စစ်ဌာနချုပ်ရုံး (War Office), Camp Rihli, Chinram ၌ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် CNDF Conference တွင် CNO Defense Council, War Office နှင့် တပ်မဟာ လေးခုမှ ညီလာခံ ကိုယ်စားလှယ် ၆၀ ဦးနှင့် စောင့်ကြည့်လေ့လာသူ ၃၀ ဝန်းကျင်ခန့်၊ စုစုပေါင်း ၉၀ ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#CNDFConference
#ချင်းအမျိုးသားအဖွဲ့ချုပ်
#NonCDM
#သတိပေးစာ
ပုံ - CNO/CNDFထိန်းချုပ်နယ်မြေအတွင်း ကျင်းပခဲ့သည့် ပညာရေးစုံညီပွဲတော်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁1
ကမာစိုင်ရွာသစ်အနီး စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ စစ်သား ၇ ဦးသေဆုံး ၄ ဦးဒဏ်ရာရ
👍6😁2
ကမာစိုင်ရွာသစ်အနီး စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ စစ်သား ၇ ဦးသေဆုံး ၄ ဦးဒဏ်ရာရ
===================

YT
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ရွာသစ်အနီး ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်၌ စစ်ကောင်စီ​တပ်၏ သုံးစီးတွဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ခုနစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရပြီး စစ်ကား သုံးစီး ပျက်စီးသွားကြောင်း သိရသည်။

" ကားသုံးစီးတွဲကိုမိုင်းဆွဲတာ။ ယာဉ်တန်းက သုံးစီးပဲလာတာလို့တော့ ပြောလို့မရဘူး။ နောက်ပိုင်း စစ်ကောင်စီတပ်က တိုက်ခိုက်ခံရတာများလာတော့ အတန်းလိုက်သွားတာမျိုးတွေ မလုပ်ကြတော့ဘူး။ နှစ်စီးတွဲ၊ သုံးစီးတွဲ အဲ့ဒီလိုမျိုးတွေပဲ သွားကြတော့တာ။ အရှေ့က ကားတွေ အတိုက်ခံရပြီဆို ကျန်တဲ့ကားတွေက ပြန်လှည့်သွားတတ်ကြတယ်" ဟု Hawk Revolutionary Squad- HRS အဖွဲ့​၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်အချိန်တွင် ကမာစိုင်ရွာသစ်အနီး၌ KNLA၊ PDF တပ်ခွဲ (၃)၊ HRS၊ ဘီးလင်း ပ.က.ဖ တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ​တပ်၏ သုံးစီးတွဲယာဉ်တန်းအား ရှေ့ထွက်မိုင်းနှင့် ၂၀ ကေဂျီ (20kg) မိုင်း စုစုပေါင်း မိုင်းသုံးလုံးဆွဲ တိုက်ခိုက်ခဲ့ပြီး ၄၀ မမ လက်နက်ကြီးဖြင့် ငါးချက်တိတိ ပစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ နာရီဝက်ခန့်အထိ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာအပြင်းအထန်ရကာ စစ်ကောင်စီတပ် အသုံးပြုလာသော ကားသုံးစီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူများနှင့် ဒဏ်ရာရသူများအား ညတွင်းချင်း လူနာတင်ယာဉ်လေးစီးဖြင့် ဘီးလင်းမြို့ဘက်သို့ သယ်ယူသွားကြပြီး၊ ပျက်စီးသွားသော ကားသုံးစီးအနက် တစ်စီးအား ညတွင်းချင်း ဆွဲယူသွားကြောင်းသိရသည်။
" သေဆုံးနဲ့ ဒဏ်ရာရစာရင်းကို အနီးစပ်ဆုံးသတင်းပေးနေတဲ့အတွင်းလူ၊ ကားလမ်းမအနီးမှာ ဒေသခံ၊ လူမှုကယ်ဆယ်ရေးအသင်းတွေ ပေးတဲ့ အချက်အလက်တွေနဲ့ အတည်ပြုထားပါတယ်။" ဟု HRS ​၏ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားနေရာ၌ ကျန်ရှိနေသော စစ်ကောင်စီသုံးကားအပျက်နှစ်စီးအား ပြန်ယူရန်လာသော စစ်သားများအား ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ၆၀ မမ အမျိုးအစား ဗုံးသီးရှစ်လုံးပစ်ကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။ အထိအခိုက် အကျအဆုံးအား အတိအကျမသိရသေးကြောင်း HRS ထံမှ သိရသည်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကမာစိုင်ရွာသစ်အနီး မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သောနေရာ၌ အသီးအရွက်များတင်လာသော
ဟိုင်းလက်ကား (Hilux) တစ်စီးအားတွေ့ရှိရပြီး ယာဉ်မောင်း ကိုမင်းထွန်း(ခ) ဝက်ကလေး သေဆုံးနေကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ HRS အဖွဲ့တာဝန်ခံက "ကျွန်တော်တို့ရထားတဲ့ သတင်းအရ ၂၀ ရက်နေ့ မနက်ပိုင်း ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့က ဒရုန်း(Drone) နဲ့ တိုက်ခိုက်တဲ့အချိန် စစ်တပ်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ အရပ်သားကားတစ်စီးကို ထိတယ်ဗျ။" ဟု ပြောသည်။

၎င်းဟိုင်းလက် (Hilux) ကားသည် သထုံမြို့မှ ဘီးလင်းမြို့ဘက်သို့ အသီးအရွက်များ နေ့စဉ်တင်ပို့နေသောကားဖြစ်ပြီး ယာဉ်မောင်း ကိုမင်းထွန်းသည် သထုံမြို့ဒေသခံတစ်ဦးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် HRS ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပွားမှု၊ ကင်းပုန်းများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကောင်စီတပ်သား
#သထုံမြို့နယ်
#ကမာစိုင်ရွာ
#ဒရုန်း
❤3👍1😁1🥴1
New 6.4 magnitude quake hits Turkey and Syria
====================

A 6.4-magnitude earthquake on Monday rocked Turkey's southern province of Hatay and northern Syria, killing multiple people and sparking fresh panic after a February 6 tremor that left nearly 45,000 dead in both countries.

https://youtu.be/OtAXduWMbxg

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1🤮1
ဆားလင်းကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အညာလူထုသပိတ်ပြုလုပ်
❤2🔥1😁1