Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍1🔥1
ပန်းတောင်းမြို့တွင် လိုက်ထရပ်ကားတစ်စီး လမ်းဘေးသစ်ပင်အား ဝင်တိုက်မိ၊ယာဉ်မောင်းသေဆုံးပြီးနှစ်ဦးဒဏ်ရာရ

ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ နေ့လည် ၃ နာရီအချိန်ခန့်က လိုက်ထရပ်ကားတစ်စီး လမ်းဘေးကျွန်းပင်ကိုဝင်တိုက်မိကာ ယာဉ်မောင်းသေဆုံးပြီး ကားပေါ်ပါလာသူများအနက် နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြည်မြို့မှ စျေးဝယ်ပြီး ဥသျှစ်ပင်မြို့သို့ ပြန်လာသော လိုက်ထရပ်ကားတစ်စီးသည် ပန်းတောင်းမြို့နယ် နတ်မောက်ရွာ၊ နတ်မောက်လမ်းဆုံအနီးတွင် လမ်းဘေးကျွန်းပင်အားဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရှင်နာရေးကူညီမှုအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
"ယာဉ်မောင်းကတော့ ဆုံးပါးသွားပါတယ်။ကျန်လူနာနှစ်ဦးကိုတော့ တစ်ဦးကိုပြည်ဆေးရုံကြီးကိုပို့ပြီး ကျန်တစ်ဦးကို ပန်းတောင်းဆေးရုံကြီးကိုပို့ထားပါတယ်။အရမ်းစိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ပါဘူး" ဟု ပြောသည်။
အဆိုပါကားတွင် လူ ခုနှစ်ဦးခန့်လိုက်ပါလာပြီး ကုန်ပစ္စည်းများလည်းတင်လာသည်ဟု သိရသည်။
ယာဉ်မောင်းသည် အသက် ၆၀ အရွယ်ခန့်ရှိပြီး သစ်ပင်အားဝင်တိုက်မိသည့် အရှိန်ကြောင့် ကားခေါင်းခန်းတွင်ညပ်၍ သေဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။
နတ်မောက်လမ်းဆုံသည် ပဲခူးတိုင်း၊ပြည်မြို့နှင့် ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့ကိုဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင်တည်ရှိသည်။
စာတည်း - မောင်ကြီး
#ပြည်ခရိုင်
#ပန်းတောင်းမြို့
#လိုက်ထရပ်ကား
👍1🔥1
K drama အဖြစ် ပြန်လည်ရိုက်ကူးတော့မယ့် Breaking Bad | Cele City - Episode 7

👉မကြာခင် အဖွဲ့ဝင်အားလုံး အတူတွေ့ရမဲ့ Exo Group ရဲ့၁၁ နှစ်ပြည့်ဖျော်ဖြေပွဲ

👉 Asia Tour ပြုလုပ်မဲ့ F4 Thailand မှသရုပ်ဆောင်များ

👉 K drama အဖြစ် ပြန်လည်ရိုက်ကူးတော့မယ့် Breaking Bad

https://youtu.be/v2P1wYDo_J4
😁1🤮1
ဆားလင်းကြီးမြို့ရှိ အိမ်ခြေ ၆၀ ကျော်အတွက် မီးဖိုချောင်သုံးပစ္စည်းများ ကူညီထောက်ပံ့

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာ တစ်ရွာရှိ စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့ဖျက်ဆီးခံထားရသည့် အိမ်ခြေ ၆၀ ကျော်အား အညာပစ်တိုင်းထောင်များ အဖွဲ့မှ (၆) ကြိမ်မြောက် မီးဖိုချောင်သုံးပစ္စည်းများနှင့် အဝတ်ထည်များကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သွားရောက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
🥰6👍2🔥1😁1
ဆားလင်းကြီးမြို့နယရှိ ကျေးရွာ တစ်ရွာတွင် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၆၅ အိမ်အား တစ်အိမ်ထောင်လျှင် ဒန်အိုး တစ်လုံး၊ ဒယ်အိုး တစ် လုံး၊ ဇလုံ နှစ်လုံး၊ ဇွန်း သုံးချောင်း၊ ကြွေအုပ် တစ်လုံး၊ ဖလား တစ်လုံး၊ ရေခွက် တစ်လုံး၊ ဆန် တစ်ပြည် ဆီ ၅၀ သား တို့ကို ပေးအပ်လှူဒါန်းပေးခဲ့သည်ဟု သိရ သည်။
ယင်း အညာပင်တိုင်းထောင်လေးများ အဖွဲ့သည် စစ်အာဏာရှင် တော်လှန်ရေးနှင့် စစ်ကောင်စီတပ် လက်ချက်ကြောင့် အကြမ်းဖက်ခံရသည့် ဒေသခံများကို ကူညီပေးနေသည့် အဖွဲ့ တစ်ခုလည်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အညာပင်တိုင်းထောင်လေးများ
#ဆားလင်းကြီးမြို့နယ်
#မီးရှို့
#စစ်ကောင်စီတပ်
❤3👍1🔥1😁1
Media is too big
VIEW IN TELEGRAM
Zoom Fan Meeting ပြုလုပ်ခဲ့တဲ့ မင်းသမီး Alia Bhatt

Full Video Link - https://youtu.be/v2P1wYDo_J4

#entertainmentnews
#celecity #mizzimaplushd
#internationalnews
#reels
#shorts
👍6😁2❤1
ဖေဖော်ဝါရီလ (၂၅) ရက်၊ မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်

ဘုရားသုံးဆူမြို့ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့အတူ

မဏိပူပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်တချို့ နှင်ထုတ်ခံရမယ့် အရေးကြုံတွေ့နေရတဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/bAvzrEGUFqc
👍3😁2