ဘီးလင်းမြို့နယ် ခဲမောက်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွား၊ ရွာသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရ
YT
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ ခဲမောက်ကျေးရွာတွင် စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်သားများနှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဘီးလင်းအခြေစိုက်တပ်များဖြစ်သည့် ခလရ(၈)၊ အမတ(၃၁၄)နှင့် ခမရ (၃)တို့မှ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့်သည် ဇီးဝန်းကျေးရွာမှတစ်ဆင့် ခဲမောက်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ KNU တပ်မဟာ(၁) တပ်ရင်း(၂) KNLA ၊ PDF ပါဝင်သော ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ တစ်နာရီကျော်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့ သည်။
၎င်းတိုက်ပွဲအတွင်း ခဲမောက်ကျေးရွာမှ ဦးမြင့်သန်း၏ ရင်ဘက်၌ RPG ကျည်အစ သုံးချက်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရကာ စိုးရိမ်ရကြောင်း သိရသည်။
“သူတို့ (စစ်ကောင်စီတပ်သား) တွေက ရွာထဲဝင်လာဖို့လုပ်တဲ့အချိန် ရွာထိပ်မှာ လုံခြုံရေးယူပေးထားတဲ့ ရဲဘော်လေးယောက်ကို အာပီဂျီ(RPG)နဲ့ စပစ်တာ။ RPG က ရွာသားကိုသွားမှန်တော့ ရဲဘော်တွေက အဲ့ဒီ ရွာသားကိုသွားကယ်ဖို့လုပ်ရင်းကနေ စစ်သားတွေက လက်နက်ငယ်တွေနဲ့ဆက်ပစ်လို့ ပူးပေါင်းတပ်ဖွဲ့ထဲ က တစ်ယောက် ပေါင်ကို ကျည်ထိသွားတယ်” ဟု ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။
တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှတစ်ဦး ပေါင်ကိုကျည်ထိမှန်ခဲ့ကာ စစ်ကောင်စီတပ်မှ အထိအခိုက်၊ အကျအဆုံးရှိပြီး အသေးစိတ်အား စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါရဲဘော်က ဆိုသည်။
စစ်ကောင်စီက RPG ၊ ၄၀ မမ၊ ၈၁ မမ စိန်ပြောင်း စသည့် လက်နက်ကြီးအမျိုးအစားများ အသုံးပြု၍ ပစ်ခတ်မှုများကြောင့် ခဲမောက်ရွာအတွင်းရှိ ဒေသခံနေအိမ်အချို့ ကျည်စထိမှန်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲပြီးတော့ အဲ့ဒီစစ်ကြောင်းက ရွာထဲဝင်မွှေသွားသေးတယ်ဗျ။ ဖုန်းဆိုင်ကနေ ဖုန်းတွေပိုက်ဆံတွေ ယူသွားတယ်။ ဖုန်းဆိုင်ကလည်း ထွက်ပြေးတဲ့အချိန် အိမ်နောက်ဖေးတံခါးပိတ်ဖို့မေ့ခဲ့တော့ အိမ်နောက် ဖေးကနေဝင်ပြီးယူသွားတာ” ဟု အခြားရဲဘော်တစ်ဦးကလည်း ပြောသည်။
တိုက်ပွဲအပြီးနောက် ၎င်းစစ်ကြောင်းသည် ခဲမောက်ရွာအတွင်းရှိ ဖုန်းဆိုင်တစ်ဆိုင်မှ ဖုန်းများ၊ ငွေဖြည့် ကတ်များ၊ ပါဝါဘန့် (Power Bank) များယူဆောင်သွားကြောင်း၊ နေအိမ်အချို့ကိုလည်း မွှေနှောက်သွား ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဘီးလင်းမြို့နယ်ရှိ ခလရ(၈)၊ အမတ (၃၁၄) ၊ ခမရ(၃)ခြေကုတ်စခန်းများအတွင်းသို့ ယမန်နေ့မှစတင်၍ အလုံပိတ်စစ်ကားများ အဝင်အထွက်များပြားနေပြီး စစ်သားအင်အား ထပ်တိုးထားခြင်းဖြစ်ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်မှ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကာ ထိုလက်နက်ကြီးများကြောင့် ဒေသခံများ ဒဏ်ရာရ ရှိနေပြီး ဘုန်းကြီးကျောင်းများ၊ ဒေသခံပြည်သူများ၏ နေအိမ်များ မကြာခဏကျည်ထိမှန်ပျက်စီးလေ့ရှိ သည်။
Photo – CJ
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#ဘီလင်းမြို့နယ်
#စစ်ကြောင်းထိုး
#တိုက်ပွဲ

👍9😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၃
https://youtu.be/vLhqQsrMOZk
ရုရှားတို့ တမင်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စွမ်းအင်ဆိုင်ရာ အဆောက်အဦးတွေ ပျက်ဆီးရတဲ့ ယူကရိန်း သန့်ရှင်းလောင်စာကို အစားထိုးအသုံးပြု၊ ရုရှားကျူးကျော်စစ်ထိုးတာ တနှစ်ပြည့်ချိန် ယူကရိန်းက စစ်ပွဲကြီးရဲ့ လားရာ ဘယ်လိုရှိ၊ လူတွေအတွက် အသက်အန္တရာယ်ပြုတဲ့ အသွင်ပြောင်းအဆီဓာတ် အစားအသောက်တွေက ဖယ်ရှားရေး WHO ကြိုးပမ်း၊ ဒီလိုသတင်းဆောင်းပါးတွေ အပြင်နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ၂၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၂၃
ရုရှားတို့ တမင်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စွမ်းအင်ဆိုင်ရာ အဆောက်အဦးတွေ ပျက်ဆီးရတဲ့ ယူကရိန်း သန့်ရှင်းလောင်စာကို အစားထိုးအသုံးပြု၊ ရုရှားကျူးကျော်စစ်ထိုးတာ တနှစ်ပြည့်ချိန် ယူကရိန်းက စစ်ပွဲကြီးရဲ့ လားရာ ဘယ်လိုရှိ၊ လူတွေအတွက် အသက်အန္တရာယ်ပြုတဲ့ အသွင်ပြောင်းအဆီဓာတ်…
👍7😁2
ကယားပြည်နယ်မှာ စစ်ဘေးရှောင် ၂ သိန်းနီးပါး တိုးလာနေပြီး ရေနဲ့စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေ(ရုပ်/သံ)
https://youtu.be/f3VDDYCYczc

မဇ္ဈိမ။ ။ စစ်အာဏာသိမ်းမူ နှစ်နှစ်ကျော်ကြားလာတဲ့အချိန် ကယားပြည်နယ်မှာ စစ်ဘေးရှောင် နှစ်သိန်းနီးပါးထိ တိုးလာနေပြီး ရေနဲ့စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ကရင်နီပြည်နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ပြောပါတယ်။
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံစတဲ့…
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံစတဲ့…
😢4👍2😁2
PDF များဝင်ရောက်နေထိုင်၍မရစေရန် လူမနေသည့်အိမ်များကိုမီးရှို့မည်ဟု စစ်ကောင်စီတပ်ဆို(ရုပ်သံ)
https://youtu.be/sv2Iqgz1hW0

မဇ္ဈိမ။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ် တောင်ညိုဆည်အတွင်းရှိကျေးရွာများမှ လူမနေ သည့်အိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု မကျီးပင်စက်လှေဆိပ်တွင်အထိုင်ချထားသော စစ်ကောင်စီတပ်က ပြောကြောင်း ဒေသခံတစ်ဦးမှ မဇ္ဈိမကို သတင်းပေးပို့သည်။
ထို့ပြင် ဒေသခံများ ဆန်၊…
ထို့ပြင် ဒေသခံများ ဆန်၊…
🤬8👍2❤1👏1🤮1
ယူကရိန်းစွမ်းအင်လိုအပ်ချက် ထွက်ပေါက်
https://youtu.be/Wp0c22HlKS4
ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ရုရှားတပ်တွေက ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက် နေတာ ကြောင့် ယူကရိန်းဟာ သူ့အနာဂတ်စွမ်းအင်ဖူလုံရေအတွက် မဖြစ်မနေ စဉ်းစားလာရပါတယ်။ စွမ်းအင်ထုတ်လုပ် ဖြန့်ဖြူးရေး စံနစ်မှာ တာရှည်ခံပြီး လျှပ်စစ်အမြန် ဖြည့်တင်းပေးနိုင်မယ့် နည်းလမ်းတွေကို တီထွင်ကြံဆတာနဲ့ တချိန်တည်းမှာပဲ သန့်ရှင်းစွမ်းအင်တွေ ထုတ်နိုင်ရေးကိုပါ လုပ်ဆောင်လာကြတာပါ။ တိုက်ပွဲပြင်းထန်တဲ့ ကိဗ်ဒေသ အာပင်မြို့ကနေ Anna Chernikova သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
https://youtu.be/Wp0c22HlKS4
ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ရုရှားတပ်တွေက ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက် နေတာ ကြောင့် ယူကရိန်းဟာ သူ့အနာဂတ်စွမ်းအင်ဖူလုံရေအတွက် မဖြစ်မနေ စဉ်းစားလာရပါတယ်။ စွမ်းအင်ထုတ်လုပ် ဖြန့်ဖြူးရေး စံနစ်မှာ တာရှည်ခံပြီး လျှပ်စစ်အမြန် ဖြည့်တင်းပေးနိုင်မယ့် နည်းလမ်းတွေကို တီထွင်ကြံဆတာနဲ့ တချိန်တည်းမှာပဲ သန့်ရှင်းစွမ်းအင်တွေ ထုတ်နိုင်ရေးကိုပါ လုပ်ဆောင်လာကြတာပါ။ တိုက်ပွဲပြင်းထန်တဲ့ ကိဗ်ဒေသ အာပင်မြို့ကနေ Anna Chernikova သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ယူကရိန်းစွမ်းအင်လိုအပ်ချက် ထွက်ပေါက်
ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ရုရှားတပ်တွေက ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက် နေတာ ကြောင့် ယူကရိန်းဟာ သူ့အနာဂတ်စွမ်းအင်ဖူလုံရေအတွက် မဖြစ်မနေ စဉ်းစားလာရပါတယ်။ စွမ်းအင်ထုတ်လုပ် ဖြန့်ဖြူးရေး စံနစ်မှာ တာရှည်ခံပြီး လျှပ်စစ်အမြန် ဖြည့…
👍4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ပုံဟောင်းတွေနဲ့ CDF ဌာနချုပ် ဗုံးကြဲခံရပြီး အသေအပျောက်များတဲ့ သတင်းမှားပျံ့နေပါတယ်။
#Misinformation_Buster #Fake_News #Shorts #Reels #CDF #ဗုံးကြဲ
သတင်းအပြည့်အစုံဖတ်ရန် >> https://www.facebook.com/MizzimaDaily/posts/6439620699406114

👍21😁5
ရုရှား ယူကရိန်းကျူးကျော်စစ် ရက်ပေါင်း ၃၆၅ ရက်
https://youtu.be/Yt7ZwY_YXTI
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ထိုးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ စစ်ပွဲကြီးကြောင့် သေကြေပျက်ဆီးမှုတွေ များပြားရသလို ကမ္ဘာနဲ့ အဝန်းလည်း လောင်စာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ စစ်ပြေးဒုက္ခသည်များ နေရာချထားရေး ဒီလို ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရပါတယ်။ အခု တနှစ်ပြည့်လာချိန်မှာ ဒီစစ်ပွဲကြီးရဲ့ လားရာ ဘယ်လိုရှိနေပါလဲ။ ငြိမ်းချမ်းရေးအရိပ်အယောင် တွေ့နေရပါလား။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
https://youtu.be/Yt7ZwY_YXTI
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ထိုးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ စစ်ပွဲကြီးကြောင့် သေကြေပျက်ဆီးမှုတွေ များပြားရသလို ကမ္ဘာနဲ့ အဝန်းလည်း လောင်စာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ စစ်ပြေးဒုက္ခသည်များ နေရာချထားရေး ဒီလို ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရပါတယ်။ အခု တနှစ်ပြည့်လာချိန်မှာ ဒီစစ်ပွဲကြီးရဲ့ လားရာ ဘယ်လိုရှိနေပါလဲ။ ငြိမ်းချမ်းရေးအရိပ်အယောင် တွေ့နေရပါလား။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ရုရှား ယူကရိန်းကျူးကျော်စစ် ရက်ပေါင်း ၃၆၅ ရက်
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ထိုးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ စစ်ပွဲကြီးကြောင့် သေကြေပျက်ဆီးမှုတွေ များပြားရသလို ကမ္ဘာနဲ့ အဝန်းလည်း လောင်စာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ စစ်ပြေးဒုက္ခသည်များ နေရာချထားရေး ဒီလို ပြဿနာကြီးတွေနဲ့…
🔥3👍2
ဖေဖော်ဝါရီလ 23 ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍5🔥2❤1
တရုတ်နှင့် ဖြစ်ပေါ်လာနိုင်သည့်စစ်ပွဲအတွက် ပြင်ဆင်ထားရန် ဩစတြေးလျ ကာကွယ်ရေးမဟာဗျူဟာသုံးသပ်ချက်တွင် သတိပေးထား
ဩစတြေးလျအစိုးရအနေဖြင့် တရုတ်နှင့် စစ်ပွဲဖြစ်လာနိုင်ခြေကို ကြိုတင်မျှော်လင့်ပြီး ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ထားရန် ကာကွယ်ရေးအကြီးအကဲဟောင်းက မဟာဗျူဟာအစီရင်ခံစာတွင် တိုက်တွန်းထားသည်။

👍19👏3🔥2
အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၇၉၀,၀၀၀ ဖြင့်ရောင်းချရန် ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း တိုက်တွန်း
မေဘယ်လ်သူ
မဇ္ဈိမ။ ။ ပြည်တွင်းရွှေစျေးကွက်အတွင်း ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၇၉၀,၀၀၀ ဖြင့် တစ်ပြေးညီရောင်းဝယ်ကြရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ရက် ရက်စွဲဖြင့် တိုက်တွန်းထားသည်။
စစ်ကောင်စီလက်အောက်ခံ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီမှ တစ်ဆင့်ညွှန်ကြားလာခြင်းဖြစ်ပြီး၊ ယခုသတ်မှတ်လိုက်သည့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၇၉၀,၀၀၀ သည် အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးဖြစ်ကာ ကမ္ဘာ့ပေါက်ဈေးနှင့် လက်ရှိရွှေစီးဆင်းမှု၊ ငွေရေးကြေးရေးတွက်ချက်မှုနှုန်းထားများနှင့် ကိုက်ညီကြောင်းလည်း ရွှေလုပ်ငန်းရှင်များအသင်းက ဆိုထားသည်။
ဒါ့အပြင် ရွှေဆိုင်များနှင့် ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် ဈေးကစားဆွဲတင်ခြင်းများ မလုပ်ကြဘဲ ၂,၇၉၀,၀၀၀ ကျပ်ဖြင့်သာ အရောင်းအ၀ယ်ပြုလုပ်ကြဖို့လည်း တိုက်တွန်းထားသည်။
“ရွှေလုပ်ငန်းရှင်အသင်း (YGEA) က သတ်မှတ်တဲ့ စျေးနှုန်းထက် စကစရဲ့ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက အခုသတ်မှတ်လိုက်တဲ့စျေးနှုန်းမှာတင် ၆၀၀,၀၀၀ ကျော်ကွာဟနေတာပါ။ လက်ရှိက ရွှေစျေးကွက်လည်း အရောင်းအဝယ်အေးနေသလို ပြည်သူတွေကလည်း ရွှေထက် ကုန်စျေးနှုန်းကြီးမြင့်မှုကိုပဲ ရုန်းကန်နေရတဲ့အချိန်ပါ။ ရွှေတစ်ကျပ်သား ၂၈သိန်းနီးပါး သတ်မှတ်ပေးလည်း ပြင်ပမှာ တကယ်တမ်းအဲဒီစျေးနဲ့ အရောင်းအဝယ်မဖြစ်ပါဘူး” ဟု ပန်းဘဲတန်းမြို့နယ်မှ ရွှေလေပတ်ကားအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ရက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁,၈၂၉ဒေါ်လာဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၁၅၄,၈၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။
ပြင်ပရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၈၀၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြပြီး၊ YGEA အသင်း၏ ရည်ညွှန်းစျေးအတိုင်းရောင်းချခြင်းမရှိသလို၊ စစ်ကောင်စီ၏ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ သတ်မှတ်စျေးနှုန်းဖြင့်လည်း အရောင်းအဝယ်မပြုလုပ်ကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#YGEA
#ရည်ညွှန်းစျေး
#ပြည်တွင်းရွှေစျေးကွက်
#ရွှေအရောင်းအဝယ်

👍3
ဟင်္သာတမြို့နယ်တွင် ညကင်းပတ်နေသည့် ရဲများ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ
မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ၊ နိဗ္ဗာန်တိုက်နယ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန်က ညကင်းပတ်နေသည့် စစ်ကောင်စီလက်အောက်ခံရဲများ ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
ဆိုင်ကယ် သုံးစီးဖြင့် ကင်းလှည့်လာသည့် နိဗ္ဗာန်နယ်မြေရဲစခန်းမှ ရဲများအား နိဗ္ဗာန်တိုက်နယ်နှင့် အလယ်စုကျေးရွာကြား အရောက်တွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောက်ခွဲမှုကိုပြုလုပ်ခဲ့သည့် ဟင်္သာတမြို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(HLPDF)တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရဲခွေး(ရဲတပ်ဖွဲ့ဝင်) ငါးယောက် ဆိုင်ကယ်နဲ့ ညကင်းလှည့်လာတဲ့အချိန်မှာ ဖောက်ခွဲခဲ့တာပါ။ ရဲနှစ်ယောက် ဗုံးထိသွားလို့ ဆေးရုံကို ချက်ချင်းခေါ်သွားကြတယ်။ ပြင်းပြင်းထန် ထန်ထိသွားတယ်ဆိုပေမဲ့ သေဆုံးမှု ရှိမရှိကိုတော့ အတည်ပြုလို့ မရသေးပါဘူး"ဟု ဆိုသည်။
ဗုံးခွဲတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး လုံခြုံရာသို့ပြန်လည်ရောက်ရှိပြီဖြစ်သည်ဟု (HLPDF)တာဝန်ရှိသူက ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် ယမန်နေ့ ညပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ ဟင်္သာတမြို့အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီတပ်နှင့် ရဲများက လုံခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဟင်္သာတမြို့
#စစ်ကောင်စီ
#ဗုံးခွဲတိုက်ခိုက်
#လုံခြုံရေးတင်းကျပ်
#HLPDF

👍5😁3❤2
သရက်မြို့နယ်အတွင်းတိုက်ပွဲတွင် အထိနာပြီးနောက် ကျေးရွာများအား စစ်ကြောင်းထိုးရန် စစ်ကောင်စီ ပြင်နေဟုဆို
ပါခွီး
မဇ္စျိမ ။။ မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းတိုက်ပွဲတွင် အရာရှိများသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများတွင်လည်း ထပ်မံသေဆုံးသူများရှိသည့်အတွက် အထိနာခဲ့သော စစ်ကောင်စီတပ်က တပ်အင်အားများ စုစည်းပြီး စစ်ကြောင်းထိုးရန်ပြင်ဆင်ကြောင်း ဒေသခံ ပြောဆိုချက်အရ သိရသည်။
သရက်မြို့နယ်တွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်သားများမှ တစ်အိမ်တက်ဆင်းရှာဖွေကာ ငွေနဲ့ ဖုန်းများကို သိမ်းယူခဲ့ကြောင်းလည်း ဒေသခံထံမှသိရှိရသည်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံနက်ပိုင်းတွင် သရက်မြို့ ၊ တလဘားကျေးရွာသို့ အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး နေအိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ကာ ဒေသခံများ၏ ဖုန်းများအား သိမ်းယူသွားခဲ့ကြောင်း ဆိုသည်။
“ဟိုတလောက သူတို့အတိုက်ခံရတာ တော်တော်သေတယ် ၊ အဲဒါကြောင့် အခုလို ပြည်သူတွေဘက်ကို မဲနေဟန်တူတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လို့သည့် ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားများသည် တစ်အိမ်တက်ဆင်းဝင်ရှာပြီး တွေ့ရှိသော ဒေသခံများ၏ ငွေ ကျပ် ၁,၀၀၀,၀၀၀(ဆယ်သိန်း) ခန့်အား အဓမ္မသိမ်းယူသွား ခဲ့ကြောင်းဆိုသည်။
တံခါးဖွင့်မပေးသော အိမ်များတွင် တံခါးများကို ခြေထောက်ဖြင့် ကန်ဖွင့်ပြီး သေနတ်များ ပစ်ဖောက်ကာ ရွာကို မီးရှို့ပစ်မည်ဟု ၍လည်းခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
လတ်တလောအခြေအနေတွင် သရက်မြို့၌ နယ်မြေခံစစ်ကောင်စီတပ်နှင့် ရဲများ အပါဝင် အခြားတိုက်ခိုက်ရေးတပ်များပါ စုစည်းနေပြီး အင်အား ၂၀၀ခန့်ရှိနေကာ စစ်ကြောင်းထိုးမည့်အခြေအနေရှိကြောင်း အဆိုပါ ဒေသခံ မှ ဆက်လက် ပြောဆို သည်။
ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်အား ၂၅ယောက် ခန့်ဖြင့် စစ်ကူလာသော စစ်ကောင်စီ တပ်သားများကိုလည်း မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး ၊ ဒုရဲအုပ်အပါအဝင် ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ ပြားခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
#သရက်မြို့နယ်
#ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ

👍7🔥1😁1🤬1