Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“လူထုကို အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက်
-------------------------------------------
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရက်ပေါင်း ၇၁၅ ရက်မြောက်အဖြစ် ဖေဖော်ဝါရီလ ၂၄ရက် ယနေ့တွင် ဆက်လက်ချီတက်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည်“လူထုကို အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ဆိုသည့် စာတန်း ကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော် သံများ ဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ဆက်လက်ပြီး နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသည့် အာဇာနည်သူရဲကောင်း အပေါင်းအား ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နွေဦးတော်လှန်ရေး
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#သပိတ်စစ်ကြောင်း
(ပုံသတင်း)
❤9🔥2👍1😁1
​​တရုတ်အစိုးရက မှတ်ပုံတင်မထားသည့် ဂျာနယ်လစ်များနှင့် မီဒီယာများကို ပစ်မှတ်ထား ဖိနှိပ် 

တရုတ်အစိုးရသည် အွန်လိုင်းအကြောင်းအရာနှင့် ဆင်ဆာမဖြတ်ရသေးသော သတင်းအချက်အလက်များကို ရှင်းလင်းဖယ်ရှားရန် နောက်ဆုံး ကြိုးပမ်းမှုအဖြစ် တရုတ်ပြည်မကြီးတွင် မှတ်ပုံမတင်ထားသည့် ဂျာနယ်လစ်များနှင့် သတင်းဌာနများကို ပိုမိုဖိနှိပ်လာသည်။
🤬2❤1😁1
​​ထိုင်ဝမ်သို့ တရားဝင်ခရီး လာရောက်သည့် တရုတ်ကိုယ်စားလှယ် ကန့်ကွက်ဆန္ဒပြခံရ

တရုတ်နှင့် နီးကပ်သောဆက်ဆံရေးရှိသည့် တိုင်ပေမြို့တော်ဝန်အသစ်၏ ဖိတ်ကြားချက်ကြောင့် လာရောက်သည့် တရုတ်အရာရှိတစ်ဦး၏ ခရီးစဉ်သည် ဆန္ဒပြပွဲများနှင့် ကြုံတွေ့လိုက်ရသည်။
👏6😁2
​​လူ့အခွင့်အရေးချိုးဖောက်သည့် တရုတ်ကို အရေးယူရန် ကုလသမဂ္ဂကို ဝီဂါအဖွဲ့များ တောင်းဆို 

ကုလသမဂ္ဂကျွမ်းကျင်သူများက ယခုသီတင်းပတ်အတွင်း တရုတ်၏လူ့အခွင့်အရေးမှတ်တမ်းကို ပြန်လည် သုံးသပ်ပြီးချိန်တွင် မွတ်စလင်လူနည်းစုများအား တရုတ်အစိုးရ ဖိနှိပ်နေမှုအပေါ် အရေးယူရန် ဝီဂါထောက်ခံသည့်အဖွဲ့များက ကုလသမဂ္ဂအဖွဲ့အစည်းများကို ဖေဖော်ဝါရီ ၁၆ ရက်က တောင်းဆိုလိုက်သည်။
👍15😁2
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_15 seg_2

Watch more detail - https://youtu.be/08rGMAi7WX8

#myanmardramaseries #lovestory #BLSeries #reels
👍4🍌1
​​ကချင် သင်းအုပ်ဆရာ ခလမ် ဆမ်ဆန်အား ဖမ်းဆီးထားခြင်းအတွက် အမေရိကန် ရှုတ်ချ 

မြန်မာစစ်ကောင်စီက ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တစ်ဦးအား ဖမ်းဆီးထားခြင်းကို အမေရိကန်က ကြာသပတေးနေ့တွင် ရှုတ်ချပြီး ၎င်းအား ချက်ချင်း လွှတ်ပေးရန်နှင့် စွဲဆိုထားသော အမှုအားလုံး ရုပ်သိမ်းရန် တောင်းဆိုလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤮2😁1
​​ကရင်ပြည်နယ်တွင် စစ်ဘေးရှောင် ၅၀၀,၀၀၀ ကျော် အကူအညီ လိုအပ်နေ 

စစ်ကောင်စီတပ်၏ ထိုးစစ်များကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေများသို့ အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြသည့် ပြည်သူ ၅၀၀,၀၀၀ ကျော်အတွက် အကူအညီ လိုအပ်လျက် ရှိကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG )က ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😢3🔥1😁1🤬1
ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ဒေသခံအမျိုးသမီး အသက်အန္တရာယ်စိုးရိမ်ရ

အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မဇွပ်ယန်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်ခဲ့ကာ အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ဒေသခံများက ဆိုကြသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၄ရက် နံနက် ၇ နာရီခန့်က မဇွပ်ယန်ကျေးရွာအနီးရှိ အကျဥ်းထောင်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
"သူတို့ပစ်တာ အဝေးကိုမရောက်ပဲ ရွာထဲကိုကျတာ အမျိုးသမီးတစ်ယောက်တော့ ထိသွားတယ်။ စိုးရိမ်ရတယ် ”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
🤬9👍3🔥2😢1
လက်နက်ကြီးကျည် ထိမှန်သည့်အမျိုးသမီးမှာ မဇွပ်ယန်ကျေးရွာနေ ကလေးနှစ်ယောက်မိခင် ဒေါ်လခရိဂျာအိန် ဆိုသူဖြစ်ပြီးစိုးရိမ်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်‌ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသကဲ့သို့ လူနေအိမ်သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများသည် မဇွပ်ယန်အကျဥ်းထောင်အတွင်း တပ်စွဲထားသည့်အပြင် အကျဥ်းထောင်အနီးရှိ ကုမ္ပဏီလုပ်ကွက်ဝန်း နှစ်ခုအတွင်း၌လည်း ခြံစည်းရိုးခတ်ကာ တပ်စွဲနေထိုင်ကြသည်ဟု ဒေသခံများကပြောသည်။
မဇွပ်ယန်ထောင်မှ စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ မကြာခဏရှိနေပြီး ယခင်ကလည်း ပြည်သူများ ထိခိုက်မှု ရှိခဲ့သည်ဟု သိရသည်။မဇွပ်ယန်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် မကြာခဏ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။
KIA ဦးဆောင်သော ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့ကလည်း ယနေ့တွင်ပင် ဖားကန့်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလှုပ်ရှားမှုအသေးစိတ်ကို မသိရသေးပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး

#ကချင်ပြည်နယ်
#ဖားကန့်မြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
🔥5😢5🤬2