Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိတ်ဆွေသဘောသာ တရုတ်အထူးသံတမန် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ဟု KIOဆို

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijunသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ‌တွေ့ဆုံခဲ့ကြောင်းသိရသည်။
တွေ့ဆုံခဲ့သည့်အဖွဲ့များတွင် ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ၊"ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်( NDAA) တို့ကိုတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများထံမှသိရသည်။
KIO ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ၁၈ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ ကိုဗစ်ရောဂါကာကွယ်ရေး အခြေအနေများနှင့် နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရန်အခြေအနေ ရှိမရှိစုံစမ်းခြင်း ၊ ပြည်သူလူထု၏ စားဝတ်နေရေးကျန်းမာရေး အခြေအနေများနှင့်နယ်စပ်ဒေသရှိ စစ်ရှောင်ဒေသခံများ၏ အခြေအနေများကို စုံစမ်းသွားကြောင်း သိရသည်။
“သူက အသစ်ပြန်လဲတယ်ဆိုတော့ ကျနော်တို့နယ်စပ်ဒေသက မိတ်ဆွေတွေကို လာတွေ့တဲ့သဘောနဲ့တွေ့တာပါ” ဟု KIOပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကိုပြောသည်။
“ဝ” အဖွဲ့အနေဖြင့်လည်း “တွေ့ဆုံခဲ့ကြတာမှန်ပါတယ်။ အဓိက မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တိုက်တွန်းဆွေးနွေးခဲ့ကြတာပါ” ဟု ပြန်ကြားရေးတာဝန်ရှိသူ ဦးညီရမ်းက မဇ္ဈိမသို့အတည်ပြုပြောကြားသည်။
အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်( NDAA)တွေဆုံခဲ့ခြင်း ရှိမရှိနှင့်ပတ်သက်ပြီး NDAAတာဝန်ရှိသူများထံသို့ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
တရုတ်အနေဖြင့် ၎င်းနှင့်နယ်စပ်ခြင်းထိစပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံသို့ လာရောက်မှုများသည် ယခင်ကတည်းကရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်များအရေး လေ့လာသူများကဆိုသည်။
လာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူမှုများ၊ ပြည်သူ့အတိုင်ပင်ခံကွန်ဂရက်အပြင် အခြားအစည်းအဝေးများရှိနေပြီး အစိုးရပိုင်းအပြောင်းအလဲရှိနိုင်သည့်အတွက် မူဝါဒပိုင်းဆိုင်ရာများအတွက် လာရောက်တွေ့ဆုံခြင်းလည်းဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်စောကပြောသည်။
“ အစည်းအဝေးတွေပြီးရင် ပေါ်လစီအသစ်တွေချတယ်။ မူဝါဒတွေချတယ်။ အဲဒီဟာမတိုင်ခင် အဲဒီလိုပဲ သူတို့ နိုင်ငံရဲ့ပေါ်လစီကိုလည်း ချပြ၊ အကြံဉာဏ်လည်းတောင်း၊ အဲဒီလို လုပ်တတ်တာတွေရှိတယ်။ အဲဒီအတွက်လည်း ပြင်ဆင်တာဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တရုတ်ပြည်သူ့သမ္မတနိုင်ငံ
#ကချင်လွတ်မြောက်ရေးတပ်
#UWSA
#NDAA
👍13😁2
Business Round Up (February 23 )

- စင်ကာပူကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းမှု ဒေါ်လာ သန်းရာချီတိုးလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင်လည်း ထိပ်ဆုံးမှာရပ်တည်နေ

- နိုင်ငံကူးလက်မှတ်များ ပြန်လည် လျှောက်ထားနိုင်

- စစ်ကောင်စီက အခေါက်ရွှေကို ပြင်ပပေါက်ဈေးထက်လျှော့ချကာ တစ်ကျပ်သား ကျပ် ၂၇ သိန်း ၉ သောင်းဖြင့် ရောင်းချရန် ထုတ်ပြန်

- နိုင်ငံကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တိုးမြင့်ရန် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ဖူးသည့် ပရက်ဆိုခွန်း ထိုင်းနိုင်ငံသို့ သွားရောက်မည်

- ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် RCEP ၌ ဖိလစ်ပိုင် လက်မှတ်ရေးထိုး

https://youtu.be/knGM_pOGy7I
👍3😁2
​​အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကို Justice For Myanmar ကြိုဆို 

မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းပြီး နှစ်နှစ်၌ အီးယူသည် မြန်မာစစ်ကောင်စီ၊ ၎င်း၏ လက်နက်ပွဲစားနှင့် လေယာဉ်ဆီ ထောက်ပံ့သူများကို နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6😁3👍1
ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:03-တရုတ်အထူးသံတမန်က မိတ်ဆွေသဘောသာ လာရောက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ KIOပြောတဲ့သတင်း

02:29-နိုင်ငံကူးလက်မှတ်ကို အွန်လိုင်းဘွတ်ကင်စနစ်သစ်နဲ့ လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီ ကြေညာတဲ့ သတင်း

03:29- စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာတာကြောင့် ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်မှု နှောင့်နှေးနေတဲ့သတင်း

06:10-စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း စစ်ကောင်စီထပ်မံ ထုတ်ပြန်တဲ့သတင်းအပါအဝင် တခြားအရေးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/9ePeNefcswQ
👍2👏2😁1🤮1
❤2
ဘီးလင်းမြို့နယ် ခဲမောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွား၊ ရွာသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရ

YT
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ခဲမောက်ကျေးရွာတွင် စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်သားများနှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဘီးလင်းအခြေစိုက်တပ်များဖြစ်သည့် ခလရ(၈)၊ အမတ(၃၁၄)နှင့် ခမရ (၃)တို့မှ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်သည် ဇီးဝန်းကျေးရွာမှတစ်ဆင့် ခဲမောက်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ KNU တပ်မဟာ(၁) တပ်ရင်း(၂) KNLA ၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ တစ်နာရီကျော်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့ သည်။
၎င်းတိုက်ပွဲအတွင်း ခဲမောက်ကျေးရွာမှ ဦးမြင့်သန်း၏ ရင်ဘက်၌ RPG ကျည်အစ သုံးချက်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရကာ စိုးရိမ်ရကြောင်း သိရသည်။
“သူတို့ (စစ်ကောင်စီတပ်သား) တွေက ရွာထဲဝင်လာဖို့လုပ်တဲ့အချိန် ရွာထိပ်မှာ လုံခြုံရေးယူပေးထားတဲ့ ရဲဘော်လေးယောက်ကို အာပီဂျီ(RPG)နဲ့ စပစ်တာ။ RPG က ရွာသားကိုသွားမှန်တော့ ရဲဘော်တွေက အဲ့ဒီ ရွာသားကိုသွားကယ်ဖို့လုပ်ရင်းကနေ စစ်သားတွေက လက်နက်ငယ်တွေနဲ့ဆက်ပစ်လို့ ပူးပေါင်းတပ်ဖွဲ့ထဲ က တစ်ယောက် ပေါင်ကို ကျည်ထိသွားတယ်” ဟု ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။
တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှတစ်ဦး ပေါင်ကိုကျည်ထိမှန်ခဲ့ကာ စစ်ကောင်စီတပ်မှ အထိအခိုက်၊ အကျအဆုံးရှိပြီး အသေးစိတ်အား စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါရဲဘော်က ဆိုသည်။
စစ်ကောင်စီက RPG ၊ ၄၀ မမ၊ ၈၁ မမ စိန်ပြောင်း စသည့် လက်နက်ကြီးအမျိုးအစားများ အသုံးပြု၍ ပစ်ခတ်မှုများကြောင့် ခဲမောက်ရွာအတွင်းရှိ ဒေသခံနေအိမ်အချို့ ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲပြီးတော့ အဲ့ဒီစစ်ကြောင်းက ရွာထဲဝင်မွှေသွားသေးတယ်ဗျ။ ဖုန်းဆိုင်ကနေ ဖုန်းတွေပိုက်ဆံတွေ ယူသွားတယ်။ ဖုန်းဆိုင်ကလည်း ထွက်ပြေးတဲ့အချိန် အိမ်နောက်ဖေးတံခါးပိတ်ဖို့မေ့ခဲ့တော့ အိမ်နောက် ဖေးကနေဝင်ပြီးယူသွားတာ” ဟု အခြားရဲဘော်တစ်ဦးကလည်း ပြောသည်။
တိုက်ပွဲအပြီးနောက် ၎င်းစစ်ကြောင်းသည် ခဲမောက်ရွာအတွင်းရှိ ဖုန်းဆိုင်တစ်ဆိုင်မှ ဖုန်းများ၊ ငွေဖြည့် ကတ်များ၊ ပါဝါဘန့် (Power Bank) များယူဆောင်သွားကြောင်း၊ နေအိမ်အချို့ကိုလည်း မွှေနှောက်သွား ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဘီးလင်းမြို့နယ်ရှိ ခလရ(၈)၊ အမတ (၃၁၄) ၊ ခမရ(၃)ခြေကုတ်စခန်းများအတွင်းသို့ ယမန်နေ့မှစတင်၍ အလုံပိတ်စစ်ကားများ အဝင်အထွက်များပြားနေပြီး စစ်သားအင်အား ထပ်တိုးထားခြင်းဖြစ်ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်မှ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကာ ထိုလက်နက်ကြီးများကြောင့် ဒေသခံများ ဒဏ်ရာရ ရှိနေပြီး ဘုန်းကြီးကျောင်းများ၊ ဒေသခံပြည်သူများ၏ နေအိမ်များ မကြာခဏကျည်ထိမှန်ပျက်စီးလေ့ရှိ သည်။
Photo – CJ
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#ဘီလင်းမြို့နယ်
#စစ်ကြောင်းထိုး
#တိုက်ပွဲ
👍9😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၃

https://youtu.be/vLhqQsrMOZk

ရုရှားတို့ တမင်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စွမ်းအင်ဆိုင်ရာ အဆောက်အဦးတွေ ပျက်ဆီးရတဲ့ ယူကရိန်း သန့်ရှင်းလောင်စာကို အစားထိုးအသုံးပြု၊ ရုရှားကျူးကျော်စစ်ထိုးတာ တနှစ်ပြည့်ချိန် ယူကရိန်းက စစ်ပွဲကြီးရဲ့ လားရာ ဘယ်လိုရှိ၊ လူတွေအတွက် အသက်အန္တရာယ်ပြုတဲ့ အသွင်ပြောင်းအဆီဓာတ် အစားအသောက်တွေက ဖယ်ရှားရေး WHO ကြိုးပမ်း၊ ဒီလိုသတင်းဆောင်းပါးတွေ အပြင်နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ၂၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁2
ယူကရိန်းစွမ်းအင်လိုအပ်ချက် ထွက်ပေါက်

https://youtu.be/Wp0c22HlKS4

ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ရုရှားတပ်တွေက ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက် နေတာ ကြောင့် ယူကရိန်းဟာ သူ့အနာဂတ်စွမ်းအင်ဖူလုံရေအတွက် မဖြစ်မနေ စဉ်းစားလာရပါတယ်။ စွမ်းအင်ထုတ်လုပ် ဖြန့်ဖြူးရေး စံနစ်မှာ တာရှည်ခံပြီး လျှပ်စစ်အမြန် ဖြည့်တင်းပေးနိုင်မယ့် နည်းလမ်းတွေကို တီထွင်ကြံဆတာနဲ့ တချိန်တည်းမှာပဲ သန့်ရှင်းစွမ်းအင်တွေ ထုတ်နိုင်ရေးကိုပါ လုပ်ဆောင်လာကြတာပါ။ တိုက်ပွဲပြင်းထန်တဲ့ ကိဗ်ဒေသ အာပင်မြို့ကနေ Anna Chernikova သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ပုံဟောင်းတွေနဲ့ CDF ဌာနချုပ် ဗုံးကြဲခံရပြီး အသေအပျောက်များတဲ့ သတင်းမှားပျံ့နေပါတယ်။
#Misinformation_Buster #Fake_News #Shorts #Reels #CDF #ဗုံးကြဲ

သတင်းအပြည့်အစုံဖတ်ရန် >> https://www.facebook.com/MizzimaDaily/posts/6439620699406114
👍21😁5
Mizzima pinned a video
ရုရှား ယူကရိန်းကျူးကျော်စစ် ရက်ပေါင်း ၃၆၅ ရက်

https://youtu.be/Yt7ZwY_YXTI

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ထိုးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ စစ်ပွဲကြီးကြောင့် သေကြေပျက်ဆီးမှုတွေ များပြားရသလို ကမ္ဘာနဲ့ အဝန်းလည်း လောင်စာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ စစ်ပြေးဒုက္ခသည်များ နေရာချထားရေး ဒီလို ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရပါတယ်။ အခု တနှစ်ပြည့်လာချိန်မှာ ဒီစစ်ပွဲကြီးရဲ့ လားရာ ဘယ်လိုရှိနေပါလဲ။ ငြိမ်းချမ်းရေးအရိပ်အယောင် တွေ့နေရပါလား။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3👍2