Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ပုံဟောင်းတွေနဲ့ CDF ဌာနချုပ် ဗုံးကြဲခံရပြီး အသေအပျောက်များတဲ့ သတင်းမှားပျံ့နေပါတယ်။
#Misinformation_Buster #Fake_News #Shorts #Reels #CDF #ဗုံးကြဲ

သတင်းအပြည့်အစုံဖတ်ရန် >> https://www.facebook.com/MizzimaDaily/posts/6439620699406114
👍21😁5
Mizzima pinned a video
ရုရှား ယူကရိန်းကျူးကျော်စစ် ရက်ပေါင်း ၃၆၅ ရက်

https://youtu.be/Yt7ZwY_YXTI

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ထိုးတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ စစ်ပွဲကြီးကြောင့် သေကြေပျက်ဆီးမှုတွေ များပြားရသလို ကမ္ဘာနဲ့ အဝန်းလည်း လောင်စာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ စစ်ပြေးဒုက္ခသည်များ နေရာချထားရေး ဒီလို ပြဿနာကြီးတွေနဲ့ ရင်ဆိုင်ရပါတယ်။ အခု တနှစ်ပြည့်လာချိန်မှာ ဒီစစ်ပွဲကြီးရဲ့ လားရာ ဘယ်လိုရှိနေပါလဲ။ ငြိမ်းချမ်းရေးအရိပ်အယောင် တွေ့နေရပါလား။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3👍2
ဖေ​ဖော်ဝါရီလ 23 ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2❤1
​​တရုတ်နှင့် ဖြစ်ပေါ်လာနိုင်သည့်စစ်ပွဲအတွက် ပြင်ဆင်ထားရန် ဩစတြေးလျ ကာကွယ်ရေးမဟာဗျူဟာသုံးသပ်ချက်တွင် သတိပေးထား

ဩစတြေးလျအစိုးရအနေဖြင့် တရုတ်နှင့် စစ်ပွဲဖြစ်လာနိုင်ခြေကို ကြိုတင်မျှော်လင့်ပြီး ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ထားရန် ကာကွယ်ရေးအကြီးအကဲဟောင်းက မဟာဗျူဟာအစီရင်ခံစာတွင် တိုက်တွန်းထားသည်။
👍19👏3🔥2
​​အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၇၉၀,၀၀၀ ဖြင့်ရောင်းချရန် ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း တိုက်တွန်း

မေဘယ်လ်သူ
မဇ္ဈိမ။ ။ ပြည်တွင်းရွှေစျေးကွက်အတွင်း ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၇၉၀,၀၀၀ ဖြင့် တစ်ပြေးညီရောင်းဝယ်ကြရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ရက် ရက်စွဲဖြင့် တိုက်တွန်းထားသည်။
စစ်ကောင်စီလက်အောက်ခံ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီမှ တစ်ဆင့်ညွှန်ကြားလာခြင်းဖြစ်ပြီး၊ ယခုသတ်မှတ်လိုက်သည့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၇၉၀,၀၀၀ သည် အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးဖြစ်ကာ ကမ္ဘာ့ပေါက်ဈေးနှင့် လက်ရှိရွှေစီးဆင်းမှု၊ ငွေရေးကြေးရေးတွက်ချက်မှုနှုန်းထားများနှင့် ကိုက်ညီကြောင်းလည်း ရွှေလုပ်ငန်းရှင်များအသင်းက ဆိုထားသည်။
ဒါ့အပြင် ရွှေဆိုင်များနှင့် ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် ဈေးကစားဆွဲတင်ခြင်းများ မလုပ်ကြဘဲ ၂,၇၉၀,၀၀၀ ကျပ်ဖြင့်သာ အရောင်းအ၀ယ်ပြုလုပ်ကြဖို့လည်း တိုက်တွန်းထားသည်။
“ရွှေလုပ်ငန်းရှင်အသင်း (YGEA) က သတ်မှတ်တဲ့ စျေးနှုန်းထက် စကစရဲ့ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက အခုသတ်မှတ်လိုက်တဲ့စျေးနှုန်းမှာတင် ၆၀၀,၀၀၀ ကျော်ကွာဟနေတာပါ။ လက်ရှိက ရွှေစျေးကွက်လည်း အရောင်းအဝယ်အေးနေသလို ပြည်သူတွေကလည်း ရွှေထက် ကုန်စျေးနှုန်းကြီးမြင့်မှုကိုပဲ ရုန်းကန်နေရတဲ့အချိန်ပါ။ ရွှေတစ်ကျပ်သား ၂၈သိန်းနီးပါး သတ်မှတ်ပေးလည်း ပြင်ပမှာ တကယ်တမ်းအဲဒီစျေးနဲ့ အရောင်းအဝယ်မဖြစ်ပါဘူး” ဟု ပန်းဘဲတန်းမြို့နယ်မှ ရွှေလေပတ်ကားအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ရက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁,၈၂၉ဒေါ်လာဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၁၅၄,၈၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။
ပြင်ပရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၈၀၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြပြီး၊ YGEA အသင်း၏ ရည်ညွှန်းစျေးအတိုင်းရောင်းချခြင်းမရှိသလို၊ စစ်ကောင်စီ၏ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ သတ်မှတ်စျေးနှုန်းဖြင့်လည်း အရောင်းအဝယ်မပြုလုပ်ကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#YGEA
#ရည်ညွှန်းစျေး
#ပြည်တွင်းရွှေစျေးကွက်
#ရွှေအရောင်းအဝယ်
👍3
ဟင်္သာတမြို့နယ်တွင် ညကင်းပတ်နေသည့် ရဲများ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ၊ နိဗ္ဗာန်တိုက်နယ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန်က ညကင်းပတ်နေသည့် စစ်ကောင်စီလက်အောက်ခံရဲများ ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
ဆိုင်ကယ် သုံးစီးဖြင့် ကင်းလှည့်လာသည့် နိဗ္ဗာန်နယ်မြေရဲစခန်းမှ ရဲများအား နိဗ္ဗာန်တိုက်နယ်နှင့် အလယ်စုကျေးရွာကြား အရောက်တွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောက်ခွဲမှုကိုပြုလုပ်ခဲ့သည့် ဟင်္သာတမြို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(HLPDF)တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရဲခွေး(ရဲတပ်ဖွဲ့ဝင်) ငါးယောက် ဆိုင်ကယ်နဲ့ ညကင်းလှည့်လာတဲ့အချိန်မှာ ဖောက်ခွဲခဲ့တာပါ။ ရဲနှစ်ယောက် ဗုံးထိသွားလို့ ဆေးရုံကို ချက်ချင်းခေါ်သွားကြတယ်။ ပြင်းပြင်းထန် ထန်ထိသွားတယ်ဆိုပေမဲ့ သေဆုံးမှု ရှိမရှိကိုတော့ အတည်ပြုလို့ မရသေးပါဘူး"ဟု ဆိုသည်။
ဗုံးခွဲတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး လုံခြုံရာသို့ပြန်လည်ရောက်ရှိပြီဖြစ်သည်ဟု (HLPDF)တာဝန်ရှိသူက ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် ယမန်နေ့ ညပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ ဟင်္သာတမြို့အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီတပ်နှင့် ရဲများက လုံခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဟင်္သာတမြို့
#စစ်ကောင်စီ
#ဗုံးခွဲတိုက်ခိုက်
#လုံခြုံရေးတင်းကျပ်
#HLPDF
👍5😁3❤2
​​သရက်မြို့နယ်အတွင်းတိုက်ပွဲတွင် အထိနာပြီးနောက် ကျေးရွာများအား စစ်ကြောင်းထိုးရန် စစ်ကောင်စီ ပြင်နေဟုဆို

ပါခွီး
မဇ္စျိမ ။။ မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းတိုက်ပွဲတွင် အရာရှိများသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများတွင်လည်း ထပ်မံသေဆုံးသူများရှိသည့်အတွက် အထိနာခဲ့သော စစ်ကောင်စီတပ်က တပ်အင်အားများ စုစည်းပြီး စစ်ကြောင်းထိုးရန်ပြင်ဆင်ကြောင်း ဒေသခံ ပြောဆိုချက်အရ သိရသည်။
သရက်မြို့နယ်တွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်သားများမှ တစ်အိမ်တက်ဆင်းရှာဖွေကာ ငွေနဲ့ ဖုန်းများကို သိမ်းယူခဲ့ကြောင်းလည်း ဒေသခံထံမှသိရှိရသည်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံနက်ပိုင်းတွင် သရက်မြို့ ၊ တလဘားကျေးရွာသို့ အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး နေအိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ကာ ဒေသခံများ၏ ဖုန်းများအား သိမ်းယူသွားခဲ့ကြောင်း ဆိုသည်။
“ဟိုတလောက သူတို့အတိုက်ခံရတာ တော်တော်သေတယ် ၊ အဲဒါကြောင့် အခုလို ပြည်သူတွေဘက်ကို မဲနေဟန်တူတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လို့သည့် ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားများသည် တစ်အိမ်တက်ဆင်းဝင်ရှာပြီး တွေ့ရှိသော ဒေသခံများ၏ ငွေ ကျပ် ၁,၀၀၀,၀၀၀(ဆယ်သိန်း) ခန့်အား အဓမ္မသိမ်းယူသွား ခဲ့ကြောင်းဆိုသည်။
တံခါးဖွင့်မပေးသော အိမ်များတွင် တံခါးများကို ခြေထောက်ဖြင့် ကန်ဖွင့်ပြီး သေနတ်များ ပစ်ဖောက်ကာ ရွာကို မီးရှို့ပစ်မည်ဟု ၍လည်းခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
လတ်တလောအခြေအနေတွင် သရက်မြို့၌ နယ်မြေခံစစ်ကောင်စီတပ်နှင့် ရဲများ အပါဝင် အခြားတိုက်ခိုက်ရေးတပ်များပါ စုစည်းနေပြီး အင်အား ၂၀၀ခန့်ရှိနေကာ စစ်ကြောင်းထိုးမည့်အခြေအနေရှိကြောင်း အဆိုပါ ဒေသခံ မှ ဆက်လက် ပြောဆို သည်။
ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်အား ၂၅ယောက် ခန့်ဖြင့် စစ်ကူလာသော စစ်ကောင်စီ တပ်သားများကိုလည်း မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး ၊ ဒုရဲအုပ်အပါအဝင် ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ ပြားခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
#သရက်မြို့နယ်
#ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ
👍7🔥1😁1🤬1
​​တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလတွင် စက်မှုလုပ်ငန်းရှင်များ ညအချိန် လျှပ်စစ်ဓာတ်အားအသုံးမပြုရန် စစ်ကောင်စီ အသိပေး
========================
ဝေဟင်စိုး
မဇ္ဈိမ။ ။စစ်ကောင်စီပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း စီးပွားရေးနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအနေဖြင့် ညအချိန် လျှပ်စစ်ဓာတ်အားအသုံးပြု၍ လုပ်ငန်းများမပြုလုပ်ရန် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က အသိပေးကြေညာထားသည်။
ရန်ကုန်တိုင်းအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအား လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ကန့်သတ်ရာတွင် စာမေးပွဲကာလ မတ်လ ၁ ရက်မှ ၂၀ ရက်နေ့အထိ ညနေ ၅ နာရီ မှ ည ၁၀ နာရီ အချိန် အထိ အသုံးမပြုရန် အသိပေးထားခြင်းဖြစ်သည်။
အဆိုပါအသိပေးချက်အား လိုက်နာခြင်းမရှိဘဲ ကန့်သတ်ချိန်အတွင်း လုပ်ငန်းအားလျှပ်စစ်ဓာတ်အား အသုံးပြုဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
“သူ့ထုတ်ပြန်ချက်မှာ စီးပွားရေးလုပ်ငန်းနဲ့ စက်မှုလက်မှုလုပ်ငန်းတွေလို့ပါတယ်။ ဘယ်လိုလုပ်ငန်းတွေ လည်းဆိုတာ အတိအကျဖော်ပြလေဗျာ။ ပြောကျကြေးဆို စက်မှုလက်မှုလုပ်ငန်းတွေကို‌ ခေါင်းစဉ် မတတ် နဲ့။ မြို့နယ်တိုင်းမှာ KTV တွေ စင်တင်တွေ အခြားဖျော်ဖြေရေးတွေမှာသုံးလို့ စွဲထားတဲ့ဓာတ်အားတွေဆို တာ မနည်းမနောဘဲ။ ခြုံငုံမပြောစေချင်ဘူး။ ဘယ်လိုလုပ်ငန်းတွေဆိုတာ တိတိကျကျပြောသင့်တယ်။ ကျွန်တော်တို့ကို လက်ညိုးထိုးလာရင် ကျွန်တော်တို့ကလည်း ပြန်လက်ညိုးထိုးပြတတ်တယ်” ဟု ရန်ကုန် မြို့နေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
YESC ၏ ကြေညာချက်တွင် တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုမမျှတပါက ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်လာနိုင်သည်ဟုလည်း အသိပေးထားသည်။
စစ်ကောင်စီကပြုလုပ်မည့် ၂၀၂၂-၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၈ ရက် နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအပါအဝင် တနိုင်ငံလုံး၌ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး လျက်ရှိသော်လည်း ဓာတ်အားရရှိချိန်နှင့်ပြတ်တောက်ချိန် မှန်ကန်မှုမရှိခြင်းကြောင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအပေါ်များစွာ အခက်အခဲဖြစ်နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်တိုင်း
#တက္ကသိုလ်ဝင်တန်းစာမေးပွဲ
#လျှပ်စစ်ဓာတ်အား
#YESC
👍5😁4❤2
👍1🔥1