Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တူရကီတွင် အားပြင်းငလျင် ထပ်လှုပ်၍ လူ ၃ ဦး သေဆုံးပြီး ရာချီ ဒဏ်ရာရ
==========================

တူရကီနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အကြာက လူပေါင်း သောင်းချီ သေဆုံးခဲ့ရသည့် အားပြင်းငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီးနောက် ယမန်နေ့ ဖေဖေါ်ဝါရီ ၂၀ ရက်တွင် ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခဲ့သည့်အတွက် အနည်းဆုံး လူ သုံးဦး သေဆုံးပြီး လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢3😁1
​​သမ္မတဟောင်းဦးထင်ကျော် ဂုဏ်ထူးဆောင်ဘွဲ့များ ကိုယ်စားလက်ခံရယူမှု စစ်ကောင်စီဖော်ပြ
=========================

မဇ္စျိမ။ ။NLD အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ သမ္မတဟောင်းဦးထင်ကျော်သည် စစ်ကောင်စီကပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များကို ဖခင်နှင့် ယောက္ခမဖြစ်သူတို့ ကိုယ်စားလက်ခံ ရယူခဲ့မှုကို စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ဖော်ပြလာခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် လူမြင်ကွင်းမှ နှစ်နှစ်ကျော်ပျောက်ကွယ်နေခဲ့သည့် သမ္မတဟောင်းဦးထင် ကျော်ထံသို့ စစ်ကောင်စီလက်အောက်ခံအဖွဲ့က ဂုဏ်ထူးဆောင်ဘွဲ့ကိုယ်စားလက်ခံရန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သွားရောက်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီခန့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ဦးဆောင်ပြီး စာရေးဆရာမင်းသုဝဏ်နှင့် ဦးလွင် (မွန်ပြည်နယ်) (နိုင်ငံတော်ကောင်စီဝင်)တို့ကို ချီးမြှင့် ထားသည့်စည်သူဘွဲ့ကို ၎င်းတို့ကိုယ်စား လက်ရှိနေပြည်တော်တွင် နေထိုင်နေသည့် သား၊ သားမက်ဖြစ် သူ သမ္မတဟောင်း ဦးထင်ကျော်ထံ သွားရောက်ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ တို့တွင် ဂုဏ်ထူးဆောင်ဘွဲ့များ အများအပြားချီးမြှင့်ခဲ့ပြီး အခမ်းအနားမတက်ရောက်သူများကိုလည်း အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျှက်ရှိသည်။
စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်သူများထဲတွင် NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်သူတို့လည်း ပါဝင်ခဲ့သည်။

သမ္မတဟောင်း ဦးထင်ကျော်သည် စာရေးဆရာ မင်းသုဝဏ်၏ သားဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နီးစပ်သည့်ဆက်ဆံရေးရှိခဲ့ကာ NLD အစိုးရလက်ထက်တွင် ၂၀၁၆ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် မတ်လအထိ သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ဦးထင်ကျော်
#NLD
#စစ်ကောင်စီ
#ဂုဏ်ထူးဆောင်ဘွဲ့
😁10👍4
သေဒဏ်စီရင်ရာမှာပါဝင်သူများ၊ လက်နက်ပွဲစားများနှင့် လေယာဉ်ဆီ တင်သွင်းသူများ အပါအဝင် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွှယ်သူ၊ အဖွဲ့အစည်းများအပေါ် အီးယူ ပိတ်ဆို့အရေးယူ
=====================

ဥရောပသမဂ္ဂက မြန်မာစစ်တပ်မှအရာရှိကြီးများအပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူ ၉ဦးနှင့် အဖွဲ့အစည်း ၇ခုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်အာဏာသိမ်းခံခဲ့ရတာ ၂နှစ်ရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ ပတ်သက်သူတွေကို ဥရောပသမဂ္ဂ အီးယူက ၆ ကြိမ်မြောက် ပိတ်ဆို့ အရေးယူလိုက်ပြီး အဲဒီ အထဲမှာ လူပုဂ္ဂိုလ် ၉ယောက်နဲ့ ပုဂ္ဂလိက ကုမ္ပဏီ ၄ခု အပြင် ကာကွယ်ရေးဝန်ကြီးဌာနအောက်က လုပ်ငန်းဌာန ၃ ခု ပါဝင်ကြောင်း ဖေဖော်ဝါရီ ၂၀ရက်နေ့ထုတ် ဥရောပသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများတွင် စွမ်းအင်ဝန်ကြီးနှင့် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို လက်နက် ကိရိယာများ နှင့် စစ်ဖက် - အရပ်ဖက် နှစ်သွယ်သုံးပစ္စည်းနှင့် နည်းပညာများ (dual-use goods)ပံ့ပိုးပေးသည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များ၊ စစ်ကောင်စီနှင့် အနီးကပ် ဆက်စပ်နေသည့် မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိများ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နဲ့ လွှတ်တော်အမတ် ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် အကျဉ်းကျခံနေရသူ ၄ယောက်ကို ကြိုးပေးကွပ်မျက်ဖို့ စီစဉ်ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီး ယခင်စစ်ခုံရုံးအကြီးအကဲလည်းဖြစ် လက်ရှိ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး လည်းဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်လည်း အီးယူရဲ့ ပိတ်ဆို့အရေးယူခံရတဲ့အထဲ ပါဝင်တာ တွေ့ရပါတယ်။

https://youtu.be/BmVTfQWCsIk

#politicalnews
#newsfeature

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7👏2🥴1
မန္တလေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၂ လုံးပျက်ဆီး
👍2🔥1
မန္တလေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၂ လုံးပျက်ဆီး
========================

007
မဇ္စျိမ ။ ။ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ်နှစ်လုံးပျက်ဆီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှတစ်ဆင့် သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၈နာရီခွဲခန့်တွင် ရန်မျိုးလုံရပ်ကွက်၊ ၃၃ (အေ) လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်းကြားရှိ နှစ်ထပ်သစ်သားနေအိမ်တစ်လုံးမှ မီးစတင် လောင်ခဲ့ခြင်းဖြစ်သည်။

" အိပ်ရာထဲဆေးလိပ်သောက်ပြီး ဆေးလိပ်တိုထားခဲ့တာကနေ မီးထလောင်တာပါ၊ အိမ်နှစ်လုံး ပျက်စီးတယ်။ အိမ်ထဲကပစ္စည်းတွေနဲ့ ဆိုင်ကယ်နှစ်စီးမီးထဲပါသွားတယ်" ဟု မြို့နယ်မီးသတ် တပ်ဖွဲ့၀င် တစ်ဦးကပြောသည်။

မီးလောင်မှုကို မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ အုပ်ချုပ်မှုယာဉ် သုံးစီး၊ မီးငြှိမ်းသတ်ယာဉ် ၁၅ စီး၊ ရေသယ် ယာဉ် ၁၀ စီး၊ အရန်နှင့်သန္ဓေ မီးသတ်တပ်ဖွဲ့၀င် ၁၇၀ တို့ဖြင့်၊ Level 1 အဆင့်မီးငြှိမ်းသတ်ခဲ့ ကြောင်းသိရသည်။

မီးစတင်လောင်ကျွမ်းပြီးနောက် ၄၅ မိနစ်ခန့်အကြာ ည ၉ နာရီ ၁၃ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ ကြောင်းလည်း မြို့နယ်မီးသတ်ဌာနမှဆိုသည်။
မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆခဲ့သည့်အိမ်ငှားနေထိုင်သူ အမျိုးသားလေးဦးကို စစ်ကောင်စီလက်အောက်ခံ ချမ်းအေးသာစံ မြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းတွင် (ပ)၁၃၈/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ထားကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း မီးလောင်မှုတစ်ခုဖြစ်ပွား ခဲ့ပြီး နေအိမ်လေးလုံးပျက်စီးဆုံးရှုံးကာ အသက်ခြောက်ဆယ်ကျော် အမျိုးသမီးကြီးတစ်ဦး မီးလောင် သေဆုံးခဲ့သည်။

စာတည်း ။ ။ Alden
Photo - Than Htay

#မန္တလေးမြို့
#ချမ်းအေးသာစံ
#မီးလောင်ကျွမ်း
#မီးသတ်ဦးစီးဌာန
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1
ဇန်နဝါရီလဆန်းမှ စတင်ကာ ၁ လကျော်ကြာပိတ်ထားသည့်နိုင်ငံကူးလက်မှက်ရုံးများ ရက်ပိုင်းအတွင်း ဖွင့်မည်ဟုသိရ
======================

ပြီးခဲ့တဲ့ ဇန်နဝါရီလ လဆန်းက ပိတ်ထားခဲ့တဲ့ နိုင်ငံကူးလက်မှက်ရုံးတွေကို ဒီရက်ပိုင်းအတွင်း ပြန်ဖွင့်တော့မယ်လို့ သိရပါတယ်။

ဖွင့်မယ့်ရက် အတိအကျကို ပြောဆိုတာမရှိပေမယ့် နိုင်ငံကူးလက်မှက်ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူတွေကတော့ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ စက်မှု ၁ လမ်းမကြီးမှာ ရှိတဲ့နိုင်ငံကူးလက်မှက်ထုတ်ပေးရေးရုံးမှာ System အဆင့်မြှင့်မှာဖြစ်လို့ ရုံးကိုခေတ္တပိတ်ထားမယ်လို့ ရုံးရှေ့မှာဗီနိုင်းထောင် ကြေညာထားခဲ့ပါတယ်။

ဒါကြောင့် ပြည်ပကို အရေးပေါ်ထွက်ခွာဖို့ ရှိတဲ့ ကျောင်းသားတွေ ကျန်းမာရေးကုသမှုခံယူသူတွေ အပါအဝင် သက်တမ်းတိုးဖို့ရှိသူတွေပါ အခက်တွေ့ခဲ့ကြပါတယ်။

အဲဒီရက်က စပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့က ရုံးတွေကို ပိတ်ထားခဲ့သလို ပြည်ပနိုင်ငံတွေက သံရုံးတွေမှာ နိုင်ငံကူးလက်မှက် သက်တမ်းတိုးတာတွေကို လည်း ရပ်ထားခဲ့တယ်လို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

https://youtu.be/f76rbWu9X9w

#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1
​​NME ကျောင်း ဘဏ္ဍာရေးရှင်းတမ်းကို စုံစမ်းစစ်ဆေးပေးရန် ရုံးအဖွဲ့ဝင်အချို့က NUG ထံ တိုင်ကြား၊
======================

001
မဇ္စျိမ။ ။ ကြားကာလပညာသင်ကြားရေးကျောင်းဖြစ်သည့် New Myanmar Education (NME) ကျောင်း၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် ရုံးအဖွဲ့ဝင်အချို့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာနထံသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

NME ကျောင်း၏ Grade (11)ရုံးအဖွဲ့ဝင်သုံးဦးနှင့် ဆရာ၊ ဆရာမနှစ်ဦးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တိုင်ကြားစာပို့ခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင် ပါဝင်သည့် ရုံးအဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။

ကျောင်းတွင် တိကျသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းမရှိခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းတွင် ငွေစာရင်းကွာဟချက်များရှိနေခြင်းနှင့် အထောက် အထားများပြသနိုင်မှုမရှိခြင်း၊ ရုံးဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး သေချာစွာမသိရှိရခြင်းတို့ကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်း အဆိုပါ ရုံးအဖွဲ့ဝင်ကပြောသည်။

“လက်ရှိအထိကို ဖွဲ့စည်းပုံဘာမှန်းမသိသေးဘူး။ NUGကို ကျွန်တော်တို့ စုံစမ်းသိရှိရသမျှ အထောက်အထားနဲ့တကွတိုင်ထားပါတယ်”ဟု ဆိုသည်။

New Myanmar Education ကျောင်းသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွက် ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးရှင်းတမ်းနှစ်ခုတွင် K Payမှ ကောက်ခံရရှိသော ဝင်ငွေနှင့်ပြထားသည့် လိုငွေများ ကွဲလွဲနေပြီး နိုဝင်ဘာလအတွက် ထုတ်ပြန်သည့် ရှင်းတမ်းတွင်လည်း အလားတူပင် ကွဲလွဲမှုများ ရှိနေကြောင်း ရုံးအဖွဲ့က NUG ထံ ပေးပို့သည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

အောက်တိုဘာလအတွက် ထုတ်ပြန်သည့် ဘဏ္ဍာရေးရှင်းတမ်းတစ်စောင်တွင် အထက်တန်းအတွက် K Payမှ ကောက်ခံရရှိငွေကို ကျပ် ၁၀,၀၃၀,၀၀၀ ဟု ဖော်ပြထားပြီး နောက်တစ်စောင်တွင်မူ ကျပ် ၁၀,၄၈၀,၀၀၀ ဟုဖော်ပြထားကြောင်း ရုံးအဖွဲ့၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့အပြင် နိုဝင်ဘာလအတွက် ဘဏ္ဍာရေး ရှင်းတမ်းတွင်လည်း အလယ်တန်းအတွက် Wave Payမှ ကောက်ခံရရှိငွေကို ပထမတစ်စောင်တွင် ကျပ် ၆၃၀,၀၀၀ ဟုဖော်ပြပြီး နောက်တစ်စောင်တွင် ကျပ် ၉၅၀,၀၀၀ ဖြစ်နေကြောင်း တိုင်ကြားစာတွင် ပါရှိသည်။

လိုငွေကွာဟမှုမှာလည်း အောက်တိုဘာလတွင် ကျပ် ၂၇၀၀၀ ကျော်၊နိုဝင်ဘာလတွင် ကျပ်သိန်း ၂၀ ခန့်ကွာဟနေကြောင်း တိုင်ကြားသည့် ရုံးအဖွဲ့ဝင်က ပြောသည်။

“သူက တစ်လစာအတွက်ကို ဘဏ္ဍာရေးရှင်းတမ်းနှစ်ခုထုတ်တယ်။ သို့သော် ကျွန်တော်တို့က လိုက်နေမှန်းသိတဲ့အတွက် အထွေထွေ အသုံးစရိတ်ထည့်ထားတဲ့ ရှင်းတမ်းကို သူ့တယ်လီဂရမ်ကနေ အကုန်ဖျက်ချသွားတယ်”ဟု ဆိုသည်။

ကျောင်းတည်ထောင်သူထံက တိကျသည့် ငွေစာရင်းရှင်းတမ်းကို တောင်းဆိုခဲ့သော်လည်း မရခဲ့ကြောင်း တိုင်ကြားသူများက ပြောသည်။

ရုံးအဖွဲ့အ​နေဖြင့် ​ကျောင်းတည်​ထောင်သူမှ ဖြန့်​ဝေထား​သော ​ကျောင်းသား​​ကျောင်းသူ လုံခြုံ​ရေးကုဒ်နံပါတ်စာရင်းများသာရှိပြီး စုစု​ပေါင်း ​ကျောင်းသား၊ ​ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းအချက်အလက်စာရင်းများ လုံးဝမရှိ​​​​​သော​ကြောင့် ​ငွေ​ကြေးကိစ္စများနှင့် စပ်လျဥ်းပြီး ကွာဟမှုကို တွက်ချက်နိုင်ရန် အခက်အခဲဖြစ်​နေ​ကြောင်း တိုင်ကြားသူများက NUGထံ တင်ပြထားသည်။

NME ကျောင်းတည်ထောင်သူအား ရုံးအဖွဲ့ဝင်ငါးဦးက တိုင်ကြားမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် NUG ပညာရေးဝန်ကြီးဌာနက ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး နောက်တရက်တွင် ကျောင်းတည်ထောင်သူနှင့် တိုင်ကြားသူများကို တွေ့ဆုံခဲ့ကြောင်း NUG ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ဆုံ‌ညှိနှိုင်း ချက်အရ ကျောင်းသား ၊ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ရုံးဝန်ထမ်းတို့၏ အချက်အလက် လုံခြုံရေးနှင့် သင်ကြားသင်ယူမှု မပျက်ရေးဆိုသည့် အချက်နှစ်ချက်အဆင်ပြေမှုရှိကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ ထို့အပြင် တိုင်ကြားစာပါအချက်များကို ဆက်လက်စစ်ဆေးသွားမည်ဟုဆိုသည်။

“တိုင်ကြားစာပါ အချက်အလက်တွေကို စစ်ဆေးဖို့ NUGက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီးမှ စစ်ဆေးမှာပါ။ မကြာခင်စတင်တော့မှာပါ”ဟု ၎င်းက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောသည်။
New Myanmar Education ကျောင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းအဖြစ် NUG ပညာရေးဝန်ကြီးဌာနက ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က အသိအမှတ်ပြုခဲ့သည်ကို ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ကျောင်း၏ ဘဏ္ဍာရေးကိစ္စကို အဖွဲ့ဝင် ငါးယောက်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး ယခုကဲ့သို့ တိုင်ကြားခံရခြင်းမှာ မမှန်မကန် စွပ်စွဲပြီး အပုတ်ချတိုက်ခိုက်ခြင်းသာဖြစ်ကြောင်း NME ကျောင်းတည်ထောင်သူက တုံ့ပြန်သည်။ထို့ကြောင့် NUG ထံသို့ အချက်အလက်များပေးပို့ထားပြီး ၎င်းအား တိုင်ကြားသူများကိုလည်း ပြန်လည်တိုင်ကြားထားကြောင်း ပြောသည်။

စာတည်း - မောင်ကြီး

#ကြားကာလပညာသင်ကြားရေး
#ဘဏ္ဍာရေးရှင်းတမ်း
#စုံစမ်းစစ်ဆေး
👍10😁2👎1
​​လူပုဂ္ဂိလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုကို အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ် 
====================

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက်အရှိန်မြင့် ဖြစ်ပွားနေခြင်း၊ စိုးရိမ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်နေမှုများကြောင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်၏ အာဏာသိမ်းခဲ့သည့် နှစ်နှစ်မြောက်တွင် ဥရောပသမဂ္ဂ အီးယူကောင်စီက လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်း ခုနစ်ခုတို့ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏7🥴1
စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha ထံ ပူးပေါင်း
❤7😁1
စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha ထံ ပူးပေါင်း
=========================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ချင်းပြည်နယ်၊ ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၆၉)မှ တပ်သားနှစ်ဦး သည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ပူးပေါင်းလာကြောင်း Chin Land Defense Force -Hakha မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပူးပေါင်းလာခြင်းဖြစ်ပြီး ၎င်းတို့ နှင့်အတူ MA3 သေနတ်တစ်လက်၊ MA1 သေနတ်တစ်လက်၊ ကျည်ဆံ ၆၇၄ တောင့်၊ ကျည်ကဒ်ကိုးခု၊ လက်ပစ်ဗုံး လေးလုံး၊ ၆၀ မမ ဗုံးသီး သုံးလုံးနှင့် အခြားပစ္စည်းများ ယူဆောင်လာခဲ့ကြောင်း ဆိုသည်။

“သူတို့လာရောက်ပူးပေါင်းတော့ ကျွန်တော်တို့က သွားကြိုပြီးလုံခြုံတဲ့နေရာအထိပို့ပေးတာပါ။ ကျနော် တို့စခန်းဘက်ကိုလည်း လုံခြုံရေးအရမဝင်ခိုင်းဘဲ တစ်ခါတည်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ ပါတယ်။ တစ်ချို့တွေက CDM ဝင်ပြီးတော့ တော်လှန်ရေးရဲဘော်တွေနဲ့အတူတိုက်မယ်ဆိုပြီး လာပြောနေ ကြတာတော့ ရှိတယ်။ ဒါပေမယ့် ကျတော်တို့အခုထိတော့ လက်ခံတာမျိုးမရှိသေးဘူး” ဟု CDF- Hakha မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ယခုကဲ့သို့ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းလာသော စစ်ကောင်စီတပ်သားနှစ်ဦးကို တစ်ဦး လျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ စီချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ပို့ဆောင်ပေးခဲ့ကြောင်း CDF-Hakha ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာရောက်ပူးပေါင်းလာသော စစ်ကောင်စီတပ်သားနှစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် ဖိနှိပ်မှုများ ခံနေရ၍ တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့ကြောင်း၊ စစ်အာဏာရှင်လက်အောက်တွင် အလုပ်မလုပ် ချင်တော့သည့်အတွက် CDM ဝင်လာခြင်းဖြစ်သည်ဟုလည်းဆိုကြောင်း CDF- Hakha မှ တာဝန်ရှိသူ ကဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း CDF- Hakha ထံသို့ စစ်ကောင်စီတပ်မှလာရောက်ပူးပေါင်းသူ သုံးဦးရှိနေပြီဖြစ်ပြီး စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း CDF- Hakha ထံသို့လာရောက်ပူးပေါင်းသူ ၄၀ ဦး အထိ ရှိပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်
#ခလရ(၂၆၉)
#CDF-Hakha
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁2❤1
​​စစ်အရာရှိများအပါအဝင် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုကို EU က ပိတ်ဆို့အရေးယူမှုများ ချမှတ်
===================

001
မဇ္စျိမ။ ။ စစ်ဘက်ဆိုင်ရာအရာရှိများအပါအဝင် လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်း ခုနစ်ခုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း ဥရောသမဂ္ဂ (EU) က ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခု ဒဏ်ခတ်ပိတ်ဆို့မှုကို ခြောက်ကြိမ်မြောက်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်တပ်မှ အဆင့်မြင့်အရာရှိများနှင့် စစ်ကောင်စီကို လက်နက်ကိရိယာများနှင့် စစ်ဘက်- အရပ်ဘက်နှစ်သွယ်သုံး ပစ္စည်း၊ နည်းပညာများ ပံ့ပိုးပေးသော ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ခတ်ပိတ်ဆို့ခံရသူ ကိုးဦးတွင် ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ကောင်စီ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ ကချင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ စစ်ကောင်စီစွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် လက်နက်ပွဲစားအဖြစ် ဆောင်ရွက်နေသည့် Myanmar Chemical and Machinery ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ Yatanarpon Aviation Support Company ဒါရိုက်တာ ဦးစစ်တိုင်းအောင်နှင့် Sky Aviator ကုမ္ပဏီတည်ထောင်သူ ဦးကျော်မင်းဦးတို့လည်း ပါဝင်သည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနသုံးခုနှင့် Asia Sun Group ၊ Dynasty International Company Limited ၊ International Gateways Group of Company၊ Sky Aviator Company Limited တို့လည်း ဒဏ်ခတ်ပိတ်ဆို့ခံရသည့် စာရင်းတွင် ပါဝင်သည်။

အာဏာသိမ်းမှုတွင် တာဝန်ရှိသူများနှင့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အ​ရေးချိုး​ဖောက်မှုများ ကျူးလွန်သူများသည် ယင်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံမှုရှိ​စေရမည်ဖြစ်​ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဥရောပသမဂ္ဂက ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ထားသည့် လူပုဂ္ဂိုလ် စုစုပေါင်း ၉၃ ဦးနှင့် အဖွဲ့အစည်း ၁၈ ခုအထိ ရှိပြီဖြစ်ပြီး စာရင်းသွင်းခံရသူများသည် ပိုင်ဆိုင်မှုထိန်းချုပ်ခံရခြင်းနှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများခံရပြီး ၎င်းတို့အား ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ တားဆီးထားကြောင်း ဆိုထားသည်။

ထို့အပြင် ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ပြစ်ဒဏ်ခတ်ပိတ်ဆို့ရန် စာရင်းသွင်းခံထားရသူများကို ရန်ပုံငွေ ရရှိစေခြင်းအား တားမြစ်ထားကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဥရောပသမဂ္ဂက
#ပြစ်ဒဏ်ခတ်ပိတ်ဆို့မှု
#စစ်ဘက်ဆိုင်ရာ
#ရေတပ်စစ်ဦးစီးချုပ်
👍9❤1🥴1
​​မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ စကားဝိုင်းဆွေးနွေးပွဲ
=====================

FORSEA
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ လေကြောင်းမှ တိုက်ခိုက်မှုများ ကျုးလွန်နေခြင်းသည် အမေရိကန် FBI က သတ်မှတ်သော “ပြည်တွင်းအကြမ်းဖက်မှု” အဓိပ္ပာယ်ဖွင့်ဆိုချက်၌ အတိအကျ အကျုံးဝင်လျက်ရှိသည်။

ပြည်တွင်းအကြမ်းဖက်မှုဆိုသည်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်သတ်ဖြတ်ခြင်းများ၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ လူမျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ကဲ့သို့သော ပြည်တွင်း ဩဇာလွှမ်းမိုးမှုများ မရှိအောင် တစ်စုတစ်ဖွဲ့ သို့မဟုတ် အဖွဲ့အစည်းများက ကျုးလွန်သော ရာဇဝတ်မှုလုပ်ရပ်များ ဖြစ်သည်။

မြန်မာပြည်တွင်း၌ အရပ်သားများအပေါ် ပစ်မှတ်ထား အတိအကျ လေကြောင်းတိုက်ခိုက်မှုများ ကျုးလွန်နေသည့် မြန်မာလက်နက်ကိုင်စစ်တပ်နှင့် ပတ်သက်ပြီး ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲအထိ FORSEA က တိုက်ရိုက် Live ထုတ်လွှင့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲ၌ ပါဝင်မည့်သူများ အနေဖြင့်

− Dato’ Sri Saifuddin bin Abdullah (မလေးရှား လွှတ်တော်အမတ် နှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း)

− Padoh Saw Ta Doh Moo (၁၉၄၈ တွင် စတင် တည်ထောင်သော KNU အတွင်းရေးမှူးချုပ်နှင့် မြန်မာအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကော်မတီ တည်ထောင်သူ အဖွဲ့ဝင်)

− Neineh Ploh (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ပြောခွင့်ရသူ)

− Salai Van Bawi Mang (ချင်းအမျိုးသားတပ်ဦး အဖွဲ့ဝင်)

− Gum San Nsang (ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ) တို့ဖြစ်ကြပြီး
အခမ်းအနားမှူး မောင်ဇာနည် (FORSEA ပူးတွဲတည်ထောင်သူနှင့် ကမ္ဘောဒီးယား (လူမျိုးတုံးသတ်ဖြတ်မှု) မှတ်တမ်းမှတ်ရာစင်တာ အသင်းဝင်) တို့မှ ဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။

#FORSEA
#Airstrike
#violence
👍6🤮1
​​မိသားစုထမင်းဝိုင်းပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲ အမျိုးသမီး ပွဲချင်းပြီး သေဆုံး
========================

နောင်နောင်
မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ် တုံးတောကျေးရွာတွင် အခြေချ တပ်စွဲထားသော စစ်ကောင်စီတပ် ခမရ (၅၉၉) တပ်က ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးသည် ကျွန်းတောကျေးရွာကို ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထိုလက်နက်ကြီးကျည်သည် ကျွန်းတောကျေးရွာရှိ မမြင့်မြင့်ဆန်းတို့ သားအမိသုံးဦး ထမင်းစားနေစဉ် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး မမြင့်မြင့်ဆန်း ပွဲချင်းပြီး သေဆုံးကာ ကျန်ကလေးငယ်နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။

အဆိုပါ လက်နက်ကြီးကျည်သည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ည ၇ နာရီခန့်တွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်ထားသည်။

ယခုလို အရပ်သားများ နေထိုင်သည့်ကျေးရွာကို လက်နက်ကြီးများဖြင့် စစ်ရေးပစ်မှတ်ထားတိုက်ခိုက်မှုသည် စစ်ကောင်စီတပ်၏ ဆိုးရွားသော လုပ်ရပ်ဖြစ်သည်ဟု ကရင်ဒုက္ခသည်များကော်မတီ၊ အတွင်းရေးမှူးချုပ် စောဘွယ်စေးက မဇ္ဈိမကို ပြောသည်။

“သူတို့က (စစ်ကောင်စီတပ်) ပြည်သူတွေရဲ့ ပစ်ကွင်းကို ရှာဖွေပြီး ပစ်နေကြတာဖြစ်တယ်၊ ပြည်သူတွေက ဘာမှမသိဘူးလေ၊ အေးအေးဆေးဆေးနေတာကို လိုက်ပြီးပစ်နေကြတာက ဆိုးရွားပါတယ်” ဟု အတွင်းရေးမှူးချုပ် စောဘွယ်စေးက မဇ္ဈိမကို ပြောသည်။
ယခုလို စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာအနေဖြင် အမြန်ဆုံးထိထိရောက် အရေးယူရန် လိုအပ်နေကြောင်းလည်း ၎င်းက ဆိုသည်။

သေဆုံးသူ မမြင့်မြင့်ဆန်း၏ ကျောင်းနေအရွယ် သားသမီးနှစ်ဦးဖြစ်သော အသက် ၁၂ နှစ်အရွယ် နှင်းမြတ်မွန်မှာ ညာဘက်ခြေထောက် ထိမှန်ခဲ့ပြီး အသက် ငါးနှစ်အရွယ် မောင်ရန်လင်းထက်သည် ဘယ်ဘက်ခြေထောက်ဖြတ်လိုက်ရပြီး ညာဘက်ခြေ ထောက်မှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားခြင်း ဖြစ်သည်။

ယင်းဒဏ်ရာပြင်းထန် ကလေးငယ်နှစ်ဦးကို ဖြူးဆေးရုံသို့ ပို့ဆောင်ဆေးကုသထားပြီး ရှေ့ဆက်ဆေးကုသရန် ငွေကြေးလိုအပ်ချက်များရှိနေကြောင်းလည်း သိရသည်။

အလားတူ ထိုဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ ည ၉ နာရီကျော် အချိန်ကလည်း အာဏာသိမ်း စစ်ကောင်စီတပ် ခမရ (၃၅၁) တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးသည် သစ်ချဆိပ်ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲ၍ နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အာဏာသိမ်း
#စစ်ကောင်စီ
#ညောင်လေးပင်ခရိုင်
#မူးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11😢3👍2❤1