Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Chef Eve's Easy Thai Cooking ShowEpisode (4) Promo

https://youtu.be/TMir4PCA4XM

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ဂဏန်းထမင်းကြော် နဲ့ ဝက်သားချဉ်သုပ်် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဂဏန်းထမင်းကြော် နဲ့ ဝက်သားချဉ်သုပ်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဖေဖော်ဝါရီ ၂၅ ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + HD Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။
🤮1
​​ပါကစ္စတန်က ဘာသာရေးကို ဦးစားပေးကာ စီးပွားရေးမတည်ငြိမ်မှုများကို လျစ်လျူရှုထား 

ပါကစ္စတန်အောက်လွှတ်တော်သည် ဘာသာရေးအပေါ်ပြစ်မှားမှုနှင့်ပုတ်ခတ်ပြောဆိုမှုဆိုင်ရာဥပဒေများကို ထပ်ဖြည့်စွက်ရန် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ပါကစ္စတန်ရာဇသတ်ကြီးဥပဒေ (PPC) ကို ပြင်ဆင်လိုက်သည်။
👍3🔥1😁1
​​တရုတ်ရဟတ်ယာဉ် သင်္ဘောအနီး ချဉ်းကပ်ပျံသန်းလာခြင်းအပေါ် ဂျပန်ပြစ်တင်ရှုတ်ချ 

အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်းတွင် သုတေသနသင်္ဘောအနီးသို့ တရုတ် ရေတပ်သုံး ရဟတ်ယာဉ် ချဉ်းကပ်လာခြင်းသည် မလိုလားအပ်သော လုပ်ရပ် ဖြစ်ပြီး အလားတူကိစ္စမျိုး ထပ်မလုပ်ရန် တရုတ်ကို သတိပေးခဲ့ကြောင်း Kyodo News က ဖော်ပြသည်။
👍6😁2
🔥2😁1
နေပြည်တော် လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF ဒုံးလက်နက်ဖြင့်ပစ်ခတ်

001
မဇ္စျိမ။ ။ နေပြည်တော်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အစပ်တွင် ရှိသော စစ်ကောင်စီ၏ အမှတ် (၂၀၃၁) လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဒုံးလက်နက်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒါက Military (စစ်) သုံး ဒုံးမစ်ဇိုင်းတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ စမ်းသပ်တဲ့သဘော စပြီးတော့ စမ်းတာပေါ့။ နောက်လည်း ဒါမျိုးတွေ ကျွန်တော်တို့ဆက်ပြီး လုပ်ဆောင်ဖို့ရှိပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ထိုသို့တိုက်ခိုက်ခဲ့ရာ တစ်လုံးမှာ အရာရှိလိုင်းခန်းဟုယူဆရသော အဆောက်အဦးတစ်ခုအား ထိမှန်ခဲ့ပြီး နောက်တစ်လုံးမှာ တပ်ဝန်းအတွင်းရှိ မြေပြင်တစ်နေရာကို ကျရောက်ခဲ့ကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေအား စုံးစမ်းဆဲဖြစ်ကြောင်းလည်း ဆက်လက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှလက်နက်ကြီး၊ ငယ်ဖြင့် ပြန်လည် ခြောက်လှန့်ပစ်ခတ်မှုရှိကြောင်း ၊ ဂျက်ဖိုက်တာတစ်စီးလည်း ရောက်လာကာ ပျံဝဲသွားကြောင်း ​နေပြည်​တော် PDFက​ပြောသည်။ ဖြစ်စဉ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ဟုလည်း သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ကလည်း ​နေပြည်​တော်ပြည်သူ့ကာကွယ်​ရေးတပ်ကကရင်ပြည်နယ် လိပ်သိုမြို့ စစ်​ကောင်စီ ဗျူဟာကုန်းသို့ တာဝေးပစ်လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့​ကြောင်းလည်း သိရသည်။
👍13❤3😁3
​​ပါကစ္စတန်ရှိ ဒါဆုရေအားလျှပ်စစ်စီမံကိန်းမှ ယာဉ်မောင်းများက လုပ်အားခကြွေးကျန်များကို ဆန္ဒပြတောင်းဆို

ပါကစ္စတန်နိုင်ငံရှိ ဒါဆုရေအားလျှပ်စစ်စီမံကိန်းမှ ယာဉ်မောင်းများ၊ သယ်ယူပို့ဆောင်ရေးအလုပ်သမားများ၊ တရုတ်အင်ဂျင်နီယာများနှင့် အခြားဝန်ထမ်းများသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က လုပ်အားခကြွေးကျန်များကို ဆန္ဒပြတောင်းဆိုခဲ့ကြောင်း The News International က ဖော်ပြသည်။
❤3🔥1
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
🔥3
ဒီမော့ဆိုမြို့နယ်ရှိ CDM ဆရာ ဆရာမ ၈၀ဦးအတွက် ကျေးလက်မြေအဖွဲ့က သိန်း ၁၆၀ ထောက်ပံ့

MTO
မဇ္ဈိမ။ ။ ကရင်နီပြည်နယ်(ကယားပြည်နယ်) ဒီးမော့ဆို မြို့နယ်ရှိ CDM ဆရာ၊ ဆရာမ ၈၀ ဦးအတွက် တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၁၆၀ ကို ကျေးလက်မြေအဖွဲ့က ယနေ့ဖေဖော်ဝါရီ လ ၂၄ရက်နေ့တွင် ဆက်သွယ်ထောက်ပံ့ပေးခဲ့ကြောင်း ကျေးလက်မြေအဖွဲ့၏ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။
“CDM လုပ်ပြီး လက်ရှိကလေးတွေကို စာသင်ပေးနေတဲ့ ဆရာ ၊ဆရာမတွေပါပဲ၊ NUG နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေက ပါသလို ချိတ်ဆက်နေဆဲ ကျောင်းတွေက ဆရာ၊ ဆရာမတွေလည်း ပါတယ်၊ အားလုံးက CDM တွေပါပဲ “ ဟု ၎င်းက ပြောသည်။
ကျေးလက်မြေအဖွဲ့အနေဖြင့် CDM ဆရာ၊ ဆရာမများကို ငွေကြေးထောက်ပံ့ပေးသည့်အပြင် လွတ်လပ်စွာယုံကြည် ကိုးကွယ်မှုနှင့်ပတ်သက်၍ ကျောင်းသင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြား နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို သုံးရက်ကြာ ကျင်းပခဲ့ကြောင်း ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာမမူစဲက ပြောသည်။
ထို့အပြင် ထောက်ပံ့‌ငွေရရှိခြင်းနှင့်ပတ်သက်၍လည်း “ကျမတို့ CDM လုပ်လာတာ နှစ်နှစ်ရှိပြီ။ ရှေ့ပိုင်းမှာ ဆရာသမဂ္ဂက ထောက်ပံ့တာရဖူးတယ်၊ တစ်ခါထောက်ပံ့ရင် ငါးသောင်း ထောက်ပံ့ပေးတယ် အခုကျေးလက်မြေကနေ ကျမတို့ကို မွမ်းမံသင်တန်းပေးပြီးတော့ နှစ်သိန်းထောက်ပံ့တယ်။ အရမ်းပီတိဖြစ်မိပါတယ်။ ကျမတို့အပြင် CDM တွေ အများကြီးရှိသေးတယ်ပေါ့နော်၊ အဲ့တော့ နောက်ထပ်အခါတွေကျရင် မရသေးတဲ့ CDM ဝန်ထမ်းတွေကို လှူဒါန်းပေးစေချင်ပါတယ်” ဟု CDMဆရာမ တစ်ဦးက ပြောသည်။
ကျေးလက်မြေအဖွဲ့သည် ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက်လည်း အစားအသောက်လှူဒါန်းခြင်း၊ သောက်သုံးရေ လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွဲ့ ၏နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#CDM
#ကျေးလက်မြေအဖွဲ့
#ထောက်ပံ့လှူဒါန်း
👍10❤5👏3😁3
​​တရုတ်ဝန်ထမ်းဟောင်းက နယ်သာလန်ချစ်ပ်ပြားထုတ်စက်ကုမ္ပဏီ၏ အချက်အလက်များကို ခိုးယူခဲ့

တရုတ်ဝန်ထမ်းဟောင်းတစ်ဦးသည် နည်းပညာအချက်အလက်များကို ခိုးယူခဲ့ကြောင်း ကွန်ပျူတာချစ်ပ်ပြားထုတ်စက်များကို ထုတ်လုပ်သည့် နယ်သာလန်ကုမ္ပဏီကြီး ASML က ပြောကြားလိုက်သည်။
🤬7❤2👍1😁1🤮1
​​မဏိပူပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်အချို့ နှင်ထုတ်ခံရမည့် အရေးကြုံတွေ့နေ
----------------------------------------------------------
ပါခွီး
မဇ္စျိမ။။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်များ ခိုလှုံနေသော ကျေးရွာတစ်ရွာသို့ ဒေသအာဏာပိုင်များ လာရောက်၍ တရားမဝင်နေထိုင်သဖြင့် မြန်မာနိုင်ငံသို့ ပြန်ကြရန်ပြောဆိုခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် နယ်မြေခံရဲ အင်အား ၄၀ခန့်သည် မြန်မာစစ်ဘေးရှောင်များ ခိုလှုံနေသည် Gampha Jol ကျေးရွာသို့ ရောက်လာခဲ့ပြီး တရားမဝင်နေထိုင်ခြင်းဖြစ်သောကြောင့် မိမိတို့တိုင်းပြည်သို့ ပြန်ကြရန် ရွာလူကြီးကို ပြောဆိုကြောင်း သိရသည်။
“ကျနော်တို့ စစ်ဘေးရှောင်ထဲက အိမ် သုံးလုံးကို ဖျက်ဆီးခဲ့ကြပြီး တစ်ပတ်အချိန်ပေးမယ်ပြောတယ်၊ တစ်ပတ်အတွင်း ထွက်မသွားရင် ဘူဒိုဇာနဲ့ အိမ်တွေကိုဖျက်မယ်၊ ရွာကိုလည်းမြေလှန်မယ်လို့ ပြောတယ်” ဟု မြန်မာစစ်ဘေးရှောင်ခေါင်းဆောင်တစ်ဦးက ပြောသည်။
သို့ရာတွင် စစ်ဘေးရှောင်များအနေဖြင့် တမူးမြို့နယ်အတွင်းရှိ ၎င်းတို့ကျေးရွာတွင် တိုက်ပွဲများဖြစ်ခဲ့ပြီး လူနေအိမ်များလည်း မီးရှို့ခံခဲ့ရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ၍ လုံခြုံမှုမရှိသည့်အတွက် ပြန်လိုခြင်းမရှိကြောင်း ဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်တွင် ဒေသတွင်းရှိ ရဲစခန်းမှူးက ရွာမှထွက်ခွာကြရန်နှင့် ၎င်းတို့အနေဖြင့် အထက်မိန့်အရ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ထပ်မံအသိပေးလာကြောင်း သိရသည်။
ယင်းနောက် ဒေသခံရွာလူကြီးမှတစ်ဆင့် မဏိပူပြည်နယ်၏ ဝန်ကြီးတစ်ဦးက ချန်ဒယ်ခရိုင်အာဏာပိုင်များကို ၎င်းအနေဖြင့် စစ်ဘေးရှောင်များ အေးချမ်းစွာနေထိုင်နိုင်ရန် ပြောဆိုထားပြီးဖြစ်သဖြင့် ဆက်လက်နေထိုင်ကြရန် အသိပေးလာကြောင်း မြန်မာစစ်ဘေးရှောင်ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။
သို့သော် ၎င်းတို့အနေဖြင့် ဒေသအာဏာပိုင်များ ရာဇသံပေးထားသော တစ်ပတ်အတွင်း ထွက်ရမည်ဆိုသည့်စကားကြောင့် စိတ်ချလက်ချ နေနိုင်ခြင်းမရှိဘဲ စိုးရိမ်ပူပန်နေရကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် မြန်မာစစ်ဘေးရှောင် ဦးရေ ၄၅၀ကျော်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကူညီပံ့ပိုးမှုဖြင့် အလယ်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေပြီး အထက်တန်းအထိ တိုးချဲ့သွားရန်စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
နယ်စပ်ကျေးရွာဖြစ်သဖြင့် အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးအလွန်ခက်ခဲကာ ရံဖန်ရံခါ ဒေသတွင်းရှိ ဘာသာရေးအဖွဲ့အချို့ထံမှ ဆန်နှင့်စားသောက်စရာများ လက်ခံရရှိကြောင်း ဆိုသည်။
မဏိပူရပြည်နယ်ရှိ အာဏာပိုင်များမှ Illegal Migrants Verification ပြုလုပ်ရန် စီမံချက်များချပြီးနောက် မြန်မာနိုင်ငံသားများနေထိုင်ရာဒေသများတွင် စစ်ဆေးမှုများ ပြုလုပ်သွားနိုင်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရှိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#အိန္ဒိယနိုင်ငံ
#မဏိပူရပြည်နယ်
#စစ်ဘေးရှောင်
🤬8😢6👍4🔥1😁1