Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖေဖော်ဝါရီ ၂၁ ရက်၊ နေ့ခင်း ၂နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================

01:01 - နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံတဲ့သတင်း

04:53 - မ‌ေန့က တူရကီမှာ အားပြင်းငလျင် ထပ်လှုပ်တာကြောင့် လူ ၃ ဦး သေဆုံးပြီး ရာချီ ဒဏ်ရာရခဲ့တဲ့သတင်း

06:51 - ဇန်နဝါရီလဆန်းကနေစပြီး ၁ လကျော်ကြာ ပိတ်ထားတဲ့ နိုင်ငံကူးလက်မှက်ရုံးတွေ ရက်ပိုင်းအတွင်း ပြန်ဖွင့်မယ်ဆိုတဲ့သတင်း

12:00 - ကိယက်ဗ်ကိုအလည်အပတ်လာရောက်ရှိနေတဲ့ဘိုင်ဒင်က လက်နက်ထောက်ပံ့မှုတွေကို ပိုမိုပေးအပ်မယ့်အကြောင်း ကြေညာ လိုက်တဲ့သတင်း အပါအဝင် အခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/iznAbff59s0

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤮1
​​နွေဦးတော်လှန်ရေးတွင် လူငယ်များနှင့် အမျိုးသမီးများက ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေ
========================

‘မြန်မာ့နွေဦးတော်လှန်ရေးအတွင်း အသက်အရွယ်နှင့် ကျား၊ မ ဖြစ်မှုဆိုင်ရာ အတားအဆီးများကို ချိုးဖျက်ခြင်း’ ဆိုသည့် နိုင်ငံတကာ အကျပ်အတည်းလေ့လာမှု အဖွဲ့ International Criss Group (ICG) ၏ အစီရင်ခံစာသစ်တစ်ရပ်တွင် နွေဦးတော်လှန်ရေးအတွင်း လူငယ်များ၊ အထူးသဖြင့် အမျိုးသမီးငယ်များ ပါဝင်ထားခဲ့သည့် အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံ၏ အနာဂတ်တွင် ၎င်းတို့ ပါဝင်သွားမည့် အခန်းကဏ္ဍများနှင့်ပတ်သက်ပြီး အာရုံစိုက်ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🍌1
မင်းကင်းမြို့နယ်အတွင်း ၃ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃ ဦးသေဆုံးဟုဆို
=========================

ဂျူနို

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပုထိုးလုံးကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးပူးပေါင်းအဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ သုံးရက်တာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သားသုံးဦးသေဆုံးကြောင်း သိရသည်။

ပုထိုးလုံးရွာတွင် တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်၊ ပျူစောထီးပူး‌ပေါင်းအဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမှတ်(၁၁)တပ်ရင်း၊ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း(၂)၊ ပြည် သူ့ကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
အဆိုပါသုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး တစ်ဦးမှာ စနိုက်ပါထိမှန်သေဆုံးကာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၁၀ ဦး မင်းကင်းဆေးရုံတွင်တင်ထားရ ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)ထံက သိရသည်။

လက်ရှိအချိန်တွင်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုအနေထားရှိပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထပ်မံစစ်ကြောင်းထိုးလာနိုင်၍ ချင်းတွင်းမြစ်အတွင်း မော်တော်အစုန်အဆန်များ သတိပြုသွားလာကြရန် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) က သတိပေးထားသည်။

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က တည် ထောင်ခဲ့ပြီး လက်ရှိတွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိကြောင်း အဖွဲ့ထံကသိရသည်။

တပ်ရင်းကုဒ် P-12111 ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ ပေးအပ် သော တပ်ရင်းအတည်ပြုကုဒ် ရထားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)မှာ မင်းကင်းတပ်ရင်းများထဲမှ မင်းကင်းမြို့အနီးအထိ ခြေ ကုပ်ယူထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့်မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားသည်ဟု တပ်ရင်း (၁၁)၊ မင်းကင်းမှ တပ်ရေးဗိုလ်ကြီးထံက သိရသည်။

ထို့ပြင် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရန် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)မှ RPG 7 နှင့် ထိပ်ဖူးများကမ်ပိန်း အစီစဉ်တစ်ခုပြုလုပ်ထားကြောင်းလည်း သိရသည်။

“စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ဖို့ဆိုရင် RPG လို လက်နက်ကြီးမျိုးမပါဘဲ ရန်သူ့အခိုင်အမာ ခြေကုပ်ထား တဲ့ဘန်ကာကို ခွင်းလို့မရနိုင်ပါဘူးဗျ။ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးပါပြီ။ လက်နက်ကြီးအားကြောင့်ပဲ နောက် ဆုတ်ထားရပါတယ်။ ဒါကြောင့် ဒီကမ်ပိန်းလေးအောင်မြင်ဖို့ အားလုံးဝိုင်းဝန်းကူညီပေးစေလိုပါတယ်။ သေရဲတဲ့ကောင်တွေ တိုက်နေတဲ့ပွဲမှာ လှူရဲတဲ့လူတွေ လှူဖို့လိုပါတယ်” ဟု တပ်ရင်း (၁၁) ၊ မင်းကင်းမှ တပ်ရေးဗိုလ်ကြီး ကိုကျားကြီးက မဇ္စျိမကိုပြောသည်။

အဆိုပါ RPG 7 နှင့်ထိပ်ဖူးများအတွက် ပါဝင်ကူညီလိုသူများအတွက် MacBook Air 13”၊ iPad Air 5 နှင့် Airpods များ ကံစမ်းမဲထည့်သွင်းထားကြောင်း သိရသည်။

ကံစမ်းမဲလက်မှတ်များကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။

ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် ၁၅,၀၀၀ ကျပ်နှုန်းဖြင့် လက်မှတ်အစောင်ရေ ၃,၀၀၀ ရောင်းချမည် ဖြစ်ပြီး Minkin People’s Defence Force-Mkpdf-2 ၏ Page မက်ဆင်ဂျာတွင် ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

https://youtu.be/UDQQnKJRKLI

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
#ကမ်ပိန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤11👍4🥰3🥴1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_14 seg_2

Watch more detail - https://youtu.be/wHoHbletOsw

#myanmardramaseries #lovestory #BLSeries #reel
👍3😁1
​​လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီက သူဟာ အသင်းကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြော
=========================

လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီက သူဟာ ပရီးမီးယားလိဂ်ကလပ်ကို ရောင်းချတာမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတချို့ကို မျှော်လင့်တာပါလို့ ပြောပါတယ်။

၂၀၁၀ မှာ လီဗာပူးလ်ကို ဝယ်ယူခဲ့တဲ့ ဟင်နရီရဲ့ Fenway Sports Group (FSG) က ၎င်းဟာ အသင်းမှာ ရှယ်ယာရှင်အသစ်တွေကို ထည့်သွင်းစဉ်းစားမယ်လို့ နိုဝင်ဘာလက ပြောပါတယ်။

FSG ဥက္ကဋ္ဌ တွမ်ဝါနာက ကလပ်ရဲ့ ပိုင်ရှင်တွေဟာ ရောင်းဖို့ ရှာဖွေနေပေမယ့်လည်း သူတို့ရဲ့ ကြီးကြပ်မှုကို "အချိန်အတော်ကြာ ဆက်လက်ထိန်းသိမ်းထားနိုင်တယ်"လို့ နောက်ပိုင်းမှာ ပြောပါတယ်။
👍3
China 'deeply concerned' over Ukraine conflict
===================

China's foreign minister says Beijing is "deeply concerned" about the conflict in Ukraine, which is "intensifying and even getting out of control". Beijing will "work with the international community to promote dialogue and consultation, address the concerns of all parties and seek common security", Qin Gang says in a speech on global security in the Chinese capital, as the first anniversary of Russia's invasion of its neighbour looms on February 24.

https://youtu.be/y8YjyPzbwuI

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
Taiwan to bolster military ties with United States: President Tsai
==================

A US congressional delegation says they are in Taiwan to bolster economic and military ties with the island amid heightened tensions between US and China. Taiwan will boost military exchanges with the United States to curb "authoritarian expansionism", President Tsai Ing-wen says.

https://youtu.be/cKDcmJHAWos

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍1🔥1
​​အာဖဂန်နိုင်ငံသားများအား ဗီဇာ ထုတ်မပေးရန် ပါကစ္စတန်နိုင်ငံခြားရေးဌာနက ဥရောပရှိ သံရုံးများကို ညွှန်ကြားထား
===================

ဆွီဒင်နေထိုင်ခွင့်ကတ်အတုကိုင်ဆောင်ထားသူ အာဖဂန်နိုင်ငံသား ၁ ၆၀၀ အား ပါကစ္စတန်ဗီဇာထုတ်ပေးမှု အရှုပ်တော်ပုံ ဖြစ်ပွားပြီးနောက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက အာဖဂန်နိုင်ငံသားများအား ဗီဇာ ထုတ်မပေးရန် ဥရောပရှိ ၎င်းတို့ သံရုံးများကို ညွှန်ကြားလိုက်သည်။

ဆွီဒင်ရှိ ပါကစ္စတန်ရုံးက ဆွီဒင်နေထိုင်ခွင့်ကတ်အတုကိုင်ထားသူ အာဖဂန်နိုင်ငံသား ၁ ၆၀၀ ကို ဗီဇာထုတ်ပေးသည့်ကိစ္စအပေါ် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက စတင်စုံစမ်းခဲ့သည်။

ထိုသတင်းများ ထွက်ပေါ်လာပြီးနောက် ပါကစ္စတန်နိုင်ငံခြားရေးရုံးက ၎င်းဖြစ်ရပ်ကို သတိပြုမိခဲ့ကာ ချက်ချင်း စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြီး အာဖဂန်နိုင်ငံသားများအား မည်သည့်ဗီဇာအမျိုးအစားကိုမှ မထုတ်ပေးရန် ပြည်ပရှိ ပါကစ္စတန်သံရုံးအားလုံးကို အမိန့်ထုတ်ထားသည်။
👍4🔥1
ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခံရ
======================

ဂန္ဒမာ

(မဇ္ဈိမ)။။ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့ ညပိုင်းက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား Freeland Attack Force (FLA) နှင့် Emerald Girls Army (EGA) မဟာမိတ်အဖွဲတို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် “ ရုံးစောင့်တစ်ယောက်ထိလို့ ဆေးရုံပို့လိုက်ပြီလို့ လတ်တလောသိထားတယ်၊ ကျောင်းနဲ့ရုံးကြားက အုတ်တံတိုင်း ပျက်စီးတယ်‌ပြောပါတယ်ဗျ။” ဟု Freeland Attack Force (FLA) အဖွဲ့တာဝန်ခံက မဇ္ဈိမ ကို ပြောသည်။

တိုက်ခိုက်မှုပြီးနောက် ပစ်မှတ်မြို့နယ်မှ မြို့ပြပြောက်ကျားများ အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဆိုသည် ။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား Dagon Seikkan PDF မှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ရာ ရာအိမ်မှူးနှစ်ဦးသေဆုံးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

https://youtu.be/wPvcFHHVjoM

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဗဟန်းမြို့နယ်
#ဗိုလ်စိန်မှန်ရပ်ကွက်
#အုပ်ချုပ်ရေးမှူးရုံး
#မြို့ပြပြောက်ကျား

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁1
​​ပါကစ္စတန်က အိန္ဒိယအကျဉ်းသား ၂ ဦးကို လွှတ်ပေးခဲ့ပြီး ၇၀၀ ခန့်ကို ဆက်ဖမ်းဆီးထား  
=====================

ပါကစ္စတန်အစိုးရသည် အိန္ဒိယအကျဉ်းသား ၂ ဦးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် လွှတ်ပေးခဲ့ပြီး အတာရီ-ဝါဂါ နယ်စပ်မှတစ်ဆင့် အိန္ဒိယသို့ ပြန်ပို့လိုက်သည်။

ပါကစ္စတန်တွင် ပြစ်ဒဏ်ကျခံနေရသော အိန္ဒိယလူမျိုး ၇၀၀ ခန့်ရှိသေးသည်ဟု အကျဉ်းသားတစ်ဦးက ပြောသည်။

ရာဂျူးသည် လွန်ခဲ့သော ၅ နှစ်က ပါကစ္စတန်သို့ မှားယွင်းစွာ ဝင်ရောက်ခဲ့ရာမှ ဖမ်းဆီးခံရပြီး ဂမ်ဘရာရမ်ဆိုသူမှာလည်း ပါကစ္စတန်တွင် ၂ နှစ်ခွဲခန့် အကျဉ်းကျခဲ့သည်ဟု ဆက်ဆံရေးအရာရှိ အာရန်ပေါလ် ကဆိုသည်။

ဂမ်ဘရာက ၎င်းသည် မိန်းကလေးတစ်ဦးကို လိုက်ရှာရန် ပါကစ္စတန်နယ်စပ်ကို ဖြတ်ကူးခဲ့သောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
🔥1
Business Round Up (21 Feb 2023)  
====================

- ဘဏ္ဍာနှစ်၁၀လအတွင်း လေယာဉ်ဆီ အပါအဝင် ရေနံထွက်ပစ္စည်း ဒေါ်လာ ၄ ဘီလီယံကျော်ထိ အများဆုံးတင်သွင်းခဲ့ဟု စစ်ကောင်စီဆို

- မြဝတီ-မဲဆောက် အမှတ် ၁ တံတားမှာ ကိုဗစ်ဆေး၃ ကြိမ် အပြည့်ထိုးနှံပြီးသူတွေကိုသာ ဖြတ်သန်းသွားလာခွင့်ပြု

- ပြည်တွင်းသကြားဈေးတစ်ပိဿာ ၃၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်လာ

- ထိုင်းနိုင်ငံမှ နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းကြီး PTTEP မလေးရှားတွင် တိုးချဲ့ လုပ်ကိုင်

- ဥရောပ နှင့် အရှေ့တောင်အာရှ စားအုန်းဆီ စစ်ပွဲ ဆက်လက်တင်းမာ

https://youtu.be/rkTs7LwqOUo

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥1
​​စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်ဖို့ နိုင်ငံတကာက အမြန်ကူညီဖို့လိုနေပြီ | သတင်းသုံးသပ်ချက်
===========================

လုံးကြီးတင်
အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ကျော် ကာလအတွင်း အကြိမ်ပေါင်း ၃၀၀ ကျော်ရှိပြီလို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

ဒီစာရင်းက ရရှိထားတဲ့ အချက်အလက်တွေအပေါ်မှာ မူတည်ပြီး တွက်ချက်ထားတာဖြစ်ပြီး တကယ်တမ်း မြေပြင်က အရေအတွက်က အခုစာရင်းထက် ပိုများနိုင်တယ်လို့ MIPS ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမင်းဇော်ဦးက ဘီဘီစီကို ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၆၅၂ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီလိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၈၈ ဦးနဲ့ ဒဏ်ရာရသူ ၃၇၇ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး သေဆုံး၊ ဒဏ်ရာရသူ အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းတွေမှာ လေကြောင်းက တိုက်ခိုက်မှုတွေ အကြိမ်အရေအတွက် ပိုများများ လုပ်လာခဲ့တာ ဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေနဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေတွေမှာ ဇန်နဝါရီလ တစ်လတည်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာ ၅၇ ကြိမ်ရှိခဲ့တာပါ။

KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ် ထားဝယ် ခရိုင်၊ မူတြော် (ဖာပွန်) ခရိုင်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ပြည်သူပေါင်း ၅ သိန်းကျော်အထိ ရှိနေပါပြီ။
ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ကလည်း KNU - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ KNU - ဒူးပလာယာခရိုင်က သတင်း ထုတ်ပြန်ထားပါတယ်။

မြေပြင်စိုးမိုးမှု မရနိုင်တဲ့ စစ်ကောင်စီဟာ လေကြောင်းကိုပဲ ပိုပြီး အားကိုးလာမယ့်သဘော ရှိတယ်ဆိုတာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက တွက်ဆထားပြီး ဖြစ်သလို၊ လေကြောင်းရန်ကာကွယ်မှုတွေ အတွက်လည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်နေရပါပြီ။
စစ်ကောင်စီအနေနဲ့ ပြည်သူလူထုအပေါ် အညှိုးတကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်ပြီး ပြည်သူအပေါ် ရန်လိုမှုကလည်း တဖြည်းဖြည်း ပိုမိုဆိုးရွားလာနေပြီ ဖြစ်ပါတယ်။
မြေပြင်မှာ တိုက်ပွဲဆင်တဲ့အခါမှာလည်း စစ်ကောင်စီဘက်က လက်နက်၊ လူသူ သာလွန်အင်အား သုံးပြီး တိုက်ခိုက်နေတာ သတင်းတွေအရတွေ့ရမှာပါ။

ဒါပေမယ့် မြေပြင်တိုက်ပွဲတွေကတော့ နေရာတိုင်းမှာ စစ်ကောင်စီဘက်က သာလွန်အင်အား မသုံးနိုင်တဲ့ အပြင် အကျအဆုံးများနေတဲ့အတွက် လေကြောင်းက တိုက်ခိုက်တာကို ဖိလုပ်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်မှုဟာ ရှေ့လျှောက် ပိုများလာဖို့ပဲ ရှိတယ်ဆိုတာ တော်လှန်ရေး အင်အားစုတွေက တွက်ဆထားပါတယ်။

စစ်ကောင်စီအနေနဲ့ လေကြောင်းက တိုက်ခိုက်တာတွေ လုပ်နေပေမယ့် ဒါဟာ စစ်ရေးအရ အသာစီး ရတာ မဟုတ်ဘူးလို့ စစ်ရေးကျွမ်းကျင်သူတစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။
လေကြောင်းတိုက်ခိုက်ပြီးရင် မြေပြင်က ဝင်စီးပြီး စခန်းတွေ သိမ်းရမှာဖြစ်ပေမယ့် အဲဒါမျိုး စစ်ကောင်စီဘက်က မလုပ်နိုင်သေးဘူး၊ လေကြောင်းက တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို ခြိမ်းချောက်တာ၊ စိတ်ဓာတ်စစ်ဆင်ရေး လုပ်တာသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီရဲ့ လေကြောင်းကတိုက်ခိုက်မှု ပိုများလာနိုင်စရာပဲ ရှိတာရယ်၊ အရပ်သား ပြည်သူတွေ ထိခိုက်မှု များနေတာရယ်ကြောင့် စိုးရိမ်စရာ တော်တော်ကောင်းနေပါပြီ။

ဒါကြောင့်လည်း နိုင်ငံတကာ အနေနဲ့ လေယာဉ်ပစ် လက်နက်တွေ အကူအညီပေးဖို့ အမျိုးသား ညီညွတ်ရေး အစိုးရက နိုင်ငံတကာကို ထပ်မံတောင်းဆိုထားတာ သိရှိရပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်အသိပေး ကာကွယ်နိုင်ဖို့အတွက် လေကြောင်းကင်းထောက်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြည်သူတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး ဖိတ်ခေါ်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ လေကြောင်းပစ်လက်နက်တွေ ရှိပေမယ့် လေကြောင်းရန်ကာကွယ်ဖို့ မလုံလောက်တဲ့အတွက် နိုင်ငံတကာကနေ အကူအညီပေးဖို့ ထပ်မံတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီကို အပြီးသတ် အမြစ်မဖြတ်နိုင်ခင်မှာ ပြည်သူလူထု အထိ ဒီထက်မနာစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးက အရေးတကြီးလိုအပ်နေပါပြီ။

NUG နဲ့ သံတမန် ဆက်ဆံရေး တိုးတက်နေပြီဖြစ်တဲ့ နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို စာနာနားလည်တယ်၊ ပြည်သူတွေဘက်မှာ ရှိတယ်ဆိုရင် လက်ရှိအခြေအနေ အမှန်ကို သေချာသုံးသပ်ပြီး လေကြောင်းရန် ကာကွယ်ဖို့ လက်နက်တွေ ကူညီဖို့ အပူတပြင်း လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

#NUG
#MIPS
#KNUထိန်းချုပ်နယ်မြေ
#ကိုမင်းဇော်ဦး
#BBC
👍12🔥1
​​အမေရိကန်၏ ဆုံးဖြတ်ချက်အက်ဥပဒေကြောင့် တရုတ်နှင့်တိဗက်ကြား မပြေလည်မှု ပိုဆိုးလာ
=========================

တိဗက်နှင့် ပတ်သက်ပြီး မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အမေရိကန်၏ မူဝါဒကို ခိုင်မာ စေရန် အမေရိကန်လွှတ်တော်အမတ်များက အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တွင် ဥပဒေကြမ်း တစ်ရပ်ကို တင်သွင်းလာခြင်းကြောင့် တရုတ်နှင့် တိဗက် မပြေလည်မှုများ ပိုဆိုးရွားလာကြောင်း Tibet Press က ဖော်ပြသည်။

တိဗက်နှင့် တရုတ်ကြားပဋိပက္ခများ မဖြေရှင်းနိုင်သေးသလို တိဗက်၏ တရားဝင်မှုအခြေအနေကို နိုင်ငံတကာ ဥပဒေအရ မဆုံးဖြတ်ရသေးသည့်အချိန်တွင် တိဗက်ဆုံးဖြတ်ချက်အက်ဥပဒေ ခေါ် ဥပဒေကြမ်းသည် တရုတ်က ဒလိုင်းလားမား၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြန်လည်စတင်ရမည်ဟူသော အမေရိကန်မူဝါဒကို တရားဝင်ဖြစ်စေမည်ဖြစ်ကြောင်း Tibet Press က ဖော်ပြခဲ့သည်။ 

တိဗက်ဗဟို အုပ်ချုပ်ရေးအဖွဲ့၏ သမ္မတဖြစ်သော ပန်ပါဆာရင်း၏ အမေရိကန်ခရီးစဉ်အတွင်း ယင်းဥပဒေကြမ်းကို တင်သွင်းခြင်းကြောင့် ဥပဒေပြုရေးအချိန်သည် အချိန်ကိုက်ဖြစ်နေသည်။
👍4🔥1
ဖက်ဒရယ်စနစ်ဆိုတာဘာလဲ?
===========

Federalism ဆိုတဲ့ ဖက်ဒရယ် စနစ်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ နိုင်ငံအတွက် အသင့်တော်ဆုံး စနစ်တစ်ခုဖြစ်ပါတယ်။

ဖက်ဒရယ်နိုင်ငံတိုင်းမှာ ခိုင်မာအားကောင်းတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။ အစိုးရအဆင့်ဆင့်အကြား အာဏာခွဲဝေမှု၊ အစိုးရအာဏာကျင့်သုံးမှု ကန့်သန့်ထားမှု၊ အစိုးရ အချင်းချင်း ဗိုလ်ကျလွှမ်းမိုးခြင်းကို တားဆီးမှု အစီအမံတွေ အခြေခံဥပေဒမှာ ပါ၀င်ပါတယ်။

ဖက်ဒရယ်စနစ်အတွက် ဒီမိုကရေစီဟာ မရှိမဖြစ်လိုအပ်ပါတယ်။

ဒါကြောင့် ဖက်ဒရယ်စနစ်ဆိုတာဘာလဲဆိုတာကို ဒီဗီဒီယိုလေးမှာ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/UkpZI_oNjMU

#PSA
#Federalism
#MizzimaTV

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤4👍4🤮1
ဖေဖော်ဝါရီ ၂၁ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:11 -စစ်အရာရှိတွေအပါအဝင် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုကို EU က ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်တဲ့ သတင်း

03:16 -ဘိုင်ဒင်ရဲ့အလည်အပတ်လာရောက်မှုအပေါ် အလွန်ရေးပါတဲ့ခရီးစဉ်အဖြစ် ယူကရိန်းသမ္မတ ဇီလန်စကီး ချီးကျူးလိုက်တဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

04:07 -ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး နှလုံးရောဂါနဲ့ ကွယ်လွန်သွားတဲ့ သတင်း

09:52 -NME ကျောင်း ဘဏ္ဍာရေးရှင်းတမ်းကို စုံစမ်းစစ်ဆေးပေးဖို့ ရုံးအဖွဲ့ဝင်အချို့က NUG ထံ တိုင်ကြားထားတဲ့ သတင်း

https://youtu.be/j2u63FOMoec

#4pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤1🤮1
စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ရှမ်းကိုးရွာဒေသခံ ၁၆ ဦး ပျောက်ဆုံးနေ
🔥1
စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ရှမ်းကိုးရွာဒေသခံ ၁၆ ဦး ပျောက်ဆုံးနေ
===================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ) ။ ။ မြန်မာ-ထိုင်းနယ်စပ်၊ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှိ ရှမ်းကိုးရွာဒေသမှ ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

ရှမ်းကိုးရွာဒေသတွင် PDF များမှ နယ်မြေစိုးမိုးမှုမပြုလုပ်နိုင်သေးစဉ် ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့၌ ၎င်းတို့ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကာ တစ်ပတ်နီးပါးကြာသည်အထိ ပျောက်ဆုံးနေသည်။

“ စစ်တပ်က ဆီအုန်းကုမ္ပဏီတစ်ခုက ကား နှစ်စီးနဲ့ အင်အား ၁၀၀ ကျော်နဲ့ ရွာတွေကို လှည့်လည်စစ်ဆေးပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်”ဟု ကော့သောင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

ဖမ်းဆီးခံရသူများထဲတွင် အောင်ချမ်းသာရွာမှ ငါးဦး၊ ဆိပ်ဖူးရွာက တစ်ဦး၊ ဖော့သုပ်ရွာက တစ်ဦးနှင့် ခရီးသွားဧည့်သည် ကိုးဦး၊ စုစုပေါင်း ၁၆ ဦးဖြစ်သည်။

“ လက်ရှိ အချိန် အထိတော့ ပြန်လွတ်လာပြီးလား၊ မလွတ်သေးဘူးဆိုတာ တိတိကျကျ ပြောရဖို့ ခက်နေတယ်။ သေချာတာက လုံး၀ အဆက်သွယ်မရသေးဘူး” ဟု လုံးဖောကျေးရွာဒေသခံ တစ်ဦးကလည်း ပြောသည်။

ဒေသခံများကိုဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များသည် ရှမ်းကိုးရွာဒေသနှင့် နှစ်နာရီကျော် နီးပါးသွားရသည့် အေးမြသာယာရွာ ဘုန်းတော်ကြီးကျောင်းတွင်အခြေကုပ်ယူကာ တပ်စွဲထားသည်။
“ ရွာမှာ PDF တွေ ရှိနေတယ်အထင်နဲ့ အကြောင်းပြပြီး ရောက်လာကြတယ်လို့ သိရတယ်။ တကယ်တန်းကျတော့ စစ်တပ်က သူနဲ့အဆင်မပြေတဲ့ စည်းပွားရေးသမားတွေနဲ့ NLD အမာခံတွေကို အဓိကထား စစ်ဆေးဖမ်းဆီးဖို့ ရောက်လာတာ ဖြစ်နိုင်တယ်” ဟု PDF ရဲဘော်တစ်ဦးက သုံးသပ်သည်။

လက်ရှိတွင် ရှမ်းကိုးရွာဒေသရှိ ဝိုင်ဒင်း‌၊ အေးမြမင်္ဂလာ၊ တပ်ဦးမြိုင် သာယာကျေးရွာတို့ကိုမူ KNU၊ KTLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့က နယ်မြေစိုးမိုး ထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ နယ်မြေစိုးမိုးထားနိုင်သည့် ရှမ်းကိုးရွာဒေသအတွင်းမှ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေ၍ ဒေသခံအချို့ ထိုင်းဖက်သို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ရှမ်းကိုးရွာဒေသဆိုသည်မှာ ရှမ်းကိုးရွာ၊ အောင်ချမ်းသာ၊ ဆိပ်ဖူး၊ မာရမ်း၊ ဖော့သုပ်၊ အေးချမ်းသာနှင့် လုံးဖောရွာ အပါဝင် ရွာ ကိုးရွာကို ပေါင်းထားခြင်းဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်နှင့် ထိစပ်နေသော ရွာများဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ထိုင်း_မြန်မာနယ်စပ်
#ရှမ်းကိုးရွာဒေသ
#ဖမ်းဆီးခံရ
#ပျောက်ဆုံး
#ဒေသခံ
😁2👍1

❤8🔥1😁1