Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"တူးပြီးတဲ့အခါ ငါတို့မှာ အရေးအကြောင်းဆိုရင် ပြေးပုန်းလို့ရတဲ့ နေရာလေးတခုရှိတယ်လို့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုလေးရတယ်။ ရာနှုန်းပြည့် ကာကွယ်နိုင်တယ်လို့တော့ မယုံကြည်ဘူးလေ။ တော်ရုံကျည်ဆန်လောက်ကတော့ ကာနိုင်ပါတယ်။ ပေါင် ၅၀၀၊ ၆၀၀ ဗုံးတွေလာချရင်တော့ မခံနိုင်ဘူးပေါ့ဗျာ"
ကျောင်းဆရာ ကိုအောင်ပန်းဦးဆောင်ပြီး တူးလိုက်သော ဗုံးခိုကျင်းအတွက် ထောက်ပံ့‌ငွေ ကျပ်တသိန်းခွဲ ရရှိသည်။ ဒီအတွက် အလှူရှင်ကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်ဟု ဆိုလာသည်။
-ဗုံးခိုကျင်းအလှူရှင်များ
စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းပြီးနောက်ပိုင်းမြန်မာ့လူ့အသိုက်အဝန်းတွင် ယခင်က ပြောနေကြမဟုတ်သည့် စကားတခွန်း လူပြောများလာခဲ့သည်။
"လမ်းချင်းတူရင် လူချင်းဆုံမယ်"
စစ်အာဏာရှင်ကို နည်းပေါင်းစုံမှ ရသလို တော်လှန်နေကြသူများကြား ပေါင်းသင်းဆံရေးအတိမ်အနက်ကို ဖော်ညွှန်းသောစကားလည်းဖြစ်သည်။ ကိုအောင်ပန်းက စစ်ကျွန်ပညာရေး အဆိပ်အတောက်ကို တပည့်များအား မတိုက်ကျွေးလို၍ CDM လုပ်ခဲ့သည့် ကျောင်းဆရာ။ ဗုံးခိုကျင်းအတွက် ကနဦးအလှူရှင်တွေကလည်း စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့သော နိုင်ငံ့ဝန်ထမ်းအချို့ဖြစ်နေသည်။ သူတို့ လမ်းချင်းတူသည့်အခါ လူချင်းဆုံကြသည်။
👍11🔥1🤔1😱1😭1
မသဉ္ဇာတို့ သူငယ်ချင်းတသိုက်က ဗုံးခိုကျင်းများအတွက် ကနဦးအလှူရှင်များဖြစ်သည်။ မသဉ္ဇာသည် ဌာနဆိုင်ရာတခုမှ အရာရှိတဦးဖြစ်သည်။ စစ်ကောင်စီကို အာဏာဖီဆန်ကာ CDM ပြုလုပ်ပြီးနောက် ဝန်ထမ်းအသိုင်းအဝိုင်းမှ စိတ်တူကိုယ်တူသူငယ်ချင်းများ၊ မိတ်ဆွေများကို စုစည်းခဲ့သည်။ တော်လှန်ရေးအားကောင်းသည့်ဒေသများတွင် စစ်ကောင်စီ၏ ရန်လိုမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လူမှုဘဝများစွာကို သူတို့တတ်စွမ်းနိုင်သ၍ အကူ အညီပေးနေခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာတော့ သူတို့၏ ကူညီကယ်ဆယ်ရေးအစီအစဉ်များ ရုတ်ချည်း အပြောင်းအလဲဖြစ်သွားသည်။ ဘာကြောင့်လဲဆိုသည့် အမေးကို မသဉ္ဇာက ...
"လက်ယက်ကုန်း‌ စာသင်ကျောင်း‌လေ။ စက်တင်ဘာလ ၁၆ ရက်။ Date တောင် အလွတ်ရနေပြီ" ဟု မဆိုင်းမတွ ဖြေလာသည်။
"နာလွန်းလို့ပါ မေမေရာ သားကိုသတ်လိုက်ပါဆိုတာကို တချိန်လုံး ပြန်ကြားနေရတယ်။ တပတ်နှစ်ပတ်လောက်က အဲ့အသံတွေပဲကြားနေတယ်"
ပြောနေရင်းကပင် မသဉ္ဇာအသံက တိုးလျတိမ်ဝင်သွားသည်။
ထိုနေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွင် ကလေးငယ် ၂၀၀ ကျော်စာသင်‌နေခဲ့ကြသည်။ ထို‌ကျောင်းတည့်တည့်ကိုပင် စစ်ကောင်စီ တိုက်လေယာဉ်များက ဗုံးကြဲချပြီး ကျည်မိုးရွာပစ်ခဲ့သည်။ ကလေးငယ် ခုနစ်ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။ "နာလွန်းလို့ပါ မေမေရာ သားကိုသတ်လိုက်ပါ" ဆိုသည်က စစ်ကောင်စီလေကြောင်းမှပစ်ခတ်၍ ဒဏ်ရာအပြင်းအထန်ရခဲ့သော ကလေးငယ်တဦးက မသေဆုံးခင် သူ့မိခင်ကို ငိုပြောခဲ့ခြင်းဖြစ်သည်။
လက်ယက်ကုန်းစာသင်ကျောင်းလို ဖြစ်ရပ်ဆိုးမျိုး နောက်ထပ်မကြုံအောင် တတ်နိုင်သမျှ တားဆီးမည်ဟု မသဉ္ဇာတို့ CDM ၀န်ထမ်းတစု ထိုညမှာပင် ဆုံးဖြတ်ချက်ချလိုက်သည်။ စစ်ကျွန်ပညာရေးသပိတ်မှောက်ပြီး ကိုယ်ထူကိုယ်ထဖွင့်ထားသည့် စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများတူးနိုင်အောင် သူတို့ကြိုးစားကြမည်။ ထို့အတွက် သူတို့ပိုင်ဆိုင်သော လက်ဝတ်လက်စားအချို့နှင့် သူတို့အမြတ်တနိုးသိမ်းဆည်းထားသော အသုံးအဆောင်ပစ္စည်းများ၊ ကိုယ်တိုင်ပြုလုပ်ထားသော လက်မှုပစ္စည်းများကို မဲဖောက်ရောင်းချပြီး ရန်ပုံငွေရှာဖွေခဲ့ကြသည်။ ဗုံးခိုကျင်းအတွက်လှူရန် ခေါင်းစဉ်ဖြင့် အလှူ‌ငွေ လက်ခံခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့်လည်း ချိတ်ဆက်ခဲ့သည်။ လေကြောင်းရန်ကာကွယ်ရေး အရေးပေါ်အစီအမံများ သင်တန်ပေးနိုင်ရေး ကြိုးစားခဲ့ကြသည်။ အခက်အခဲများကြားမှ ငါးလခန့်အတွင်း ဗုံးခိုကျင်း ၈၀၀ နီးပါးအထိ တူးနိုင်ခဲ့သည်ဟုဆိုသည်။ ဗုံးခိုကျင်းတကျင်းသည် ကျပ်တသိန်းခွဲဝန်းကျင် ကုန်ကျနိုင်သည်ဆို၍ ယင်းပမာဏအတိုင်း ထောက်ပံ့ခဲ့ကြသည်။
"ဒီလိုမျိုးမကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်နေရချိန် သူတို့က ဘာမဆိုလုပ်လာမှာကို တွေးမိလို့ ကလေးတွေအတွက် မဖြစ်မနေလုပ်လိုက်ကြတာ။ ကျမတို့ဟာ ဘဝရဲ့စာမျက်နှာတခုကို ဖွင့်လိုက်ရတာ"
စာသင်ကျောင်းအတွင်း ဗုံးခိုကျင်းတူးနေရသည့် ကသောင်းကနင်းခေတ်ကာလကို ကျောင်းဆရာကိုအောင်ပန်းနည်းတူ မသဉ္ဇာလည်း စိတ်ပျက်လက်ပျက်ဖြစ်နေပုံရပြီး ရှေ့ရေးကို တွေးပူဟန် စကားဆိုရှာသည်။
-မြေဖြူကိုင်သောလက်များက ဗုံးခိုကျင်းတူးရသောအခါ
ကျောင်းဆရာ ကိုအောင်ပန်းတို့ တူးခဲ့သော ဗုံးခိုကျင်းက ဗုံးခိုကျင်းပီပီသသဖြစ်ခဲ့သော်လည်း စစ်ကောင်စီရန် ကြောင့် ပြေးရင်းလွှားရင်းစာသင်နေရသော မျက်မှောက်ခေတ်တွင် အလွဲလွဲအချော်ချော်ဖြစ်ခဲ့သော ဗုံးခိုကျင်းများလည်း ရှိခဲ့သည်။ တိုက်ပွဲများမကြာခဏဖြစ်နေခဲ့သော မြို့နယ်တခုမှ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတကျောင်း၏ ဗုံးခိုကျင်းကတော့ တူးပြီးမှ ပြန်ဖြိုချခဲ့ရသည်ဟု အဆိုပါမြို့နယ်မှ CDM ကျောင်းဆရာတဦးကပြန်ပြောသည်။
"အိမ်ကို ကျောင်းလုပ်ပြီး ကိုယ်ယောင်ဖျောက်စာသင်ရတဲ့ မြို့လေးမှာပေါ့။ ဗုံးခိုကျင်းဆိုပြီး အိမ်နံရံကိုကပ်ပြီး တိုင်တွေထောင်တယ်။ သဲအိပ်တွေကာတယ်။ စစ်သားတွေ မမြင်အောင်ဆိုပြီး တာလပတ်နဲ့ ထပ်ကာတယ်။ သူတို့လုပ်တတ်သလို လုပ်ထားကြတာလေ။ အပစ်ခံရရင် အကုန်ထိမှာမို့ ပြန်ဖျက်ပြီး မြေကြီးမှာ ပြန်တူးခိုင်းခဲ့ရတယ်ဗျာ" ဟုဆိုသည်။
အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဒေသများဆိုလျှင် ဗုံးခိုကျင်းတူးနေချိန် ဖုန်းဆက်၍
ဘယ်လိုဘယ်ပုံ တူးရမည်ဆိုသည်ကို ရှင်းပြရသည့် အခက်အခဲများလည်းရှိခဲ့သည်။ ဗုံးခိုကျင်းလိုအပ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတူးနိုင်သေးသော ကျောင်းများလည်း တော်လှန်ဒေသများတွင် ရှိနေသည်။
စစ်ကိုင်းတိုင်းအတွင်း ကိုယ်ထူကိုယ်ထကျောင်းတခုမှ ကျောင်းဆရာမ ဒေါ်ငယ်က သူ၏စာသင်ခန်းအတွင်းအခြေအနေတစွန်းတစကို ရင်ဖွင့်လာသည်။
👍10🔥1🤔1
​​"တခါတလေ စာသင်ရင်း လေယာဉ်သံကြားရင် ဘယ်ကိုပြေးရမလဲဆိုတာ စဉ်းစားလို့တောင်မတတ်ဘူး။ ကလေးတွေကမေးတယ်။ ဆရာမ အဲဒီလိုလာပစ်ရင် သားတို့ဘယ်လိုလုပ်ရမလဲ။ သားတို့သေရမှာလား။ သူတို့က ရွာကိုလာပစ်မှာလားလို့ မေးရှာကြတယ်ရှင်"
ထိုကဲ့သို့မေးလာတိုင်း ဆရာမဒေါ်ငယ်‌က ...
"တီချယ်တို့ အိမ်ကိုပြန်ဖို့စီစဉ်မရှိဘူး။ တော်လှန်ရေးပြီးမှပြန်မှာ။ ဒါကြောင့် သားတို့သမီးတို့နဲ့ သေအတူရှင်မကွာရှ်ိနေမှာ" ဟု အားမာန်ပါပါ‌ ဖြေခဲ့သည်ချည်းသာ။ ထိုသို့ဖြင့် သတ္တိခဲဆရာမနှင့်တပည့်များ၏ စာသင်ခန်းထဲက စာအံသံများက အညာရွာလေးထဲတွင် ညံစည်နေခဲ့သည်။ လေယာဉ်သံကြားရင်တော့ အလိုလို တိတ်ဆိတ်သွားတတ်ကြသည်။
ဆရာမဒေါ်ငယ်က အသက် ၁၂ နှစ်အရွယ်သူ့သားလေးနှင့်အတူ မွေးရပ်ဇာတိကိုစွန့်ခွာခဲ့ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်နေသည့် ကျေးရွာလေးတရွာသို့ အရောက်လာပြီး စာသင်ပေးနေသူဖြစ်သည်။
ဆရာမဒေါ်ငယ်၏ စာသင်ကျောင်းထဲတွင် ဗုံးခိုကျင်းမတူးရသေးသော်လည်း မသဉ္ဇာတို့ CDM ၀န်ထမ်းတစု အစပြုအကောင်အထည်ဖော်ခဲ့သော ဗုံးခိုကျင်းများသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ကျင်းပေါင်း ၈၀၀ အထိ ရှိပြီဖြစ်သည်။ ထိုအတွက် ရန်ပုံငွေ ဆက်လက်ရှာဖွေသွားမည်ဖြစ်ပြီး လိုအပ်သောဒေသများကို ပံ့ပိုးနိုင်ရေး ကြိုးစားသွားမည်ဟု မသဉ္ဇာကဆိုသည်။ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် ဖွင့်ထားသည့်စာသင်ကျောင်းပေါင်း ၄,၀၀၀ ကျော်ရှိနေရာ ဗုံးခိုကျင်းလိုအပ်ချက်က ကြီးမားနေဆဲဖြစ်သည်။
စစ်တပ်က နိုင်ငံတော်အာဏာကို အနုကြမ်းစီးဓားပြတိုက်သိမ်းယူခဲ့သည်က နှစ်နှစ်ကျော်လာခဲ့ပြီ။ လူထုတော်လှန်တိုက်ပွဲကာလကလည်း သုံးကြိမ်မြောက်နွေဉီးဆီ ရောက်လာခဲ့ပြီ။ အဘက်ဘက်မှကျရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ ရန်လိုမှုများက တစထက်တစ ပို၍ အတင့်ရဲလာသည်။သူတို့၏ နောက်ဆုံးကျည်ဆံ ဖြစ်သော တိုက်လေယာဉ်များကို ထုတ်သုံးလာပြီး လေကြောင်းတိုက်ခိုက်မှုများ ပိုလုပ်လာနေသည်။
စစ်တပ်၏ လေယာဉ်ဖြင့်ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးများသည် ဗုံးခိုကျင်းထဲတွင် စာသင်နေရပြီး စာသင်ကျောင်းများနှင့် ကလေးငယ်များသည် ပစ်မှတ်မဖြစ်ရန်လိုကြောင်း ဖေဖော်ဝါရီလ ပထမပတ်ထဲတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) အစည်းအဝေးတွင်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။ သို့သော် ဖေဖော်ဝါရီလ ဒုတိယပတ်ထဲအရောက်တွင် ကရင်ပြည်နယ် KNU တပ်မဟာ (၆ )နယ်မြေထဲမှ စာသင်ကျောင်းအချို့ကို လေကြောင်းမှပစ်ခတ်ချေမွလိုက်ပြန်သည်။
မြန်မာ့အရေးကို ကမ္ဘာ့အင်အားကြီးနိုင်ငံများက အပြည့်အဝ အာရုံမစိုက်‌သေးသည့် ယနေ့အခြေအနေတွင် လူထု တော်လှန်ရေးခရောင်းလမ်းသည် မည်မျှအထိ ရှည်လျားအုံးမည်ကို မှန်းဆ၍ မရသေးပေ။ ထို့အတူ ဗုံးခိုကျင်းများက ကလေးငယ်များ၏ အသက်အန္တရာယ်ကို အပြည့်အဝ ကာကွယ်နိုင်မည်ဟု ကျောင်းဆရာ ကိုအောင်ပန်း၊ ဆရာမ ဒေါ်ငယ်နှင့် မသဉ္ဇာတို့က မယုံကြည်ရဲကြပါ။ သို့သော် စစ်ကျွန်ပညာရေးကို ခြေချခွင့်မပြုသည့် တော်လှန်ဒေသများမှ စာသင်ကျောင်းလေးများသည် တိုက်လေယာဉ်သံကြားလျှင် သို့မဟုတ် လေကြောင်းမှလာ‌ရောက် တိုက်ခိုက်ခဲ့လျှင် ဗုံးခိုကျင်းရှိပါက ဗုံးခိုကျင်းထဲ ပြေးသူကပြေးပြီး ကျင်းမရှိပါကလည်း ဘေးလွတ်မည်ထင်ရာသို့ ပြေးပုန်းနေကြရဦးမည်ဖြစ်သည်။
တိုင်းပြည်၏ အနာဂတ် ရတနာများကို ဗုံးခိုကျင်းများဖြင့် အကာအကွယ်ပေးဖို့ ကြိုးစားနေကြရသည်မှာကား ရင်နင့်ဖွယ်ရာပင် ...
စာဖတ်သူ ဒီဆောင်းပါးကို ဖတ်နေချိန်မှာပင် ရန်လိုနေသော စစ်ကောင်စီ တိုက်လေယာဉ်အချို့ မောင်းတင်ပျံသန်းသွားသံကို ကြားကောင်းကြားရနိုင်ပါသည်။
👍19😢3🔥1😁1🤔1
​​တရုတ်၏ ခြိမ်းခြောက်မှုကြုံတွေ့နေရသည့် ထိုင်ဝမ်အား ပံ့ပိုးကူညီကြရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တောင်းဆို

တရုတ်၏ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရေးအတွက် ထိုင်ဝမ်နှင့်ဆက်ဆံရေး တိုးမြှင့်ကြရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း လစ်ထရက်စ်က လာမည့်မေလတွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့၌ ကျင်းပမည့် ဂျီ-၇ ထိပ်သီးအစည်းအဝေး မတိုင်မီ တောင်းဆိုလိုက်သည်။
👍10❤4😁2
​​ရုရှားနှင့် နီးကပ်သောဆက်ဆံရေးရှိကြောင်း တရုတ်ထိပ်တန်းသံတမန် ထပ်လောင်း အတည်ပြု 

တရုတ်ထိပ်တန်းသံတမန် ဝမ်ယိသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားသည့် ၁ နှစ်ပြည့်ရန် ရက်ပိုင်းအလိုတွင် တွေ့ဆုံခဲ့ခြင်းဖြင့် နှစ်နိုင်ငံအကြား နီးကပ်သော ဆက်ဆံရေးရှိကြောင်း ထပ်မံပြသလိုက်သည်။
💩6👍3❤2🔥1🖕1
​​ကျွမ်းကျင်ပညာရှင်များကို ဟောင်ကောင်သို့ ဆွဲဆောင်မည့် ဗီဇာအစီအစဉ်ကို တရုတ် စတင် 

အာဏာရတရုတ်ကွန်မြူနစ်ပါတီက ၂၀၁၉ ခုနှစ်ဆန္ဒပြပွဲများအပြီး သဘောထားကွဲလွဲသူများကို ဖြိုခွင်းပြီးနောက်ပိုင်း နိုင်ငံသားများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားကြသဖြင့် ဟောင်ကောင်တွင် နေထိုင်အလုပ်လုပ်ကိုင်ရန် အရည်အချင်းပြည့်မီသူများကို ဆွဲဆောင်သည့် ဗီဇာအစီအစဉ်သစ်ကို တရုတ်အစိုးရက စတင်လိုက်သည်။
👍2👏2
ဖေ​ဖော်ဝါရီလ 24 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1
​​တရုတ်၏ တုံ့ပြန်နိုင်ခြေကြောင့် မြန်မာတွင် လေယာဉ်မပျံသန်းရဇုန် မဖြစ်နိုင်၊တိုင်းရင်းသား တော်လှန်ရေးအုပ်စုများက တရုတ်ပိုက်လိုင်းကို နှောင့်ယှက်ရန် စိတ်မဝင်စား 

အခြားသော တရုတ်-မြန်မာ အရေးနှင့် ပတ်သက်ပြီးလည်း တရုတ်သည် မြန်မာနိုင်ငံရှိ ၎င်း၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအပေါ် အတော်လေး ဆတ်ဆတ်ထိ မခံရှိနေပြီး ယင်းကြောင့် ပိုက်လိုင်းများကို အနှောင့်အယှက်ပေးရန် မြန်မာနိုင်ငံတွင်း၌ မည်သည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကမျှ စိတ်ဝင်စားမှု မရှိကြောင်း ၎င်းက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁3
​​ဆန်တင်ပို့မှုမှရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့်သာ ပြန်လဲရမည်

မေဘယ်လ်သူ
မဇ္ဈိမ။ ။ နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍတွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုမှ ရရှိသည့် ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ရက်နေ့မှစတင်ကာ ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရမည်ဟု သိရသည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍတွင် ပို့ကုန်ရငွေအား ၁၀၀ ရာခိုင်နှုန်းအပြည့်ဖြင့်ရရှိနေပြီး၊ ပို့ကုန်ရငွေတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို လိုင်စင်ရသည့် ပုဂ္ဂလိကဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပြင်ပပေါက်ဈေးအတိုင်းလဲလှယ်ခွင့်ရှိနေခြင်းဖြစ်သည်။
သို့သော် လာမည့် မတ်လ ၁ရက်နေ့မှ စတင်ကာ နယ်စပ်ပို့ကုန်ကဏ္ဍမှ ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရန် သတ်မှတ်ထားပြီး၊ အဆိုပါမူဝါဒအတွင်း ပဲ၊​​ ပြောင်း၊ နှမ်း၊​မြေပဲ၊ ရာဘာ၊​ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်အရှင်စသည့် ကုန် ခြောက်မျိုး အပြင် ဆန်နှင့်ဆန်ထွက်ပစ္စည်းတင်ပို့မှုလည်း ပါဝင်လာကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်တွင် ကြေညာထားသည်။
တစ်ဖက်တွင်လည်း ပို့ကုန်ရငွေအပေါ် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ၆၅ ရာခိုင်နှုန်း - ၃၅ ရာခိုင်နှုန်း သတ်မှတ်ချက်က ဈေးကွက်အပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ပြောဆိုမှုများရှိနေသည်။
“ မတ်လ ၁ရက်ကစပြီး မူဝါဒပြောင်းတဲ့အထဲမှာ အရင်ကတော့ ကုန် ခြောက်မျိုးပဲ သတ်မှတ်ထားတယ်။ အခုတော့ ဆန်နဲ့ဆန်ထွက်ပစ္စည်းပါ ပါလာပြီ။ ပြည်တွင်းမှာက ဆန်စျေးလည်းတက်နေတဲ့အပြင် ပို့ကုန်ဝင်ငွေကိုလည်း ထင်သလောက်မရရှိနိုင်တော့ဘူး။ စားသုံးသူအပြင်၊ တောင်သူတွေနဲ့ ပို့ကုန်သမားတွေပါ အကျပ်ရိုက်လာတဲ့ကိစ္စပဲ” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့်လဲလှယ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက် နေ့တွင်ထုတ်ပြန်ထားပြီး၊ ပို့ကုန် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တရုတ်ယွမ်‌ငွေ၊ ထိုင်းဘတ်ငွေနှင့် အိန္ဒိယရူပီးစသည့် နိုင်ငံခြားငွေများဖြင့် တိုက်ရိုက်ငွေပေးချေခွင့်ကို ခွင့်ပြုထားပြီးလည်းဖြစ်သည်။
လက်ရှိတွင် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျင် ၂,၁၀၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ၂,၉၀၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြသလို၊ တရုတ် တစ်ယွမ်လျင် မြန်မာငွေ ၄၁၀ ကျပ် ဝန်းကျင်၊ ထိုင်းဘတ်ငွေ တစ်ဘတ်လျင် မြန်မာငွေ ၈၅ ကျပ်ဝန်းကျင်၊ အိန္ဒိယ တစ်ရူးပီးလျင် မြန်မာငွေ ၃၆ ကျပ်ဝန်းကျင် အထိဖြစ်နေကြောင်းသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဗဟိုဘဏ်
#နယ်စပ်ကုန်သွယ်‌ရေး
#ဆန်နှင့်ဆန်ထွက်ပစ္စည်း
#နိုင်ငံခြားငွေ
👍3😁2🤮1
ဖေဖော်ဝါရီ ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:02-ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ထားခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ယူကရိန်းကိုယ်စားလှယ် သတိပေးတဲ့သတင်း

03:59-စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခုရှိလာတဲ့သတင်း

10:00-ရုရှားဟာအထိနာနေပြီဖြစ်ကြောင်းနဲ့ ယူကရိန်းကို ပိုမိုကူညီဖို့ IMF ကို G7 ဖိအားပေးတဲ့သတင်း

12:49-မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စားအုန်းဆီဈေးနဲ့ စက်သုံးဆီဈေး အစရှိတဲ့သတင်းအပါအဝင် အရေးကြီး သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/7jwTJ8-5KW8
👍3👏1😁1🤮1
👍3🔥1