ခင်ဦး NLD အမတ်၏ဇနီးနှင့်သမီး ဖမ်းဆီးခံရ
007
မဇ္စျိမ။ ။ ခင်ဦးမြို့က NLD အမတ် ဒေါက်တာ၀င်းအောင်၏ဇနီးနှင့်သမီးတို့ကို၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က၊ စစ်ကောင်စီကလာရောက်ဖမ်းဆီးသွာကြောင်း၊ ၎င်းတို့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံကတစ်ဆင့်သိရ သည်။
"ဆရာ့အမျိုးသမီးနဲ့ သမီးအကြီးမကြီးကို၊ စကစတွေကအဲဒီနေ့ညနေပိုင်းက အိမ်မှာ လာဖမ်းသွားတယ်၊ နှစ်ယောက်စလုံးက ခံ၀န်နဲ့နေနေသူတွေပါ၊ ဖမ်းသွားတာက တစ်ရက်ကျော်ကြာသွားပြီ၊ ခုထိ ဘာလို့ဖမ်းလဲ ဘယ်မှာထားထားလဲ မသိရေသးဘူး၊ ဆရာ့သမီးအငယ်နဲ့ဆရာ့သမက်က တမြန်နေ့ကဆုံးထားတယ်" ဟု နီးစပ်သူတစ်ဦးကပြော သည်။
ဒေါက်တာ၀င်းအောင်၏ဇနီးဒေါ်နီလာနှင့်သမီးအကြီးဖြစ်သူမအိနန္ဒာအောင်တို့ကို၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ၀န်းကျင်ခန့်တွင်၊ စစ်ကောင်စီတပ်ဖွဲ့က ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်မှနေအိမ်တွင်၀င်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းမသိရသေးသော်လည်း၊ ထိုနေ့မတိုင်ခင်တစ်ရက်က၊ ရေဦးမြို့တွင်ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုဖြစ်စဥ်တစ်ခုနှင့်ပတ်သက်နိုင်ကြောင်း နီးစပ်သူတချို့ကသုံးသပ်သည်။
ရေဦးမြို့တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က၊ ယမ်းကျိုနေရင်းမတော်တဆပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ၊ ဒေါက်တာဝင်းအောင်၏သမီးအငယ်ဖြစ်သူနှင့်ခင်ပွန်းတို့ သေဆုံးခဲ့သည်။
ဒေါက်တာ၀င်းအောင်သည် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှစ်ကြိမ်စလုံး ခင်ဦးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပြီး ယခုအခါတွင်
လွတ်မြောက်နယ်မြေရောက်ရှိနေကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(Assistance Association for Political Prisoners-AAPP)၏ ဖေဖော်ဝါရီ ၂၄ ရက်ထုတ်ပြန်သတင်းအရ ၊ ၂၀၂၁ ခုနှစ်စစ်အာဏာ သိမ်းချိန်မှ၊ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထား ရသူစုစုပေါင်း ၁၆၀၀၅ ဦးရှိပြီး၊ ၎င်းတို့အနက်မှ ၄၅၆၀ ဦး ထောင်ဒဏ်ချမှတ်ခံထားရကြောင်းသိရသည်။

😢8🔥5👍2😁1
မုံရွာ သာစည်အကျဉ်းထောင်သစ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
ပါခွီး
မဇ္စျိမ ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ သာစည်အကျဉ်းထောင်သစ်ကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်း Black Dragon Special Task Force-Monywa က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၄ ရက် ည ၁ ၁နာရီခန့်တွင် စစ်ကောင်စီတပ် အခြေစိုက်တပ်စွဲထားသည့် သာစည်အကျဉ်း ထောင်ကို ၆၀ မမ ၊ ၈၀ မမ များဖြင့် နှစ်နေရာခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့ ၁၅ လုံးပစ်ခဲ့ပါတယ် ၈၀ မမ က ငါးလုံးနဲ့ ၆၀ မမ က ၁၀ လုံးပါ။ ထိခိုက်မှုရှိတယ် လို့သိရပြီး အရေအတွက်ကိုတော့ အတည်ပြုလို့မရသေးပါဘူး” ဟု Black Dragon Special Task Force-Monywa မှ K.M.S.G ကပြောသည်။
အကျဉ်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာသို့ ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့ပြီး အထိအခိုက်များပြားကြောင်းသိရသော်လည်း အသေအပျောက်စာရင်းကို အတည်ပြုနိုင် ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုကို Black Dragon Special Task Force-Monywa နှင့်အတူ မုံရွာခရိုင် တပ်ရင်း (၂၀) (BOB) ၊ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ၊ Peacock King People Defense Force နှင့် ရန်ရှင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
သာစည်အကျဉ်းထောင်သည် ဆောက်လုပ်နေဆဲဖြစ်ပြီး အကျဉ်းဦးစီးဝန်ထမ်းများအပြင် စစ်ကောင်စီတပ် မှ တပ်စွဲထားခြင်းဖြစ်ကြောင်း ဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက် ည ၁၀ နာရီခန့်ကလည်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ၆၀ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီ တပ်ဘက်မှလည်း ၄၀ မမ ၊ ၆၀ မမ ၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Black Dragon Special Task Force-Monywa နှင့်အတူ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ ၊ Peacock King People Defense Force မှ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အခြေအနေအရပ်ရပ်ကြောင့် စစ်ဆင်ရေးသတင်းကို အချိန်နှင့်တပြေးညီ မတင်ပြနိုင်ခဲ့မှုအပေါ် မိဘ ပြည်သူများအနေဖြင့် နားလည်ပေးကြပါရန် မေတ္တာရပ်ခံထားပြီး ပြည်သူများကိုမထိခိုက်စေလိုသော ကြောင့် စစ်ကောင်စီတပ်သားများနှင့် ဝေးသောနေရာများတွင် နေထိုင်ကြရန် K.M.S.G က သတိပေးပြော ကြားခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#သာစည်အကျဉ်းထောင်

👍22😁2
မြောင်တွင် ဖမ်းမိထားသည့် ထွေအုပ်ဝန်ထမ်းများအမှု ရဲလုပ်ငန်းစဉ် စစ်ဆေးမှုပြီးပြတ်၊မနက်ဖြန် တရားရုံးတင်မည်
001
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအမှုကို ရဲလုပ်ငန်းစဉ်အရ စစ်ဆေးမှုများ ပြီးပြတ်ပြီဖြစ်သည့်အတွက် မနက်ဖြန် တနင်္လာနေ့တွင် တရားရုံးသို့ တင်ပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ကပြောသည်။
"အခုအမှုတွဲ စစ်ဆေးပြီးပြီ။ တရားရုံးပဲ တင်ရုံကျန်တော့တယ်။ တရားရုံးက မနက်ဖြန် တင်မှာပါ"ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ဦးမြင့်တင်က ယနေ့ ဖေဖော်ဝါရီ ၂၆ရက်တွင် မဇ္ဈိမသို့ ပြောကြားသည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီ၏
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းလေးဦးကို စစ်ကိုင်းခရိုင်တပ်ရင်း (၅) MRA က ဇန်နဝါရီလ ၁၄ရက်တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးရမိသူများမှာ အမျိုးသမီး သုံးဦး၊ အမျိုးသားတစ်ဦး စုစုပေါင်းလေးဦးဖြစ်ပြီး ထိုအထဲမှတစ်ဦးမှာ ထွေအုပ်ဦးစီး၏ အမျိုးသမီးဖြစ်ကြောင်း သိရသည်။၎င်းတို့ကို နောက်ဆက်တွဲ စစ်ဆေးချက်အရ သက်သေခံပစ္စည်းများတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ မတွေ့ရှိခဲ့ဘဲ Non CDMဝန်ထမ်းအနေအထားသာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ကပြောသည်။
“ကျွန်တော်တို့ ရဲကတော့ အမှုဖွင့်တာကတော့ အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေနဲ့ပါပဲ။အကြမ်းဖက်စစ်ကောင်စီကို သူတို့အားပေးတာပေါ့။ အဲ့ဒီပုဒ်မနဲ့ပဲ ဖွင့်ပါတယ်။ ဒါကို တရားရုံးအနေနဲ့ကတော့ သူတို့ ဆက်ပြီးတော့ ကျွန်တော်တို့ စွဲချက်တွေအပေါ်မှာ လိုအပ်ရင် သူတို့ဖြည့်စွက်ပါလိမ့်မယ်”ဟု စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့မှဆရာတူးက မဇ္ဈိမသို့ ပြောသည်။
စာတည်း- မောင်ကြီး
#မြောင်မြို့နယ်
#အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ
#ရဲလုပ်ငန်းစဉ်

👍20👏4😁2
အိန္ဒိယနိုင်ငံ၊အင်ဖာမြို့ထိန်းသိမ်းရေးစခန်းတွင် မြန်မာစစ်ဘေးရှောင်တစ်ဦး နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံး၊ ထိန်းသိမ်းခံထားရဆဲ မြန်မာများ အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆို
ပါခွီး
မဇ္စျိမ ။။ အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်၊အင်ဖာမြို့ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင်တစ်ဦးသည် နှလုံးရောဂါဖြင့် ဖေဖော်ဝါရီလ ၂၅ရက် ညပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။
ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားစစ်ဘေးရှောင် ၇၅ဦးအနက် အသက် (၃၂)နှစ်အရွယ် ကိုဒဲမ်ခိုလွန်းဆိုသူသည် နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံးသွားခြင်းဖြစ်ကြောင်း မဏိပူရ်အခြေစိုက် Burma Refugee Committee Kabaw Valley နာယကနှင့် ကျန်းမာရေးတာဝန်ခံ ဦးထန်ဆေးက မဇ္စျိမကိုပြောသည်။
"ထိန်းသိမ်းခံထားရသူတွေထဲက တစ်ဦးသေဆုံးသွားပါတယ်။ အပြစ်မရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုမတရားဖမ်းဆီးထိန်းသိမ်းထားရင်း နေထိုင်စားသောက်မှုအခက်အခဲအမျိုးမျိုးကြားထဲက ကျန်းမာရေးစောင့်ရှောက်မှုမရလို့ အခုလိုအသက်သေဆုံးတဲ့အထိဖြစ်လာရတာ" ဟုဦးထန်ဆေးကပြောသည်။
ကိုဒဲမ်ခိုလွန်းသည် တမူးမြို့နယ်အထက်ပိုင်း ဆရာစံကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်ပြီး အိန္ဒိယနိုင်ငံမိုးရေးမြို့၌ စစ်ဘေးရှောင်နေစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ၂၀၂၁ခုနှစ် နိုဝင်ဘာလ မှစ၍ မိုးရေးမြို့သို့ စစ်ဘေးရှောင်လာခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အမျိုးသမီးနှင့် နှစ်နှစ်အရွယ်ကလေးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ကိုဒဲမ်ခိုလွန်း၏ ရုပ်အလောင်းကို အင်ဖာမြို့မှ ၎င်းမိသားစုဝင်များရှိရာ မိုးရေးမြို့သို့ ယနေ့ ဖေဖော်ဝါရီ ၂၆ရက်ညနေတွင် သယ်ဆောင်လာပြီဖြစ်ကြောင်း အင်ဖာမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။
“ အခုထိမ်းသိမ်းထားတဲ့နေရာမှာ အစားအသောက်က အတော်ညံ့တယ်။ ကျွေးမွေးတဲ့ အထဲမှာ သဲတွေ ဖန်စတွေပါ ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းပြီး တခုခု ဖြစ်ပြီဆို ပါရာစီတမောလောက်ပဲပေးတယ်” ဟု ထိမ်းသိမ်းခံထားရသူများနှင့် နီးစပ်သူ တစ်ဦးက မဇ္စျိမ ကိုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက်နေ့နှင့် ၃၀ရက်နေ့တွင် မိုးရေးမြို့အနီးကျေးရွာ၌ မြန်မာနိုင်ငံသားစစ်ဘေးရှောင် ၈၄ဦးကို မဏိပူရ်ရဲတပ်ဖွဲ့နှင့် ကွန်မန်ဒိုများက ဖမ်းဆီးခဲ့ပြီး အင်ဖာမြို့ထောင်အနီးရှိ နိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုတွင် ထိမ်းသိမ်းထားခဲ့သည်။အသက်မပြည့်သေးသည့် လူငယ်ကိုးဦးကို လူငယ်ထိန်းသိမ်းရေးစခန်းတွင် ထိမ်းသိမ်းထားပြီး အသက် ၇၀ကျော် လေးဦးပါဝင်သည့် ကျန်လူ ၇၅ဦးသည် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဦးထန်ဆေးကပြောသည်။
၎င်းတို့အားလုံးသည် စစ်ကောင်စီ၏ရန်ကိုကြောက်၍ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး မတရားဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်လွှတ်ပေးရန် တောင်းဆိုထားကြောင်း ဦးထန်ဆေးကပြောသည်။
" ဒီလိုသေဆုံးရတာ လုံးဝမဖြစ်သင့်ဘူး။ ဒါကြောင့်ကျန်တဲ့ ၈၃ ဦးကိုပါအမြန်ဆုံးပြန်လည်လွှတ်ပေးဖို့တောင်းဆိုပါတယ်" ဟု ဦးထန်ဆေးကပြောသည်။
မိုးရေးမြို့နယ်မှ အဖမ်းဆီးခံထားရသည့် ၈၄ဦး အပြင် ၂၀၂၂ခုနှစ် ဇွန်လ တွင် မဏိပူပြည်နယ် လန်မ်ကားမြို့တွင် အထောက်ထားမဲ့နေထိုင်သူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အင်ဖာထောင်တွင် ချုပ်နှောင်ထား ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။အဆိုပါ အလုပ်သမားများမှာ ၎င်းတို့ အားချမှတ်သည့် အပြစ်ဒဏ်များခံယူပြီးဖြစ်သော် လည်း လွှတ်ပေးခြင်းမရှိပဲ ဆက်လက်ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံထားရသူများ ပြန်လည်လွှတ်ပေးရေးနှင့် မိုရေးမြို့ပါဝင်သော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှ မြန်မာများအား ယာယီခိုလှုံနေထိုင်ခွင့်ပြုရန်အတွက် မဏိပူရ်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ Burma Refugee Committee Kabaw Valley က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စာရေးသားတောင်းဆိုထားသည်။
Burma Refugee Committee Kabaw Valley အဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများနှင့် ဖွဲ့စည်းထားပြီး စစ်ဘေးရှောင်များအား အစားအသောက်ဝေမျှရေး၊ကျန်းမာရေး၊ပညာရေး၊အမျိုးသမီးနှင့်ကလေးသူငယ် စောင့်ရှောက်ရေးများကို လုပ်ဆောင်နေကြောင်းသိရှိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ-အန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။
စာတည်း - မောင်ကြီး
#အိန္ဒိယနိုင်ငံ
#မဏိပူရပြည်နယ်
#အင်ဖာမြို့ထိန်းသိမ်းရေးစခန်း
#မြန်မာစစ်ဘေးရှောင်များ

🤬7👍4🤮4❤1😁1
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို GANHRI အဖွဲ့က အစည်းအဝေးဖိတ်ကြားမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်
ဗမာ/မြန်မာဆိုင်ရာ လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးအဖွဲ့အစည်းဆိုင်ရာ အလုပ်အဖွဲ့ (“အလုပ်အဖွဲ့”) နှင့် အာရှဒေသ နိုင်ငံအဆင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက် (ANNI) တို့က အထက်ပါ ဖိတ်ကြားချက်ကို “အပြင်းထန်ဆုံး အသုံးအနှုန်းများ” ဖြင့် ပြစ်တင်ဝေဖန်ထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖေဖေါ်ဝါရီ ၂၃ ရက်တွင် GANHRI ထံ ပေးပို့ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍4❤1😁1
အထက်မင်းလှတွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်
ပါခွီး
မဇ္စျိမ။ ။မကွေးတိုင်း၊ အထက်မင်းလှတွင် စစ်ကြောင်းထိုးပြန်လာသောစစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသွားသူမှာ ကိုနိုင်လင်းအောင် (အသက် ၂၆ နှစ်) ကျုံးကျေးရွာ၊ မြစ်ကွေ့အုပ်စု မင်းတုန်းနယ်သား တစ်ဦးဖြစ်ပြီး ကြောင်းသိရသည်။
“သူငယ်ချင်းသုံးယောက် ရွှေချောင်းကို ငံပြာရည်သွားဝယ်ရင်းနဲ့ စစ်ကြောင်းနဲ့တွေလို့ ဖမ်းပြီးပစ်သတ် သွားတာ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကိုနိုင်လင်းအောင်နှင့် အခြားသူငယ်ချင်းနှစ်ဦး ငံပြာရည်သွားဝယ်စဉ် စစ်ကြောင်းနှင့်တွေ့ပြီး အခြားသူနှစ်ဦးကိုပြန်လွှတ်ပေးပြီး ၎င်းအားပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ကိုနိုင်လင်းအောင်၏ရုပ်အလောင်းအား ဖေဖော်ဝါရီ ၂၅ ရက်မှ ပြန်လည်တွေ့ရှိခဲ့ရကြောင်းနှင့် ၎င်းတွင် ဇနီးနှင့် အသက်နှစ်နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၀ ရက် နေ့က ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားပြီး နှစ်ယောက်သေဆုံးကာ ဒဏ်ရာရသူများပြားရှိကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။
စစ်ကြောင်းတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) (၁၀) နှင့် ကပစ(၁၂)မှတပ်သားများပါဝင်ပြီး ဖေဖော် ဝါရီလ ၂၃ ရက်နေ့တွင် မင်းလှမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#အထက်မင်းလှ
#စစ်ကောင်စီတပ်
#အကြောင်းမဲ့သတ်ဖြတ်

🤬16👍4❤1
"အမှားမလုပ်ပါနဲ့" အရေးပေါ်သန္ဓေတားဆေးကိုမှန်ကန်စွာအသုံးပြုတတ်ပြီလား ? | ကျန်းမာသုတလူမှုဘ၀ Ep 4
အရေးပေါ်သန္ဓေတားဆေးဆိုတာ စျေးကွက်ထဲရှိနေခဲ့တာကြာပါပြီ။ ဒါပေမယ့် ဘယ်အခြေအနေတွေမှာ ဘယ်လိုမျိုးသောက်သုံးရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိကြသေးတာ တွေ့ရပါတယ်။ အရေးပေါ်သန္ဓေတားဆေးကို တတ်ကျွမ်းနားလည်သူတွေနဲ့ မတိုင်ပင်ဘဲ အလွယ်တကူသောက်သုံးနေကြတာတွေကိုလည်း တွေ့ရလေ့ရှိပါတယ်။
ဒါကြောင့် အရေးပေါ်သန္ဓေတားဆေးကို နည်းမှန်လမ်းမှန် ဘယ်လိုသောက်သုံးရမယ် ဆိုတာတွေနဲ့ သိသင့်သိထိုက်တာတွေကိုဒေါက်တာဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။
https://youtu.be/KtcxIQhzeHI
#ကျန်းမာသုတလူမှုဘဝ
#ဒေါက်တာအမ္မတ
#healthtips
#healthylifestyle
#Emergency_Contraception
#pregnancy

👍3😁1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_15 seg_4
Watch more detail - https://youtu.be/08rGMAi7WX8
#myanmardramaseries #lovestory #BLSeries #reel

👍1🍌1
နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၆ ဖေဖော်ဝါရီ ၂၀၂၃ )
ခုခံတော်လှန်စစ်ဆင်နွဲနေသည့် ဒေသများထဲတွင် စစ်ကိုင်း၊မကွေးဒေသများတွင် တိုက်ပွဲပြင်းထန် စွာဖြစ်နေ သလို ပြည်သူ သောင်းနှင့်ချီ၍လည်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အကူအညီများ အထောက်ပံ့များ အရေးပေါ်လိုအပ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ခုခံတော်လှန်စစ်ဆင်နွဲနေသည့် ဒေသများထဲတွင် စစ်ကိုင်း၊မကွေးဒေသများတွင် တိုက်ပွဲပြင်းထန် စွာဖြစ်နေ သလို ပြည်သူ သောင်းနှင့်ချီ၍လည်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အကူအညီများ အထောက်ပံ့များ အရေးပေါ်လိုအပ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2😁1
ဖေဖော်ဝါရီလ (၂၆) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အမေရိကန်ရောက် မြန်မာတွေကတောင်းဆိုလိုက်တဲ့သတင်းနဲ့အတူ စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်ထဲက ထန်တလန်မြို့ကို ဖေဖော်ဝါရီလ ၂၅ ရက် တစ်ရက်တည်းမှာတင် ၁၅ ကြိမ်ထက်မနည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။
https://youtube.com/watch?v=NObbWgT0kmU&si=EnSIkaIECMiOmarE

YouTube
ဖေဖော်ဝါရီလ (၂၆) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဖေဖော်ဝါရီလ (၂၆) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အမေရိကန်ရောက် မြန်မာတွေကတောင်းဆိုလိုက်တဲ့သတင်းနဲ့အတူ စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်ထဲက ထန်တလန်မြို့ကို ဖေဖော်ဝါရီလ ၂၅…

🔥3👍1😁1🤮1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep14 seg - 1 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)
Watch more detail - https://youtu.be/YWFAQ7qUjh8
#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels

👍2🤮2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်ထုတ်လွှင့်မှုများ
https://youtu.be/RDSPW4JB6ws
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍12🤮3
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် (ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ၂၀၂၃ ခုနှစ်)
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်တို့အကြား ရပ်တန့် သွားတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြန် လည်အသက်သွင်းဖို့ ကြိုးစားနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက အာဏာရှင် အဓွန့်ရှည်ရေး အတွက် အသုံးပြုနေတယ်လို့လည်း သုံးသပ်ချက်တွေက ရှိနေပါတယ်။ စစ်ကောင်စီလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေက ဘာတွေကို ဦးတည်နေတာလဲ။ ဒီအကြောင်းကိုတော့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကနေ တင်ဆက်ပေးပါ့မယ်။
https://youtu.be/7HPZgy7NG2U

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်တပ်တို့အကြား ရပ်တန့် သွားတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြန် လည်အသက်သွင်းဖို့ ကြိုးစားနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက…
👍5🔥2😱1
အမေရိကန်နှင့် စစ်ဘက်ဆက်ဆံရေး မြှင့်တင်နေကြောင်း ထိုင်ဝမ်သမ္မတ ပြောကြား
ထိုင်ဝမ်က အမေရိကန်နှင့် စစ်ဘက်ဆက်ဆံရေးကို တိုးမြှင့်နေပြီး အာဏာရှင်နယ်ချဲ့မှုကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်အပါအဝင် တခြားမဟာမိတ်များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ စိုင်အင်ဝမ်က အမေရိကန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

👍15😁1
တရုတ်က ရုရှားနှင့် မဟာမိတ်ဖွဲ့ပါက တတိယကမ္ဘာစစ်ဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ ပြောကြား
ယူကရိန်းသမ္မတ ဗိုလော့ဒီးမား ဇယ်လန်းစကီးက ယူကရိန်းစစ်ပွဲတွင် ရုရှားကို ထောက်ခံအားပေးခြင်းမပြုရန် တရုတ်ကို သတိပေးလိုက်ပြီး ယင်းသို့လုပ်ဆောင်ခြင်းက ကမ္ဘာစစ်ကြီးဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

👍18😁2👎1🔥1
တောင်တရုတ်ပင်လယ်တွင် ကမ်းခြေစောင့်တပ်များ ပူးတွဲကင်းလှည့်ရန် ဖိလစ်ပိုင်နှင့်အမေရိကန် ဆွေးနွေး
ဖိလစ်ပိုင်နှင့် အမေရိကန်က တောင်တရုတ်ပင်လယ်အပါအဝင် တခြားနေရာများတွင် ကမ်းခြေစောင့်တပ်များ ပူးတွဲကင်းလှည့်ရန် ဆွေးနွေးနေကြောင်း မနီလာမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

👍4🔥3
အိန္ဒိယနှင့် တရုတ်တို့အကြား နယ်စပ်တွင် ကျန်ရှိနေသည့် နှစ်ဖက်တပ်များ ဆုတ်ခွာရေး ဆွေးနွေး
အိန္ဒိယ-တရုတ် နယ်စပ်ရေးရာ ညှိနှိုင်းဆွေးနွေးပွဲ (WMCC) ၏ ၂၆ ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ နောက်ပိုင်း ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

👏4👍1