Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖေ​ဖော်ဝါရီလ 23 ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥2❤1
​​တရုတ်နှင့် ဖြစ်ပေါ်လာနိုင်သည့်စစ်ပွဲအတွက် ပြင်ဆင်ထားရန် ဩစတြေးလျ ကာကွယ်ရေးမဟာဗျူဟာသုံးသပ်ချက်တွင် သတိပေးထား

ဩစတြေးလျအစိုးရအနေဖြင့် တရုတ်နှင့် စစ်ပွဲဖြစ်လာနိုင်ခြေကို ကြိုတင်မျှော်လင့်ပြီး ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ထားရန် ကာကွယ်ရေးအကြီးအကဲဟောင်းက မဟာဗျူဟာအစီရင်ခံစာတွင် တိုက်တွန်းထားသည်။
👍19👏3🔥2
​​အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၇၉၀,၀၀၀ ဖြင့်ရောင်းချရန် ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း တိုက်တွန်း

မေဘယ်လ်သူ
မဇ္ဈိမ။ ။ ပြည်တွင်းရွှေစျေးကွက်အတွင်း ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၇၉၀,၀၀၀ ဖြင့် တစ်ပြေးညီရောင်းဝယ်ကြရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ရက် ရက်စွဲဖြင့် တိုက်တွန်းထားသည်။
စစ်ကောင်စီလက်အောက်ခံ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီမှ တစ်ဆင့်ညွှန်ကြားလာခြင်းဖြစ်ပြီး၊ ယခုသတ်မှတ်လိုက်သည့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၇၉၀,၀၀၀ သည် အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးဖြစ်ကာ ကမ္ဘာ့ပေါက်ဈေးနှင့် လက်ရှိရွှေစီးဆင်းမှု၊ ငွေရေးကြေးရေးတွက်ချက်မှုနှုန်းထားများနှင့် ကိုက်ညီကြောင်းလည်း ရွှေလုပ်ငန်းရှင်များအသင်းက ဆိုထားသည်။
ဒါ့အပြင် ရွှေဆိုင်များနှင့် ရွှေအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် ဈေးကစားဆွဲတင်ခြင်းများ မလုပ်ကြဘဲ ၂,၇၉၀,၀၀၀ ကျပ်ဖြင့်သာ အရောင်းအ၀ယ်ပြုလုပ်ကြဖို့လည်း တိုက်တွန်းထားသည်။
“ရွှေလုပ်ငန်းရှင်အသင်း (YGEA) က သတ်မှတ်တဲ့ စျေးနှုန်းထက် စကစရဲ့ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက အခုသတ်မှတ်လိုက်တဲ့စျေးနှုန်းမှာတင် ၆၀၀,၀၀၀ ကျော်ကွာဟနေတာပါ။ လက်ရှိက ရွှေစျေးကွက်လည်း အရောင်းအဝယ်အေးနေသလို ပြည်သူတွေကလည်း ရွှေထက် ကုန်စျေးနှုန်းကြီးမြင့်မှုကိုပဲ ရုန်းကန်နေရတဲ့အချိန်ပါ။ ရွှေတစ်ကျပ်သား ၂၈သိန်းနီးပါး သတ်မှတ်ပေးလည်း ပြင်ပမှာ တကယ်တမ်းအဲဒီစျေးနဲ့ အရောင်းအဝယ်မဖြစ်ပါဘူး” ဟု ပန်းဘဲတန်းမြို့နယ်မှ ရွှေလေပတ်ကားအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၃ရက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁,၈၂၉ဒေါ်လာဖြစ်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၁၅၄,၈၀၀ ကျပ် ဖြစ်ကြောင်းသိရသည်။
ပြင်ပရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂,၈၀၀,၀၀၀ ကျပ်ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြပြီး၊ YGEA အသင်း၏ ရည်ညွှန်းစျေးအတိုင်းရောင်းချခြင်းမရှိသလို၊ စစ်ကောင်စီ၏ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ သတ်မှတ်စျေးနှုန်းဖြင့်လည်း အရောင်းအဝယ်မပြုလုပ်ကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#YGEA
#ရည်ညွှန်းစျေး
#ပြည်တွင်းရွှေစျေးကွက်
#ရွှေအရောင်းအဝယ်
👍3
ဟင်္သာတမြို့နယ်တွင် ညကင်းပတ်နေသည့် ရဲများ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ၊ နိဗ္ဗာန်တိုက်နယ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန်က ညကင်းပတ်နေသည့် စစ်ကောင်စီလက်အောက်ခံရဲများ ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
ဆိုင်ကယ် သုံးစီးဖြင့် ကင်းလှည့်လာသည့် နိဗ္ဗာန်နယ်မြေရဲစခန်းမှ ရဲများအား နိဗ္ဗာန်တိုက်နယ်နှင့် အလယ်စုကျေးရွာကြား အရောက်တွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောက်ခွဲမှုကိုပြုလုပ်ခဲ့သည့် ဟင်္သာတမြို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(HLPDF)တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရဲခွေး(ရဲတပ်ဖွဲ့ဝင်) ငါးယောက် ဆိုင်ကယ်နဲ့ ညကင်းလှည့်လာတဲ့အချိန်မှာ ဖောက်ခွဲခဲ့တာပါ။ ရဲနှစ်ယောက် ဗုံးထိသွားလို့ ဆေးရုံကို ချက်ချင်းခေါ်သွားကြတယ်။ ပြင်းပြင်းထန် ထန်ထိသွားတယ်ဆိုပေမဲ့ သေဆုံးမှု ရှိမရှိကိုတော့ အတည်ပြုလို့ မရသေးပါဘူး"ဟု ဆိုသည်။
ဗုံးခွဲတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး လုံခြုံရာသို့ပြန်လည်ရောက်ရှိပြီဖြစ်သည်ဟု (HLPDF)တာဝန်ရှိသူက ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် ယမန်နေ့ ညပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ ဟင်္သာတမြို့အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီတပ်နှင့် ရဲများက လုံခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဟင်္သာတမြို့
#စစ်ကောင်စီ
#ဗုံးခွဲတိုက်ခိုက်
#လုံခြုံရေးတင်းကျပ်
#HLPDF
👍5😁3❤2
​​သရက်မြို့နယ်အတွင်းတိုက်ပွဲတွင် အထိနာပြီးနောက် ကျေးရွာများအား စစ်ကြောင်းထိုးရန် စစ်ကောင်စီ ပြင်နေဟုဆို

ပါခွီး
မဇ္စျိမ ။။ မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းတိုက်ပွဲတွင် အရာရှိများသေဆုံးသည့်အပြင် ဒဏ်ရာရရှိသူများတွင်လည်း ထပ်မံသေဆုံးသူများရှိသည့်အတွက် အထိနာခဲ့သော စစ်ကောင်စီတပ်က တပ်အင်အားများ စုစည်းပြီး စစ်ကြောင်းထိုးရန်ပြင်ဆင်ကြောင်း ဒေသခံ ပြောဆိုချက်အရ သိရသည်။
သရက်မြို့နယ်တွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်သားများမှ တစ်အိမ်တက်ဆင်းရှာဖွေကာ ငွေနဲ့ ဖုန်းများကို သိမ်းယူခဲ့ကြောင်းလည်း ဒေသခံထံမှသိရှိရသည်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့ နံနက်ပိုင်းတွင် သရက်မြို့ ၊ တလဘားကျေးရွာသို့ အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး နေအိမ်များကို တစ်အိမ်တက်ဆင်း ရှာဖွေခဲ့ကာ ဒေသခံများ၏ ဖုန်းများအား သိမ်းယူသွားခဲ့ကြောင်း ဆိုသည်။
“ဟိုတလောက သူတို့အတိုက်ခံရတာ တော်တော်သေတယ် ၊ အဲဒါကြောင့် အခုလို ပြည်သူတွေဘက်ကို မဲနေဟန်တူတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လို့သည့် ဒေသခံတစ်ဦးက မဇ္စျိမကိုပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားများသည် တစ်အိမ်တက်ဆင်းဝင်ရှာပြီး တွေ့ရှိသော ဒေသခံများ၏ ငွေ ကျပ် ၁,၀၀၀,၀၀၀(ဆယ်သိန်း) ခန့်အား အဓမ္မသိမ်းယူသွား ခဲ့ကြောင်းဆိုသည်။
တံခါးဖွင့်မပေးသော အိမ်များတွင် တံခါးများကို ခြေထောက်ဖြင့် ကန်ဖွင့်ပြီး သေနတ်များ ပစ်ဖောက်ကာ ရွာကို မီးရှို့ပစ်မည်ဟု ၍လည်းခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
လတ်တလောအခြေအနေတွင် သရက်မြို့၌ နယ်မြေခံစစ်ကောင်စီတပ်နှင့် ရဲများ အပါဝင် အခြားတိုက်ခိုက်ရေးတပ်များပါ စုစည်းနေပြီး အင်အား ၂၀၀ခန့်ရှိနေကာ စစ်ကြောင်းထိုးမည့်အခြေအနေရှိကြောင်း အဆိုပါ ဒေသခံ မှ ဆက်လက် ပြောဆို သည်။
ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အင်အား ၂၅ယောက် ခန့်ဖြင့် စစ်ကူလာသော စစ်ကောင်စီ တပ်သားများကိုလည်း မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး ၊ ဒုရဲအုပ်အပါအဝင် ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ ပြားခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
#သရက်မြို့နယ်
#ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ
👍7🔥1😁1🤬1
​​တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလတွင် စက်မှုလုပ်ငန်းရှင်များ ညအချိန် လျှပ်စစ်ဓာတ်အားအသုံးမပြုရန် စစ်ကောင်စီ အသိပေး
========================
ဝေဟင်စိုး
မဇ္ဈိမ။ ။စစ်ကောင်စီပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း စီးပွားရေးနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအနေဖြင့် ညအချိန် လျှပ်စစ်ဓာတ်အားအသုံးပြု၍ လုပ်ငန်းများမပြုလုပ်ရန် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က အသိပေးကြေညာထားသည်။
ရန်ကုန်တိုင်းအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအား လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ကန့်သတ်ရာတွင် စာမေးပွဲကာလ မတ်လ ၁ ရက်မှ ၂၀ ရက်နေ့အထိ ညနေ ၅ နာရီ မှ ည ၁၀ နာရီ အချိန် အထိ အသုံးမပြုရန် အသိပေးထားခြင်းဖြစ်သည်။
အဆိုပါအသိပေးချက်အား လိုက်နာခြင်းမရှိဘဲ ကန့်သတ်ချိန်အတွင်း လုပ်ငန်းအားလျှပ်စစ်ဓာတ်အား အသုံးပြုဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။
“သူ့ထုတ်ပြန်ချက်မှာ စီးပွားရေးလုပ်ငန်းနဲ့ စက်မှုလက်မှုလုပ်ငန်းတွေလို့ပါတယ်။ ဘယ်လိုလုပ်ငန်းတွေ လည်းဆိုတာ အတိအကျဖော်ပြလေဗျာ။ ပြောကျကြေးဆို စက်မှုလက်မှုလုပ်ငန်းတွေကို‌ ခေါင်းစဉ် မတတ် နဲ့။ မြို့နယ်တိုင်းမှာ KTV တွေ စင်တင်တွေ အခြားဖျော်ဖြေရေးတွေမှာသုံးလို့ စွဲထားတဲ့ဓာတ်အားတွေဆို တာ မနည်းမနောဘဲ။ ခြုံငုံမပြောစေချင်ဘူး။ ဘယ်လိုလုပ်ငန်းတွေဆိုတာ တိတိကျကျပြောသင့်တယ်။ ကျွန်တော်တို့ကို လက်ညိုးထိုးလာရင် ကျွန်တော်တို့ကလည်း ပြန်လက်ညိုးထိုးပြတတ်တယ်” ဟု ရန်ကုန် မြို့နေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
YESC ၏ ကြေညာချက်တွင် တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုမမျှတပါက ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်လာနိုင်သည်ဟုလည်း အသိပေးထားသည်။
စစ်ကောင်စီကပြုလုပ်မည့် ၂၀၂၂-၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၈ ရက် နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအပါအဝင် တနိုင်ငံလုံး၌ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး လျက်ရှိသော်လည်း ဓာတ်အားရရှိချိန်နှင့်ပြတ်တောက်ချိန် မှန်ကန်မှုမရှိခြင်းကြောင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအပေါ်များစွာ အခက်အခဲဖြစ်နေရကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်တိုင်း
#တက္ကသိုလ်ဝင်တန်းစာမေးပွဲ
#လျှပ်စစ်ဓာတ်အား
#YESC
👍5😁4❤2
👍1🔥1
ခင်ဦးတွင် စစ်ကောင်စီနှင့် ပျုစောထီးများက ပစ်ခတ်တိုက်ခိုက်၍ အဖွားအို ၁ ဦးအပါအဝင် အရပ်သား၂ဦး ဒဏ်ရာရဟုဆို
====================
MTO
မဇ္ဈိမ။ ။ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့စျေးတန်းပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့်နှင့်ပျုစောထီးများက လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သည့်အတွက် သက်ကြီးရွယ်အိုအမျိုးသမီးတဦးနှင့် အမျိုးသားတဦး ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၁ရက်ည ၈နာရီခွဲဝန်းကျင်က စစ်ကောင်စီနှင့် ပျုစောထီးများ၏ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရသည့်သတင်းကို ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားခြင်းဖြစ်သည်။
“ အင်းပတ်နားမှာရှိတဲ့ ပျူရွာနဲ့ စျေးတန်းအထိုင်ချ စစ်ကောင်စီတပ်တွေက အနီးအနားမှာရှိတဲ့ အင်းပတ်ရွာဖက်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ နာရီဝက်နီးပါးလောက် ရမ်းသမ်းပစ်ခတ်ခဲ့တယ်။အသက် ၆၀ အရွယ်အဖွားအိုတဦး လက်နက်ကြီးကျည် စမှန်ပြီး နံရိုးတချောင်း အက်သွားတယ်။ အမျိုးသားတဦးကတော့ ပြေးရင်းလွှားရင်း လက်နက်ငယ်ကျည် ပေါင်ကိုမှန်တာ” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူတဦးက ယနေ့ ဖေဖော်ဝါရီလ ၂၃ရက်တွင် မဇ္ဈိမသို့ ပြောသည်။
ဒဏ်ရာရရှိသူနှစ်ဦးကို ရပ်ကျေးအဆင့်ကျန်းမာရေးစောင့်ရှောင့်ရေးအဖွဲ့များက ကနဦး ဆေးကုသမှုပေးခဲ့ပြီးနောက် CDM ဆရာဝန်များဖြင့် ဖွဲ့ထားသည့် မြို့နယ်အဆင့် ဆေးအဖွဲ့က ထပ်မံကုသပေးခဲ့သည်ဟု ဆိုသည်။ယခုအခါ နှစ်ဦးစလုံးအသက်အန္တရယ် စိုးရိမ်စရာမရှိတော့ဟု သိရသည်။
စစ်ကောင်စီတပ်များသည် ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်ကာ ရွာစဉ်လှည့် မီးရှို့ ခဲ့ကြောင်း၊ ယခုရက်ပိုင်းတွင် စစ်ကြောင်းခေတ္တနားနေချိန် အင်းပတ်ရွာဖက်သို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်‌နေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
အင်းပတ်ရွာသည် ရွာသစ်ကုန်းမှ ပျူစောထီးများ တပ်စွဲထားသည့်နေရာနှင့် ပေ၁၅၀၀ခန့်သာ ဝေးကွာပြီး စစ်ကောင်စီတပ်နှင့် ပျုစောထီးများ၏ ရန်ကြောင့် ဒေသခံများ မကြာခဏထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။
“စစ်ကြောင်းနားသွားတာ သုံးရက်လောက်ပဲရှိသေးတယ်။ဒီလထဲမှာကို ရွာရှစ်ရွာက အိမ်ခြေ ၆၀၀ နီးပါးလောက်ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီးသွားပြီ “ ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
နိုင်ငံတော်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၆၆ ရွာမှ နေအိမ်စုစုပေါင်း ၄၀၀၀ ကျော်ကို စစ်ကောင်စီကမီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၅၀၀၀ ကျော်သည် အိုးမဲအိမ်မဲ့များအဖြစ် နေထိုင်နေကြရသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့စစ်တမ်းများအရ သိရသည်။ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ဖွဲ့စည်းထားပြီး ဒေသတွင်း တော်လှန်ရေးသတင်းများကို စုစည်းဖော်ပြနေသည်။
စာတည်း - မောင်ကြီး

#ခင်ဦးမြို့နယ်
#အင်းပတ်ကွေ့
#စစ်ကောင်စီနှင့်နှင့်ပျုစောထီးများ
👍7🔥1🤬1
​​ အာဖဂန်-ပါကစ္စတန် အဓိက နယ်စပ်ဂိတ်ကို ပိတ်ပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွား

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်ကြားရှိ အဓိကနယ်စပ်ဂိတ်ကို တာလီဘန် အာဏာပိုင်များက ပိတ်ထားလိုက်ကြောင်း အာဖဂန်အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၂၀ ရက်က ပြောကြားခဲ့ပြီးနောက် ပုံမှန်အားဖြင့် လူစည်ကားသော နယ်စပ်ဂိတ်အနီးတွင် သေနတ်သံများထွက်ပေါ်လာသည်ဟု ဒေသခံများက ဆိုသည်။
🔥2
​​ပါကစ္စတန်တွင် ဘာလို့ချ်မျိုးနွယ်ဝင်များ ပျောက်ဆုံးနေမှုအပေါ် မိသားစုဝင်များ ကန့်ကွက်ဆန္ဒပြ 

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် ကလေးများ၊ အမျိုးသမီးများနှင့် လူငယ်များအား အဓမ္မ ဖမ်းဆီးခံရကာ ပျောက်ဆုံးသွားမှု များပြားလာသည့်အပေါ် မိသားစုဝင်များက ကရာချိမြို့တွင် ကန့်ကွက်ဆန္ဒပြကြသည်။
👍6🔥1
​​ပါကစ္စတန်တွင် ခရစ်ယာန်သင်္ချိုင်းမြေနေရာ အခက်အခဲကြောင့် ရုပ်အလောင်းများကို စုပေါင်းမြှုပ်နေရ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်ရှိ ပါ့ရှ်ဝါနှင့် တခြားမြို့ကြီးများတွင် နေထိုင်သော ခရစ်ယာန်ဘာသာဝင် ၇၀ ၀၀၀ ကျော်အတွက် သုသာန် ၄ ခုသာ ရှိသောကြောင့် ခရစ်ယာန်အသိုင်းအဝိုင်းသည် အရိုးစုများနှင့်အရိုးများ ပြည့်နေပြီးသား ကျင်းတစ်ခုတည်းတွင်ပင် ရုပ်အလောင်း ၅ လောင်းမှ ၁၀ လောင်းအထိ မြှုပ်နှံနေရကြောင်း The News International သတင်းတွင် ဖော်ပြထားသည်။
😢4👍1🔥1
​​တရုတ်က၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာမည်

တရုတ်နိုင်ငံနှင့် အာဖဂန်နစ္စတန်တို့အကြား ကုန်သွယ်မှုသည် လျင်မြန်စွာ တိုးတက်လျက်ရှိပြီး ပါကစ္စတန်ပြီးလျှင် အာဖဂန်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာနိုင်ကာ ယင်းအခြေအနေက ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC)ကို အာဖဂန်နစ္စတန်အထိ ဆက်လက်ဆောင်ရွက်နိုင်မည့် နိမိတ်လက္ခဏာဖြစ်ကြောင်း ပိုးလမ်းမဆိုင်ရာ အကျဉ်းချုပ်အစီရင်ခံစာ (SRB) တွင် ဖော်ပြထားသည်။
👍1🔥1
​​မြောက်ဒါကိုတာတွင် တည်ဆောက်မည့် တရုတ်ပြောင်းဖူးစက်ရုံကို အမေရိကန်လေတပ် ကန့်ကွက်

ဂရမ်းဖို့ခ်လေတပ်အခြေစိုက်စခန်းအနီးတွင် တရုတ်ကုမ္ပဏီတစ်ခု၏ ပြောင်းဖူးအစိုကြိတ်ခွဲစက်ရုံ တည်ဆောက်မည့် စီမံကိန်းက နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နိုင်ကြောင်း အမေရိကန်လေတပ်က မြောက်ဒါကိုတာ ခေါင်းဆောင်များအား အကြောင်းကြားခဲ့သဖြင့် စီးပွားရေးအခွင့်အလမ်းအဖြစ် တစ်ချိန်က အမွှမ်းတင်ထားသည့် စီမံကိန်းကို မြို့တော်အရာရှိများက ရပ်ဆိုင်းရမည့်ပုံပေါ်နေသည်။
❤4👍1😁1