Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Business Round Up (22 Feb 2023)
=================

- ဆန်ချောတစ်အိတ်ကို ကျပ်တစ်သိန်းကျော်အထိ ဈေးပေါက်နေပြီး ပြည်သူများစားဝတ်နေရေး ပိုမိုကျပ်တည်းလာ

- မော်တော်ယာဉ်အရောင်းပြခန်းများ Brand New ယာဉ်သာ တင်သွင်းရမည်ဟုဆို

- ကိုရီးယားနှင့် စင်ကာပူတို့အပါအဝင် ပြည်ပနိုင်ငံများထံ နှမ်းတန်ချိန် နှစ်သိန်းကျော် ဧပြီလမှစတင်တင်ပို့မည်

- မလေးရှားနိုင်ငံဟာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအခွန်ကို ပြန်လည်ပြောင်းလဲမှာ မဟုတ်ဟုဆို

- ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် စစ်ဘက်အသုံးအဆောင်ပစ္စည်း တင်ပို့မှုကို သုံးဆတိုးမြှင့်ပြီး ဒေါ်လာငါးဘီလျံအထိရရှိဖို့ အိန္ဒိယ မျှော်မှန်း

https://youtu.be/6pMMwj8ucY8

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁3
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep_13 seg_2 (Kira နဲ့ BoBတို့ရဲ့ စိန်ခေါ်မှု ခရီးစဥ်)

Watch more detail - https://youtu.be/iqziiMWU8DY

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍3🤮1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၂ ဖေဖော်ဝါရီ ၂၀၂၃ )
=====================

· စစ်ကိုင်း၊ မကွေး၊ချင်း ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်နီပြည်နယ်တို့တွင် ခုခံတော်လှန်စစ်များ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီမှလည်း အထိနာပြီဆိုလျှင် လေကြောင်းပစ်ခတ်မှုများဖြင့် တုံ့ပြန်ပြီး မြေပြင်တပ်များမှ ပြည်သူ့အိမ်များကို မီးရှို့မှုများပြုလုပ်နေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1🤮1
​​ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံး
=======================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ မြဝတီမြို့တောင်ဘက်ခြမ်း ဖလူး-ဝေါလေ ကားလမ်းမတွင် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ညနေ၂နာရီ၁၀မိနစ်တွင် စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖလူး-ဝေါလေ ကားလမ်းမကို အရပ်သားကား သုံးစီးဖြင့် ဖြတ်သန်းလာသည့် (၅၈၅)တပ်ရင်း စကစ(၁၃)ထုတ်နုတ်အဖွဲ့နှင့် ကားလမ်း လုံခြုံရေးယူထားသည့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိတွေ့တိုက်ပွဲမှာ ၁၅မိနစ်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးတစ်ဦးနှင့် အခြားအဆင့်တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ကားပေါ်မှ ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်သူတစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
က
ော်ဘရာစစ်ကြောင်းဘက်မှလည်း ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါထိတွေ့တိုက်ပွဲကြောင့် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်များ သောင်းရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကော်ဘရာစစ်ကြောင်း
#သောင်းရင်းမြစ်
#ဒုက္ခသည်စခန်း
#ဖလူးဝေါလေကားလမ်းမ
#မြဝတီမြို့
👍9❤2😁2
​​အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ခြိမ်းခြောက်မှုကို ဘယ်လို ထိန်းချုပ်မလဲ
=====================

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ရန်လိုသောအပြုအမူများ တိုးလာချိန်တွင် လွှမ်းမိုးချုပ်ကိုင်မှုတရားဝင်ဖြစ်စေရန်လုပ်ဆောင်နေသော တရုတ်၏ ကြိုးပမ်းမှုအပေါ် နိုင်ငံများအနေဖြင့် ထိန်းချုပ်ရန် အရေးကြီးလာပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Europe-Asia Foundation (EAF) က ဖော်ပြလိုက်သည်။
👍6❤1🔥1
​​စွန့်ပစ်ကုန်တင်ကားထဲတွင် အာဖဂန်ရွှေ့ပြောင်း ၁၈ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိပြီးနောက် ဘူလ်ဂေးရီးယားတွင် လူ ၇ ဦး ဖမ်းဆီးခံရ
=================

ဘူလ်ဂေးရီးယားနိုင်ငံ၏မြို့တော် ဆိုဖီယာမြို့ပြင်ရှိ လိုကော့စ်ကိုရွာအနီးတွင် စွန့်ပစ်ထားသော ကုန်တင်ကားတစ်စီးပေါ်မှ အာဖဂန်ရွှေ့ပြောင်း ၁၈ ဦး၏ အလောင်းများကို တွေ့ရှိပြီး ၁ ရက်အကြာ၌ ဘူလ်ဂေးရီးယားတွင် လူ ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားသည်။
😁2👍1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်ထုတ်လွှင့်မှုများ
========================

https://youtu.be/He11X9gKlX0

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3❤1😁1🤮1
​​သတင်းထောက်သေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် ပါကစ္စတန် ပါဝင်
====================

ပါကစ္စတန်သည် မီဒီယာလွတ်လပ်ခွင့်တွင် ပြင်းထန်သော ကန့်သတ်ချက်များကြောင့် ရမှတ် ၃၇ ဒသမ ၉၉ ဖြင့် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၅၇ တွင် ရှိနေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က သတ်မှတ်ထားသည်။
👍2😁2🤬1
​​ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် လက်ထပ်ပြီးခါစ ဟိန္ဒူအမျိုးသား ၁ ဦး အသတ်ခံရ
=======================

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ် ဆန်ဂါခရိုင်တွင် လက်ထပ်ပြီးခါစ ဟိန္ဒူအမျိုးသား ၁ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်က သေဆုံးလျက် တွေ့ရှိခဲ့သည်။
😁2👍1
​​တရုတ်တွင် အိမ်ခြံမြေစျေးကွက် မြှင့်တင်ရန် ဗဟိုဘဏ်က မူဝါဒများ ချမှတ်ထားသော်လည်း အရောင်းအဝယ် အေးနေ
======================

တရုတ်နိုင်ငံ ဗဟိုဘဏ်က ဈေးကွက်မြှင့်တင်ရန် မူဝါဒများ ချမှတ်ထားသော်လည်း အိမ်ခြံမြေအရောင်းအဝယ် အေးနေဆဲဖြစ်ကြောင်း နယူးယောက်အခြေစိုက် NTD ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြထားသည်။
👍7
​​အမေရိကန်နှင့်တရုတ် တင်းမာမှုများ မြင့်တက်နေချိန် သူလျှိုမိုးပျံပူဖောင်းဖြစ်ရပ်က အံ့အားသင့်စရာ ဆက်ဖြစ်နေ
===================

တရုတ်သူလျှိုမိုးပျံပူဖောင်းများသည် မြောက်ကမ္ဘာခြမ်းတွင် နှစ်ပေါင်းများစွာ သွားလာနေခဲ့ကြောင်းကို အမေရိကန်က ပြီးခဲ့သည့်သီတင်းပတ်က သိရှိခဲ့ပြီး ထုတ်ဖော်ပြောကြားလာသည်။
👍8🔥2
​​စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း စစ်ကောင်စီထုတ်ပြန်
=========================

စစ်ကိုင်းတိုင်းရှိ မြို့နယ် သုံးခုကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း စစ်ကောင်စီက ဖေ ဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်သည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ ဝက်လက်၊ အရာတော်မြို့နယ်များကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယက်းသို့ ထပ်တိုးသတ်မှတ်ခြင်းကြောင့် စစ်ကိုင်းတိုင်းအတွင်း မာရှယ်လောထုတ်ပြန်ထားသည့် မြို့နယ် ၁၄ ခုရှိလာသည်။

ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ကောင်စီက ချင်းပြည်နယ်ရှိ မြို့နယ် ခုနစ္ခု၊ မကွေးတိုင်းရှိမြို့နယ် ငါးခု၊ ပဲခူးတိုင်းရှိ မြို့နယ် ငါးခု၊ကရင်ပြည်နယ်ရှိမြို့နယ် နှစ်ခု၊မွန်ပြည်နယ်ရှိ မြို့နယ် တစ္ခု၊ ကရင်နီပြည်နယ်ရှိ မြို့နယ် လေးခု၊စစ်ကိုင်းတိုင်းရှိ မြို့နယ်၁၁ ခု၊ တနင်္သာရီတိုင်းရှိ မြို့နယ် နှစ်ခု စုစုပေါင်း မြို့နယ်၃၇ ခု တွင် စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြောင့် စုစုပေါင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၄၀ ရှိလာပြီဖြစ်သည်။
👍20🤬4❤3🤮2👏1
​​အိန္ဒိယက တရုတ်နယ်စပ်တွင် တပ်ရင်း ၇ ခု ထပ်မံတိုးချဲ့မည်

အိန္ဒိယနှင့် တရုတ်နယ်စပ်အတွက် အင်ဒို-တိဗက်နယ်စပ်တပ်ရင်း (ITBP) ၇ ခုကို ထပ်မံတိုးချဲ့ရန် အိန္ဒိယ ဗဟိုအစိုးရက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ခွင့်ပြုခဲ့ခြင်းက ဗဟိုလက်နက်ကိုင်ရဲတပ်ဖွဲ့(CAPF) အင်အားကို ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာစေမည်ဖြစ်ကြောင်း အစိုးရထိပ်တန်းသတင်းရင်းမြစ်များက ပြောကြားလိုက်သည်။
👍7👏2❤1🔥1😁1
​​အစိုးရရုံးများမှ လုံခြုံရေးကင်မရာများဖယ်ရှားမည့် သြစတြေးလျ၏ဆုံးဖြတ်ချက်ကို တရုတ် ကန့်ကွက်

သြစတြေးလျ အစိုးရရုံးများမှ တရုတ်ထုတ်လုံခြုံရေးကင်မရာများကို ဖယ်ရှားမည့်အပေါ် တရုတ်အစိုးရက အကြိမ်ကြိမ် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်မှုအဖြစ် ခိုင်းနှိုင်းပြောဆိုလိုက်သည်။
😁10👍4🤔1
​​ဝီဂါနှင့်တာကစ်လူနည်းစုများအပေါ် တရုတ်၏ လုပ်ရပ်ကို မသိကျိုးကျွံပြုဟု ယူနက်စကို စွပ်စွဲခံရ 

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သည် ဝီဂါနှင့်အခြားသော တာကစ်လူနည်းစုများအပေါ် တရုတ်အစိုးရ၏ လုပ်ရပ်များကို မသိကျိုးကျွံပြုခြင်းဖြင့် အဖွဲ့အစည်း၏ စံနှုန်းများကို ချိုးဖောက်ခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် ဝီဂါလူ့အခွင့်အရေးအဖွဲ့က စွပ်စွဲခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။
😁3👍2❤1
ဖေဖော်ဝါရီလ ၂၃ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
 
ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲမှာ  စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံးခဲ့တဲ့ သတင်းနဲ့ အတူ 
 
တိုင်းရင်းသားမိခင်ဘာသာစကားများ တိုးတက်ရေးဆောင်ရွက်မယ်လို့  NUCC နဲ့  NUG တို့ ပူးတွဲကြေညာတဲ့ သတင်းတွေအပါအ၀င်  အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ရမှာပါ။
 
သတင်းတွေအပြီးမှာတော့  ရေဒီယို သတင်းဆောင်းပါးကို နားဆင်ရမှာ ဖြစ်ပါတယ်။ 
 
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ "ကျွန်တော့်အဖေ၏ အမေအကြောင်း ဒုတိယပိုင်း" ကိုလည်း နားဆင်ရဖို့ ရှိပါမယ်။

https://youtu.be/uiszUOKmtKE
👍10😁1🤮1
​​တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ထိုင်းက ဗီဇာ ရုပ်သိမ်း

တရုတ်မှ လူများကို ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးသွင်းရာတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသော တရုတ်နိုင်ငံသားတစ်ဦးအား ထိုင်းရဲများက ဗီဇာ ရုပ်သိမ်းလိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
👍6😁2
​​တရုတ်အပေါ် ပါကစ္စတန်အကြွေးတင်နေမှုကို အမေရိကန် စိုးရိမ်နေ

စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနေရသော ပါကစ္စတန်နှင့် အခြားနိုင်ငံများက တရုတ်အပေါ် အကြွေးတင်နေမှုကို အမေရိကန်အနေဖြင့် စိုးရိမ်ကြောင်း နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရက်ခ်ချောလက်က ပါကစ္စတန်ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၁၆ ရက်က ပြောကြားလိုက်သည်။
😁4👍1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_23 Seg_2 | ပုဇွန်ဆီပြန်ဟင်းနှင့် ငါးကျည်းချဉ်ပေါင်ရည်

Watch more detail - https://youtu.be/z0FcpZLSQzo

#thecookingguy #mizzimatv #reels #shorts #cooking
🤮2
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်ဖို့ နိုင်ငံတကာက အမြန်ကူညီဖို့လိုနေပြီ (ဆောင်းပါး)

အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ကျော် ကာလအတွင်း အကြိမ်ပေါင်း ၃၀၀ ကျော်ရှိပြီလို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ဒီစာရင်းက ရရှိထားတဲ့ အချက်အလက်တွေအပေါ်မှာ မူတည်ပြီး တွက်ချက်ထားတာဖြစ်ပြီး တကယ်တမ်း မြေပြင်က အရေအတွက်က အခုစာရင်းထက် ပိုများနိုင်တယ်လို့ MIPS ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမင်းဇော်ဦးက ဘီဘီစီကို ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၆၅၂ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီလိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၈၈ ဦးနဲ့ ဒဏ်ရာရသူ ၃၇၇ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး သေဆုံး၊ ဒဏ်ရာရသူ အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

https://youtu.be/30taMEwE8Lw
#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😁3👏1🥴1